How to install CakePHP
CakePHP ဆိုတာ PHP Framework တွေထဲက တစ်ခုပါ။ အကြိုက်ဆုံးတွေထဲက တစ်ခုဆိုရင်လည်း မမှားပါဘူး။ PHP Framework တွေကတော့ ကိုယ်ရေးရမယ့် Coding တွေကို အများကြီး လျော့ချပေးပါတယ်။ MVC လို့ခေါ်တဲ့ နည်းပညာကို အခြေခံပြီး တည်ဆောက် ကြတာဆိုတော့ ရေးရတာ လွယ်တယ်လို့ ပြောရင် ရနိုင်ပေမယ့် နည်းပညာအရတော့ ခက်ပါတယ်။ များများတွေး နည်းနည်းရေးရမယ့် အနေအထားမှာရှိပါတယ်။ PHP Coding တွေကိုတော့ ကောင်းကောင်း နားလည်ထားဖို့ လိုမယ်ထင်ပါတယ်။
CakePHP ကို ဘာကြောင့် ကြိုက်သလဲလို့ မေးရင် ROR ပုံစံကို အခြေခံပြီး တည်ဆောက် ထားတာမို့ပါ။ ROR လို ပုံစံမျိုးကိုလည်း လိုချင်တယ်။ ROR ရဲ့ Ruby ကိုလည်း မရင်းနှီးသူများအတွက် PHP ကို အခြေခံပြီး ရေးလို့ရပါတယ်။ CakePHP ကို ကိုယ့် စက်ထဲမှာ ဘယ်လို Installation လုပ်မလဲဆိုတာ အဆင့်ဆင့် ရေးပြမှာဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့် စက်ထဲမှာတော့ XAMPP ကို install လုပ်ထားဖို့ လိုပါလိမ့်မယ်။ CakePHP ကို ဘာကြောင့်ရွေးချယ်ကြသလဲ ဆိုတဲ့ အချက်တွေထဲမှာ Installation လုပ်ရတာ လွယ်ကူလို့ ဆိုတဲ့အချက်က ထိပ်ဆုံးမှာပါဝင်ပါတယ်။
အဆင့် (၁)
CakePHP ကို ကိုယ့်စက်ထဲ သွင်းတော့မယ်ဆိုရင်
- Apache Server မှာ mod_rewrite သုံးလို့ရရပါမယ်။ အဲဒီ mod_rewrite ဆိုတာ ဘယ်လိုမျိုးလဲဆိုရင် http://localhost/joomla/index.php?option=com_content&view=article&id=26:extensions&catid=29:the-cms&Itemid=40 စတဲ့ လင့်ကို http://localhost/joomla/extension/ လင့်အထိ ချုံ့ပေးနိုင်သလို Search Engine တွေအတွက်လည်း အများကြီး အဆင်ပြေသွားစေပါတယ်။
- PHP 4.3.2 (သို့) ပိုမြင့်သော ဗားရှင်း
- MySQL (CakePHP အနေနဲ့ အခြား SQL Server များကို အထောက်အပံ့ ပေးနိုင်သော်လည်း အဆင်အပြေဆုံးက MySQL ပဲ ဖြစ်ပါတယ်)
အဲဒီ သုံးခုအတွက်လည်း XAMPP ကို ကိုယ့်စက်ထဲ ထည့်တာနဲ့တင် လုံလောက်ပါတယ်။ XAMPP ကို ကိုယ့်စက်ထဲ ဘယ်လို ထည့်မလဲဆိုတာကိုတော့ How to install XAMPP မှာ ကြည့်နိုင်ပါတယ်။
အဆင့် (၂)
ဒုတိယအဆင့်အနေနဲ့ www.cakephp.org ကိုသွားပါ။ နောက်ဆုံး Version ကို ကိုယ့်စက်ထဲ Download ချပါ။ ဇစ်ဖိုင်ကို ဖြည်လိုက်တဲ့အခါ
အပေါ်မှာ တွေ့ရတဲ့ Folder ပုံစံကို တွေ့ရပါလိမ့်မယ်။ အဲဒီ Folder Structure တစ်ခုလုံးကို ကိုယ်သုံးလိုတဲ့ Web Folder မှာ ကူးထည့်လိုက်ပါ။ ဥပမာ – c:\xampp\htdocs\test_cake မှာဆိုရင် test_cake ဆိုတာကိုယ် သုံးလိုတဲ့ Web Folder ပါ အဲဒီအောက်မှာ cakephp Folder တစ်ခုလုံးကို ကူးထည့်လိုက်ပါ။
