Objective-C Environment in Windows
အားလုံးဘဲ မင်္ဂလာပါ။
အခုကျွန်တော် ပြောမှာက Objective-C Language ကို Windows မှာ ဘယ်လို Compile လုပ်မလဲဆိုတာပါဘဲ။တစ်ချို့က Objective-C ကို Windows မှာဘယ်လို Run မလဲ ဆိုတာကို မသိကြဘူးဗျ။
တော်တော်များများက Objective-C ဆိုကို Run ဖို့ဆိုရင် Mac OSX တစ်ခုထဲမှာဘဲ Compile လုပ်နိုင်တယ်ထင်ကြတယ်။မမှန်ဘူးလား ဆိုတော့ မှန်ပါတယ်။သို့ပေမဲ့ အခုအခါမှာက Objective-C ကို Windows Environment မှာပါ Compile လုပ်လို့ရပါတယ်။လောလောဆယ်တော့ Objective-C language ကိုလေ့လာချင်ပေမဲ့ Mac OS X မရှိသူတွေ အတွက်ကတော့ အရေးပေါ် လေ့လာလို့ရမဲ့ နည်းလမ်းလေးတစ်ခုလောက်ကို မျှဝေချင်ပါတယ်။သိပြီးသားဆိုရင်လည်း မသိသေးတဲ့ သူတွေအတွက်ပါ။
ဒီစာလေးက Just For Beginner တွေအတွက်ပါ။Not For Pro ဆရာတွေအတွက်မဟုတ်ပါဘူး။
ကျွန်တော် သိသလောက် တတ်သလောက် ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။
ကျွန်တော့်တုန်းက မေးလိုက်တော့ဘယ်သူမှလည်းမသိ..ဆိုတော့ တော်တော်တိုင်ပတ်တာ..mac ကလည်း ဘယ်တုန်းက ဝဋ်လဲတော့မသိ…ဝယ်ထားပြီး..မကိုင်ရသေးဘူး.ဒါနဲ့ရအောင်တော့ရှာရမယ်ဆိုပြီးတော့ ရှာထားတာပါ။ပြန်လည် ကျေးဇူးဆပ်ခြင်းသာဖြစ်ပါတယ်။ကျွန်တော်က (ဆရာတော်ပြောသလို) မူကြိုဆရာ ဖြစ်အောင်တောင် လေ့လာဆဲဆိုတော့ အမှားပါလည်း သည်းခံခွင့်လွှတ်ပါလို့ကြိုတင်တောင်းပန်ပါရစေ။
Objective-C ဆိုတာက C ဆိုတဲ့ Language ကို OOP ဖြစ်သွားအောင် smalltalk ဆိုတဲ့ pure OOP Language နဲ့ပေါင်းထားတာပါ။ Objective-C က Pure OOP ဖြစ်ပါတယ်။iOS ဆိုတဲ့ Mobile OS နဲ့ Mac OS X တို့ရဲ့ အဓိက သုံးတဲ့ Language ဆိုရင်လည်းမမှားပါဘူး။သမိုင်းကြောင်းတွေပြောရင် စာရှည်သွားလိမ့်မယ်။ဒါတွေက နောက်မှပေါ့။ဒါကြောင့် တစ်ချို့က ပြောတယ် “ကျွန်တော်တို့လည်း Objective-C ကိုလေ့လာချင်ပါတယ် ဒါပေမဲ့ ကျွန်တော်တို့မှာ Mac မရှိဘူး” ဆိုပြီးတော့ပြောပါတယ်။ လောလောဆယ် Objective-C ကို လေ့လာချင်တယ်ဆိုရင်တော့ Console နဲ့ကောင်းကောင်းလေ့လာလို့ရပါတယ်။ဒါကြောင့် Objective-C ကို Windows OS မှာပါ လေ့လာလို့ရပြီလို့ဆိုချင်ပါတယ်။တစ်ခုတော့ ရှိပါတယ်။iOS & Mac Programming ထဲမှာပါတဲ့ UIKit တွေကတော့ Windows OS မှာတော့ လေ့လာလို့ရမှာတော့မဟုတ်ပါဘူး။အဲ့ဒါတွေကို Develop လုပ်ချင်ရင်တော့ XCode IDE လေးနဲ့မှရမှာဖြစ်ပါတယ်။သို့ပေမဲ့ မရှိတာထက် စာရင်တော့ ခံသာပါသေးတယ်။ကိုယ့်ဘာသာကိုယ် Console လေးနဲ့ Objective-C ကိုအရင်လေ့လာ…ပြီးတော့မှ အိမ် ကိုပူဆာပေါ့..