Java and for Loop Part I
ခုဒီအပိုင်းမှာတော့ looping တစ်ခုဖြစ်တဲ့ for loop ကို java program မှာ ဘယ်လိုသုံးလဲ ဘယ်လိုနေရာ၊ ဘယ်လိုအခြေအနေမှာ သုံးလဲဆိုတာကို ကျွန်တော် သိသလောက် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အကြမ်းဖျင်းအားဖြင့် ကျွန်တော်တို့တွေ program ရေးတဲ့အခါမှာ ထပ်ခါထပ်ခါ ဖြစ်နေတဲ့ ကိစ္စမျိုးတွေနဲ့ ရေတွက်ချင်တဲ့ အချိန်တွေမှာ ဆို for loop ကိုသုံးလို့ရပါတယ်။ အခြေခံအားဖြင့် 1 ကနေ 10 အထိ ဂဏန်းတွေကို ရိုက်ပြမယ်ဆိုရင် java မှာဆို System.out.print ကိုသုံးပြီး 1 ကနေ 10 ထိ ရေးပြရမှာပါ။ ဒါပေမယ့် for loop ကိုသုံးမယ်ဆိုရင်တော့ လွယ်ကူသွားပါတယ်။ ရေးသားရမယ့်ပုံစံကတော့ ..
for(initialization; Boolean-expression; step)
{
statement
}//for loop ၏အဆုံးကို compiler သိစေရန်.
java မှာ compiler က for loop ၏ အစနဲ့ အဆုံးကို သိစေဖို့ { နဲ့ စပြီး } နဲ့ ပိတ်ပေးရပါတယ်။
for(int i=1;i<=10;i++)
{
System.out.println("Result value is" + i);
}
ခု ရေးထားတဲ့ for loop ရေးနည်းကို getting started with java အခြေခံ သိပြီးသူများအဖို့ class တစ်ခုဆောက် main method တစ်ခုအတွင်းတွင် ထည့်သွင်း ပြီး run ကြည့်လို့ ရပါပြီ။ အဖြေအနေနဲ့ကတော့ ၁ ကနေ ၁၀ ထိ ဂဏန်းတန်ဖိုးကို ရိုက်ထုတ်ပြမှာပါ။ for loop ရဲ ့ အလုပ်လုပ်ပုံကို လေ့လာကြည့်မယ် ဆိုရင် int i ဆိုတာ variable declaration ပါပဲ i ဆိုတဲ့ integer type variable တစ်ခုကို ကြေငြာလိုက်တာပါ။
- ပထမဦးစွာ i variable ထဲမှာ တန်ဖိုး 1 ကို ထည့်ထားပါမယ်။
- i <= 10 ဆိုတဲ့ နေရာမှာ ( 1 <= 10 ) လို့ မြင်ကြည့်ပါ။ ဘာကြောင့်လဲဆိုတော့ i variable ထဲမှာ 1 ရှိနေလို့ပါ။ ဒါဆို 1 ဟာ 10 ထက ်ငယ်ပါတယ်။ ဒါကြောင့် { } အတွင်းက statement ကို အလုပ်လုပ်မှာပါ။
- အဲတော့ {} အတွင်းမှာက ကျွန်တော်တို့ က System.out.println နဲ့ i ရဲ ့လက်ရှိတန်ဖိုးကို ရိုက်ပြခိုင်းတော့ Result value is 1 ဆိုပြီး ရိုက်ထုတ်ပြပါမယ်။ အဲလို ရိုက်ထုတ်ပြီးတဲ့ အချိန်မှာ for loop ရဲ ့} အပိတ်ကို ရောက်ပါပြီ။
- ခုချိန်မှာတော ့ for loop ဟာ တစ်ကြိမ် အလုပ်လုပ် ပြီးသွားပါပြီ။
- ခုအချိန်မှာ i++ ဆိုတဲ့ သဘောက i ရဲ ့တန်ဖိုးကို 1 ထပ်ပေါင်းမယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ဒါကြောင့် ခုတစ်ကြိမ် ထပ်ပတ်မယ် ဆိုရင်တော့ i ရဲ့တန်ဖိုးဟာ ၂ ဖြစ်နေပါပြီ။ အဲတော့ ၂ ဟာ ၁၀ ထက် ငယ်ပါသေးတယ်။ ဒါကြောင့် statement ကို ဖြေရှင်းတော့ Result value is 2 ဖြစ်သွားပါမယ်။
- ဒီလိုနဲ့ i value ဟာ ၁၀ ဖြစ်တယ်ထိ ရောက်သွားပါတယ်။ ဒီအချိန်မှာ i value 10 ဖြစ်နေတဲ့ အချိန် 10 <= 10 ဆိုတာက 10 သည် 10 ထက် ငယ်ပြီး ညီသလားဆိုတဲ့ အဓိပ္ပါယ်ပါ။ အဲတော့ ၁၀ ဟာ ၁၀ ထက် မငယ်ပေမယ့် ညီတဲ့ အတွက် Result value is 10 ဆိုတာကို ရိုက်ထုတ်ပြဦးမှာပါ။ i++ က တစ်ထပ်ပေါင်းတော့ i က 11 ဖြစ်တဲ့အချိန်မှာ 11 ဟာ 10 ထက် မငယ်လဲ မငယ်တော့သလို ညီလဲ မညီတော့ပါဘူး။ အဲလို အခြေအနေ ရောက်ရင်တော့ for loop ရဲ ့တာဝန်ဟာ ပြီးဆုံးသွားပါပြီ။ ဒါကြောင့် Result value is 11 ဆိုပြီး မပြတော့ပါဘူး။ ဒါဟာ for looping ရဲ့ အလုပ်လုပ်တဲ့ ပုံစံပါ။
for loop အတွင်းမှာ ပဲ နောက်ထပ် for loop ကို ထည့်ရေးလို့ ရပါတယ်။ဒါကို nested loop လို့ ခေါ်ပါတယ်။ ဒီလိုဆို nested loop တစ်ခုကို ကိုယ်ပိုင် တစ်ခုအနေနဲ့ ရေးကြည့်စေချင်ပါတယ်။ ဒါဟာရိုးရှင်းတဲ့ အခြေခံတစ်ခု ဖြစ်ပေမယ့် အလေ့အကျင့်မရှိရင် ရှုပ်ထွေးမှုတစ်ခု ဖြစ်နိုင်ပါ သေးတယ်။ ခုသင်တန်းတွေမှာ လုပ်နေကျတစ်ခုဖြစ်တဲ့ for loop ကိုသုံးတဲ့ ပုံစံတစ်ခုကို ရေးကြည့်စေချင်ပါတယ်။ အဖြေကိုအောက်ပါအတိုင်း ထွက်အောင် ရေးစေချင်ပါတယ်။
output:
*
* *
* * *
* * * *
* * * * *
ဒီပုံစံကိုရသည်အထိ ကိုယ်တိုင်ရေးကြည့်စေချင်ပါတယ်။
Facebook comments:


