PHP: Using PHP with HTML Forms

အခုဆိုရင် ကျနော်တို့တွေ ရှေ့မှာ လေ့လာခဲ့ သလောက်နဲ့ အပြင်လောကမှာ သုံးနေတဲ့ ပုံစံမျိုးတွေ ရေးလို့ရပါပီ။ PHP web programming မှာ HTML form တွေ အသုံးပြုပြီး site visitor တွေဆီကနေ information တွေ ယူမယ်၊ ပြီးရင် PHP ကို သုံးပြီး အဲဒီ data တွေကို တွက်ချက်မှုတွေ လုပ်မယ် ဆိုတဲ့ ပုံစံ အများဆုံး သုံးရမှာပါ။ ဒီ lesson မှာတော့ စျေးဆိုင်တစ်ဆိုင်ရဲ့ order form တစ်ခုကို ရိုးရိုးရှင်းရှင်း ရေးကြည့်ပါမယ်။

ကဲ စဉ်းစားကြည့်ရအောင်ဗျာ။ စာရေးကိရိယာ စတိုးပေါ့ဗျာ။ အဲတော့ စာအုပ်၊ ခဲတံ၊ ပေတံ၊ ခဲဖျက် စတာတွေ ရောင်းမယ်ပေါ့။ customer တွေ ဆီကနေ order information တွေ ယူရမယ်ဗျာ။ အဲအတွက် HTML form page တစ်ခု ဆောက်ရမယ်။

(ဒီဟာက နမူနာ သက်သက် အတွက်ပဲနော်။ တကယ့် အပြင် project တွေမှာတော့ ဒီလိုသုံးလို့ ဘယ်သင့်တော်မလဲ.. :D )

Creatng the HTML Form

ပထမအနေနဲ့ customer တွေ သူတို့ ဘာဝယ်ချင်လဲ ဆိုတာ ရွေးနိုင်ဖို့ HTML form တစ်ခု ဆောက်ပါမယ်။ order.html လို့ သိမ်းပေးပါ။

<html>
<body>
<h4>Goo Stationery Order Form</h4>
<form>
<select>
 <option>Book</option>
 <option>Pencil</option>
 <option>Ruler</option>
 <option>Eraser</option>
</select>
Quantity: <input type="text" />
<input type="submit" />
</form>
</body>
</html>

form ကတော့ ရသွားပြီ။ ဒီform ကို submit လုပ်တဲ့ အခါမှာ ဘယ် page ကို ခေါ်ပြီး process လုပ်ခိုင်းမယ်။ ဘယ် data တွေကို variable အဖြစ်နဲ့ ထည့်ပေးလိုက်မယ် ဆိုတာတွေ ထည့်ပေးရပါဦးမယ်။ code ကို နည်းနည်း ထပ်ပြင်မယ်။ အောက်ကလို ဖြစ်သွားပါမယ်။

<html>
<body>
<h4>Goo Stationery Order Form</h4>
<form action="process.php" method="post">
<select name="item">
 <option>Book</option>
 <option>Pencil</option>
 <option>Ruler</option>
 <option>Eraser</option>
</select>
Quantity: <input type="text" name="quantity" />
<input type="submit" />
</form>
</body>
</html>

အခုဆိုရင် ကျွန်တော်တို့ရဲ့ order form က process လုပ်ဖို့ အဆင်သင့်ဖြစ်ပါပြီ။ အဲဒီအတွက် process.php ကို ဆက် ဆောက်ရအောင်။

PHP Form Processor

ကျွန်တော်တို့တွေက order form မှာ ထည့်ပေးလိုက်တဲ့ “item” နဲ့ “quantity” value တွေကို ယူရမှာ ဖြစ်ပါတယ်။ form ကို submit လုပ်တဲ့ method က post ဖြစ်တဲ့အတွက် $_POST ဆိုတဲ့ array variable ထဲကနေ ယူရမှာ ဖြစ်ပါတယ်။ ($_POST, $_GET, $_SESSION စတဲ့ Superglobal variable တွေ အကြောင်းကို နောက် သင်ခန်းစာတွေမှာ ရှင်းပါမယ်)

form က ပို့လိုက်တဲ့ item နဲ့ quantity ကို လက်ခံဖို့အတွက် $item, $quantity variable အသစ် ၂ ခု ကြေငြာပြီး သူတို့ထဲကို $_POST ထဲက တန်ဖိုးတွေ ထည့်လိုက်ပါမယ်။ ဒီဖိုင်ကိုတော့ process.php လို့ ပေးလိုက်ပါ။