မေကြီးရေ..ဖေကြီးရေ..သားသား..မီးမီး ကို Macbook လေးဖြစ်ဖြစ် Mac mini လေးဖြစ်ဖြစ် ဝယ်ပေးပါလို့။ကျွန်တော့်နာမည်တော့ သွားမပြောနဲ့နော်။ပစ္စည်းတွေက စျေးကြီးလို့ လာရိုက်နေဦးမယ်။
ဒါဆိုရင် ကျွန်တော်တို့ ဘယ်လို Install လုပ်ရမယ်ဆိုတာ တစ်ချက်လောက် လေ့လာကြည့်လိုက်ရအောင်။
GNUStep
နာမည်လေးက GNUStep လို့ခေါ်ပါတယ်။ဖိုင်လေးက သုံးဖိုင်ရှိပါတယ်သွင်းရမှာကတော့..။သွင်းတာကလည်း တော်တော်လွယ်ပါတယ်။သာမန် Install လုပ်သလိုပါဘဲ။
အောက်ကလင့်ခ် ကိုသွားပြီးတော့ ဒေါင်းလိုက်ပါ။
http://dl.dropbox.com/u/50045129/GNUStep.zip
အဲ့ဒါကိုဒေါင်းပြီးတော့ အစဉ်လိုက် Install လုပ်ရပါမယ်။နာမည်နဲ့ပြောရရင်
1.GNUStep-msys-system
2.GNUStep-Core
3.GNUStep-Devel
အဲ့ဒီသုံးခုကိုသွင်းလိုက်ရင် ပြီးသွားပါပြီ။အကုန်သွင်းရမှာနော်။တစ်ခုမှချန်ခဲ့လို့မရဘူး။
သွင်းပြီးသွားရင် ဘယ်လို Compile လုပ်ရမလဲဆိုတာ ပြောပေးမယ်။
ဘယ်လိုလဲဆိုတော့ Start Menu>All Programs>GNUStep>Shell ဆိုတဲ့ Program လေးကိုဖွင့်လိုက်ရင် အောက်ကပုံအတိုင်းမြင်ရမယ်။
အဲ့ဒါလေးကတော့ ကျွန်တော်တို့ Objective-C ကိုလေ့လာမဲ့နေရာလေးဖြစ်တဲ့ Console Environment လေးပါဘဲ။အရောင်လေးတွေ ကွဲလိမ့်မယ်နော်။ကျွန်တော်က အရောင်လေးကို ပြင်ထားတော့…။
ဒီအထဲမှာ ကျွန်တော်တို့ ရေးထားတဲ့ Objective-C Code လေးတွေကို Compile လုပ်ပြီးတော့ Run လို့ရမှာဖြစ်ပါတယ်။gcc Compiler နဲ့ Compile လုပ်ရမှာဖြစ်တဲ့အတွက်ကြောင့် Compile လုပ်တဲ့ Code လေးကိုပြီးရင် ပြောပေးပါမယ်။
ဒါဆိုရင် ကျွန်တော်တို့ အင်မတန် ရိုးရှင်းတဲ့ ထုံးစံအတိုင်း “Hello World” လေးနဲ့ဘဲ ဘယ်လို Compile လုပ်ရမလဲဆိုတာ ပြောပေးသွားပါမယ်။
တကယ်တမ်းပြောရမယ်ဆိုရင် Objective-C ရေးမယ်ဆိုရင် ဖိုင်ကအနည်းဆုံး နှစ်ဖိုင် လိုပါတယ်။
(.h) နဲ့ (.m) ဖိုင်ပါ။ .h ဆိုတာကတော့ interface declare လုပ်ရမဲ့ Header ဖိုင်ပါ။သူ့အထဲမှာ Declared လုပ်ထားတဲ့ Method တွေကို (.m) လို့ခေါ်တဲ့ Implementation ဖိုင်ထဲမှာ Implement လုပ်ရမှာဖြစ်ပါတယ်။
