PHP: Syntax

PHP syntax အကြောင်းမပြောခင် အရင်ဆုံး Syntax ရဲ့ အဓိပ္ပါယ်ကို ဖွင့်ရအောင်…

Syntax – The rules that must be followed to write properly structured code.

Syntax ဆိုတာ မှန်မှန်ကန်ကန် ဖွဲ့စည်းထားတဲ့ Code တွေ ရေးရာမှာ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေပါ။

PHP ရဲ့ Syntax က တခြား Programming Language တွေဖြစ်တဲ့ C, Java, Perl တို့နဲ့ အတော်လေး ဆင်တူပါတယ်။ PHP code တွေကို အောက်ပါ အတိုင်း <?php (open tag) နဲ့ ?> (close tag) တွေ အတွင်းမှာ ရေးရပါမယ်။

<?php
// Your PHP code goes here....
?>

တခြား Short tag, ASP style tag တွေ သုံးလို့ရပေမယ့်… configure လုပ်ဖို့လိုပါတယ်။ အဲတော့ အခုလို Standard tag ကို သုံးတာ အကောင်းဆုံး ဖြစ်ပါတယ်။

How to Save Your PHP Pages

HTML page ထဲမှာ PHP code တွေထည့်ရေးထားပီး အဲဒီ page ကို web browser က မှန်မှန်ကန်ကန် ဘာသာပြန် ပေးနိုင်ဖို့အတွက် Save လုပ်တဲ့ အခါမှာ ပုံမှန် .html extension အစား .php extension နဲ့ Save လုပ်ရမှာ ဖြစ်ပါတယ်။

Example PHP Page

Getting Started ထဲက PHP code ကိုပဲ ပြန်ကြည့်ပါမယ်။

<html>
<head>
<title>My First PHP-enabled Page</title>
<body>
<?php
 echo "This is my first PHP-enabled page!";
?>
</body>
</html>

ဒီဥပမာမှာ echo ဆိုတာ PHP ရဲ့ built-in function ပါ။ echo function ကို Web Browser မှာ စာတွေ (Text) ထုတ်ပြဖို့အတွက်သုံးပါတယ်။ echo နောက်က Double Quote ထဲက စာသားတွေကို Browser မှာ ရိုက်ပြပေးမှာပါ။ (နောက်ပိုင်းမှာ echo အကြောင်း အသေးစိတ်ပါပါမယ်)

The Semicolon!

အပေါ်က code မှာ သတိထားကြည့်လိုက်ပါ။ PHP code line ရဲ့အဆုံးမှာ ; (semicolon) တစ်ခုပါပါတယ်။ ; (semicolon) က PHP statement တစ်ခုဆုံးသွားပြီဆိုတဲ့ သဘောပါ။ PHP code တစ်ကြောင်းဆုံးတိုင်း ; (semicolon) ပိတ်ပေးဖို့ မမေ့ပါနဲ့။ အပေါ်က ဥပမာထဲက This is my first PHP-enabled page! ဆိုတဲ့ စာသားကို ထပ်ခါထပ်ခါ ပြချင်တယ်ဆိုရင် echo “This is my first PHP-enabled page!” ဆိုပီး ထပ်ထည့် ရပါမယ်။ တစ်ကြောင်းဆုံးတိုင်း ; (semicolon) ပိတ်ပေးရပါမယ်။

<html>
<head>
<title>My First PHP-enabled Page</title>
<body>
<?php
 echo "This is my first PHP-enabled page!<br />";
 echo "This is my first PHP-enabled page!<br />";
 echo "This is my first PHP-enabled page!<br />";
 echo "This is my first PHP-enabled page!<br />";
?>
</body>
</html>
The First PHP Page 2

The First PHP Page 2

echo function ထဲမှာ HTML code တွေ ထည့်ရေးလို့ရတာ သတိပြုပါ။

White Space

HTML code လိုပါပဲ PHP code တွေမှာလဲ White Space တွေကို လစ်လျူရှုပါတယ်။ ဆိုလိုတာက PHP code တစ်ကြောင်းပီးသွားတယ်။ နောက်တစ်ကြောင်းမစခင်မှာ စာကြောင်းအလွတ်တွေ ဘယ်လောက်ခြားခြား အဲဒီ အလွတ်တွေကို ကျော်သွားမှာပါ။ နောက်ပီး Code တွေကို သပ်ရပ်အောင် Tab နှိပ်ပီး Indent လုပ်ထားရင်လဲ အဲဒီ Tab ခုန်ထားတဲ့ Space တွေကိုကျော်သွားမှာပါ။

PHP Whitespace

PHP Whitespace

Embedding PHP in HTML

HTML code တွေနဲ့ PHP code တွေ ရောမွှေပီးရေးကြည့်မယ်။ firstpage.php ကိုပဲ ပြင်ရေးလိုက်ပါ။

<html>
<head>
<title>My First PHP-enabled Page</title>
<body>
<?php
 echo "<p>This is some text.</p>";
?>
<p>Some of this text is static, <?php echo "but this sure isn't!"; ?></p>
<?php echo "<p>"; ?>
This text is enclosed in paragraph tags that were generated by PHP.
<?php echo "</p>"; ?>
</body>
</html>
Embedding PHP into HTML

Embedding PHP into HTML

Trace တော့လိုက်မပြတော့ဖူး.. လွယ်လွယ်လေးပါ.. နားလည်ကြမှာပါ။ :)

Facebook comments:

Leave a comment


*