အဆင့် (၃)
အဲဒီလို ကူးထည့်ပြီးရင် http://localhost/test_cake လို့ ရိုက်ထည့်ကြည့်လိုက်ပါ။
အပေါ်မှာ ပြထားတဲ့ Windows ပေါ်လာပါလိမ့်မယ်။ ထိပ်ဆုံးမှာ ပြထားတဲ့ Error ကတော့ Security_salt ဆိုတဲ့ နေရာမှာ value တစ်ခုသွားထည့်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီ value ဟာ ကိုယ့်ဆိုက်ရဲ့ Session Feature အတွက် လှို့ဝှက်ကုဒ် ဖြစ်ပါတယ်။ …/test_cake/app/config/core.php ကို ဖွင့်ပြီး
Configure::write(‘Security.salt’, ‘DYhG93b0qyJfIxfs2guVoUubWwvniR2G0FgaC9mi’);
Security.salt ဆိုတဲ့ နောက်မှာ ‘DYh … ‘ နဲ့ စတဲ့ ကုဒ်ကို ချိန်းရမှာ ဖြစ်ပါတယ်။ ဥပမာ အနေနဲ့ ‘mEayuDrXBhZkdiEJgFzPXvbcBrmKo9CdVGtKyPBr’ လို့ ပြောင်းထည့် လိုက်ပါ။ ပြီးရင် http://localhost/test_cake/ ဆိုပြီး ရိုက်ထည့်လိုက်ပါ။ အဲဒီလို ရိုက်ထည့်ပြီး စမ်းကြည့်လိုက်မယ် ဆိုရင် အပေါ်ဆုံးမှာ ပြနေတဲ့ Error ပျောက်သွားပါလိမ့်မယ်။
အဆင့် (၄)
ဒီတစ်ခါတော့ MySQL အတွက် လိုအပ်တာတွေ ဖြည့်ရမှာ ဖြစ်ပါတယ်။ c:\xampp\htdocs\test_cake\app\config\database.php.default ဆိုတဲ့ ဖိုင်ကို database.php လို့ ပြောင်းလိုက်ပါ။ ပြီးရင်
http://localhost/phpmyadmin လို့ ရိုက်ထည့်ပြီး database တစ်ခု ဆောက်လိုက်ပါ။ ဥပမာ – cake ဆိုပါစို့ … အဲဒါပြီးရင်
…\xampp\htdocs\test_cake\app\config\database.php ကိုဖွင့်ပါ။
class DATABASE_CONFIG { var $default = array( ‘driver’ => ‘mysql’, ‘persistent’ => false, ‘host’ => ‘localhost’, ‘port’ => ”, ‘login’ => ‘root’, ‘password’ => ”, ‘database’ => ‘cake’, ‘schema’ => ”, ‘prefix’ => ”, ‘encoding’ => ”); }
လို့ ပြင်လိုက်ပါ။ အဲဒီလို ပြင်လိုက်ပြီး http://localhost/test_cake/ လို့ရိုက်ထည့်ကြည့်ပါ။ အားလုံး အဆင်ပြေတဲ့ Page တစ်ခု ပေါ်လာ ပါလိမ့်မယ်။ အဲဒါဆိုရင် CakePHP ကို သုံးလို့ ရပြီ ဖြစ်ပါတယ် …
Facebook comments:





[...] တင်ပြခဲ့တဲ့ How to install cakePHP ဆိုတာကို ဖတ်ပြီး first_app ဆိုတဲ့ localhost root folder [...]
အရမ်းကို အကျိုးရှိပါတယ်ရှင် နည်းပညာနဲ့ပတ်သက်တာတွေကို မြန်မာလိုလေ့လာခွင့်ရတဲ့အတွက်
Can I use it in WAMP server bcos I have already installed it in my machine?
After I’ve changed in database.php
Can you check below link, Saya Thiha
Something is wrong???
;O
http://localhost/cakePhp/cakephp-cakephp-26b9dbc/
Thank you