How to make Cardiac Rate Effect

ဒီတစ်ခေါက်တော့ လှိုင်းတွန့်ပုံစံလေး လုပ်ကြရအောင်။ ဒီ tutorial ကို www.photoshopstar.com က နေ ဘာသာပြန်ထားတာဖြစ်ပါတယ်။

ပထမဆုံး 700x700px ဖိုင်အသစ်ခေါ်ပါ။ background ကို အမည်းရောင်ဖြည့်ပါ။ ပြီးရင် Layer Style ထဲဝင်ပြီး Gradient Overlay ကို အမှန်ခြစ်ပါ။
Gradient Color တွေကို အောက်ကလိုပြောင်းလိုက်ပါ။

ဒီလိုရလာပါလိမ့်မယ်။

နောက်ထပ် Layer အသစ်တစ်ခုခေါ်ပါ။ အဲဒီ layer နှစ်ခုကို Merge လုပ်ပါ။ ပြီးရင် Filter>Brush Strokes>Sprayed Strokes ကိုနှိပ်ပါ။ အောက်ကအတိုင်း ပြောင်းလိုက်ပါ။

အခုလိုပြောင်းသွားပါလိမ့်မယ်။

ပြီးရင် Horizontal Type Tool ကိုယူပြီးကြိုက်တဲ့ စာကို ရိုက်ပါ။ ဒီပုံမှာတော့ Swis721 BdOul BT ကို size 120 pt နဲဲ့ သုံးပါတယ်။ စာလုံးအရောင် ကိုအဖြူရောင်ထားရမှာဖြစ်ပါတယ်။

Line တွေ ထည့်ပါတော့မယ်။ Line Tool (Weight 3px) ရွေးပါ။ ပြီးရင် အောက်ကပုံလိုဆွဲပါ။

ပြီးရင် စာနဲ့ လိုင်းတွေကို Merge လုပ်ပါ။ Eraser Tool သုံးပြီး မလိုတဲ့ဟာတွေ ဖျက်ပစ်ပါ။

Edit>Transform>Rotate 90 CCW နဲ့ ပုံကို လှည့်လိုက်ပါ။

Filter>Stylize>Wind ကိုသွားပြီး Direction နေရာမှာ From the Left ကိုရွေးပေးပါ။ Method က Wind ပါ။
ပြီးရင် Ctrl+F နှိပ်ပါ။ ပိုကြည့်ကောင်းသွားအောင်လို့ပါ။ ဒီလိုပုံရပါလိမ့်မယ်။

နောက်တစ်ခေါက် Filter>Stylize>Wind ကိုထပ်သွားပါ။ ဒီတစ်ခါတော့ Direction နေရာမှာ From the Right ကို ရွေးပါ။
Ctrl+F နှိပ်ပါ။

ပြီးခါနီးပါပြီ။ Edit>Transform>Rotate 90 CW နဲ့ ပုံကိုပြန်လှည့်ပါ။

ပြီးရင် Layer Style ထဲက Outer Glow နဲ့ Color Overlay ကိုအမှန်ခြစ်ပါ။


ပြီးပါပြီ။

Reference:www.photoshopstar.com

Advertisement

Go to Smartblog Theme Options -> Ad Management to enter your ad code (300x250)

Facebook comments:

5 Responses to “How to make Cardiac Rate Effect”

  1. kyi thar
    September 27, 2010 at 4:20 PM #

    thanks for yr sharing

  2. Kyilinntun
    October 14, 2010 at 1:44 PM #

    ကျေးဇူးအများကြီးတင်ပါတယ်။
    ကျေးဇူးပြုပြီးတော့ photoshop CS2 လေ့ကျင်းခန်းလေးများတင်ပေးပါအုံး
    ကျွန်တော်က အခုမှ စလေ့လာနေလို့ပါ။
    အသေးစိတ်လေးလဲရေးပေးပါခင်ဗျာ။

  3. KyiTharNyeinChan
    December 20, 2010 at 10:51 PM #

    download file လေးများပါတင်ပေးပါ
    internet shop မှာအကြာကြီးလေ့လာရင်မုန့်ဖိုးလေးတွေကုန်နေပြီမို့လို့ပါ
    အိမ်တွင်လည်းလေ့ကျင့်ချင်လို့ပါ
    အများကြီးကျေးဇူးတင်ပါတယ်
    နောက်လည်းဆက်လက်သင်ကြားပေးပါ

    • December 28, 2010 at 2:33 AM #

      Download file ဆိုတာ psd ကိုပြောတာလားခင်ဗျ။
      ဒါမှမဟုတ် tutorial တစ်ခုလုံးဆိုရင်တော့ ဒီ page ပေါ်မှာ Right Click နှိပ်ပြီး Save Page As… ဆိုတာနှိပ်ပြီး stick ထဲမှာ offline file အနေနဲ့ သိမ်းနိုင်ပါတယ်။

Trackbacks/Pingbacks

  1. How to make Cardiac Rate Effect | Myanmar Tutorials | PhotoShopped - September 4, 2010

    [...] Continued here: How to make Cardiac Rate Effect | Myanmar Tutorials [...]

Leave a Comment

*