PHP HitCounter : Beginner

PHP နဲ့ HitCounter တစ်ခုကို အလွယ်ကူဆုံး နည်းနဲ့ ပြုလုပ်ကြည့်ကြရအောင်။ Begineer တွေအတွက် အဓိက ရည်ရွယ်ပြီး ရေးသားထားတဲ့ အတွက် အလွယ် အကူဆုံး၊ အရှင်းလင်းဆုံး ဖြစ်အောင် ကြိုးစားပြီး ရေးထားပါတယ်။

ပထမဦးဆုံး အနေနဲ့ HitCounter ထဲ့ပြီး အသုံးပြုချင်တဲ့ webpage နဲ့ တူတူ hitcounter.txt ဆိုတဲ့ text file တစ်ခု တည်ဆောက်ပေးပါ။ ဆိုလိုတဲ့ သဘောကတော့ directory တစ်ခုထဲမှာ သင်အသုံးပြုမယ့် webpage နဲ့ အတူတူ hitcounter.txt ရှိရမယ်လို့ ပြောချင်တာပါ။

သင့်အသုံး ပြုနေတဲ့ PHP editor ဒါမှမဟုတ် Notepad ဖွင့်ပြီး counter.php ဆိုတဲ့ php file လေးစရေးရအောင်။

ပထမဦးဆုံး တည်ဆောက်ထားတဲ့ hitcounter.txt ကို ပြန်လည် ညွှန်းဆိုထားတဲ့ code ပါ။

<?php

$count_my_page = ("hitcounter.txt");

?>

Hit count တွေကို hitcounter.txt မှာ စုပြီး သိမ်းမယ်ဆိုတဲ့ code ပါ။

<?php

$count_my_page = ("hitcounter.txt");

$hits = file($count_my_page);

?>

Hit အရည်အတွက်ကို တစ်ကြိမ်စီ ပေါင်းထည့်ဖို့ အတွက် အသုံးပြုထားတဲ့ code ပါ။

<?php

$count_my_page = ("hitcounter.txt");

$hits = file($count_my_page);

$hits[0] ++;

?>

Hit count အရည်အတွက်ကို hitcounter.txt ထဲမှာ တစ်ယောက် တိုးတိုင်း တစ်ခါ ထပ်ဖြည့်ရေးမယ့် code ပါ။

<?php

$count_my_page = ("hitcounter.txt");

$hits = file($count_my_page);

$hits[0] ++;

$fp = fopen($count_my_page , "w");

?>

ထပ်တိုးလာတဲ့ Hit counter တွေကို သိအောင် ဖြည့်ပေးမယ့် code ပါ။

<?php

$count_my_page = ("hitcounter.txt");

$hits = file($count_my_page);

$hits[0] ++;

$fp = fopen($count_my_page , "w");

fputs($fp , "$hits[0]");

?>

Hitcounter.txt မှာ ရေးသားနေခြင်းကို ပြန်ပြီး ပိတ်တဲ့ code ပါ။ တစ်ကြိမ်မှာ တစ်ခါ ၁ တိုးမယ်ဆိုတဲ့ သဘောပါ။

<?php

$count_my_page = ("hitcounter.txt");

$hits = file($count_my_page);

$hits[0] ++;

$fp = fopen($count_my_page , "w");

fputs($fp , "$hits[0]");

fclose($fp);

?>

Hitcounter.txt ထဲမှာ သိမ်းထားတဲ့ Hit အရည်အတွက်ကို ဖော်ပြပေးမယ့် code ပါ။

<?php

$count_my_page = ("hitcounter.txt");

$hits = file($count_my_page);

$hits[0] ++;

$fp = fopen($count_my_page , "w");

fputs($fp , "$hits[0]");

fclose($fp);

echo $hits[0];

?>

နောက်ဆုံးအဆင့် အနေနဲ့ hitcounter.txt ရှိတဲ့ directory အောက်မှာ counter.php ဆိုတာလေးကို save လိုက်ပါ။

အောက်မှာဖော်ပြထားတဲ့ code ကို hit counter ထည့်ချင်တဲ့ page တွေတိုင်းမှာ counter.php ရှိတဲ့ path အတိုင်းဖြည့်ပေးပြီး အလွယ်တစ်ကူ အသုံးပြုလို့ ရသွားပါပြီ။ CSS လေးနဲ့ ဖြည့်ပြီး ရေးလိုက်မယ်ဆိုရင် သူများ web site တွေက ယူပြီး သုံးရတဲ့ hit counter တွေထက် သာသွားမှာပါ။ data base မသုံးပဲ text file သုံးထားတော့ အခုမှ စလေ့လာတဲ့ သူတွေလဲ အလွယ်တစ်ကူ နားလည်၊ ပြုပြင်လို့ ရစေမှာပါ။

<?php

include ("counter.php");

?>

Facebook comments:

5 Responses

  1. Thiha says:

    ကျေးဇူးတင်ပါတယ် … Skipsoft ရေ .. php အခြေခံကို လေ့လာမယ့်သူတွေအတွက် အများကြီး အဆင်ပြေစေ ပါတယ်ခင်ဗျ .. နောက်လည်း ဆက်ရေးပါဦး ..

    • skipsoft says:

      ဟုတ်ကဲ့ပါ… ကျွန်တော် တတ်နိုင်သလောက် ကြိုးစားပေးပါမယ်… :D

  2. junemoe says:

    ကျေးဇူးပါ – ကျွန်တော်က php ကို အခုမှ လေ့လာမှာပါ – Open source တွေကို အခုမှ စလေ့လာမှာဖြစ်တဲ့အတွက် ဆက်ပြီး php နဲ့ ပတ်သက်တာလေးတွေကို တင်ပေးပါဦးလို့ မေတ္တာရပ်ခံရင်း…

    junemoe

  3. KK says:

    ကောင်းပါတယ်ဗျာ ဒါပေမဲ့ အဲဒီ Script မှာ clients က requests တွေ အရမ်းများလာရင် Scripts က Run time error ဖြစ်တက်တာကို သတိပြုစေချင်ပါတယ်

  4. SkipSoft says:

    @KK ဒါတော့အမှန်ပဲဗျ ဒီတိုင်းထည့်သုံးဖို့တော့ တိုက်တွန်းထားတာ မဟုတ်ပါဘူး အခြေခံသဘောကို နားလည်နိုင်အောင်လောက်ပဲ ရှင်းပြထားတာပါ။

Leave a comment


*