Getting Start with Java

Java Program တစ်ပုဒ် စတင်ရေးဖို့ ဘာတွေက စလုပ်ကြမလဲ ?

ကျွန်တော့် အနေနဲ့ကတော့ အောက်ပါ အဆင့်အတိုင်း ဖော်ပြသွားမှာပါ..

  1. Install JDK into Computer
  2. Download And Install IDE (ကျွန်တော် ဒီနေရာမှာတော့ JCreator နဲ့ ပဲ စတင်မှာဖြစ်ပါတယ်)
  3. How to Configure and Run JCreator

JDK နဲ့ JCreator Download and Installation ကိုတော့ ကျွန်တော် အသေးစိတ် မဖော်ပြတော့ပါဘူး။ အားလုံးပဲ အဆင်ပြေ ကြမယ် ထင်ပါတယ်။

ခုဒီနေ ရာမှာတော့ ကျွန်တော် JCreator configuration နဲ့ ဘယ်လို run လဲဆိုတာက စတင်ချင်ပါတယ်။

ပထမဦးစွာ JCreator ကို ဖွင့်ပြီး File Menu အောက်က New ကို နှိပ်ပါ။

Fig 1.1

Fig 1.1 တွင် ပြထားသည့် အတိုင်း Java Classes ကို နှိပ်ပြီး Empty Java File ကို ရွေးပါ။ ပြီး Next ကိုနှိပ်ပါ။ ယခုအဆင့် သည် java program တစ်ပုဒ်စ တင်ရန်အတွက် jcreator မှ file တသစ် ဖွင့်ခြင်း ဖြစ်ပါသည်။

Fig 1.2

Fig 1.2 တွင် ပြထားသည့် အတိုင်း File Name နေရာတွင် Calculator ဟုရိုက်ပါ။ java File Name ပေးရာတွင် စကားလုုံး တစ်လုံးနှင့် တစ်လုံးကြား space character မပါရပါ။

eg. မိမိပေးသော နံမယ်သည် Calculator ဆိုကြပါစို့

  • Cal culator (မှားပါသည် space ပါသောကြောင့်)
  • 12Calculator (မှားပါသည် number နဲ့ စလို့ မရပါ)
  • $Calculator (မှားပါသည် special character ပါ လို့မရပါ)
  • Calculator344 (မှန်ပါသည်)
  • Cal_culator (မှန်ပါသည်)
  • Calculator (မှန်ပါသည်)

ဖိုင်နံမည် ပေးပြီးပါက Finish ကိုနှိပ်ပါ။ ထို့နောက် Fig 1.3 တွင်ပြထားသည့်အတိုင်း ရိုက်ထည့်ပေးပါ။

Fig 1.3

Java သည် case sensitive ဖြစ်သောကြောင့် java program တွင် အကြီးအသေး မှားရေးပါက Error တက်ပါမယ်။

ဥပမာ – public ကို Public အနေဖြင့်ရေးပါက error တက်ပါတယ်။

java တွင် main Class နံမည်သည်လည်း ဖိုင် တည်ဆောက် စဉ်က ပေးခဲ့သော နံမည် နှင့် တူညီရမည်ဖြစ်ပါမည်။

(ie. File Name = Calculator , Main class = Calculator)

public သည် java ၏ access modifier ဖြစ်ပါသည်။ access modifier အကြောင်းကို နောက်ပိုင်းတွင် ပြောပြပါမည်။ java program တွင် class ၏ အစ နှင့်အဆုံးကို compiler သိစေရန် သတ်မှတ် ပေးရပါမည်။ ယခု program တွင် class ၏ အစ ကို { ဖြင့် ပြပြီး အဆုံးကို } ဖြင့် သတ်မှတ် ပါသည်။ ထို့မှသာ compiler မှ class ၏ Scope ကို သိရှိမှာ ဖြစ်ပါတယ်။

Main Method ကြေငြာခြင်း

Main Method ကိုရေးရာတွင် Main Method သည် class scope (ဆိုလိုသည်မှာ class ၏ အစ { နှင့် အဆုံး } အတွင်း) တွင် ရေးရန်ဖြစ်သည်။ class ကဲ့သို့ ပင် Method တွင်လည်း အစနှင့် အဆုံးကို သတ်မှတ်ပေးရန် လိုသည်။ ထို့ကြောင့် Calculator class တွင် main method ကို ထည့်လိုက် သောအခါ fig 1.4 တွင် ပြထားသည့် အတိုင်း မြင်ရမည်ဖြစ်သည်။

Fig 1.4

class တွင် ဖြစ်စေ main method တွင် ဖြစ်စေ အစနှင့် အဆုံး သင်္ကေတ { } ကျန်ခဲ့မည် ဆိုပါက compiler မှ ဘယ်မှာ စပြီး ဘယ်မှာ ဆုံးမှန်းမသိ သောကြောင့် Error တက်မည်ဖြစ်ပါသည်။

java programming သည် OOP (Object Oriented Programming) ဖြစ်သောကြောင့် java program တစ်ခု ကိုရေးရာတွင် တကယ့် အပြင် လက်တွေ့ အတိုင်း စဉ်းစား ပြီးရေးနိုင်ပါသည်။