<html>
<body>
<?php
$quantity = $_POST['quantity'];
$item = $_POST['item'];

echo "You ordered " . $quantity . " " . $item . ".<br />";
echo "Thanks you for ordering from Goo Stationery!";

?>
</body>
</html>

ဒီနေရာမှာ တစ်ခု သတိထားမိ ကြပါလိမ့်မယ်။ $_POST['name'] ထဲက နာမည်က ကျွန်တော်တို့တွေ HTML form မှာ ပေးခဲ့တဲ့ နာမည်တွေနဲ့ တူနေပါတယ်။ အဲလို တူမှလဲ ရပါမယ်။ ဒီဥပမာမှာ ဆိုရင်တော့ item, quantity ပေါ့။ username, password ပို့ခဲ့မယ်ဆိုရင် useranme ကို လိုချင်ရင် $_POST['username'], password ကို လိုချင်ရင် $_POST['password'] ဆိုပီး ပြန်ယူရမှာ ဖြစ်ပါတယ်။

ကဲ order.html ကို ဖွင့် item တစ်ခုခုရွေး၊ quantity တစ်ခုခုထည့်ပြီး စမ်းကြည့်ပါ။ ကျွန်တော်ကတော့ Book, 5 နဲ့ စမ်းလိုက်ပါတယ်။

ပုံမှာဆိုရင် 5 Book. လို့ ဖြစ်နေပါတယ်။ output ပြန်ထုတ် မပြခင်မှာ quantity က တစ်ခုဆို item ကို ပြတဲ့အခါ Singular နဲ့ပြ၊ တစ်ခုထက်ပိုရင် Plural နဲ့ ပြဖို့ If နဲ့ စစ်ပြီးရေးလို့ ရပါသေးတယ်။ အမျိုးမျိုးတွေးပြီး စမ်းကြည့်ကြပါ။

PHP & HTML Form Review

ဒီဥပမာမှာ အဆင့် တော်တော် များများ လုပ်ခဲ့ကြပါတယ်။ သေချာ နားလည်သွားအောင် တစ်ဆင့်ချင်း ပြန်ကြည့်ကြမယ်။

  1. ပထမ ကျွန်တော်တို့ data တွေ လက်ခံဖို့ order form ပါတဲ့ “order.html” ကို ဆောက်တယ်။ input field နှစ်ခုကို “item”, “quantity” လို့ နာမည်ပေးခဲ့တယ်။
  2. form tag မှာ process လုပ်ဖို့တွက် process.php ကို ညွှန်းပြီး ပို့မယ့် method ကိုတော့ “post” ကို ထားလိုက်ပါတယ်။
  3. “process.php” မှာ form ကနေ ပို့လိုက်တဲ့ item, quantity တန်ဖိုးတွေကို $_POST ကနေ တဆင့် variable အသစ် နှစ်ခုထဲကို ထည့်လိုက်ပါတယ်။
  4. နောက်ဆုံး echo function ကို သုံးပြီး order information ကို output ပြန်ထုတ် ပြလိုက်ပါတယ်။

ဒီ သင်ခန်းစာက form process ဘယ်လို လုပ်သလဲဆိုတာ ပြဖို့ သက်သက်ပါ။ တကယ် စီးပွားရေးလုပ်ငန်း site မှာ ဒီပုံစံမျိုး သုံးဖို့ မသင့်တော်ပါဖူး။

Facebook comments:

One Response

  1. [...] PHP: Using PHP with HTML Forms July 2, 2010 [...]

Leave a comment


*