Ways to become a drupaler (part -1)
ဒီဆောင်ပါးကို မဖတ်ခင် သင်ဟာ
၁။ HTML, CSS ကို နောကျေနေအောင်သိရပါမယ် ။
၂။ FTP concepts တွေကို နားလည်ပြီးသားဖြစ်ရပါမယ် ။
၃။ WordPress သို.မဟုတ် Joomla အစရှိတဲ့ CMS တွေကို အနည်းဆုံး တစ်နစ် ကျွမ်းကျွမ်းကျင်ကျင် လေ့လာ အသုံးပြုပြီးတဲ့သူဖြစ်ရပါမယ် ။
What is Drupal?
Drupal ဟာ ဒီမှာ အသုံးများတဲ့ wordpress နဲ့ joomla လိုပဲ CMS (content management system) တစ်ခုပဲ ဖြစ်ပါတယ် ။ WordPress နဲ့ Joomla လောက်လူသုံးမများတာကတော့ Drupal ရဲ့ သဘောတရားကို နားမလည်ကြသေးတာနဲ့ wordpress နဲ့ Joomla လောက် install လုပ်ရတာ မလွယ်လို.ဖြစ်ပါတယ် ။
What is the basic concept of Drupal?
WordPress နဲ့ Joomla သုံးဘူးတဲ့ လူတိုင်းသိပါတယ် ။ ဆောင်းပါးတစ်ပုဒ်ရေးမယ်ဆိုရင် Title, body အစရှိသဖြင့်ပါဝင်ပါတယ် ။
Post တစ်ခုမှာ Title, body, tag အတွဲလိုက်ပါပြီးသားပါ ။Drupal မှာတော့ အရာအားလုံးက field နဲ့သွားပါတယ် ။ Title ဆိုတာလဲ field ပါပဲ ။Body ဆိုတာလဲ Field ပါပဲ ။
အဲဒီ field တွေကို content types(field အစုအဝေး)လို.ခေါ်တဲ့ အရာတွေက ခေါ်သုံးလို.ရပါတယ် ။ Blog မှာတုန်းတဲ့ Title ကလဲ ဒီ text field ပါပဲ ။ Comment တွေမှာသုံးတဲ့ field ကလဲ ဒီ text field ပါပဲ ။ ကြိုက်သလို ကြိုက်တဲ့နေရာမှာ ခေါ်သုံးလို.ရပါတယ် ။
ဒါအပြင် field တွေကို ကြိုက်သလို နာမည်အမျိုးမျိုးပေးပြီး တည်ဆောက်လို.ရပါတယ် ။ ဒါ့အပြင် content types (field cluster ) တွေကိုလဲ ကြိုက်သလောက် create လုပ်လို.ရပါတယ် ။
ဥပမာအားဖြင့်
image field ကို feature image, thumbnail, profile image နေရာပေါင်းစုံသက်မှတ်ပြီးသုံးလို.ရသလို ။
text field ကို title, body, description,summary နေရာပေါင်းစုံသက်မှတ်ပြီးသုံးလို.ရပါတယ် ။
Drupal ကသင့်ရဲ့ imagination ပေါ်မှာပဲ မူတည်ပါတယ် ။ အားလုံးနီးပါ: ပုံစံမျိုးစုံ ကြိုက်သလို တည်ဆောက်လို.ရပါတယ် ။
Why we should use CMS and Drupal play a major role?
Software Engineering concept တွေမှာပါတဲ့ Rapid deployment ဟာ အရမ်းကို အရေးကြီးပါတယ် ။ လိုအပ်တဲ့အချိန်မှာ လိုအပ်တဲ့အရာကို ထုတ်ပေးနိုင်ရင် ကောင်းပါပေတဲ့ ဆိုတဲ့ software တွေတောင် အသာလေး ချန်ထားခဲ့လို.ရပါတယ် ။
ကိုယ်တိုင် အစအဆုံးရေးတာ အကောင်းဆုံးဖြစ်ပေမယ့် ။ ပေးတဲ့ အချိန် ၊ ပေးတဲ့ budget ၊ လူစွမ်းအားအရင်းအမြစ်ပေါ် မူတည်ပြီး သုံးကောင်း သုံးရပါမယ် ။
Drupal မှာ တခြား CMS တွေ မှာမပါဝင်တဲ့free room ပုံစံမျိုး ပေးစွမ်းနိုင်ပါတယ် ။ Drupal ဟာ ကျွှန်တော်တို. ငယ်ငယ်က ဆော့ခဲ့တဲ့Lego အတုံးလေးတွေနဲ့ တူညီပါတယ် ။ Castle ဆောက်မလား ၊ သင်္ဘောဆောက်မလား ၊
တဲဆောက်မလားဆိုတာတော့ သင့်အပေါ်မှာပဲ မူတည်ပါတယ် ။ Rapid Deployment လဲလိုချင်တယ် ၊ ကိုယ်ကြိုက်သလိုပဲ ဖန်တီးချင်တယ် ဆိုရင်တော့ Drupal ကိုသုံးသင့်ပါတယ် ။
How Drupal handles interface?