ဥပမာ – လူအကြောင်း program ရေးမည် ဆိုပါက Class name သည် person အဖြစ် အမည် ပေးနိုင်ပြီး ။ method များမှာ eat() , sleep() အစရှိ သည်တို့ ဖြစ်ပါမည်။

ယခု Calculator program တွင် အဓိက method ကို ကြေငြာထားပါသည်။ ထို method ထဲတွင် output တစ်ခုခုကို Display တစ်ခုခု ပြချင်လျှင် System.out.print(“”); ဖြင့် ပြသ နိုင်ပါသည်။

System.out.print (“This is Calculator Program”); ဟု ရေးရာတွင် English Sentences တစ်ခု တွင် ပြီးဆုံးလျှင် full stop ချပေးရ သကဲ့သို့ ယခု java program တွင်လည်း စာကြောင်းပြီးဆုံး ကြောင်း (;) ကို System.out.print(“”); ၏ အဆုံးတွင် ထည့်ပေးရပါမည်။

ဥပမာ -

JCreator ကို ဘယ်လို Run လဲ ?

ယခု Calculator program ကို output ထုတ်ဖို့ run ကြည့်မယ်ဆိုရင် ပထမဦးစွာ build button ကိုနှိပ်ပြီး compile လုပ်နိုင်ပါသည်။

Build File ကိုနှိပ်ပြီး build လုပ်နိုင်ပါသည်။ error မတက်လျှင် output တွင် process complete ဟုပြသမည်ဖြစ်ပြီး Run project ကိုနှိပ်ပြီး run ကြည့်နိုင်ပါပြီ။

Output တွင် This is Calculator Program ဟုဖော်ပြနေပါလိမ့်မည်။

Variable တွေကို ဘာကြောင့်သုံးရတာလဲ ?

ခု ကျွန်တော် program တစ်ပုဒ်ရေးဗျာ Calculator program ပေါ့။ ဟုတ်ပြီ ဒါဆို calculator ဆိုမှတော့ အပေါင်း အနုတ် အမြှောက် အစား လုပ်လို့ ရရမှာပေါ့။ ဒါဆိုိ ခု ကျွန်တော် အထက်က program ထဲမှာ အပေါင်း အတွက် ရေးမယ်ဗျာ။ အဲမှာတင် ကျွန်တော် ကိုယ့်ကိုယ် ကို မေးခွန်း ပြန်မေးရပြီ။ ဟုတ်ပြီ ပေါင်းတာက ပေါင်းလို့ရတယ်။

  1. ဒါဆို ဘာတွေကို ပေါင်းမှာလဲ ?
  2. ဟုတ်ပြီ ဒါဆို အဲ ဂဏန်းတွေက ဘယ်က ရမှာလဲ။
  3. အဲ ရထားတဲ့ ဂဏန်းတွေကို ဘယ်မှာ သိမ်းထားမလဲ။

ကဲ ပထမအဆင့် အနေနဲ့ ကျွန်တော်တို့ ၃ နဲ့ ၄ ကို program ထဲမှာပေါင်းကြည့်ကြစို့ ။ calculator program ထဲက main method ထဲမှာ ကျွန်တော်တို့ စိတ်တိုင်းကျ message ထုတ်ပြလို့ ရတဲ့ System.out.print(3+4); ဆိုပြီး ပြင်ရေးကြည့် ရအောင်။

public class Calculator
{

        public static void main(String args[])
        {
                 System.out.print(3+4);
        }

}

ပြီး run ကြည့်မယ်ဗျာ။ output မှာ 7 ဆိုပြီးပြတယ်။ ဟုတ်ပြီ ဒါဆို + လေးက ဂဏန်းကို ပေါင်းပေး နိုင်တယ် ။ အိုကေ ဒါဆို နောက်တစ်ဆင့် တက်ရအောင် ခု ကျွန်တော် ဂဏန်းတွေကို ဒီ program သုံးမယ့် လူဆီက နေ တောင်းကြည့်မယ်။ ကဲ ဘယ်လိုတောင်းမလဲ။ ဟုတ်ပြီ ဒီနေရာမှာ ကျွန်တော်တို့ ထပ်စဉ်းစားရမှာက user ဆီက နေ တောင်းရမှာက ဂဏန်း နှစ်ခု ဗျ။ ဟုတ်ပြီ ဘယ်လိုသိမ်းမလဲ။

မထမတစ်ခု ကို ကျွန်တော် က first ဆိုတဲ့ variable လေးထဲမှာ သိမ်းမယ်။ နောက်တစ်ခု ကို second ဆိုတဲ့ variable လေးထဲမှာသိမ်းမယ်။ user ဆီက လာမယ့် တန်ဖိုး ကို ခဏမေ့ထားပြီး first and second variable တွေထဲကို အစမ်းသဘောနဲ့ ၃ နဲ့ ၄ ကိုထည့်ပြီး ပေါင်းကြည့် ရအောင်။