OOP ကိုလေ့လာဖူးသူတိုင်း ကောင်းကောင်းသိပါလိမ့်မယ်။Interface တို့ Implementation တို့ဆိုတာတွေကို…။ဒါတွေကိုတော့ ထားလိုက်တော့။နောင်များမှ အလျဉ်းသင့်ရင် သင့်သလို Tutorials လေးတွေရေးပေးသွားပါ့မယ်။အရင် ကျန်တာလေးတွေကိုလည်း ဆက်ရေးပေးချင်ပါတယ်။Tutorials တွေကို တို့လို့တန်းလန်းထားတာတော့ မဟုတ်ဘူး..အကြောင်းလေးတွေရှိလို့ အဆင်မပြေသေးလို့ပါ။ခွင့်လွှတ်ပေးတော် မူကြကုန်လော့။
အဲ့ဒီလို ဖိုင်နှစ်ဖိုင်နဲ့ရေးရမှာပါ။ဒီမှာက တကယ်တမ်းရေးမယ်ဆိုရင် XCode IDE လိုမျိုးမပါဘူး။
အကုန်လုံး အစအဆုံး လိုက်ရေးရမှာ။ဒီမှာက ရေးမယ်ဆိုရင် ဖိုင်က သုံး ဖိုင်ဖြစ်သွားတယ်။
(.h)တစ်ဖိုင်နဲ့ (.m) နှစ်ဖိုင် ဖြစ်သွားတယ်။ XCode မှာဆိုရင် မလိုဘူး။
ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အခုရေးမဲ့အခါမှာ ဖိုင် တစ်ခုအကြောင်းရေးမယ်ဆိုရင် ဖိုင်က နှစ်ဖိုင် ပါရမယ်။
သူ့ကို Run ဖို့ ခေါ်သုံးဖို့ main ဖိုင်ကပါရအုံးမှာဆိုတော့ သုံးဖိုင်လောက်ဖြစ်သွားတယ်။
သုံးဖိုင် ရေးရတာ ရှုပ်တယ် ဆိုရင်လည်း ဖိုင်တစ်ဖိုင်ထဲမှာဘဲ အားလုံး စုပြုံရေးရင်လည်း ရတယ်…ဒါပေမဲ့ အဆင်မပြေဘူးပေါ့…အကျင့်ဖြစ်သွားအောင် သပ်သပ်ရပ်ရပ်နဲ့ ရေးတာအကောင်းဆုံးပါဘဲ…အကောင်းဆုံးကတော့ XCode IDE နဲ့ရေးတာပါဘဲ။
အရမ်းသက်သာတယ်လို့ဆိုရမယ်..အခု Windows ပေါ်မှာ Objective-C ကိုလေ့လာပြီးတော့ XCode IDE ပေါ်မှာ သွားရေးမယ်ဆိုရင် သေချာတယ်…မရယ် ရင်တော့ ပြုံးတော့ပြုံးမိကြလိမ့်မယ်။ဟိုဟာက တော်တော်လွယ်အောင် လုပ်ပေးထားတာ… Object တွေကအစ NS လို့ရိုက်လိုက်တာနဲ့… NS နဲ့ပက်သက်တဲ့ Object တွေတပြုံကြီး ကျလာတာ…iPhone Programming မှာဆိုရင်လည်း Model View Controller ချိတ်တာတွေက Control လေးဖိပြီးတော့ ဆွဲချိတ်လိုက်ရုံဘဲ။XCode သုံးလိုက်ရင် တော်တော်သက်သာပေမဲ့ လောလောဆယ်တော့ ဒါလေးနဲ့ အဆင်ပြေအောင် ချကြပေါ့ဗျာ။ အခုကျွန်တော်တို့လေ့လာမဲ့ဟာကတော့ NSObject ကိုသုံးချင်တယ်ဆိုရင်လည်း ကိုယ့်ဘာသာ ကိုယ် (:) နဲ့ Inherit လုပ်ပေတော့…ဘာကြောင့်လဲဆိုတော့ Notepad ++ ထဲမှာရေးတာဆိုတော့ AutoComplete မပါဘူးပေါ့.။
တစ်ခုကောင်းတာက XCode ကဖိုင်တွေကို ခေါ်လိုက်ရင် Codes လေးတွေ ရေးပေးထားတတ်တဲ့ main method တွေကိုကအစ ကိုယ်တိုင်ကောင်းကောင်းရေးတတ်သွားလိမ့်မယ်။မယုံမရှိနဲ့။စမ်းကြည့်လိုက်။
