Parameter နှင့် တန်ဖိုးသွင်းလို့ရသော iReport တည်ဆောက်ခြင်း ၁

Parameter ပေးလို့ရတဲ့ Report တွေဟာ အပြင်က ပေးလာသော တန်ဖိုးပေါ်မှုတည်ပြီး Dynamic Outcome များကိုလိုချင်သော ရည်ရွယ်ချက်ဖြင့် တည်ဆောက်ကြပါတယ်။ အများအားဖြင့် Project Report တွေမှာ ဒီလိုအမျိုးအစားကို အသုံးပြုပါတယ်။ ကဲ ကျွန်တော်နဲ့ အတူတူ တည်ဆောက်ကြရအောင်….

Step 1 iReport တစ်ခုတည်ဆောက်ပါ (ကျွန်တော်၏ ပထမဆုံးသော iReport တွင်ကြည့်ပါ)။

Step 2 Report Inspector box ကိုဖွင့်ပါ (မတွေ့ပါက Windows > Report Inspector ကိုနှိပ်ရ၍ဖွင့်နိုင်ပါသည်)။ ပုံ-၁ တွင်ကြည့်ပါ။

ပုံ-၁

ပုံ - ၁

Step 3 Report Inspector box အတွင်းမှ Parameter ရွေး၍ Right-Click နှိပ်ပါ။ Menu (ပုံ – ၂ ကိုကြည့်ပါ) ကျလာပါမည် ၄င်းအတွင်းရှိ Add Parameter ကိုနှိပ်ပါ။ parameter1 ပေါ်လာပါမည် (ပုံ – ၃ တွင်ကြည့်ပါ)။ ၄င်း parameter1 ကို memberID ဟု နာမည်ပြောင်းပါ (ကိုယ်စိတ်ကြိုက်နာမည် ပြောင်းနိုင်ပါသည်)။ ပုံ – ၄ တွင်ကြည့်ပါ။

ပုံ-၂

ပုံ - ၂

ပုံ-၃

ပုံ - ၃

ပုံ-၄

ပုံ - ၄

Step 4 Report Designer အတွင်းရှိ Xml button (Designer button ဘေးတွင်ရှိသည်) ကိုနှိပ်၍ Xml code viewer ကိုဖွင့်ကြည့်ပါ (ပုံ – ၅ တွင်ကြည့်ပါ)။ လိုင်းနံပါတ် ၁၆ တွင် <parameter name=”memberID” class=”java.lang.String“/> ၏ tag အားတွေ့ရမည်ဖြစ်သည်။ Parameter tag တွင် Name attribute သည် Parameter ၏ အမည်ဖြစ်သည်။ class သည် Parameter ၏ Data Type ဖြစ်သည်။ ထို Data Type များအား Parameters Table တွင်ကြည့်ပါ။

ပုံ-၅

ပုံ - ၅

Parameters Table (အပြာဖြင့် ပြသထားသည်)

Wrapper class Primitive type Package Constructor Arguments
Byte byte java.lang byte or String
Short short java.lang short or String
Integer int java.lang int or String
Long long java.lang long or String
Float float java.lang float, double or String
Double double java.lang double or String
Character char java.lang char
String String java.lang char or String
Boolean boolean java.lang boolean or String
Date - java.util long

Step 5 Save သိမ်း၍ Preview ကို နှိပ်ပါ။ Parameter dialog box ကျလာပါမည် (ပုံ – ၆ တွင်ကြည့်ပါ)။ တောင်းသော parameter ကိုထည့်သွင်း၍ Report အားကြည့်နိုင်ပါမည်။

ပုံ-၆

ပုံ - ၆

Facebook comments:

Leave a comment


*