အိုကေ java မှာ variable ကြေငြာမယ်ဆိုရင်…

int first =3;

ခု ကျွန်တာ် တို့က number (integer) ကိုသိမ်းမှာ မို့ int ဆိုတဲ့ keyword လေးကိုသုံးမယ် ပြီးတော့ သူ့အတွက် နံမယ် ကို first လို့ပေးရမယ် အဲ သူ့ ထဲ ကိုတော့ 3 ဆိုတဲ့ value လေးထည့်လိုက်မယ်ဆိုရင် int first=3; ဖြစ်သွားမယ်။ အော်ပြီးဆုံးကြောင်းလေး (;) တော့ ထည့်ပေးရမယ်ဗျ။

int second=4;

ဆိုပြီး ဒုတိယတစ်ခုအတွက် ကြေငြာမယ်ဗျာ။ ပြီးရင် System.out.print(first+second); လို့ပြင်မယ်။ အဲ ခုလို ဆိုရင်တော့ program က ဒီလို ဖြစ်သွားပြီ။

နောက်ဆုံးအဆင့်အနေနဲ့ ကျွန်တော်တို့ က user ဆီက value ကိုယူမယ် ဗျာ နောက်ပြီးခုလို ပေါင်းကြမယ်။ java မှာ user ဆီက value ကို Scanner class ရဲ ့အကူအညီနဲ့ ယူလို့ရတယ်ဗျ။

ခုဒီတစ်ကြောင်းကို program ထဲထည့်မယ်ဗျာ. java.util.Scanner ဆိုတာ java ရဲ့ ready made class ပဲဗျ။သူ့ကို ဘယ်လို ခေါ်ရသလဲ ဆိုတော့ object အနေနဲ့ ခေါ်ရမယ်။

new ဆိုတဲ့ keyword လေးက object တစ်ခု ဆောက်လိုက်တာပဲဗျာ။ ဒါပေမယ့် ကျွန်တော်တို့ က အခွံကြီးမလိုချင်ဘူး ဗျ system ထဲ ၀င်လာသမျှကို ဖတ်နိုင်တဲ့ scanner ကိုလိုချင်တာ ဒါကြောင့် ညာဖက်ခြမ်းက Scannerထဲမှာ System.in ဆိုပြီး System ထဲကိုဝင်လာတဲ့ ဟာကိုဖတ်ခိုင်းတာ။ ဟုတ်ပြီ ဒါပေမယ့် အဲ scanner ကြီးကို နောက်ထပ် အသုံးပြုဖို့ နာမည် ပေးရမယ်။ ဒါမှ သူ့ကိုခေါ်လို့ ခေါ်မှန်းသိမှာ ကျွန်တော်က ခု ဒီမှာ scan ဆိုပြီးနံမည် ပေးလိုက်တယ်။

ဒီနေရာမှာ scan လို့ နံမည်ပေးထားတဲ့ Scanner class ကြီးက System ထဲဝင်လာတဲ့ တန်ဖိုးတွေကို ဖတ်ထားပေးပြီးပြီ။ ကျွန်တော်တို့ ကသူ့ဆီက တော့ ပြန်တောင်းရမယ် ဘာတွေ ဖတ်ထားလဲ ဆိုတာ။ ဒီတော့ ပထမဆုံး user ဆီက first number တောင်းမယ် user သိတောင် program က ပြနိုင်ရမယ် ဒီတော့

System.out.print နဲ့ first number အတွက် တောင်းတယ်။ ပြီး သူတောင်းလို့ ရထားတဲ့ number ကို int first = scan.nextInt(); နဲ့ first ထဲ ထည့်လိုက်တယ်။ second အတွက်လဲ အလားတူပဲ။

အဲတော့ သူ့ဆီကနေ first and second အတွက် value နှစ်ခု က first နဲ့ second variable ထဲမှာ ရောက်နေပြီ။ ပြီးရင် System.out.print နဲ့ ပြန်ပြမယ်။

သူ့ကို run လိုက်ရင်

please enter first number ပေါ်လာမယ် 3 ရိုက်မယ် enter နှိပ်မယ်။

please enter second number ပေါ်လာမယ် 4 ရိုက်မယ် enter နှိပ်မယ်။

ဒါဆို သူက 7 ဆိုပြီး အဖြေထုတ် ပြလိမ့်မယ်။

ခု 7 လို့ပေါ်နေတာ ကို your result is 7 လို့ ပေါ်ချင်ရင်တော့ ရေးတတ်မယ် ထင်ပါတယ်။

Next နောက်တစ်ရွက်သို့

Facebook comments:

2 Responses

  1. [...] Back To Getting Start With Java [...]

  2. [...] Next Java Hibernate: Intro – NEXT » [...]

Leave a comment


*