PHP: Echo
ကျွန်တော်တို့တွေ echo function ကို ပီးခဲ့တဲ့ lesson တွေမှာ တွေ့ခဲ့ပီးပါပီ။ echo function ကို Browser မှာ Text output ထုတ်ပြဖို့ သုံးပါတယ်။ အများဆုံးသုံးရမယ့် function ပါပဲ။ အဲဒါကြောင့် echo အကြောင်း သေသေချာချာ လေ့လာကြည့်ရအောင်…
Outputting a String
String တွေ output ထုတ်ပြဖို့အတွက် echo function မှာ string variable or quoted text တွေ သုံးရပါတယ်။ အောက်မှာ ဥပမာကို ကြည့်ပါ။
<html><br /><br /><head><br /><br /><title>My First PHP-enabled Page</title><br /><br /><body><br /><br /><?php<br /><br />$myString = "Hello!";<br /><br />echo $myString;<br /><br />echo "<h5>I love using PHP!</h5>";<br /><br />?><br /><br /></body><br /><br /></html>
$myString ထဲမှာ “Hello!” ကို ထည့်ထားတော့ echo $myString; ဆိုတာက echo “Hello!”; ပြန်ဖြစ်သွားတယ်လေ။ မြင်မှာပါနော်။ နောက် echo မှာတော့ Header 5 ဖြစ်ချင်လို့ <h5> ထည့်ပေးလိုက်တာ။ အဲမှာ HTML syntax ကို မှန်မှန်ကန်ကန်ရေးဖို့လိုတယ်နော်။
Careful When Echoing Quotes!
PHP နဲ့ HTML output ထုတ်ရတာ အတော်လေးကို လွယ်ပါတယ်။ ဒါပေမယ့် echo function က quote ( ‘ or ” ) နဲ့ string ရဲ့ အစနဲ့ အဆုံးကို ခွဲတာဖြစ်ပါတယ်။ HTML code တွေ၊ ဒါမှမဟုတ် တခြားစာသားတွေမှာ quote တွေပါလာရင်တော့ သတိထားရတော့မယ်။ echo နဲ့ output ထုတ်မယ့် string မှာ quotations တွေ ပါလာခဲ့ရင် အောက်ပါ ၃ ချက်ထဲက တစ််ခုခုကို လိုက်နာပါ။
- ဖြစ်နိုင်ရင် quote တွေကို string ထဲမှာ မသုံးပါနဲ့။
- String ထဲမှာပါမယ့် quote ကို Backslash ( \ ) နဲ့ escape လုပ်ပါ။ escape လုပ်ဖို့ကတော့ quote ရဲ့ရှေ့မှာ backslash ကပ်ထည့်ပေးလိုက်ရုံပါပဲ။ e.g: \”
- String ထဲက quote ကို single quote (apostrophes) သုံးပါ။
အောက်က ဥပမာမှာ ဘယ်ဟာမှားတယ်၊ ဘယ်ဟာမှန်တယ်ဆိုတာ ကြည့်ကြည့်ပါ။
<html><br /><br /><head><br /><br /><title>My First PHP-enabled Page</title><br /><br /><body><br /><br /><?php<br /><br />// This won't work because of the quotes around specialH5!<br /><br />//echo "<h5>I love using PHP!</h5>";<br /><br />// OK because we escaped the quotes!<br /><br />echo "<h5 class=\"specialH5\">I love using PHP!</h5>";<br /><br />// OK because we used an apostrophe '<br /><br />echo"<h5 class='specialH5'>I love using PHP!</h5>";<br /><br />?><br /><br /></body><br /><br /></html>
အဲတော့ output string မှာ quotation ပါလာခဲ့ရင် single quote ကိုသုံးရပါမယ်။ double quote ပါလာတယ်ဆိုရင်တော့ backslash နဲ့ escape လုပ်ကိုလုပ်ရပါမယ်။ မှတ်ထားပါ။
Echoing Variables
PHP မှာ variable တွေကို output ထုတ်ပြရတာ တော်တော်ကိုလွယ်ပါတယ်။ quote တွေမလိုပါဖူး။ နောက်ဆုံး variable ထဲမှာ ဘာ data မှ မပါလဲ ပြဿနာမရှိပါဖူး။ အောက်မှာ နမူနာကြည့်ပါ။
<html><br /><br /><head><br /><br /><title>My First PHP-enabled Page</title><br /><br /><body><br /><br /><?php<br /><br />$my_string = "Hello Bob. My name is: ";<br /><br />$my_number = 4;<br /><br />$my_letter = a;<br /><br />echo $my_string;<br /><br />echo $my_number;<br /><br />echo $my_letter;<br /><br />?><br /><br /></body><br /><br /></html>
is: ရဲ့နောက်မှာ space ခြားထားတော့ space ပါ ထည့်ပြသွားတာ သတိထားကြည့်ပါ။
Echoing Variables and Text Strings
echo function မှာ variable တွေနဲ့ text string တွေ ပေါင်းရေးလို့ရပါသေးတယ်။ အဲလိုပေါင်းရေးရင် echo statement တွေ အများကြီး ရေးစရာမလိုတော့ဘူးပေါ့။ PHP မှာ variable တွေနဲ့ text string တွေကို period ( . ) နဲ့ ဆက်ရပါတယ်။ အောက်မှာ နမူနာကြည့်ပါ…
<html><br /><br /><head><br /><br /><title>My First PHP-enabled Page</title><br /><br /><body><br /><br /><?php<br /><br />$my_string = "Hello Bob. My Name is: ";<br /><br />$newline = "<br />";<br /><br />echo $my_string . "Bobetta" . $newline;<br /><br />echo "Hi, I'm Bob. Who are you? " . $my_string . $newline;<br /><br />echo "Hi, I'm Bob. Who are you? " . $my_string . "Bobetta";<br /><br />?><br /><br /></body><br /><br /></html>
အပေါ်မှာပြထားသလိုပဲ period ခံပီးဆက်တာ ကြိုက်သလောက် ဆက်လို့ရပါတယ်။ ဒီနည်းနဲ့ ၂ ခု (သို့) ၂ ခုထက်ပိုတဲ့ string or variable တွေ ဆက်တာကို Concatenation လို့ခေါ်ပါတယ်။ Concatenation အကြောင်းနဲ့ တခြား String manipulation method တွေကို Strings အခန်းမှာ ဆက်ပြောပါမယ်။
Facebook comments:





