Getting start with Java Part II
Calculator Program မှာတုန်းက ပြောထားတဲ့ အတိုင်း ပေါင်းထားတဲ့ အဖြေမထွက် မချင်း user input မမှန်မချင်း
ကျွန်တော်က user ဆီက input ကိုထပ်ကာထပ်ကာ တောင်းစေချင်ရင် တော့ ဒီလိုပုံစံနဲ့ ရေးလို့ရပါတယ်။
public class Calculator { public static void sum() { try{ java.util.Scanner scan = new java.util.Scanner(System.in); System.out.print("please enter first number"); int first=scan.nextInt(); System.out.print("please enter second number"); int second= scan.nextInt(); System.out.println(first+second); }catch(Exception ae) { sum(); } } public static void main(String args[]) { sum(); } }ဒီနေရာမှာ ကျွန်တော်တို့ တောင်းထားတဲ့ input value ကို user က ရိုက်ထည့်တာ မမှန်ခဲ့ရင် catch မှာ exception
မိပါတယ် အဲ ဒီအချိန်မှာပဲ sum() method ကို ပြန်ခေါ်လို့ရပါတယ် ဒီလိုဆို ထပ်ခါထပ်ခါ user input မမှန်မချင်း
input value တောင်းနေမှာပါ။ခုတစ်ခေါက် ကျွန်တော်တို့ စာမေးပွဲ အအောင်အရှုံးစစ်တဲ့ program လေးတစ်ပုဒ်လောက်ရေးကြည့်ရအောင်။ ခုကျွန်တ်ာရေးမယ့်အတိုင်း
ရေးဖို့ ဆိုရင်တော့ ပထမဆုံး စာမေးပွဲအအောင်အရှုံး စစ်ဖို့ အတွက် Calculator program တုန်းက သုံးထားပြီးဖြစ်တဲ့
- User Input ဘယ်လိုတောင်းရလဲ ဆိုတာရယ်။
- Variable ကိုဘာလို့ သုံးလဲဆိုတဲ့ သဘောတရားရတယ်
- Try Catch block ကို ဘာကြောင့်သုံးရတယ် ဘယ်လိုသုံးရတယ် ကိုသိရမယ့် အပြင်
ခုထပ်ပြီးသိရမှာက (if condition) ဖြစ်ပါတယ်။ if ... else အလုပ်လုပ်ပုံကို အရင် လေ့လာပြီး ရေးကြည့်နိုင်ပါပြီ။
မြန်မာလို စဉ်းစားလျှင်
တကယ်လို့(အမှတ်က လေးဆယ်နှင့်ညီပြီးကြီးလျှင်)
{
စာမေးပွဲအောင်သည်။
}
မဟုတ်လျှင်
{
စာမေးပွဲကျသည်။
}
|
program လိုရေးလျှင်
if(mark >= 40)
{
Pass the exam.
}
else
{
Fail the exam
}
|
တစ်ခါတစ်ရံတွင် နှစ်ခုထက် မကသော အခြေအနေများအတွက် if ... else if ... else အစရှိသဖြင့် ရေးနိုင်ပါသည်။
eg.
if(mark>100) { System.out.println("Invalid Marks"); } else if(mark<0) { System.out.println("Invalid Marks"); } else if(mark>=40) { System.out.println("Pass the exam"); } else { System.out.println("Fail the exam"); }Calculator Example အတိုင်း Exam program တစ်ကို ကို ရေးကြည့်နိုင်ပါသည်။ Calculator Program ကို
အခြေခံပြီး ရေးမည်ဆိုလျှင်public class Calculator { public static void sum() { try{ java.util.Scanner scan = new java.util.Scanner(System.in); System.out.print("please enter Your Mark"); int first=scan.nextInt(); if(first>=40) { System.out.println("Pass the exam"); }else { System.out.println("Fail the exam"); } }catch(Exception ae) { System.out.println("Invalid marks"); } } public static void main(String args[]) { sum(); } }ယခု program ကိုကြည့်ပြီး if else condition ကိုသုံးကာ မိမိကိုယ်တိုင် ဖန်တီးထားသော exam program
တစ်ပုဒ်ကို ရေးနိုင်ပါသည်။
Facebook comments:



အစ်ကိုရေ့ဆက်ရေးပါအုံးဗျ ကျွန်တော်အခုမှနည်းနည်းရှင်းသွားတာ ကျေးဇူးဘဲ
အစ်ကို့ကိုဘယ်လိုဆက်သွယ်လို့ရမလဲ အီးမေးပေးပါလား မသိတာလေးတွေမေးချင်လို့
ခုလို အားပေးတာ ကျေးဇူးတင်ပါတယ်။ ကျွန်တော်လဲ ဆက်ရေးဖို့ ရှိပါတယ် ခုလောလောဆယ် မအားသေးလို့ မရေးဖြစ်သေးတာပါ။ ခုလဲ ကျွန်တော်ဆက်ရေးမှာပါ။ ကျွန်တော်အတတ်နိုင်ဆုံး အားလပ်တဲ့ အချိန်တိုင်း ဆက်ရေးသွားမှာပါ။ မေးမြန်းဖို့ ကတော့ ကျွန်တော်တို့ ဆိုက်ရဲ ့တာဝန်ရှိသူတွေနဲ့ တိုင်ပင်လိုက်ပါဦးမယ် ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။