လောလောဆယ်တော့ ကျွန်တော်တို့ main ဖိုင်ထဲမှာဘဲ ဘယ်လို ရေးပြီးတော့ ဘယ်လို Compile လုပ်ကြမလဲ ဆိုတာကို လေ့လာကြည့်လိုက်ရအောင်။အောက်က Code လေးတွေကိုကူးထည့်ပြီးတော့ helloWorldTesting.m ဆိုပြီးတော့ Save ပေးလိုက်ပါ။
#import <Foundation/Foundation.h>
int main(int argc,const char * argv[]){
NSAutoreleasePool * pool = [[NSAutoreleasePool alloc] init];
NSLog(@”Hello World”);
[pool drain];
return 0;
}
အဲ့ဒါလေးကိုကူးပြီးတော့ helloWorldTesting.m ဆိုပြီးတော့ Save ရပါမယ်။ဒီနေရာလေးအရေးကြီးပါတယ်။
လမ်းကြောင်းလေးကိုရွေးပေးရပါမယ်။ဘယ်နေရာမှာသွား Save မလဲဆိုတော့ “C:\GNUstep\msys\1.0\home\Zawmin\” အဲ့ဒီ Folder ထဲမှာသွား Save ပေးရမှာဖြစ်ပါတယ်။ Zawmin ဆိုတဲ့ နေရာမှာတော့ ကိုယ့် Computer နာမည်ပေါ့…MgMg AungAung စသဖြင့်ပေါ့။
Save ပြီးသွားရင် Compile လုပ်ဖို့အတွက် အောက်က ကျွန်တော်ရေးပေးထားတဲ့ Compile Code အတိုင်း စောစောက ဖွင့်ထားတဲ့ Console ထဲမှာ ရိုက်ထည့်လိုက်ပြီးတော့ Enter ခေါက်လိုက်ပါ။
gcc `gnustep-config –objc-flags` -L /GNUstep/System/Library/Libraries helloWorldTesting.m -o helloWorldTesting -lgnustep-base –lobjc
ပြီးရင် Enter ခေါက်လိုက်ရင် ဘာ Error မှမတက်ရင် အောက်ကပုံလေးအတိုင်းပေါ်လာလိမ့်မယ်။
ဒါဆိုရင် ကျွန်တော်တို့ Objective-C Code လေးကို Compile လုပ်တာအောင်မြင်သွားပြီ။အောင်မြင်သွားတဲ့အတွက်ကြောင့် ဒီမှာတော့ (only for Windows)
(.exe) ထုတ်ပေးပါတယ်။
သူ့ကို Run ဖို့အတွက် ကတော့ (./helloWorldTesting.exe) ဆိုပြီးတော့ ရိုက်ပေးလိုက်ပါ။
အောက်ကပုံအတိုင်းမြင်ရပါလိမ့်မယ်။
Hello World လေးကိုပုံပါအတိုင်းတွေ့ရမှာဖြစ်ပါတယ်။ဒါဆိုရင် ကျွန်တော်တို့ Code လေးကို အောင်မြင်စွာ Compile လုပ်ပြီးတော့ Run နိုင်သွားပြီဖြစ်ပါတယ်။
ဒါဆိုရင် ကျွန်တော်တို့ အတွက် Windows ပေါ်မှာ Objective-C ကိုအောင်မြင်စွာ Compile လုပ်နိုင်သွားပြီလို့ဆိုရမှာဖြစ်ပါတယ်။သို့ပေမဲ့ နေပါဦးဗျ စောစောက ခင်ဗျား ပြောတဲ့ ဖိုင်သုံးဖိုင် ဆိုရင်ကော ကျုပ်တို့ ဘယ်လို Compile လုပ်ရမှာလဲ…လို့မေးစရာရှိလာပါတယ်။ဟုတ်ကဲ့ပါ အောက်မှာ ထပ်ပြောပေးပါမယ်။
