PHP: Getting Started
(အခုရေးမယ့် ကျူတိုရီရယ်တွေက PHP စလုံးရေးစ သမားတွေအတွက် ဖြစ်ပါတယ်။ PHP ကို နည်းနည်း တီးမိခေါက်မိ ရှိသူများအတွက်လဲ Practical Real-World application (GuestBook, User Registration, User Authentication, etc) တွေလည်း အလျင်းသင့်သလို တင်ပေးပါမည်။)
What is PHP?
PHP ရဲ့ official site ဖြစ်တဲ့ PHP.net ကစာသားကို ယူပြောရရင်
“PHP is an HTML-embedded scripting language.”
PHP ဆိုတာ HTML page တွေထဲမှာ တပါထဲ မြုပ်ရေးနိုင်တဲ့ scripting language တစ်ခုပါတဲ့။ သူ့ရဲ့ ရေးသားတဲ့ပုံစံ (syntax) တွေဟာ C, Java, Perl စတဲ့ language တွေကို အတုခိုးထားပေမယ့်… သူ့ရဲ့ ကိုယ်ပိုင် feature တွေလဲ အများကြီးရှိပါတယ်.. PHP ရဲ့ ရည်ရွယ်ချက်ကတော့ Web Developer တွေ Dynamic Site တွေရေးတဲ့အခါမှာ လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန်ရေးနိုင်ဖို့ဖြစ်ပါတယ်.. PHP ကို အစကတော့ Personal Home Page လို့ခေါ်ပေမယ့်.. အခုအခါမှာတော့ PHP: Hypertext Preprocessor လို့ခေါ်ပါတယ်.. ဘာလို့လဲဆိုတော့ PHP Script တွေက HTML Page အဖြစ်မပြောင်းခင်မှာ Data တွေကို ကြိုတင်ပီး တွက်ချက် (Preprocess) ပေးရလို့ ဖြစ်ပါတယ်..
PHP ဘယ်လို အလုပ်လုပ်ပေးသလဲဆိုတော့.. တစ်ယောက်ယောက်က site ကို ကြည့်တဲ့အခါ… Web server က PHP code တွေကို process လုပ်ပါတယ်.. အဲအခါမှာ.. ဘယ်အပိုင်းတွေကို Visitor တွေကို ပြရမယ် (ဥပမာ - စာသားတွေ၊ ပုံတွေ) တခြားလုပ်ဆောင်ချက်တွေကိုတော့ မပြဖူး (ဥပမာ – ဖိုင်ရေးတာ ဖတ်တာတွေ၊ သင်္ချာတွက်ချက်မှုတွေ၊ Database နဲ့ချိတ်ဆက်တာတွေ) ဆိုတာတွေ ခွဲခြားပါတယ်.. အဲဒါအပီးမှာတော့ PHP code တွေကို Plain HTML အဖြစ် ဘာသာပြန်လိုက်ပီး၊ Visitor ရဲ့ Web Browser ဆီကို ပြန်ပို့ပေးလိုက်ပါတယ်…
Necessary Setup
PHP ဟာ Server-sided Scripting Language ဖြစ်တာကြောင့် Web Server လိုပါမယ်။ အချက်အလက်တွေ သိမ်းဖို့၊ ပြန်ထုတ်ပြဖို့ Database software တစ်ခုလိုပါမယ်။ အဓိကတော့ PHP code တွေကို ဘာသာပြန်ပေးမယ့် PHP Interpreter လိုပါမယ်။
PHP အတွက် အကောင်းဆုံး Web Server ကတော့ Apache Web Server ဖြစ်ပါတယ်။ Database System ကတော့ MySQL ပါ။
PHP Interpreter, Apache Web Server နဲ့ MySQL ကို တစ်ခုချင်းစီသွင်းလို့ရပေမယ့် configuration လုပ်တဲ့အခါမှာ အခက်အခဲရှိနိုင်ပါတယ်။ အခုက Basic Level ဖြစ်တဲ့အတွက် အားလုံး တစ်ပါထဲပါပီး configure လုပ်ပီးသားဖြစ်တဲ့ XAMPP or WAMP နဲ့ပဲ သုံးပါမယ်။ XAMPP ရဲ့ အကြောင်းကို Ahkeno ရဲ့ About XAMPP မှာဖတ်နိုင်ပါတယ်။ XAMPP သွင်းနည်းကိုတော့ ကိုသီဟရဲ့ How to Install XAMPP မှာ ဖတ်နိုင်ပါတယ်။
Web Server, Database System, PHP Interpreter စတာတွေ သွင်းပီးသွားရင် PHP ရေးဖို့အတွက် Editor လိုပါဦးမယ်။ Powerful ဖြစ်တဲ့ PHP IDE တွေရှိပေမယ့် အခြေခံအဆင့်မှာတော့ ရိုးရိုး Text Editor နဲ့ပဲရေးပြသွားပါမယ်။ PHP ကို Windows မှာ ပါပြီးသားဖြစ်တဲ့ Notepad နဲ့ရေးလို့ရပေမယ့် Line Number, Syntax Highlighting တွေပါတဲ့ Notepad++ ကို သုံးပါမယ်။
Your First PHP-enabled Page
PHP code တွေကို HTML code တွေထဲမှာ ရောရေးလို့ရပါတယ်။ PHP code မှန်းသိစေဖို့ <?php (open tag) နဲ့ ?> (close tag) ကြားထဲမှာ PHP code တွေထည့်ရေးရပါတယ်။ ကဲကျွန်တော်တို့ရဲ့ ပထမဆုံး PHP page တစ်ခု ရေးကြည့်ကြမယ်။
XAMPP ကို Default အတိုင်း သွင်းခဲ့မယ်ဆိုရင် C:\xampp\htdocs ထဲမှာ php ဆိုတဲ့ Folder တစ်ခုဆောက်လိုက်ပါ။
Notepad++ ဖွင့်ပီး အောက်ပါ code တွေ ရိုက်ထည့်ပြီး C:\xampp\htdocs\php ထဲမှာ firstpage.php လို့ သိမ်းပေးပါ။
<html> <head> <title>My First PHP-enabled Page</title> <body> <?php echo "This is my first PHP-enabled page!"; ?> </body> </html>
Firefox (သို့) Web Browser တစ်ခုခုကို ဖွင့်ပီး http://localhost/php/firstpage.php လို့ Address Bar မှာ ရိုက်ထည့်ပီး ခေါ်ကြည့်ပါ။ အောက်ပါပုံပေါ်လာရင် ကျွန်တော်တို့ ပထမဆုံး PHP page ကို အောင်မြင်စွာ ဖန်တီးနိုင်ပြီဖြစ်ပါတယ်။
Facebook comments:





PHP ကို အခုမှ စလေ့လာနေတာပါ … လမ်းညွှန်မှုတွေအတွက် ကျေးဇူးအများကြီးတင်ပါတယ်…
hi, I couldn’t read this post. how can I do? pls kindly reply me. Thanks.
May I know which font type did you used for this post? because I can’t read the posts such as PHP: Getting Started, PHP: Syntax and PHP: Variables. I can read all other posts. any idea? Thank you.
@Yaungsin
I also can’t read this post.but I copy this post at notepad.
Notepad can use zawgyiOne.I think you can read the posts such as PHP: Getting Started, PHP: Syntax and PHP: Variables.