Setting up the Django
ကျွန်တော်ဒီတစ်ခေါက်တော့ Django Framework ကို setup လုပ်တဲ့အကြောင်းရှင်းပြသွားမှာဖြစ်ပါတယ်။ ကျွန်တော် စလုပ်တုံးကလည်း မသိတော့ နည်းနည်းတော့တိုင်ပတ်တယ်လို့ပြောရပါမယ်။ Django install လုပ်တာတော်တော်များများဟာလည်း Linux မှာလုပ်ပြတဲ့ဟာတွေကများပြီးတော့ window မှာဆိုရင်လည်း Online က install လုပ်ပြတာများပါတယ်။
ဒါပေမယ့် ဘန်းကျော်မှာကတော့ offline ရမှ အဆင်ပြေမယ့်အနေအထားမျိုးဖြစ်ပါတယ်။
Django ဟာ python ပေါ်မှာ အခြေခံထားတဲ့ framework တစ်ခုဖြစ်ပါတယ်။ python နဲ့ပတ်သတ်ပြီးတော့လည်း သက်သက်ထပ်ပြီးတော့ရှင်းပြဖို့ရှိတာမို့လို့ ဒီမှာတော့ အသေးစိတ်အကျယ်ချဲ့ပြီးမရှင်းတော့ပါဘူး။ အရင်ဆုံး Django ကို setup လုပ်ဖို့ အတွက် python ကို လုပ်ထားဖို့လိုပါတယ်။ python ကိုဒီမှာဒေါင်းပါ။ python မှာ 2.xx version တွေနဲ့ 3.xx version တွေဆိုပြီးနှစ်မျိုးရှိပါတယ်။ 3.xx version တွေဟာ backword compatible မဖြစ်တဲ့အတွက်ကြောင့် ယခုလက်ရှိအသုံးပြုမယ့် tutorials မှာအလုပ်ဖြစ်ချင်မှာဖြစ်မှာပါ။ ဒါကြောင့် 2.x version တစ်ခုခု (ဖြစ်နိုင်ရင် 2.7.x တွေကိုဒေါင်းပါ။) python ကို setup လုပ်တာကတော့ next တွေ တသီတသန်းကြီး နှိပ်ရမှာဖြစ်ပြီး ထွေထွေထူးထူးလို့ အသေးစိတ်မရှင်းတော့ပါဘူး။ ပြီးရင် start ထဲက python 27 (version အပေါ်မူတည်) ထဲမှာ IDLE ဆိုတာကိုနှိပ်ကြည့်လိုက်ပါ။ အရင်ဆုံး
“Hello World”
ဆိုပြီးရိုက်ကြည့်လိုက်ပါ။ Hello world ဆိုပြီး output ပြန်ထွက်လာတာကိုတွေ့ရပါမယ်။ print လုပ်လိုက်တာပါပဲ။ နောက်နည်းနည်းပါးပါးလေးစမ်းကြည့်ရအောင်
a =3 b = 5 a+b
ဆိုပြီးရိုက်ကြည့်ပါ။ a+b ရဲ့အဖြေ 8 ထွက်လာတာကိုတွေ့ရပါမယ်။ ကဲဒါဆိုကျွန်တော်တို့ python သွင်းပြီးပါပြီ။ Django သွင်းဖို့ပဲကျန်ပါတော့တယ်။ Django ကိုတော့ ဒီမှာဒေါင်းပါ။ ဒေါင်းပြီးရင်ဖြေပါ။ ဖြေပြီးရင်အဲဒီ directory ကို command prompt နဲ့ရောက်အောက်သွားလိုက်ပါ။ အောက်ကအတိုင်းပေါ့

ပြီးရင် အထက်ကအတိုင်း setup.py install ဆိုပြီးရိုက်လိုက်ပါ။ ပြီးရင် သူ အလုပ်လုပ်တာ ပြီးတဲ့အထိ စောင့်ပါ။ ဒါဆိုရင် Django သွင်းပြီးပါပြီ။ သွင်းပြီးရင် ကျွန်တော်တို့ ခေါ်ရသက်သာအောင် Environment variable တစ်ခုကြေညာဖို့လိုပါမယ်။ My Computer ကို right click နှိပ်ပါ။ Advanced System Setting ထဲက Environment variable ကိုရွေးလိုက်ပါ။ ပြီးရင်

Path ဆိုတာကို edit လုပ်လိုက်ပါ။ ဒီအတိုင်းထပ်ပေါ်လာပါလိမ့်မယ်။

အဲဒီထဲမှာ သွင်းထားတဲ့ python ထဲက django folder ကိုပြန်ညွန်းပေးဖို့လိုပါလိမ့်မယ်။ ဥပမာအနေနဲ့ C:\Python27\Lib\site-packages\django\bin လို့ရှိတက်ပါတယ်။ သေချာအောင်ရှာပြီးမှ directory အတိအကျကို ကူးထည့်ပေးလိုက်ပါ။ အဲဒီရှေ့မှာ ရှေ့က instruction execute ဖြစ်သွားအောင် ; လေးထည့်ပေးပါ။ ဒီတော့
;C:\Python27\Lib\site-packages\django\bin
ထည့်ပေးရမှာပါ။ အဲဒါဆိုကျွန်တော်တို့ command prompt ကိုခေါ်ကြည့်ပါ။ ပြီးရင်
Django-admin .py လို့ရိုက်ကြည့်လိုက်ပါ။ ရှည်လျားထွေပြားစွာ ကျလာတာကိုတွေ့ရပါမယ်။ ကျွန်တော်တို့ အပေါ်က directory ကိုခဏခဏရိုက်မသုံးချင်လို့ အတိုချုံလိုက်တဲ့အနေနဲ့ variable ပေးလိုက်တာပါပဲ။ ကဲရှေ့ဆက်ပြီးတော့ project တစ်ခု create လုပ်ကြည့်ရအောင် ကျွန်တော်တို့ C ထဲကိုသွားလိုက်ပါ။ C: ထဲမှာကြတော့ ရှင်းရှင်းလင်းလင်း လွယ်လွယ်ကူကူ ခေါ်လို့ရတဲ့အတွက်သွားတာပါ။
Django-admin.py startproject myanmarlinks
ဆိုပြီးရိုက်လိုက်ပါ။ myanmarlinks နေရာမှာကြိုက်တာထည့်လို့ရပါတယ်။ ကျွန်တော်က သင်တန်းမှာစမ်းတာမို့လို့ myanmarlinks လို့ထည့်လိုက်တာပါ။


အဲဒါဆို အဲဒီ C: ထဲမှာ myanmarlinks ဆိုပြီး folder တစ်ခု ဆောက်ပြီးသားဖြစ်သွားပါလိမ့်မယ်။ အဲဒီ folder ကိုကြည့်ရအောင် ။

ဆိုပြီး file လေးဖိုင်ရှိပါလိမ့်မယ်။ ကျွန်တော်တို့ server စ run ဖို့လိုလာပါပဲ။ ဘယ်လို run ရမလဲဆိုတော့ command prompt ထဲမှာ အဲဒီ folder ဆီရောက်အောင်သွားလိုက်ပါ။ ပြီးရင် Manage.py runserver ဆိုရင် server စ run ပါလိမ့်မယ်။

ပြီးရင်တော့ browser ကနေ http://127.0.0.1:8000 ဆိုပြီးသာ ရိုက်ထည့်လိုက်ပါ။ အောက်ကအတိုင်းပေါ်လာတာကိုတွေ့ရပါမယ်။

Facebook comments:



[...] node.exe ကိုထည့်လိုက်ပါ။ ပြီးရင် django မှာ setup လုပ်သလိုပဲ environment variable [...]