ကျွန်တော်တို့ သုံးဖိုင် ဆိုရင်တော့ (အမှန်တကယ် နှစ်ဖိုင်ဘဲနော်..ဒီမှာမို့လို့ပါ) ကျွန်တော်တို့ ရေးမဲ့ main method ပါတဲ့ ဖိုင်နာမည် ကို စောစောက ကျွန်တော်တို့ Compile လုပ်တုန်းက ရေးခဲ့တဲ့ helloWorldTesting.m နေရာလေးမှာ အစားသွင်းလိုက်ရုံပါဘဲ။
ဒီလိုလေးပါ။
gcc `gnustep-config –objc-flags` -L /GNUstep/System/Library/Libraries anotherTesting.m -o anotherTesting -lgnustep-base –lobjc
ဆိုပြီးတော့ ရေးလိုက်ရုံပါဘဲ။ဟာ…မသိတော့ဘူးဗျာ..နမူနာလေးလုပ်ပါဦးဗျ..မောင်ဇော်မင်းရ…ဆိုရင်လည်း အောက်မှာ ပဲကြည့်ပါတော့။
အရင်ဆုံး iAmSupermanSimulation.m ဖိုင်လေးကို အရင်ရေးကြမယ်။သူ့အထဲမှာ main method ပါမှာဖြစ်တဲ့အတွက်ကြောင့်။
အောက်က Code လေးတွေကို ကူးပြီးတော့ ထုံးစံအတိုင်း iAmSupermanSimulation.m ဆိုပြီးတော့ စောစောက ကျွန်တော်ပြထားတဲ့ ဖိုင်လမ်းကြောင်းအတိုင်း သွား Save လိုက်ပါ။နာမည်ကတော့ လောလောဆယ် Superman Game ဆော့နေတော့ ခေါင်းထဲရှိတဲ့နာမည် ပေးလိုက်တာ..ဆော့ကြည့်..ကောင်းတယ်
#import <Foundation/Foundation.h>
#import “iAmSuperMan.h”
#import “iAmSuperMan.m”
int main(int argc,const char * argv[]){
NSAutoreleasePool * pool = [[NSAutoreleasePool alloc] init];
iAmSuperMan* superMan = [[iAmSuperMan alloc] init];
[superMan printiAmSuperMan];
[pool drain];
return 0;
}
ဒါတွေကတော့ အကျယ်တဝင့်တော့မရှင်းတော့ဘူး။တစ်ခုဘဲပြောစရာ ရှိတာ။import လုပ်ရင်တော့ XCode ထဲမှာ .h ဖိုင်တစ်ဖိုင်ထဲကို import လုပ်ရင်ရပေမဲ့ အခု GNUStep ထဲမှာတော့ (.h) ကော (.m) ကောနှစ်ဖိုင်လုံးကို import လုပ်မှရသဗျား…မဟုတ်ရင် ဟိုဘက်ကကြေညာထားတာ သုံးမရဘူးဗျ။import ဆိုတာကတော့ သူ့ထဲမှာရှိတဲ့ Object တွေ Class တွေ Method တွေကိုသုံးချင်လို့ ခေါ်သွင်းတာပါဘဲ။Java လေ့လာဘူးရင် သိပါလိမ့်မယ်။
.Net ဆိုရင်တော့ namespace ပေါ့ဗျာ။မထည့်ထားရင် သုံးမရဘူးဗျ။အပေါ်ဆုံးကဟာကတော့ Foundation ဆိုတာက အကုန်ခေါ်သွင်းထားတာ…။NSAutoreleasePool ကတော့ Memory management လုပ်တာပေါ့။Auto လုပ်ခိုင်းထားတာ။ပြီးတော့မှ drain (release) လုပ်လိုက်တာ…။Objective-C မှာ Object ဆောက်ပုံကနည်းနည်းတော့ ထူးခြားတယ် (.Net နဲ့ JAVA) လာတဲ့သူဆိုရင်တော့ နည်းနည်းတော့ အခက်တွေ့လိမ့်မယ်။ဟိုမှာ ကဒီလိုဆောက်တယ်လေ။
