Parameter နှင့် တန်ဖိုးသွင်းလို့ရသော iReport တည်ဆောက်ခြင်း ၁
Parameter ပေးလို့ရတဲ့ Report တွေဟာ အပြင်က ပေးလာသော တန်ဖိုးပေါ်မှုတည်ပြီး Dynamic Outcome များကိုလိုချင်သော ရည်ရွယ်ချက်ဖြင့် တည်ဆောက်ကြပါတယ်။ အများအားဖြင့် Project Report တွေမှာ ဒီလိုအမျိုးအစားကို အသုံးပြုပါတယ်။ ကဲ ကျွန်တော်နဲ့ အတူတူ တည်ဆောက်ကြရအောင်….
Step 1 iReport တစ်ခုတည်ဆောက်ပါ (ကျွန်တော်၏ ပထမဆုံးသော iReport တွင်ကြည့်ပါ)။
Step 2 Report Inspector box ကိုဖွင့်ပါ (မတွေ့ပါက Windows > Report Inspector ကိုနှိပ်ရ၍ဖွင့်နိုင်ပါသည်)။ ပုံ-၁ တွင်ကြည့်ပါ။

ပုံ - ၁
Step 3 Report Inspector box အတွင်းမှ Parameter ရွေး၍ Right-Click နှိပ်ပါ။ Menu (ပုံ – ၂ ကိုကြည့်ပါ) ကျလာပါမည် ၄င်းအတွင်းရှိ Add Parameter ကိုနှိပ်ပါ။ parameter1 ပေါ်လာပါမည် (ပုံ – ၃ တွင်ကြည့်ပါ)။ ၄င်း parameter1 ကို memberID ဟု နာမည်ပြောင်းပါ (ကိုယ်စိတ်ကြိုက်နာမည် ပြောင်းနိုင်ပါသည်)။ ပုံ – ၄ တွင်ကြည့်ပါ။

ပုံ - ၂

ပုံ - ၃
Step 4 Report Designer အတွင်းရှိ Xml button (Designer button ဘေးတွင်ရှိသည်) ကိုနှိပ်၍ Xml code viewer ကိုဖွင့်ကြည့်ပါ (ပုံ – ၅ တွင်ကြည့်ပါ)။ လိုင်းနံပါတ် ၁၆ တွင် <parameter name=”memberID” class=”java.lang.String“/> ၏ tag အားတွေ့ရမည်ဖြစ်သည်။ Parameter tag တွင် Name attribute သည် Parameter ၏ အမည်ဖြစ်သည်။ class သည် Parameter ၏ Data Type ဖြစ်သည်။ ထို Data Type များအား Parameters Table တွင်ကြည့်ပါ။
Parameters Table (အပြာဖြင့် ပြသထားသည်)
| Wrapper class | Primitive type | Package | Constructor Arguments |
| Byte | byte | java.lang | byte or String |
| Short | short | java.lang | short or String |
| Integer | int | java.lang | int or String |
| Long | long | java.lang | long or String |
| Float | float | java.lang | float, double or String |
| Double | double | java.lang | double or String |
| Character | char | java.lang | char |
| String | String | java.lang | char or String |
| Boolean | boolean | java.lang | boolean or String |
| Date | - | java.util | long |
Step 5 Save သိမ်း၍ Preview ကို နှိပ်ပါ။ Parameter dialog box ကျလာပါမည် (ပုံ – ၆ တွင်ကြည့်ပါ)။ တောင်းသော parameter ကိုထည့်သွင်း၍ Report အားကြည့်နိုင်ပါမည်။
Facebook comments:





