PHP: Functions
Programming မှာ function ဆိုတာကတော့ ကိုယ်လိုတဲ့ အချိန်မှာ လှမ်းခေါ်သုံးနိုင်တဲ့ code block တစ်ခုပါပဲ။ (တချို့ programming language တွေမှာ Method လို ခေါ်ပါသေးတယ်၊ သဘောတရားကတော့ အတူတူပါပဲ) အဲဒီ code block ထဲမှာတော့ calculation လုပ်တာတွေ၊ display ထုတ်ပြတာတွေ အတွက် code တွေ ရေးထားနိုင်ပါတယ်။ ထပ်ခါထပ်ခါ လုပ်ရမယ့် ကိစ္စမျိုးတွေမှာ function တွေ ကို သုံးခြင်းအားဖြင့် အများကြီး အချိန်ကုန် သက်သာစေပါတယ်။ ကိုယ်ရေးတဲ့ code တွေကိုလဲ ရှင်းရှင်းလင်းလင်းနဲ့ ဖတ်ရလွယ်ကူစေပါတယ်။
ဥပမာ – Company တစ်ခုရဲ့ motto ကို page တိုင်းမှာ ပြပေးရမယ် ဆိုပါတော့။ (မပြပေးလို့ကတော့ အလုပ်ထုတ်ခံရမှာပေါ့..
) အဲလိုဆိုရင် function သုံးဖို့လိုလာပါပြီ။
မှတ်ချက်။ ။Function တွေဟာ beginner တွေအတွက် အနည်းငယ် မြင့်နေပေမယ့် ဖြည်းဖြည်းနဲ့ မှန်မှန်လေ့လာသွားပါ။ Programming ရေးနေသမျှ ကာလပတ်လုံး သုံးနေရမယ့် ဟာတွေပါ။ အစပိုင်းမှာတင် ရှုပ်လို့ဆိုပီး လက်လျှော့ မသွားကြပါနဲ့။
Creating Your First PHP Function
Function တစ်ခု ဆောက်တဲ့ အခါမှာ ပထမဆုံး သူ့ကို နာမည်ပေးရပါမယ်။ ဥပမာ- myCompanyMotto ပေါ့။ သူ့ကို ပြန်ခေါ်သုံးချင်ရင် ဒီနာမည်ကို သုံးပြီး ပြန်ခေါ်ရမှာပါ။ အဲဒါကြောင့် ရိုးရိုးရှင်းရှင်းနဲ့ နားလည်လွယ်မယ့် နာမည်ပဲ ပေးပါ။
Function တစ်ခု ဆောက်ဖို့ အတွက် syntax ကတော့ ရှင်းပါတယ်။ ပထမဆုံး function တစ်ခု ဆောက်ချင်ပါတယ်လို့ PHP ကို ပြေရပါမယ်။ အဲဒီလုပ် လုပ်ဖို့ function keyword ကိုရေးပြီး သူ့နောက်ကနေ function name ရေးပေးရပါမယ်။ နောက်ပြီး function syntax အတွက် လိုအပ်တာတွေလည်း ရေးပေးရပါမယ်။ အောက်မှာ နမူနာ ကြည့်ကြည့်ပါ။
</pre>
ဒါဆိုရင် function တစ်ခု ကြေငြာပြီးပါပြီ။ { } ကြားထဲမှာ function အတွက် code တွေ ရေးပေးရမှာ ဖြစ်ပါတယ်။ { က PHP ကို function code တွေ စပါပြီးလို့ ပြောပြီး၊ } ကတော့ function ဆုံးပြီးဆိုတာ ပြောပါတယ်။ (မှတ်ချက် - function name တွေကို letter or underscore ("_") နဲ့ ပဲ စရမှာ ဖြစ်ပါတယ်။ number နဲ့ စပေးလို့ မရပါ)
အခု ကျွန်တော်တို့က ဒီ function ကို ခေါ်လိုက်တိုင်း company motto ကို ပြပေးချင်တာ ဖြစ်လို့ echo သုံးပြီး display ပြပေးရပါမယ်။ code က ဒီလိုဖြစ်သွားပါမယ်။
1<?php
function myCompanyMotto() {
echo "We deliver quality, not quantity!<br />";
}
?>
ကျွန်တော်တို့ ပထမဆုံး function တစ်ခု ရေးပြီးပါပီ။ function ထဲမှာ ရေးရတဲ့ code ကလဲ တခြား code တွေနဲ့ အတူတူပါပဲ။
Using Your PHP Function
ကျွန်တော်တို့ ရေးထားတဲ့ function ကို ပြန်သုံးပါမယ်။ ပြန်ခေါ်တဲ့ အခါမှာ functionName(); ဆိုပြီး ပြန်ခေါ်သုံးရပါတယ်။
<?php
function myCompanyMotto() {
echo "We deliver quality, not quantity!<br />";
}
echo "Welcome to MyanmarTutorials.com <br />";
myCompanyMotto();
echo "Well, thanks for stooping by! <br />";
echo "and remember ... <br />";
myCompanyMotto();
?>
လွယ်လွယ်လေး ပါပဲ။ function နဲ့ ပတ်သက်လို့ မှတ်စရာတွေ ရှိပါတယ်။
- function တစ်ခုကို အမြဲတမ်း function keyword နဲ့ စရပါမယ်။
- function နောက်မှာ () ထည့်ပေးရပါမယ်။
- function code တွေဟာ { နဲ့ } ကြားထဲမှာ ရှိရပါမယ်။
- function ကို ပြန်ခေါ်သုံးတဲ့ အခါ function name ကို မှန်မှန်ကန်ကန် ရေးပြီး () ပါရပါမယ်။
PHP Functions – Parameters