MyObject myobj = new MyObject();
Objective-C က ဒီလို
MyObject* myobj = [[MyObject alloc] init];
တူလား.. Nope ..လုံး၀ကိုမတူဘူး။ဒါတွေပြောနေရင် ကြာမယ်။ကိုယ့်ဘာသာကိုယ်လေ့လာကြပေါ့ဗျာ။
ဒါဆိုရင် နောက်ထပ် ဖိုင်နှစ်ခုထဲက iAmSuperMan.h ကိုဆက်ရေးမယ်။
အောက်က Code လေးနဲ့ရေးလိုက်ပါ။
ပြီးရင် iAmSuperMan.h ဆိုပြီးတော့ Save လိုက်။
#import <Cocoa/Cocoa.h>
@interface iAmSuperMan : NSObject
{
}
- (void)printiAmSuperMan;
@end
Save ပြီးရင်နည်းနည်းလေးတော့ ရှင်းပေးမယ်။ ထုံးစံအတိုင်း import ဆိုတာက Cocoa Framework ကိုခေါ်သွင်းထားတာ…ဒီနေရာမှာ <> နဲ့ “ “ ကလည်းမတူဘူး..လေ့လာကြည့်ပါ။တစ်ချို့ကလည်း (ကိုကာ)လို့ခေါ်တယ်…တစ်ချို့ကလည်း (ကိုကို) ဆိုပြီးတော့ခေါ်တယ်..ကိုယ့်ဆရာတို့တော့ ကြိုက်သလိုသာ ခေါ်တော်မူကြပါ…(ကိုကို) ကတော့ ခေါ်လို့မကောင်းဘူး..ကိုယ့်ကိုသူများ တစ်မျိုးထင်သွားလိမ့်မယ်။(ကိုကို)ကတော့ အမှန်ပါ။ကျွန်တော်ကတော့ မှားချင်မှား (ကိုကာ) လို့ဘဲခေါ်တယ်…စက်ကွင်းလွတ်အောင်။
ပြီးရင် Objective-C မှာ Class တစ်ခုက ကျန်တဲ့ ဘယ် Class ကမှ Inherit မလုပ်ဘူးဆိုရင် NSObject ကနေ Inherit လုပ်ကိုလုပ်ရပါတယ်။ပြီးတော့မှာ အောက်မှာ Instance Method လေးကြေညာထားပါတယ်။Interface ဖိုင်ဖြစ်တဲ့အတွက်ကြောင့် @interface declare လုပ်ပေးပြီးတော့မှ @end ပြန်ပိတ်ပေးရပါတယ်။
ကဲ ဒါဆိုရင် နောက်တစ်ဖိုင် ထပ်ရေးကြဦးစို့..ပြောမကုန်ဖြစ်နေလိမ့်မယ်။
iAmSuperMan.m ပေါ့…စောစောက (.h) ကို implement လုပ်ဖို့အတွက်…
အောက်က Code ကူးကာရေးပေတော့…
#import “iAmSuperMan.h”
@implementation iAmSuperMan
-(void)printiAmSuperMan
{
NSLog(@”Hello I am Superman and don’t underestimate me.I can do everything with my POWER!”);
}
@end
လွယ်သမှ အရမ်းလွယ်ဘဲ…Testing ဆိုတော့ ရှုပ်မှာစိုးလို့ အလွယ်ဆုံးကိုဘဲ ပေးလိုက်တယ်။
ပြီးရင် Console ထဲမှာ Compile လုပ်မယ်။
အောက်ကပုံလေးကိုသာကြည့်လိုက်ပါတော့ဗျာ။
အဲ့ဒီအထဲမှာ Compile လုပ်ပြီးတော့ Run ထားတဲ့ Output လေးပါ တစ်ခါတည်း ထည့်ပေးလိုက်ပါတော့တယ်။
