PHP: Variables

ဘယ် Programming Language မှာမဆို Variable တွေကတော့ မပါမဖြစ်ပါပဲ။ ဒီနေရာမှာတော့ Variable အကြောင်းကို အသေးစိတ် မရှင်းတော့ပါဖူး။ လိုရင်ပဲပြောပါမယ်။

Variable ဆိုတာ တန်ဖိုးတွေ သိမ်းထားဖို့ System Memory ပေါ်ကနေရာပါပဲ။ တန်ဖိုးဆိုတာ စာသားတွေ (Text string) ဒါမှမဟုတ် ဂဏန်း (Number) စတာတွေပါ။ Program ရေးတဲ့အခါမှာ User တွေဆီကနေ အချက်အလက်ယူရတာမျိုးရှိပါတယ်။ ဥပမာ – Email program ဆိုပါစို့။ ဘယ်သူ့ mail တွေ ပြပေးရမှန်းမသိတဲ့ အတွက် ကျနော်တို့ကို username တာင်းပါမယ်။ အဲဒီမှာ ကျနော့ဟာဆိုရင် တစ်မျိုး၊ တစ်ခြားတစ်ယောက်ရဲ့ဟာဆိုရင် တစ်မျိုးဖြစ်မှာပါ။ အခုလို ကြိုမှန်းထားလို့ မရတဲ့ တန်ဖိုးတွေကို Variable ထဲမှာ ထည့်သိမ်းရပါတယ်။ PHP မှာတော့ Variable တစ်ခုကို အောက်ပါအတိုင်း သတ်မှတ်နိုင်ပါတယ်။

$variable_name = Value;

PHP variable တွေကို $ (dollar sign) နဲ့စပေးရပါတယ်။ $ ထည့်ဖို့မေ့သွားရင် အလုပ်လုပ်မှာမဟုတ်ပါဖူး။ PHP စရေးခါစလူတွေ ခဏခဏ မေ့တတ်ပါတယ်။ သတိထားပါ။ PHP variable name တွေဟာ case-sensitive ဖြစ်ပါတယ်။ အကြီးအသေးမှားလို့မရပါဘူး။ $a_number နဲ့ $A_number ဆိုရင် PHP မတူတဲ့ variable ၂ ခုလို့ သတ်မှတ်မှာပါ။

Storing Values in a Variable

PHP variable မှာ အောက်ပါ Datatype တွေကို သိမ်းလို့ရပါတယ်။

  • String: Alphanumeric characters, such as sentences or names
  • Integer: A numeric value, expressed in whole numbers
  • Float: A numeric value, expressed in real numbers
  • Boolean: Evaluates to TRUE or FALSE (1 = TRUE and 0 = FALSE)
  • Array: An indexed collection of data
  • Object: A collection of data and methods

PHP က loosely typed language ပါ။ ဆိုလိုတာက variable တွေရဲ့ datatype ကို သတ်မှတ်ပေးစရာမလိုပါဖူး။ C, Java တို့လို strictly typed language တွေမှာဆိုရင်တော့ variable တစ်ခု စကြေငြာကတည်းက သူဟာ integer လား၊ string လား သတ်မှတ်ပေးရပါတယ်။ PHP မှာတော့ ထည့်တဲ့ တန်ဖိုးအပေါ်မူတည်ပီး datatype ကို သူ့အလိုလိုပဲ သတ်မှတ်ပေးသွားပါတယ်။ ဆိုလိုတာက.. 25 ထည့်လိုက်ရင် interger ဖြစ်သွားမယ်၊ 23.5 ဆိုရင် float ဖြစ်သွားမယ်၊ “Goo Goo” ဆိုရင် string ဖြစ်သွားမယ်။

Variable Example

<?php
$hello = "Hello PHP!";
$a_number = 4;
$anotherNumber = 7;
?>

PHP Variable Naming Conventions

Variable တွေကို နာမည်ပေးတဲ့အခါမှာ လိုက်နာရမည့် စည်းကမ်းတွေရှိပါတယ်။

  • PHP variable တွေဟာ letter (စာလုံး) သို့မဟုတ် Underscore ( _ ) နဲ့ စရပါမယ်။
  • PHP variable တွေမှာ a-z, A-Z, 0-9 နဲ့ _ ပဲ သုံးလို့ရပါမယ်။
  • စကားလုံးတစ်လုံး (one word) ထက်ပိုတဲ့ နာမည်တွေကို underscore သုံးပီး ခြားရပါမယ်။ e.g: $my_variable
  • စကားလုံးတစ်လုံး (one word) ထက်ပိုတဲ့ နာမည်တွေကို ဒုတိယမြောက်စကားလုံးကနေစပီး ရှေ့ဆုံး စာလုံးကို အကြီးပြောင်းတဲ့ ပုံစံနဲ့လဲ ရေးနိုင်ပါတယ်။ e.g: $myVariable

(နောက်ပိုင်းမှာ variable တွေကို လက်တွေ့သုံးရတော့မှာမို့ ဒီမှာတော့ ကြေငြာပုံ၊ နာမည်ပေးပုံလောက်ပဲ ပြောခဲ့ပါဦးမယ်)

Facebook comments:

Leave a comment


*