PHP Accelerators

PHP Accelerators (သို့) PHP Cachers တွေဟာ PHP Applications တွေကို စွမ်းဆောင်ရည် မြှင့်တင်ပေးနိုင်စွမ်း ရှိတဲ့အပြင် အပြောင်းအလဲ မရှိသေးတဲ့ Web Page တွေမှာ PHP Code တွေကို ထပ်ခါ ထပ်ခါ Compile လုပ်နေရတာကို Cache လုပ်ပြီး ကျော်လွှားပေးနိုင်ပါတယ်။ Blog Post တွေမှာဆိုရင် တစ်ပုဒ်တင်ပြီးတာနဲ့ Compile လုပ်ပြီး Cache လုပ်ထားမယ်ဆိုရင် တစ်ခါ Page Load လုပ်တိုင်း PHP Code တွေ Compile လုပ်၊ MySQL က အချက်အလက်တွေ ဆွဲထုတ် လုပ်နေတာတွေကို ရှောင်ရှားနိုင်ပါလိမ့်မယ်။ အဲဒီလို Page Load လုပ်တိုင်း Code Compilation လုပ်နေရတယ် ဆိုတာ တကယ်တော့ CPU ရော Memory ပါ စားပါတယ်။ အဲဒီလို PHP Accelerators တွေ ထည့်သွင်း အသုံးပြုလိုက်တဲ့ အခါမှာတော့ အမြန်နှုန်းကို ၁ ဆကနေ ၁၀ ပိုပြီး မြန်လာအောင် စွမ်းဆောင်နိုင်တာ တွေ့ရပါတယ်။ အများစုကတော့ PHP Extension အနေနဲ့ Install လုပ်ပြီး အသုံးပြုနိုင်ကြပါတယ်။

အဲဒီလို PHP Accelerator တွေကို သာမာန် Shared Hosting တွေမှာ အများအားဖြင့် အသုံးပြုခွင့် ပေးမထားပါဘူး။ VPS Hosting တွေမှာ သုံးခွင့်ပေးတတ်ပါတယ်။ ဒါကြောင့် Shared Hosting တွေမှာတော့ သုံးလို့ရမယ် မထင်ပါဘူး။ အဲဒီအပြင် တစ်ခုခုအမှားအယွင်းရှိတာနဲ့  Site တွေ ခေါ်မရတော့တာ စတာတွေ ဖြစ်နိုင်တဲ့အတွက် User Level အနေနဲ့ ပေးမထားတာလည်း ဖြစ်နိုင်ပါတယ်။ VPS တွေမှာတော့ root access level ရတဲ့အတွက် ကိုယ်ထည့်ချင်တာ ထည့်လို့ ရပါတယ်။ ဒါပေမယ့် တစ်ခု သတိထားဖို့ လိုတာက PHP Accelerators တွေကို Install လုပ်တဲ့အခါမှာ ပြဿနာတွေ အနည်းနဲ့အများ ရှိနိုင်တဲ့အတွက် တစ်ခုခြင်းစီကို အသေးစိတ် ဂရုစိုက်ပြီး Install လုပ်ဖို့ လိုပါတယ်။ Install လုပ်ပုံအားလုံးကတော့ ခပ်ဆင်ဆင်တွေပါပဲ။ ဒါပေမယ့် Speed အတွက်ကတော့ 100% အဆင်ပြေတယ်လို့ အာမခံနိုင်ပါတယ်။

အောက်မှ ပြထားတဲ့ PHP Accelerators တွေကတော့ ခုလက်ရှိ အဆင်ပြေပြေ သုံးလို့ရနေတာတွေ ဖြစ်ပါတယ်။

(၁) APC (Alternative PHP Cache)

APC ဆိုတာ Free and Open Source ဖြစ်ပြီး Caching နဲ့ PHP Optimization အတွက် အဓိကထားပြီး အထောက်အပံ့ ပေးနိုင်တဲ့ Framework တစ်ခု ဖြစ်ပါတယ်။

Recommended:

  • Stable
  • PHP Versions 5.1 ကနေ စပြီး နောက်ဆုံး Versions အထိ သုံးနိုင်ပါတယ်။
  • အမြဲတမ်း လိုအပ်ချက်တွေကို ပြင်ဆင်ဖြည့်ပေးနေတာ တွေ့ရပါတယ်။

(၂) eAccelerator

eAccelerator ကို ဒီဇင်ဘာ ၂၀၀၄ မှာ စတင်ခဲ့ပြီး Truck MMCache Project ကို အမွေဆက်ခံသူ ဖြစ်ပါတယ်။ Truck MMCache ကို Dmitry Stogov ဆိုသူက ဖန်တီးခဲ့ပြီး eAccelerator ရဲ့ Source Code အတော်များများဟာ Truck MMCache အပေါ်မှာ အခြေခံထားတာ ဖြစ်ပါတယ်။ eAccelerator မှာ PHP encoder နဲ့ loader တွေပါ ပါဝင်ပါတယ်။ နောက်ဆုံး ထုတ်တဲ့ Version ကတော့ 0.9.6.1 ပါ။ PHP 4 နဲ့ PHP 5.2 အပါအဝင် PHP 5 Releases တွေ အတွက် သုံးနို်င်ပါတယ်။

Recommended:

  • အမြဲတမ်း လိုအပ်ချက်တွေကို ပြင်ဆင်ဖြည့်ပေးနေတာ တွေ့ရပါတယ်။
  • စွမ်းဆောင်ရည် အင်မတန်ကောင်းပါတယ်။