ကြည့်လိုက်ပါဦး။
ဒါဆိုရင် ကျွန်တော်တို့ သုံးဖိုင်နဲ့ Compile လုပ်တာ Run တာအဆင်ပြေသွားပြီပေါ့ဗျာ။ကျန်တဲ့ဖိုင်တွေကိုလည်း ဒီလိုဘဲ ချိတ်ပြီးတော့ Compile လုပ်နိုင် Run နိုင်ပါတယ်။ဒီလောက် ဆိုရင်တော့ ကျွန်တော်တို့အခုပြောနေတဲ့ Objective-C Environment in Windows ကတော့ တော်တော်လေးပြည့်စုံသွားပါပြီ။နောက်မှ လေ့လာပြီးသွားရင် အိမ်ကို ကျွန်တော်ပြောတဲ့အတိုင်း ပူဆာလိုက်ပေါ့ဗျာ။
ကောင်းကောင်းလေ့လာလို့ရမဲ့ အနေအထားရောက်သွားပြီးဖြစ်တဲ့အတွက်ကြောင့် မိမိ ဘာသာ လေ့လာဖို့သာကျန်ပါတော့တယ်။ပြောမဲ့သာပြောရတာ မြန်မာနိုင်ငံမှာ Objective-C ကိုလေ့လာတဲ့သူမရှိသလောက် ကိုနည်းပါးတာ တွေ့ရတယ်။(JAVA, .Net , PHP ) ပိုင်းကိုတော့ လူတော်တော် များများ စိတ်ဝင်စား လေ့လာနေကြတာတွေ့ရတယ်။အခု ဒီဟာလေးရေးတယ်ဆိုတာလည်း နောင်မှာ လေ့လာချင်တဲ့သူတွေရှိလာခဲ့ရင် အဆင်ပြေအောင် ရေးပေးလိုက်တာဘဲဖြစ်ပါတယ်။ လောလောဆယ်တော့ စိတ်ဝင်စားတဲ့သူ နည်းနေဦးမယ်လို့ထင်ပါတယ်။
အဆင်မပြေတာများ ရှိရင် dk92ster@gmail.com ကိုဆက်သွယ်မေးမြန်း အကြံပြုဆွေးနွေးနိုင်ပါတယ်။
အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာ ကြပါစေခင်ဗျာ။
Zaw Min Soe (Initial)
Facebook comments:





hello,
the link is broken ..
http://dl.dropbox.com/u/50045129/GNUStep.zip
can you give the link again ?
Cheers,
http://ftpmain.gnustep.org/pub/gnustep/binaries/windows/gnustep-msys-system-0.28.1-setup.exe
http://ftpmain.gnustep.org/pub/gnustep/binaries/windows/gnustep-core-0.28.0-setup.exe
http://ftpmain.gnustep.org/pub/gnustep/binaries/windows/gnustep-devel-1.3.0-setup.exe
(Direct download links)
three files.
မင်္ဂလာပါ . . iphone application ရေးတာကိုလေ့လာနေရင်း အခက်အခဲတခုရှိလို့ပါ။
backbarbuttonitem ရဲ့ title ကို စာသားပြောင်းချင်လို့ပါ။
ရိုးရိုး leftbarbutton ကျတော့ မြှားမပါဘဲဖြစ်နေတော့ . . အဲဒါလဲ သုံးလို့အဆင်မပြေဖြစ်နေပါတယ်။
ရှေ့ viewcontroller ရဲ့ title ကိုခနပြောင်းတာပဲဖြစ်ဖြစ် . .
current ViewController ရဲ့ backbarbuttomitem ကို
စာသားပြောင်းတာပဲဖြစ်ဖြစ် ဘယ်လိုလုပ်ရင် အဆင်ပြေမလဲ။
အကူအညီပေးကြပါဦးရှင့် ။