Java and For Loop Part II
Java and For Loop Part I မှာ ပြောထားတဲ့အတိုင်း for loop ကိုသုံးပြီး ရေးမယ်ဆိုရင်တော့ ခုလို ရေးလို့ရပါတယ်။
public class loop
{
public static void main(String args[])
{
for(int i=0;i<5;i++)
{
for(int j=0;j<=i;j++)
{
System.out.print("*"+"\t");
}
System.out.print("\n\n");
}
}
}
ကျွန်တော်တို့ လိုချင်တဲ့ output ကိုရဖို့ ဆိုရင်တော့ for loop ကို နှစ်ထပ် (nested loop) သုံးရမှာ ဖြစ်ပါတယ်။ သူ့ရဲ ့
အလုပ်လုပ်တဲ့ ပုံစံကိုလေ့လာ ကြည့်မယ်ဆိုရင် ကျွန်တော်တို့ သိပြီးသား for loop ရေးပုံရေးနည်း နဲ့ ပဲရေးသွားတာပါ။
ဒါပေမယ့် သူက ပထမ loop နဲ့ ဒုတိယ loop ကို တန်ဖိုးချိန်ဆက်ပြီးသုံးသွားတာပါ။ \t ကိုသုံးတာက tab လုပ်မယ်လို့
ဆိုလိုတာပါ \n ဆိုတာက တော့ new line နောက်တစ်ကြောင်းဆင်းမယ်လို့ ပြောလိုက်တာပါ။ဘယ်လိုအလုပ်လုပ်လဲ
ဆိုတာကို သေချာနားလည် အောင် ဖတ်စေချင်ပါတယ်။ စဉ်းစားတတ်တဲ့ အကျင့်လေးကိုမွေးမြုစေချင်တာပါ။
အခြေခံတွေဆိုတာ လွယ်တာမှန်ပေမယ့် သေချာပိုင်နိုင်ရင် ပိုအကျိုးရှိပါတယ်။ ခုဒီရေးသားတဲ့ ပုံစံကိုကြည့်ပြီး နောက်တစ်မျိုး
ရေးကြည့်စေချင်ပါတယ်။
output:
* * * * *
* * * *
* * *
* *
*
ကိုယ်ပိုင် စဉ်းစားပြီးရေးသားရင်းနဲ့ ပဲ ပိုမိုနားလည်နိုင်သွားမှာပါ။ ကျွန်တော်တို့တွေ programming ကိုလေ့လာတဲ့
အခါမှာ ကိုယ်တိုင် ရေးကြည့်ဖို့ကိုမပျင်းစေချင်ပါဘူး။ တကယ်ရေးကြည့်မှသာ အမှန်တကယ် ကြုံတွေ့ရတဲ့ ပြဿနာကို
ကိုယ်တိုင်ဖြေရှင်းနိုင်မှာပါ။တကယ်တော့ for loop က စာကျက်မှတ်ရတာနဲ့ ဆင်ဆင်တူပါတယ်။
သုံးရွက် ရှိတဲ့ စာကိုကျက်မယ်ဆိုရင်။ အကုန်လုံး ကျက်မှတ်မိဖို့ သုံးရွက်လုံး မရမချင်း ကျက်မှတ်ရမှာပါ။ အဲလိုရဖို့
ဆိုရင်တော့ တစ်ရွက်ချင်းဆီက စာတစ်ပုဒ်ချင်းစီကိုလဲ မရမချင်း ကျက်မှတ်ရမှာပါ။ အဲဒီတော့ အတွင်းကစာကိုမရမချင်း
ကျက်တယ်ဆိုတာက အတွင်း loop ပေါ့ဗျာ မရမချင်းဆိုတာက (i<=10) နဲ့တူတာပေ့ါ နောက်တစ်ခေါက်ထပ်ကျက်
ဆိုတာက တော့ တစ်တိုးတာပေါ့ ဗျာ။ အဲဒီလို တစ်ရွက် ရပြန်တော့ နောက်တစ်ရွက်ပေါ့ အဲဒါအပြင် loop ပေါ့ဗျာ။
အပြင် loop အတွက် ကန့်သတ်ချက်ကတော့ စာသုံးရွက်ကိုမရမချင်း ထပ်ခါထပ်ခါ ပေါ့။ နောက် ထပ်ပြီး ဆွေးနွေးလိုတာ
က တော့ for loop ရဲ့ နောက်ထပ် ရေးလို့ရတဲ့ ရေးသားနည်းပုံစံ လေးတွေပါ။
Facebook comments:



ကျေးဇူးတင်ပါတယ်၊ ဆက်လက်ပြီး ရေးသားပေးပါဦး ၊ လေ့လာနေပါတယ်
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ အတူတကွ ဆွေးနွေးသွားကြတာပေါ့။ ပညာရပ်တစ်ခုကို အတူတကွ လေ့လာခြင်းကနေ ပိုကောင်းတဲ့ အကျိုးကျေးဇူးကို ခံစားရမှာပါ။ BrainStorming ပေါ့ဗျာ။ လိုအပ်တာလဲ ရှိကောင်းရှိပါမယ်။ ထောက်ပြပေးပါဦး။