Java Absolute Beginner [PartI]

ကျွန်တော် ဒီ tutorial တွေကို beginner တွေအတွက် ရည်ရွယ်ပြီး ရေးသားခြင်း ဖြစ်ပါတယ်။ တစ်ခုတော့ရှိပါတယ် ဒီ tutorial ကို ဖတ်နေတဲ့သူဟာ programming language ဆိုတာဘာလဲ၊ ဘယ်လိုနေရာတွေမှာ သုံးသလဲ ဆိုတဲ့ knowledge တော့ ရှိပြီးဖြစ်တယ်လို့ ယူဆမှာဖြစ်ပါတယ်။ တကယ်လို့များ အဲလိုကို လုံးဝမသိတဲ့သူ ပါတယ်ဆိုရင်လည်း အောက်မှာ comment ပေးပြီးမေးနိုင်ပါတယ်။

Java နဲ့ပတ်သက်ပြီး ဘယ်လိုကောင်းကြောင်း ဘယ်လို powerful ဖြစ်ကြောင်းတွေကို ကျွန်တော်မပြော တော့ပါဘူး။ အရှင်းဆုံး အနေနဲ့ java ဆိုတာ Object Oriented Programming language (OOP) တစ်ခုဖြစ်တယ် ဆိုတာသိထားရင် လုံလောက်ပါပြီ။ ဒါပေမဲ့ တစ်ခုတော့ ပြောချင်တယ်ဗျ။ အရင်က ကျွန်တော်တို့တွေ ကွန်ပျူတာ ခိုင်းသမျှကို လုပ်ခဲ့ကြတယ်။ အခုအချိန်ကစပြီး ကွန်ပျူတာကို ပြန်ပြီး ခိုင်းကြစို့ဗျာ။
Java မှာ main အနေနဲ့ ခွဲထားတာ ၃ မျိုးရှိပါတယ်။

  1. J2SE ( Java 2 Standard Edition)
  2. J2ME (Java 2 Mobile Edition/Micro Edition)
  3. J2EE (Java 2 Enterprise Edition)

ပထမ အချက်အရ J2SE (Java 2 Standard Edition) ဆိုတာ အရှင်းဆုံးပြောရရင် Desktop Application တွေရေးတဲ့ နေရာမှာ သုံးတာပါ။ ကျွန်တော့ tutorial တွေမှာ အဲဒီ J2SE ကိုပဲ အဓိက ထားပြီး ရေးသွာမှာ ဖြစ်ပါတယ်။
ဒုတိယအချက် အနေနဲ့ J2ME (Java 2 Mobile Edition) ဆိုတာကတော့ mobile device တွေအတွက် သုံးတာပါ၊ အဓိကအားဖြင့် ဖုန်းတွေမှာ တွေ့နိုင်ပါတယ်။ Smart Phone တွေမပေါ်ခင် ကတည်းက Java phone တွေကို တွင်တွင်ကျယ်ကျယ် သုံးနေကြတာပါ။
နောက်ဆုံး တစ်ခု J2EE (Java 2 Enterprise Edition) က Web application တွေအတွက်ပါ။ ဥပမာ ecommerce လိုဟာမျိုးတွေ Search engine လိုဟာမျိုးတွေ ပေါ့ဗျာ။
ကြားဖြတ် အနေနဲ့ ကျွန်တော် compiler အကြောင်းကို အနည်းအကျဉ်းလောက် ပြောပြချင်တယ်ဗျ။ Programming language တော်တော်များများမှာ compiler ရှိပါတယ်။ တော်တော်များများ ဆိုပေမယ့် အားလုံးနီးပါးပါပဲ။ scripping language တွေကလွဲရင် compiler ကိုသုံးကြပါတယ်။
အများကြီးတော့ အရေးမကြီးလှပါဘူး သိထားအောင်လို့ ပြောပြတာပါ။ မဖတ်ချင်ရင်တော့ ဒီတစ်ပိုဒ်ကို ကျော်လိုက်ပေါ့။ Compiler ဆိုတာ ကျွန်တော်တို့ Progamming language တွေသုံးပြီး ရေးလိုက်တဲ့ code တွေကို စက်နားလည်တဲ့ ဘာသာစကား အဖြစ်ပြန်ပြောင်း ပေးတဲ့ကောင်ပါ။ ဥပမာ အနေနဲ့ ​ပြောရရင် စကားပြန်လိုပေါ့ဗျာ။ အဲဒီ compiler မှာလည်း သုံးမျိုးရှိသေးတယ်ဗျ။