Interface တွေကို သုံးမယ်ဆိုရင်/ကြိုက်သလို create လုပ်မယ်ဆိုရင် view ဆိုတဲ့ module လိုအပ်ပါတယ် ။ view မှာ အထက်က ပြောခဲ့တဲ့ field တွေကို ဆွဲထုတ်တာ ၊ ပေါင်းတာ ။ နှုတ်တာ ၊ fiter လုပ်တာ အပြင် content types (field cluster) တွေကိုလဲ ထိန်းလို.ရပါတယ် ။ View ဆိုတဲ့ module မပါပဲ drupal က အဲလောက် နာမည်ကြီးမှာမဟုတ်ပါဘူး ။
How Drupal handles roles and permissions?
WordPress လိုမျိုး CMS တွေမှာ ကြိုတင် define လုပ်ပြီးသား Role တွေပါဝင်ပါတယ် ။ ကိုယ်က ဘာမှ ပြန်ပြင်မရတော့ပါဘူး
ဥပမာအားဖြင့်…
- contributor
-author
-moderator
-admin အစရှိသဖြင့် ၇မျိုး ၈မျိုး ပါဝင်ပါတယ် ။
Drupal မှာတော့ စစချင်း သုံးခုပဲပါပါတယ် ၊။ Anonymous user, authenticate used , adminဆိုပြီးပါ ။ Creator ထဲ့တွက်ရင်တော့ ၄ခုပေါ့ ။ Drupal မှာ Permission ကို define ကြိုက်သလို လုပ်လို.ရပါတယ် ။ ပုံမှန်အားဖြင့် admin> authenticate > anonymous ဆိုပြီး လုပ်ကိုင်ခွင့်တွေ တဖြည်းဖြည်းနည်းသွားပါတယ် ၊ သုံးနိုင်တဲ့ feature တွေ နည်းသွားပါတယ် ။ Drupal မှာ အဲလိုပုံစံမျိုးမသွားပါဘူး ။
Admin ကို ဒါပြမယ် ၊ မပြဘူး ။ authenticate user ကိုဒါပြမယ် မပြဘူး ။ anonymous user ကို ဒါပြမယ် မပြဘူး ကြိုက်သလို သက်မှတ်လို.ရပါတယ် ။ နောက်ပြီး ကြိုက်သလို နာမည်တွေပေးပြီး role တွေ ကြိုက်သလောက် create လုပ်လို.ရပါတယ် ။
Facebook comments:



အကိုဆရာတို့…….. ဘာလို့ဇော်ဂျီမသုံးတာလဲ……
ယူနီကုဒ်နဲ့ ပတ်သက်တဲ့ ဆောင်းပါ:တွေ ရှာဖတ်သင့်တယ်ဗျ ။
ကျွှန်တော်ကတော့ လူတိုင်းဖတ်နိုင်ဖို.ပဲဆိုတော့ ဇော်ဂျီနဲ့ပဲရေးပါတယ် ။
ဆိုက်ပေါ်မူတည်ပြီး ယူနီကုဒ်ဆိုလဲ ကုဒ်လိုက်ပါတယ် ။
Yep It is real CMS
.
ဟုတ် တောင်းပန်ပါတယ် ကို Wayne ရေ ကျွန်တော် ဘယ်လိုမှ မအားတာနဲ့ မပြောင်းပေးဖြစ်ဘူးခင်ဗျာ …
ကိုဝိန်းရေ ရွာဦးကျောင်းဆရာတော်ကပြောနေတယ် အင်တာနက်က ဒေါင်းပီးသား ပီအိုအက်ရှိတယ်တဲ့ ပုံလေးတွေရှာပြီး အင်္ဂလိပ်လိုကျက်လာခဲ့တဲ့…. နောက်တစ်ခါ ငါတို့တက်ပြောကြမယ်တဲ့ နောက်ဆို တရားဟောရင် အဂ်လိပ်လို ဟောမယ်ဆိုပါလား …
ဆရာသမား devcon မှာ ကျွှန်တော် ပြောတာ နားမလည်ဘူးနဲ့တူတယ် ။ ဘာတွေနားမလည်ဘူးလဲပြော ပြန်ရှင်းပြပေးမယ် ။ အင်္ဂလိပ်လိုဟောမယ့် ဆရာတော်လဲ ဗုဒ္ဓဘာသာ ကမ္ဘာအနံ့သာသနာပြုရင် အသုံးဝင်တာပေါ့ဗျာ ။ ပုံလေးတွေပါတော့ မြင်သာထင်သာမရှိပေဘူးလား ။
ကျေးဇူးပါ ။
I am now studying in web programming thank all members in myamnar tutorials!