Simple Blog with PHP ( Part-3 )
ကျွန်တော်တို့ part-2 မှာ page တွေ ခွဲရေးတဲ့နည်းကို လေ့လာပြီးပါပြီ။ အခုကျွန်တော်တို့ Blog အတွက် URLs တွေကို တည်ဆောက်ကြည့်ရအောင်။ အဲ့ဒီအတွက် ကျွန်တော်တို့ အရင်ဆုံးသိရမှာက (.htaccess) ပါပဲ။ Website တစ်ခုတည်ဆောက်မယ်ဆိုရင် search engine optimization (SEO) ကောင်းဖို့လိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ရှာဖွေရလွယ်အောင် URL မှာ ကျွန်တော်တို့ site ရဲ့ Page တွေကို ပေါ်အောင်လုပ်ဆောင်ပေးရပါတယ်။ ဥပမာ- URL မပြောင်းထားရင် http://myanmartutorials.com/?cat=13 လို့ပေါ်မှာဖြစ်ပြီး ပြောင်းထားမယ်ဆိုရင်တော့ http://myanmartutorials.com/articles လို့ပေါ်မှာပါ။ ဒါဆိုရင် User တွေအတွက်လဲ ဖတ်ရ မှတ်ရ လွယ်ကူတဲ့အပြင် SEO အတွက်လဲကောင်းပါတယ်။ ဒီအရာတွေကို ပြုလုပ်ချင်ရင်တော့ (.htaccess နဲ့ regular expressions) ကို အသုံးပြုရပါမယ်။
What .htaccess Does
Apache servers ကိုအသုံးပြုခြင်းနှင့် ပတ်သက်တဲ့ အကောင်းဆုံးအစိတ်အပိုင်းတစ်ခုသည် .htaccess files တွေကို အသုံးပြုနိုင်တဲ့ အရည်အချင်းတစ်ခုဖြစ်ပါတယ်။ ၎င်းတို့က developer တွေအတွက် file-access premissions တွေ၊ ဘယ် file တွေကို အသုံးပြုမယ် စတဲ့ ထိန်းချုပ်မှုတွေကို ပြုလုပ်ပေးပါတယ်။ ဒါပေမဲ့ အခုရေးမဲ့ဟာကတော့ .htaccess နဲ့ ပတ်သက်ပြီး အများကြီးသိစရာ မလိုပါဘူး။ URL ကို ဘယ်လိုပြောင်းရမလဲ ဆိုတာ သိရင်ရပါပြီ။ ဒီထက်ပိုသိချင်ရင်တော့ ဒီမှာ ကြည့်ပါ။
Creating Your .htaccess File
ကျွန်တော်တို့က .htaccess file အနေနဲ့ simple_blog ထဲမှာ file အသစ်ဆောက်ပါမယ်။ နာမည်က .htaccess ပါ လမ်းကြောင်းကတော့ xampp/htdocs/simple_blog/.htaccess ပါ။ ကျွန်တော်တို့ စစချင်းမှာတော့ .htaccess ကိုအသုံးပြုဖို့အတွက် rewirteengine ကို ဖွင့်ရပါမယ်။ ဒါကြောင့် .htaccess ထဲမှာ ပထမဆုံး Code အနေနဲ့
RewriteEngine on
နောက် ဘယ် Folder ကို base လုပ်မယ် ဆိုတာကို ရေးရပါမယ်။ ကျွန်တော်တို့က simple_blog မှာ run နေတဲ့အတွက် base ကို simple_blog လို့ထားရပါမယ်။ ဒါကြောင့်နောက် Code တစ်ကြောင်းကို
RewriteBase /simple_blog/
နောက်တစ်ခုကတော့ ဘယ် File တွေကို အသုံးပြုမယ် (ခွင့်ပြုမယ်) ဆိုတာကို ရွေးရမှာပါ။ ဒါကြောင့် လိုအပ်တဲ့ (လိုအပ်မယ်လို့ထင်တဲ့) file တွေကို ကျွန်တော်တို့ ရေးရပါမယ်။
RewriteRule \.(gif|jpg|png|css|ico|swf|js|inc\.php)$ – [L]
ကျွန်တော်တို့ရဲ့ Admin page ကတော့ နည်းနည်း ကွဲပြားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ URL မှာ သွားတာက http://localhost/simple_blog/admin.php?page=blog ဒီလိုပါ။ သွားချင်တာက http://localhost/simple_blog/admin/blog ပါ။ ဒါကြောင့် URL ကို “admin/” ဖြစ်အောင် Code ကို ဒီလိုရေးရမယ်။
RewriteRule ^admin/(\w+) admin.php?page=$1 [NC,L]
ကျွန်တော်တို့က page ကို နည်းလမ်း ၂ မျိုးနဲ့ user တွေကို ပြနိုင်ပါတယ်။ ပထမတစ်နည်းက page ပဲပြတာ ( ဥပမာ- http://localhost/simple_blog/blog/) နောက်တစ်နည်းက page နဲ့ entry နှစ်ခုပြတာ (ဥပမာ- http://localhost/simple_blog/blog/first-entry) ။ ဒါကြောင့် page only ပြတာကို ရေးရင်။
RewriteRule ^(\w+)(|/)$ index.php?page=$1
ပြီးတော့ page နဲ့ entry ကိုပြမယ်ဆိုရင်တော့
RewriteRule ^(\w+)/([\w-]+) index.php?page=$1&url=$2
အခုဆိုရင်တော့ ကျွန်တော်တို့ Simple blog အတွက် .htaccess file ရေးတာ ပြည့်စုံသလောက်ရှိပါပြီ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ Browser မှာ http://localhost/simple_blog/blog/ လို့ရိုက်ပြီး စမ်းကြည့်လို့ ရပါပြီ။
Facebook comments:


