Making Shan Flag with CSS

ဒီတခါတော့ ဆားချက်တယ် ပဲဆိုဆို ၊  လွယ်လွယ်ကူကူ ရှမ်းအလံကို CSS3 ကိုအသုံးပြုပြီးတည်ဆောက်သွားမှာပါ။ လွယ်ကူတဲ့အတွက် html ,css အခြေခံရှိသူတိုင်းလိုလို ပြုလုပ်နိုင်ပါတယ်။ အဲဒါကို အခြေခံပြီး တခြားသော အလံများ ၊ ပစ္စည်းများ တည်ဆောက်ကြည့်မယ်ဆိုရင် ပိုပြီးတော့ တက်မြောက်လာမှာပါ။ ဒီ tutorial က ကိုအိမောင် CSS3 ကိုအသုံးပြုပြီး မြန်မာနိုင်ငံ အလံကို ပြုလုပ်တဲ့ tutorial ကနေ  စိတ်ကူးပေါက်ပြီး လုပ်မိလိုက်တာပါ။

ပထမဆုံး အပိုင်းသုံးပိုင်းပိုင်းပါခင်ဗျာ။

ပြီးရင်တော့ အဝိုင်းအတွက်တစ်ခု အပေါ်က ချုပ်မယ့် wrapper အတွက်တစ်ခုလိုပါတယ်။ ဒီတော့ စုစုပေါင်းငါးခုပါ။

ပြီးရင်တော့ CSS မှာပဲပြင်ရမှာပါ။ box သုံးခုအတွက် width ရယ် height ရယ် color ရယ်ပါ။

#box1{
background:#FECB00;
width:400px;
height:100px;

#box2{
width:400px;
height:100px;
background:#34B233;

#box3{
background:#EA2839;
width:400px;
height:100px;

ပြီးရင် circle ကို position absolute နဲ့ရွေ့ပါ။

#circle{
background:white;
width:200px;
height:200px;
border-radius:200px;
position:absolute;
bottom:50px;
left:100px;

ပြီးရင်တော့ wrapper တစ်ခုခုနဲ့ချုပ်လိုက်ပါ။ position absolute ဆိုတော့ Zoom ပြောင်းရင်ပြေးထွက်သွားမှာစိုးလို့ပါ။

#wrapper{
width:960px;
margin:0 auto;
position:relative;

ဒါဆိုရင်တော့ ရသွားပြီလိုထင်ပါတယ်။ Inspiration ဖြစ်မိတဲ့အတွက်လည်း ကိုအိမောင်ကိုအထူးပဲကျေးဇူးတင်ပါတယ်။ နောက်ဆုံးပြီးသွားတဲ့ ရလဒ်ကို ဒီမှာကြည့်နိုင်ပါတယ်။

Facebook comments:

Leave a comment