PHP: Arrays

Array ဆိုတာ variable တစ်ခုထဲမှာ အခန်းတွေ ခွဲပြီး value တွေ အများကြီး သိမ်းတဲ့ data structure တစ်ခုပါ။ Array တွေဟာလဲ Programming ရေးသားရာမှာ အတော်လေး အရေးပါပါတယ်။ ပထမဆုံး Array ကို တွေ့ဖူးတာ ဆိုရင်တော့ Array ရဲ့ concept ကို သိပ်နားမလည်ဘဲ ဖြစ်နေပါဦးမယ်။ နောက်ပိုင်းကျ တဖြည်းဖြည်း သဘောပေါက် လာပါလိမ့်မယ်။ လေ့လာကြည့်ရအောင်…

PHP – A Numerically Indexed Arrays

ဒီလို စဉ်းစားကြည့်ရအောင် – စတိုးဆိုင် တစ်ဆိုင်မျာ အလုပ်သမားတွေရဲ့ နာမည်တွေ အားလုံးကို variable တစ်ခုထဲမှာ သိမ်းမယ်။ ဘယ်လို လုပ်မလဲ?

နာမည်တစ်ခုကို variable တစ်ခုနဲ့ သိမ်းမယ်ဆိုရင်တော့ ရတာပေါ့။ ဒါပေမယ့် အဲလို တူရာတူရာ မျိုးဆိုရင် ပေါင်းပြီး array ထဲ ထည့်ပြီး variable တစ်ခုထဲနဲ့ သိမ်းတာ ပိုအဆင်ပြေပါတယ်။ ဘယ်လို သိမ်းမလဲ ကြည့်ရအောင်…

<?php
$employee_array[0] = "Bob";
$employee_array[1] = "Sally";
$employee_array[2] = "Charlie";
$employee_array[3] = "Clare";
?>

Array တစ်ခု ကြေငြာမယ်ဆိုရင် [ ] လိုပါတယ်။ [ ] မပါရင် ရိုးရိုး variable လို့ ယူသွားပါမယ်။ array မှာ သက်ဆိုင်ရာ အခန်းတွေ အတွက် index နံပါတ်တွေရှိပါတယ်။ ပထမဆုံး အခန်းကို သုညနဲ့ စပါတယ်။ [0] ထဲမှာ “Bob”, [1] မှာ “Sally”, … စသည်ဖြင့် ထည့်သိမ်းလိုက်ပါတယ်။ ပြန်ခေါ်သုံးရင်လဲ သူ့ရဲ့ သက်ဆိုင်ရာ index number နဲ့ ပြန်ခေါ်သုံးရပါတယ်။ ပြန်ခေါ်သုံးကြည့်မယ်။

<?php
$employee_array[0] = "Bob";
$employee_array[1] = "Sally";
$employee_array[2] = "Charlie";
$employee_array[3] = "Clare";

echo "Two of my employees are "
. $employee_array[0] . " & " . $employee_array[1] . ".";
echo "<br />Two more employees of mine are "
. $employee_array[2] . " & " . $employee_array[3] . ".";
?>

Array တွေဟာ Loop တွေနဲ့ တွဲသုံးတဲ့ နေရာမှာ အရမ်းအသုံးဝင်ပါတယ်။ Loop တွေ အကြောင်း နောက် post တွေမှာ ရေးပါတော့မယ်။ အဲဒီမှာ Array တွေ အသုံးကို သေချာ သိပါလိမ်မယ်။ အခုတော့ သဘောလောက်ပဲ ပြောခဲ့ပါဦးမယ်။

အပေါ်က example မှာ array ရဲ့ key/index ကို number တွေနဲ့ သုံးခဲ့ပါတယ်။ Numerically Indexed Array လို့ ခေါ်ပါတယ်။ ဒါပေမယ့် string တွေကိုလဲ key အဖြစ် သုံးနိုင်ပါသေးတယ်။ ဒါကိုတော့ Associative Array လို့ ခေါ်ပါတယ်။

PHP – Associative Arrays

အခုတစ်ခါကျ ဝန်ထမ်းတွေရဲ့ လစာကို array ထဲမှာ သိမ်းပါမယ်။ ဒီလိုဆိုတော့ နံပါတ်တွေနဲ့က သိပ်အဆင်မပြေ တော့ပါဖူး။ ဝန်ထမ်းတွေရဲ့ နာမည်တွေကို key အဖြစ် သုံးပြီး သိမ်းမှ အဆင်ပြေပါမယ်။

<?php
$salaries["Bob"] = 2000;
$salaries["Sally"] = 4000;
$salaries["Charlie"] = 600;
$salaries["Clare"] = 0;

echo "Bob is being paid - $" . $salaries["Bob"] . "<br />";
echo "Sally is being paid - $" . $salaries["Sally"] . "<br />";
echo "Charlie is being paid - $" . $salaries["Charlie"] . "<br />";
echo "Clare is being paid - $" . $salaries["Clare"]
?>

Array တွေရဲ့ အသုံးတည့်ပုံကို For Loop နဲ့ While Loop သင်ခန်းစာတွေမှာ တွေ့ရမှာဖြစ်ပါတယ်။ နောက် post မှာ ရေးပါမယ်။

Facebook comments:

One Response

  1. Array ရှုင်းပြပေးထားတာအရမ်းကောင်းပါတယ်ဗျာ ကျေးဇူးတင်ပါတယ် ….
    သိပ်ကိုပြည့်စုံတဲ့ရှင်းပြချက်လေးပါ ……..
    ကျေးဇူးတင်ပါတယ်ဗျာ

Leave a comment


*