Java and For loop Part III
ခု ဒီပို့စ်မှာတော့ for loop နဲ့ ပက်သက်တဲ့ အခြား ရေးသားတဲ့ပုံစံ တွေကို လေ့လာကြည့်ချင်ပါတယ်။ ဒီနေရာမှာ standard အကျဆုံးကတော့ အရင် ကျွန်တော်တို့ လေ့လာခဲ့တဲ့ပုံစံပါ ဒါပေမယ့် ရေးသားလို့ရတဲ့ ရေးသားနည်းတွေကို သိထားခြင်းက အထောက်အကူတစ်ခုဖြစ်နိုင် ပါလိမ့်မယ်။
တကယ်တော့ for loop မှာ တစ်ပဲတိုးရမယ်ဆိုတဲ့ ကန့်သတ်ချက်ရှိတာမဟုတ်ပါဘူး။ value တန်ဖိုးကိုလျော့လို့လဲရပါတယ်။ ဥပမာ-
public class CountDown
{
public static void main(String[] args)
{
for (int count = 10; count >= 1; count--)
{
System.out.println(count);
}
}
}
အလားတူပါပဲ for loop အတွင်းမှာ if …condition ကိုထည့်သွင်းရေးသားလို့့ပါတယ်။ဆိုလိုတာက for loop အတွင်း statement မှာ
java syntax တွေကိုထည့်သွင်းပြီးလိုအပ်သလို ရေးနိုင်ပါတယ်။
- For loops without bodies
တစ်ချို့ programmer တွေရဲ ့ရေးသားတဲ့ နောက်ပုံစံတစ်ခုကတော့ for loop ကိုပဲ body မပါပဲရေးကြတဲ့ပုံစံပါ။ဥပမာအားဖြင့်..
public class TerseCoder
{
public static void main(String[] args)
{
for (int i = 1; i <=10; System.out.println(i++));
}
}
ခု program မှာ ဆိုရင် output အဖြစ် i တန်ဖိုးကို ရိုက်ထုတ်ပြသွားမှာပါ။ ခုလိုရေးသားနည်းပုံစံကို သိထားခြင်းအားဖြင့် အကျိုးရှိနိုင်ပါတယ်။
- Using two counter variable
ဒီပုံစံမှာတော့ comma သုံးပြီး expression တွေကိုကြေငြာပြီးရေးတာပါ။ တစ်ချိန်ထဲမှာ ပဲ counter variable နှစ်ခုသုံးတဲ့ပုံစံပါ။ ခုရေးပြမယ့်
program ကတော့ ၁ ကနေ ၁၀ output ထွက်တဲ့ အချိန်မှာပဲ ၁၀ ကနေ ၁ output ထွက်အောင်ရေးတာပါ။ ဒီ loop ရေးသားနည်း ထူးခြားချက် ကတော့ count လုပ်မယ့် variable ကိုနှစ်ခု သုံးထားတာပဲဖြစ်ပါတယ်။
public class CountBothWays
{
public static void main(String[] args)
{
int a, b; //declare two variables
for(a = 1, b = 10; a <= 10; a++, b--)
System.out.println(a + " " + b);
}
}
output:
1 10 2 9 3 8 4 7 5 6 6 5 7 4 8 3 9 2 10 1
- အစတန်ဖိုးချန်ပြီးရေးသားခြင်း
ဒီတစ်မျိုးကတော့ for loop မှာ ပထမဆုံး loop အစ variable ရဲ ့တန်ဖိုးကိုချန်ပြီးရေးသားတဲ့ပုံစံပါ။
ရေးတဲ့ပုံစံက တော့
for(; a >= 0; a--)
{
System.out.println(a);
}
အထက်ပါ ဥပမာ အရ ကျွန်တော်တို့ for loop မှာ အစ တန်ဖိုး ထည့်ရေးမထားပါဘူး။ ဒါပေမယ့် loop က တော့ အလုပ်လုပ်လို့ရနေဆဲပါ။
ရေးတဲ့ပုံစံကိုသိရင် ကျွန်တော်တို့က Scanner class အကူအညီနဲ့ user input ကိုလက်ခံပြီး အစ တန်ဖိုး(initial value)တောင်းပါမယ်။
ကိုယ်တိုင် ရေးကြည့် စေချင်ပါတယ်။နောက်တစ်မျိုးကတော့
- Counting backwards ပါ value ကိုနောက်ပြန်သွားမှာပါ
for loop မှာ value ကို count လုပ်တဲ့ပုံစံဟာ ရှေ့ ကိုချည်း တစ်တိုးမယ်ဆိုတဲ့ စည်းမျဉ်းမရှိပါဘူး.ဒီဥပမာ မှာဆိုရင် value ကို နောက်ပြန်ရေတွက်ထားပါတယ်။ လေ့လာကြည့်ပါ။
public class CountDown {
public static void main(String[] args)
{
for (int count = 10; count >= 1; count--)
{
System.out.println(count); }
}
}
output အနေနဲ့
10 9 8 7 6 5 4 3 2 1
ကို ပြမှာပါ။ ကျွန်တော်တို့ အနေနဲ့ count expression ကိုပြောင်းလိုက်ရုံပါပဲ။ နောက်တစ်ပိုင်းမှာ တော့ for loop ကိုသုံးပြီး infinite loop
ပုံစံ နဲ့ ပါတ်တဲ့ ရေးပုံရေးနည်းကို ဆွေးနွေးသွားပါမယ်။
Facebook comments:



ဟုတ်ကဲ့.. ကျေးဇူးတင်ပါတယ်
Java Post အတွက် အရမ်းကျေးဇူးတင်ပါတယ် ။ နောက်ထပ် java post ေတွထပ်မရေးတော့ဘူးလား ။ java ကိုအခုမှ စလေ့လာတဲ့သူအတွက် အရမ်းကို အထောက်အကူဖြစ်ပါ တယ်။ ဆက်ရေးပါလို့ ။ စောင့်မျော်အားပေးနေပါတယ်