(၃) XCache

XCache ကတော့ ကျွန်တော်လည်း သုံးပါတယ်။ မြန်တယ်၊ Stable ဖြစ်တယ်၊ PHP Version တော်တော်များများ အတွက် အထောက်အပံ့ ပေးနိုင်ပါတယ်။ High Load Server တော်တော်များများမှာ သုံးစွဲနေပြီး အဆင်ပြေပြေ သုံးစွဲနိုင်တာ တွေ့ရပါတယ်။ TreadSafe ဆိုပြီး Windows အတွက်လည်း ရနိုင်ပါတယ်။ သူ့ရဲ့ အားသာချက်တွေကတော့ ခုနောက်ဆုံး ထွက် PHP Version တိုင်းမှာ အဆင်ပြေပြေ သုံးနိုင်တာပါပဲ။ နောက်ဆုံးထွက် Version ကတော့ 1.3.0 ပါ။

Recommended:

  • Lighttpd ရဲ့ Developer တစ်ဦးဖြစ်တဲ့ mOo က ရေးသားထားတာဖြစ်ပါတယ်။
  • အမြဲတမ်း လိုအပ်ချက်တွေကို ပြင်ဆင်ဖြည့်ပေးနေတာ တွေ့ရပါတယ်။
  • စိတ်ဝင်စားဖို့ကောင်းတဲ့ Features တွေ ပါဝင်ပါတယ်။
  • တစ်ချို့ အကန့်အသတ် တော်တော်များများကို ကျော်လွားနိုင်တာ တွေ့ရပါတယ်။

အခြား PHP Accelerator များ

Zend Optimizer

သူကတော့ နာမည်ကြီး Zend က ထုတ်ထားတာပါ။ ဒါပေမယ့် PHP 5.2.x မှာပဲ သုံးလို့ရပါတယ်။ PHP 5.3.x အတွက်တော့ Zend Guard ဆိုပြီး ထုတ်ထားတယ် ထင်ပါတယ်။ ကျွန်တော်ကတော့ Zend Optimizer ကို XCache နဲ့ တွဲသုံးပါတယ်။ အထဲမှာ ဘာတွေ ရေးထားတယ်ဆိုတာ မသိနိုင်ပါဘူး။ တစ်ခြား Zend နဲ့ ပတ်သက်တာတွေနဲ့ တွဲသုံးမှ အစွမ်းပြမယ် ထင်ပါတယ်။ ကျန်တာကတော့ ဘာမှသိပ်မထူးသလိုပါပဲ။

ionCube PHP Accelerator (PHPA)

ရှေ့ဆက်ပြီး မထုတ်တော့ပါဘူး။ Souce Code တွေကလည်း Closed ပါ။

Truck MMCache

Original Link – http://turck-mmcache.sourceforge.net/index_old.html

eAccelerator ရဲ့ ဘိုးအေကြီးလည်း ဖြစ်သလို အရမ်းလည်းကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ရှေ့ဆက်ပြီး မထုတ်တော့ ပေမယ့် ခုချိန်ထိ လူတွေ သုံးနေတုန်းပါပဲ။ ခုမှ စသုံးမယ့် သူတွေကတော့ eAccelerator ကို ပိုပြီး သုံးသင့်ပါတယ်။

ဘယ် PHP Accelerator ကို သုံးမလဲ

APC၊ eAccelerator နဲ့ XCache သုံးခုလုံး PHP Application တွေကို အဆင့်မြှင့်တင်ပေးနိုင်စွမ်း ရှိတာတွေပါပဲ။ အားလုံး သူ့ဟာနဲ့သူ သူ့အကြိုက်နဲ့သူ ကောင်းကြပါတယ်။ အွန်လိုင်းမှာလဲ တစ်ခုနဲ့ တစ်ခု အရည်အသွေး နှိုင်းယှဥင်္ချက်တွေ အများကြီး ရှိပါတယ်။ တကယ်တန်း ကိုယ့်သုံးမယ်ဆိုရင် တစ်ခုခြင်းစီ ချိတ်ဆက်ကြည့်ပြီး အမြန်နှုန်း Load Average ကို တိုင်းတာကြည့်နိုင်ပါတယ်။

အားလုံးသော အတွေ့အကြုံများအပေါ် အခြေခံပြီး ကောက်ချက်ချရမယ် ဆိုရင်တော့ အားလုံး စွမ်းဆောင်ရည်မှာ သူမသာ ကိုယ်မသာ ပါပဲ။ PHP Application တွေ မြန်အောင်ဆိုတဲ့ နေရာမှာ PHP Accelerator တွေက အကူအညီပေးနိုင်တာတော့ မှန်ပါတယ်။ ဒါပေမယ့် Application ကိုယ်တိုင်က မကောင်းဆိုရင်လည်း အလကားပါပဲ။ ဒါကြောင့် Application တွေမှာလည်း Optimization ကောင်းကောင်း လုပ်မယ် PHP Accelerator တွေလည်း သုံးမယ်ဆိုရင်တော့ ဆိုက်တွေ သုံးရတာ မြန်လာမှာ သေချာပါတယ်။

Reference : PHP Accelerators at Ducea

Facebook comments:

4 Responses

  1. Yaung Sein says:

    Thanks

  2. stringlive says:

    Hi bro ,,

    I like your photo which is very nice idea . When I saw your photo I understand clearly what do you mean .

    Stringlive .

  3. m0rRIs says:

    nice article and nice comparison with foto LOL

  4. YAR ZAR AUNG says:

    eAccelerator is not develop anymore .. APC is my personal recommend as it cache on memory. I don’t recommend to use memcache since it cache on disk. I choose litespeed server to solve it but care about linuxcloud processor limit.

Leave a comment


*