  1. Compiler
  2. Interpreter
  3. Hybrid Interpreter ဆိုတာတွေပေါ့ဗျာ။

ဘာကွာလဲဆိုတော့ Compiler က native code တွေ ထုတ်ပေးတယ်။ Interpreter တွေက Byte Code တွေ ထုတ်ပေးတယ်။ ဘာတွေလဲ မသိဘူးဆိုပြီး ခေါင်းကုတ်နေပြီလား။  ရှင်းပြမှာပေါ့ဗျာ။ native code ဆိုတာက C တို့ C++ တို့က ထုတ်ပေးတဲ့ code မျိုးဗျ။ မြင်ဖူးကြမှာပါ .exe file တွေလေ။ အဲဒီ ဖိုင်တွေက windows မှာပဲ run လို့ရတယ်။ Windows မှာပဲ အလုပ်လုပ်တယ်ပေါ့ဗျာ။ အဲဒါ executable  Native code တွေဖြစ်နေလို့လေ။ Byte code ဆိုရင်တော့ အဲလိုမဖြစ်ဘူးဗျ။ ဘာလို့လဲ ဆိုတော့ သူက စက်တိုင်း နားလည်တဲ့ code တွေဖြစ်နေလို့လေ။ Platform independence ဆိုတာ အဲဒါကို ပြောတာဗျ။ Windows မှာ run မလား၊ Mac မှာ run မလား၊ Linux မှာ run မလား အကုန်ရတယ်။ စဉ်းစားဖူးလားတော့ မသိဘူး ကမ္ဘာပေါ်မှာလည်း လူသားတိုင်း နားလည်တဲ့ ဘာသာစကား တစ်မျိုးရှိတယ်ဗျ။ လက်ဟန် ခြေဟန်နဲ့ ပြောတဲ့ ဘာသာစကားလေ။
Java က Hybird Interpreter ကို သုံးတယ်ဗျ။ အဲဒီ Interpreter ရဲ့နာမည်က JVM လို့ခေါ်တယ်။ သူ့ရဲ့ အရှည်ဖြန့် က Java Virtual Machine ပါ။ သူကဘာလုပ်လဲဆိုတော့ ကျွန်တော် အပေါ်မှာ ပြောခဲ့သလိုပဲ ကျွန်တော်တို့ ရေးလိုက်တဲ့ Java code တွေကို စက်နားလည်းတဲ့ code တွေအဖြစ် ပြောင်းပေးတယ်။ Byte code တွေထုတ်ပေးတယ် ပေါ့ဗျာ။ JVM အကြောင်းကို အဲလောက် သိထားရင် ရပါပြီ။ ဒီထက်ပိုပြီး သိချင်တယ်ဆိုရင် ကျွန်တော့ကို ပြန်မေးလို့ရပါတယ်။
ဒါတွေက Java နဲ့ပတ်သက်ပြီး အခြေခံ သိထားသင့်တာလေးတွေပါ။ ကျွန်တော် Java နဲ့ပတ်သက်ပြီးတော့ Windows GUI ရောက်တဲ့အထိ ဆက်ရေးသွားမှာပါ။ အခု ဒီ post ကို ကျွန်တော် ဒီနေရာမှာ ရပ်ထားပါ့မယ်။ နောက်တစ်ခေါက် ရေးမယ့် post မှာ ကျွန်တော် Java အတွက် Development Environment စပြီး တည်ဆောက်ပါ့မယ်။

Facebook comments:

4 Responses

  1. Si Thu Aung says:

    Hi,
    brothers & sis from Myanmar Tutorials.

    I want to ask a question about Microsoft SQL Server installation error.But I don’t know where I can ask. So,I am sorry.I ask my question here.

    My error is reporting service error.It shows as you already have same instance name
    and reporting service will not be installed.

  2. THIHA says:

    Please answer for that, Ko Zaw Min Soe. We are not familiar with Microsoft SQL Server.

  3. Zawmin says:

    တက်နေတဲ့ Error လေးကိုပုံလေးနဲ့တကွ. email ထဲကိုပို့ပေးပါလား။
    email က dk92ster@gmail.com ပါ။
    ဘာဖြစ်တယ်ဆိုတာ မမြင်ရတော့ သေချာတပ်အပ် ပြောလို့မရဖြစ်နေတယ်။
    ဒါမှမဟုတ် MSSQL Server 2008 Installation သွင်းပုံကို ကူညီပေးရမလား။

  4. Si Thu Aung says:

    Thanks a lot for your pay attention and help.
    I’ll sent you my error with step by step.

Leave a comment


*