TinyMVC : A Lightweight PHP Framework
TinyMVC ဆိုတာကတော့ MVC (Model, View, Controller) ပုံစံ PHP Framework အသေးစားတစ်ခုဖြစ်ပါတယ်။ Framework အသေးစားဆိုတဲ့အတိုင်း Feature အစုံအလင်ပါ၀င်မှာမဟုတ်သော်လည်း Plugin တွေရေးပြီး ပိုမိုကောင်းမွန်အောင်ပြုလုပ်နိုင်ပါတယ်။ ပေါ့ပါးပြီး ရိုးရှင်းလွယ်ကူတဲ့အတွက် Framework ကိုအသုံးပြုပြီး ရေးချင်တဲ့သူတွေသာမက ၊ Framework ကို စတင်လေ့လာသူများအတွက်လည်း သင့်တော်မှာဖြစ်ပါတယ်။ ၎င်း TinyMVC ကိုအသုံးပြုဖို့အတွက် PHP 5 လိုအပ်မှာဖြစ်ပါတယ်။
Download နှင့် Install ပြုလုပ်ခြင်း
TinyMVC ကို ဒီနေရာမှ အရင်ဆုံး Download ပြုလုပ်ပါ။ အောက်ပါအတိုင်း ဖိုင်တွေ ပါလာပါလိမ့်မယ်။ ၎င်း File တွေအားလုံးကို http://localhost/tiny_mvc ထဲမှာထည့်လိုက်ပါမယ်။

htdocs ကတော့ Root Folder ဖြစ်ပါတယ်။ tinymvc Folder ဟာ System File တွေဖြစ်တဲ့အတွက် ၎င်းကိုတော့ root folder ထဲက index file ရဲ့အပြင်ဖက်မှာထားသင့်ပါတယ်။ ဒါ့ကြောင့် System Folder ကို Application Root Folder ရဲ့ အပြင်ဖက်မှာထားလိုက်ပါမယ်။ မရှင်းဘူးဆိုရင် Folder Structure ကိုအောက်မှာ ကြည့်ရှုနိုင်ပါတယ်။
Controller အသုံးပြုပြီး Hello World ! ပြုလုပ်ခြင်း
ရှေးဦးစွာ Controller ကိုအသုံးပြုပြီး Hello World! လုပ်ကြည့်ပါမယ်။ tinymvc Folder ထဲက Controller Folder ထဲမှာ hello.php ဆိုပြီးဆောက်လိုက်ပါမယ်။ ပြီးရင် အောက်ကအတိုင်းရေးလိုက်ပါမယ်။
<?php
class Hello_Controller extends TinyMVC_Controller
{
function index()
{
echo 'Hello World!';
}
}
class နာမည်က _ ရဲ့အရှေ့က နာမည်နဲ့ ဖိုင်နာမည်နဲ့တူညီရမှာဖြစ်ပြီး အစစကားလုံးမှာ စာလုံးအကြီးဖြစ်ရပါမယ်။ _Controller ဆိုတာကတော့ မှတ်ရလွယ်ကူအောင် ထည့်ထားတာဖြစ်ပါတယ်။ ဒီလိုဆို http://localhost/tiny_mvc/index.php/hello ဆိုပြီးခေါ်လိုက်ရင် Hello World! လို့ပေါ်လာပါလိမ့်မယ်။ http://localhost/tiny_mvc/index.php/hello/index နဲ့ခေါ်လည်းအတူတူပါပဲ။
TinyMVC ရဲ့ URL Structure ကတော့ http://YOUR_SITE/index.php/controller/action/param1/param2/param3… အတိုင်းဖြစ်ပါတယ်။ ဒါ့ကြောင့်အထက်ပါအတိုင်းဆိုရင်တော့ http://localhost/tiny_mvc/index.php/hello/index မှာ hello က controller ဖြစ်ပြီး ၊ index ကတော့ action ဖြစ်ပါတယ်။
Controller နှင့် View အသုံးပြုပြီး Hello World ! ပြုလုပ်ခြင်း
User ကို Web Page အဖြစ်ချပြတဲ့အခါ Controller ကမပြသင့်ပါဘူး။ View ကိုသာချပြသင့်တာပါ။ ဒါ့ကြောင့် controller ကနေ View ကိုခေါ်ပြီးရေးရပါမယ်။ ခုနက hello.php မှာပဲ ပြောင်းရေးပါမယ်။ view ကို Load လုပ်ဖို့အတွက် $this->view->display(‘hello_view’); နဲ့ခေါ်ရပါမယ်။
<?php
class Hello_Controller extends TinyMVC_Controller
{
function index()
{
$this->view->display('hello_view');
}
}
hello_view ဆိုတဲ့ View ကိုခေါ်ထားတဲ့အတွက်ကြောင့် view folder ထဲမှာ hello_view.php ဆောက်လိုက်ပါမယ်။ ပြီးရင် ၎င်း Folder ထဲမှာ
Hello World!
ဆိုပြီးရေးလိုက်ပါမယ်။
http://localhost/tiny_mvc/index.php/hello ကိုခေါ်လိုက်ပြီဆိုရင် Hello World ဆိုပြီးပေါ်လာပါလိမ့်မယ်။
Controller , View နှင့် Model အသုံးပြုပြီး Hello World ! ပြုလုပ်ခြင်း
Model folder ထဲမှာ hello_model.php ဖိုင်ဆောက်လိုက်ပါမယ်။ အောက်ကအတိုင်း ရေးလိုက်ပါမယ်။
<?php
class Hello_Model extends TinyMVC_Model
{
function get_title()
{
return 'Hello';
}
function get_body_text()
{
return 'Hello World.';
}
}
?>
get_title နဲ့ get_body_text ဆိုပြီး Function နှစ်ခုသက်မှာထားပါတယ်။
Hello Controller ကို အောက်ပါအတိုင်းရေးလိုက်ပါမယ်။
<?php
class Hello_Controller extends TinyMVC_Controller
{
function index()
{
$this->load->model('Hello_Model','hello');
$title = $this->hello->get_title();
$body_text = $this->hello->get_body_text();
$this->view->assign('title',$title);
$this->view->assign('body_text',$body_text);
$this->view->display('hello_view');
}
}
$this->load->model(‘Hello_Model’,'hello’); မှာ second parameter ကတော့ alias ဖြစ်ပါတယ်။ အောက်မှာ $title = $this->hello->get_title(); ဆိုပြီး ခေါ်နိုင်အောင်လို့ပါ။
Hello_model မှ function နှစ်ခုကို Variable တစ်ခုစီသက်မှတ်ပေးထားပါတယ်။ ပြီးရင်၎င်း Variable တွေကို Assign ပြုလုပ်ပြီး hello_view ကို Load လုပ်ပါတယ်။
View မှာ Variable တွေကိုထုတ်ပြဖို့အတွက် hello_view မှာ အောက်ကအတိုင်းရေးလိုက်ပါမယ်။
<h1><?php echo $title; ?></h1> <p><?php echo $body_text; ?></p>
ဒီလိုဆို http://localhost/tiny_mvc/index.php/hello ဆိုပြီးခေါ်လိုက်ရင် အောက်ကအတိုင်းမြင်တွေ့ရပါမယ်။

ဒီလိုဆိုရင် TinyMVC ရဲ့ အခြေခံသိရှိသွားပြီထင်ပါတယ်။ နောက်ထပ်လေ့လာဖို့အတွက် TinyMVC Documentation ရှိပါတယ်။ ဒါ့အပြင် active ဖြစ်တဲ့ Forum လည်းရှိပါတယ်။
Facebook comments:



