Hibernate ၏ R/O Mapping ကိုလေ့လာခြင်း

ပြီးခဲ့တဲ့ Example တွင် Hibernate တစ်ခုဘယ်လိုတည်ဆောက်ရမယ်၊ ဘယ်လို သိမ်းဆည်းရမယ်ကို ပြသပေးထားတာ ဖြစ်ပါသည်။ အဲ့ဒီ လေ့ကျင့်ခန်းထဲမှာ Member.hbm.xml file ကို Database Table သို့ Mapping လုပ်ရန်အတွက် ဖန်တီးထားခြင်း ဖြစ်ပါသည်။ အခု ဒီ File မှာသုံးထားတဲ့ Tag တွေကို ရှင်းပြမှာ ဖြစ်ပါသည်။ ကဲအခု Member.hbm.xml file ကိုပြန်ကြည့်ရအောင်-


<?xml version="1.0"?>

<!DOCTYPE hibernate-mapping PUBLIC "-//Hibernate/Hibernate Mapping DTD 3.0//EN"

"http://hibernate.sourceforge.net/hibernate-mapping-3.0.dtd">

<!-- Generated Jun 6, 2010 11:04:09 PM by Hibernate Tools 3.2.1.GA -->

<hibernate-mapping>

<class table="member" catalog="hibernate_1">

<id type="string">

<column name="MemberID" length="25" />

<generator class="assigned" />

</id>

<property type="string">

<column length="25" not-null="true" />

</property>

<property type="string">

<column length="45" not-null="true" />

</property>

<property type="string">

<column length="25" not-null="true" />

</property>

</class>

</hibernate-mapping>

Member.hbm.xml ဆိုတာ Hibernate Mapping File တစ်ခုဖြစ်ပါသည်။ ၄င်းသည် Simple Document တစ်ခုဖြစ်ပါသည်။ အောက်ပါတို့မှာ အရေးကြီးသော Element များဖြစ်ပါသည် -

<hibernate-mapping> element

ဤ Tag သည် Root element ဖြစ်ပါသည်။ ကျန် Hibernate tag များကို အခု <hibernate-mapping></hibernate-mapping> အတွင်းရေးရပါမည်။

<class> element

ဤ <class> tag သည် Java Class Object နှင့် Database Table ကိုညွှန်းဆိုသော tag တစ်ခုဖြစ်ပါသည်။ ၄င်းကို Root element အတွင်းတွင်သာရေးရပါမည်။

<id> element

ဤ element သည် Object အား သက်မှတ်နိုင်ရန် သုံးသော unique identifier (Database Table ၏ Primary Key)။ ၄င်းတွင် အောက်ပါ Attribute များပါရှိပါသည်-

Name: Persistence class မှ သုံးသော နာမည်

Column: Primary Key ၏ တန်ဖိုးကိုသိမ်းရန်

Type: Data အမျိုးအစား

Unsaved-value: အကယ်၍ id တွင် ဘာမှ မရှိပါက Persistence class မှ ဆုံးဖြတ်ရန်သုံးသော တန်ဖိုး

<generator> element

ဤ <generator> tag သည် Record အသစ် တစ်ခု အတွက် Primary Key တန်ဖိုးကို ဖန်တီးပေးသော tag ဖြစ်ပါသည်။ ၄င်းတွင် အောက်ပါ အသုံးပြုသော ပုံစံများရှိပါသည် -

  • Increment – ၄င်းသည် long၊ short သို့မဟုတ် int များ၏ Primary Key များကို ဖန်တီးသောအခါ သုံးပါသည်။ increment ကို clustered development များတွင် သုံးလို့မရပါ။
  • Sequence – Hibernate သည် Primary key အား အစီအစဉ်လိုက်တန်ဖိုးများ ထည့်သွင်းရန် အသုံးပြုနိုင်ပါသည်။ ၄င်းကို DB2၊ PostgreSQL၊ Oracle နှင့် SAP DB databases တို့တွင်သုံးနိုင်ပါသည်။
  • Assigned – ၄င်းကို Application Code မှ ထုတ်လုပ်ပေးသော တန်ဖိုးများ အသုံးပြုရန်အတွက်သုံးသည်။

<property> element

ဤ element သည် Java Attribute နှင့် ၄င်း၏ Database အတွင်းရှိ Mapping တို့အား သက်မှတ်ပေးသော tag ဖြစ်ပါသည်။ ၄င်းသည် indexing ကို ထောက်ပံ့ပေးနိုင်ပါသည်။

Facebook comments:

Leave a comment


*