နောက်ထပ် function တွေရဲ့ အသုံးဝင်တဲ့ အချက်တစ်ချက်က ကျွန်တော်တို့တွေ function တွေထဲမှာ သုံးဖို့ information တွေကို ထည့်ပေးလိုက်လို့ ရပါတယ်။ အဲဒီ information တွေကို Parameter လို့ ခေါ်ပါတယ်။ အပေါ်က ကျွန်တော်တို့ရဲ့ myCompanyMotto function က သိပ်ပြီး အသုံးမဝင်ပါဖူး။ ဘာလို့လဲ ဆိုတော့ ခေါ်သုံးတိုင်း ဒီစာသားကိုပဲ မပြောင်းဘဲ အသေ ပြပေးနေမှာမို့ပါ။
ဒါပေမယ့် ကျွန်တော်တို့တွေ parameter သုံးလိုက်ရင်တော့ အမျိုးမျိုး ပြောင်းပြီး ပြလို့ရပါပြီး။ parameter တွေကို function ရဲ့ ( ) ထဲမှာ ထည့်ပြီး ရေးပေးရပါတယ်။ ပုံမှန် PHP ရဲ့ variable တွေနဲ့ အတူတူပါပဲ။ ကဲ လူတစ်ယောက်ရဲ့ နာမည်ကို parameter အဖြစ် လက်ခံပြီး အဲဒီ နာမည်ကို Greeting လုပ်မယ့် function တစ်ခုရေးကြည့်ပါမယ်။
<?php
function myGreeting($firstName) {
echo "Hello there " . $firstName . "!<br />";
}
myGreeting("Jack");
myGreeting("Ahmed");
myGreeting("Julie");
?>
ကျွန်တော်တို့ရဲ့ myGreeting function မှာ $firstName variable ကို parameter အဖြစ် လက်ခံထားပါတယ်။ အဲလို လက်ခံထားတဲ့ အတွက် သူ့ကို ခေါ်သုံးတဲ့ အခါမှာ အဲဒီ parameter အတွက် information ထည့်ပေးလိုက်ရပါမယ်။ ဒီနေရာမှာတော့ နာမည် တစ်ခုခုပေါ့။ အဲလို ထည့်မပေးလိုက်ရင် error တက်မှာ ဖြစ်ပါတယ်။
အခု function မှာဆိုရင် သူ့ကို ပြန်ခေါ်တဲ့ အခါမှာ ပထမဆုံး string value “Jack” ကို ထည့်ပေးလိုက်ပါတယ်။ အဲဒါက $firstName နေရာကို ဝင်သွားပါတယ်။ ($firstName = “Jack”;) echo လိုင်းကိုတော့ နားလည်မှာပါ ရှင်းမပြတော့ပါဘူး။
Function တစ်ခုမှာ parameter တစ်ခုထက် ပိုပါနိုင်ပါတယ်။ အဲလို တစ်ခုထက်ပိုလာရင် comma (“,”) နဲ့ ခြားပေးရပါမယ်။ ကျွန်တော်တို့ function မှာ Last Name ထပ်ထည့်ပါမယ်။
<?php
function myGreeting($firstName, $lastName) {
echo "Hello there " . $firstName . " " . $lastName . "!<br />";
}
myGreeting("Jack", "Black");
myGreeting("Ahmed", "Zewail");
myGreeting("Julie", "Roberts");
myGreeting("Charles", "Schwab");
?>
PHP Functions – Returning Values
Function တွေမှာ parameter တွေ ထည့်ပေးလို့ ရတဲ့အပြင် တန်ဖိုး တစ်ခုခုကို ပြန်ပေးအောင်လည်း လုပ်လို့ရပါသေးတယ်။ function တစ်ခုက တန်ဖိုး တစ်ခုပဲ return ပြန်ပေးနိုင်ပါတယ်။ အဲဒီ return ပြန်လာမည့် value က integer, float, array, string စတာတွေထဲက တစ်ခုခု ဖြစ်နိုင်ပါတယ်။
ကဲ ဘယ်လို return ပြန်ပေးတာလဲ? function တစ်ခုကို ခေါ်သုံးလို့ ပြီးသွားတဲ့ အခါမှာ function name ကနေ value ကို ပြောင်းသွားပါတယ်။ အဲဒီ return ပြန်လာတဲ့ value ကို variable တစ်ခုထဲမှာ သိမ်းထားနိုင်ပါတယ်။
$myVar = someFunction();
နမူနာလေးနဲ့ ကြည့်ရအောင်…
<?php
function mySum($numX, $numY) {
$total = $numX + $numY;
return $total;
}
$myNumber = 0;
echo "Before the function call, myNumber = " . $myNumber . "<br />";
$myNumber = mySum(4, 3); // Store the result of mySum in $myNumber
echo "After the function call, myNumber = " . $myNumber . "<br />";
?>
Function ကို return ပြန်စေချင်ရင် function ရဲ့ အဆုံးမှာ return keyword သုံးပြီး ပြန်ပေးချင်တဲ့ တန်ဖိုး တစ်ခုခု (သို့) variable တစ်ခုခုကို ရေးပေး လိုက်ရုံပါပဲ။ (trace လိုက် ပြစရာ လိုမယ် မထင်ပါဘူး။ သဘောပေါက်ကြမှာပါ)
အခုမှ Programming ကို စပြီး လေ့လာတဲ့ သူတွေ အတွက်တော့ နည်းနည်း ရှုပ်ချင် ရှုပ်နေပါလိမ့်မယ်။ နောက်ပိုင်းမှာ function တွေကို သုံးရင်း သုံးရင်းနဲ့ တဖြည်းဖြည်း သဘောပေါက် လာမှာပါ။
Facebook comments:







