Java Absolute Beginner [Part 2]
ကျွန်တော် အရင် Post မှာတုန်းက Development Environment တစ်ခု တည်ဆောက်မယ်လို့ ပြောခဲ့တယ်ဗျ။ အဲဒီတော့ အခု ကျွန်တော်တို့ Java အတွက် Play ground တစ်ခု ဖန်တီးကြတာပေါ့။
ပထမဆုံး ကျွန်တော် လိုအပ်တဲ့ file တွေကို ပြောပြပါ့မယ်။
- J2SDK ( http://download.oracle.com/otn-pub/java/jdk/6u30-b12/jdk-6u30-windows-i586.exe )
- Notepad++ ( http://notepad-plus-plus.org//download/ ) or Sublime ( http://www.sublimetext.com/dev )
သိပ်များများ မလိုပါဘူး။ အဲဒီ file တွေရှိရင် အဆင်ပြေပါပြီ။ ပြီးတော့ အခု ကျွန်တော်တို့ သုံးမယ့် Application တွေအားလုံးက Free and Open Source တွေပါ။ စိတ်ရှင်းရှင်း နဲ့ သုံးလို့ ရပါတယ်။
Programming Language တစ်ခုကို လေ့လာနေပြီဆိုတော့ ကျွန်တော် အဲဒါတွေကို Install မလုပ်ပြတော့ပါဘူး။ မလုပ်တတ်ရင်တော့ ကျွန်တော့ကို comment ပေးပြီး ပြန်မေးပေးပါ။ ကျွန်တော် ပြောပြပါ့မယ်။ အဲ တစ်ခုတော့ ကျွန်တော် ပြောပြရမယ်ဗျ။ Environmental Variable ကြေငြာတဲ့ ပုံစံကိုတော့ ကျွန်တော် လုပ်ပြမယ်။
အရင်ဆုံး အဲဒါမလုပ်ခင် ဘာကွာလဲဆိုတာ သိရအောင် တစ်ခုလောက် လုပ်ကြည့်စို့ဗျာ။ Command Prompt ( run>cmd ) ကိုဖွင့်ပြ javac
လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ။ ( javac ဘာလဲဆိုတာ ကျွန်တော် နောက်မှ ပြောပြပါ့မယ်။ လောလောဆယ်တော့ javac ဆိုတာ ကျွန်တော်တို့အတွက် အသုံးဝင်တယ်လို့ပဲ ခဏမှတ်ထားပါ။ ) အဲဒီမှာ javac ကို မသိတဲ့ အကြောင်း Command Prompt က ပြောလိမ့်မယ်။ အောက်မှာ ကျွန်တော် အောက်မှာ ပြထားတယ်ဗျ။
အဲဒါဆို သိအောင် လုပ်ကြည့်မယ်ဗျာ။ ဪ ကျွန်တော် Java ကို C: ထဲမှာ install လုပ်ထားတယ်လို့ ယူဆပါ့မယ်။ Command Prompt ထဲမှာပဲ cd/ ပြီးရင် Enter ခေါက်လိုက်ပါ။ ပြီးရင် cd “Program Files” Enter, cd Java Enter ပြီးရင် အဲဒီနေရာမှာ dir ဆိုပြီး Enter ခေါက်ကြည့်လိုက်ပါ။ အဲဒီမှာ jdk1.6. နဲ့စတာ တစ်ခု တွေ့လိမ့်မယ်။ ကျွန်တော့ ဆီမှာတော့ jdk1.6.0_05 လို့ပေါ်နေတယ်။
အဲဒါကြောင့် ကျွန်တော် cd jdk1.6.0_05 လို့ရိုက်ပြီး Enter ခေါက်လိုက်တယ်။ ပြီးတော့ cd bin Enter ။ အခုဆိုရင် အောက်မှာ ကျွန်တော် ပြထားတဲ့အတိုင်း ဖြစ်နေရမယ်နော့။
အဲဒီနေရာမှာ ခုနက ကျွန်တော်တို့ ရိုက်ကြည့်ခဲ့တဲ့ javac ဆိုတာလေး ပြန်ရိုက်ပြီး Enter ခေါက်ကြည့်လိုက်ပါ။ တွေ့ပါလိမ်မယ် ဘာမှန်းမသိတဲ့ စာတွေ ဝေါကနဲ ကျလာလိမ့်မယ်။ ကျွန်တော် ပြထားသလိုလေ။
အဲဒါပဲဗျ။ ကျွန်တော်တို့ javac ကိုခေါ်ချင်တိုင်း အဲလိုတွေ အဆင့်ဆင့် သွားနေရမယ်ဗျာ။ သွားမလား။ ကျွန်တော်ကတော့ မသွားသေးဗျာ။ အဲလိုမသွားချင်တော့ ကျွန်ကတော့ မသွားရအောင် Environmental Variable ကြေငြာပေးလိုက်တယ်။ အဲလိုကြီး သွားရမှာ မသွားချင်ရင်တော့ ကျွန်တော် လုပ်သလို လိုက်လုပ်ကြည့်ပေါ့။
C:/ ထဲက Program Files/Java/jdk1.6.0_05/bin ထဲကို သွားလိုက်ပါ။ ပြီးရင် Address Bar မှာ Right Click နှိပ်ပြီး Copy Address လုပ်လိုက်ပါ။
ပြီးရင် My Computer icon ကို Right Click နှိပ်ပြီး Properties ကို ရွေးပါ။ Advanced System Settings ထဲကို သွားပါ။ ပြီးရင် အောက်ဆုံးနားမှာ Environmen Variables ဆိုတာရှိတယ်။ အဲဒါကို နှိပ်လိုက်ရင် ပုံမှာ ပြထားသလို ပေါ်လာလိမ်မယ်။
အပေါ်က User Variable ဆိုတဲ့ အထဲမှာ path ဆိုတာ ရှိလိမ့်မယ်။ ရှိရင် Select လုပ်ပြီး Edit ကိုနှိပ်လိုက်ပါ။ ပြီးရင် အဲဒီထဲမှာ ရှိတဲ့စာသားရဲ့ နောက်ဆုံးမှာ ; ဆိုတာလေးရှိမရှိ ကြည့်ပါ။ မရှိရင် ထည့်ပေးပြီး ခုနက ကူးလာတဲ့ address ကို paste လုပ်ပေးလိုက်ပါ။ ; ရှိရင်တော့ ဒီတိုင်း past လုပ်လိုက်ပါ။ အဲဒီထဲမှာ path ဆိုတာမရှိရင် New ဆိုတဲ့ Button ကို နှိပ်ပြီး Variable name ထဲမှာ path လို့ရိုက် Variable value ထဲမှာ address ကို paste လုပ် OK OK OK နှိပ်ပြီး ထွက်လို့ ရပါပြီ။
အပေါ်ကွက်က User Variable နဲ့ အောက်ကွက်က System Variable နဲ့ ဘာကွာလဲ ဆိုတော့ အပေါ်ကဟာက လက်ရှိ Login ဝင်ထားတဲ့ user တစ်ယောက်တည်း အတွက် ကြေငြာတာပါ။ အောက်က အကွက်ကဟာကတော့ ဒီ Computer ကို သုံးတဲ့ user အားလုံးအတွက် ကြေငြာတာပါ။
ကဲ အခု command promp ကို ပိတ်ပြီး ပြန်ဖွင့် လိုက်ပါ။ ပြီးတော့ javac ဆိုတာ ရိုက်ပြီး Enter ခေါက်ကြည့်စမ်းပါဗျာ။ ခုနက ကျွန်တော်ပြောတဲ့ ဘာမှန်းမသိတဲ့ စာတွေ တက်လာလိမ့်မယ်။ ခုဆို ကြိုက်တဲ့ နေရာကနေပြီး javac ကို ခေါ်လို့ ရပြီဗျ။ အဲတော့ javac ဆိုတာဘာလဲ ကျွန်တော် ပြောပြပါ့မယ်။ javac ဆိုတာ java compiler ကို ပြောတာဗျ။ ကျွန်တော်တို့ ရေးထားတဲ့ java code တွေကို compile လုပ်ပေးမယ့်ကောင်လေ။
ကျွန်တော်တို့ရဲ့ Play Ground ကြီး တည်ဆောက်လို့ ပြီးသွားပြီဆိုတော့ ခဏလောက် ဝင်ကစားကြည့်ကြစို့ဗျာ။ code လေး 3, 4 ကြောင်းလောက်ရေးမယ်။ Text Editor တစ်ခု ဖွင့်လိုက်ပါ။ Notepad ဖြစ်ဖြစ် Notepad++ ဖြစ်ဖြစ် Sublime ဖြစ်ဖြစ် တစ်ခုခုပေါ့ဗျာ။ ကျွန်တော်ကတော့ Sublime ကို သုံးမယ်။ ပြီးရင် အောက်က code တွေကို ကူမထည့်နဲ့ဗျ။ ကိုယ့်ဟာကိုယ်ရေး။ ;-D ထုံးစံအတိုင်း လောကကြီးအား နှုတ်ဆက်မယ် hello ပေါ့ဗျာ။
class Beginner{
public static void main(String[] args){
System.out.println("Hello World!");
}
}
Code တွေရေးပြီးရင် Beginner.java ဆိုပြီး save လိုက်ပါ။ နာမည်ပြောင်းလို့ မရဘူးနော်။ class ဆိုတဲ့ စာလုံးရဲ့နောက်မှာ ရေးထားတဲ့ စာလုံးနဲ့ File name က မတူလို့မရဘူး။ အကြီး အသေးကစ တူရမယ်ဗျ။ ပြီးတော့ ဒီလိုလုပ်ဗျာ ကျွန်တော်တို့ အတူတူ ဖြစ်သွားအောင် D: ထဲမှာ JavaBeginner ဆိုပြီး Folder တစ်ခု ဆောက်လိုက်ပါ။ အဲဒီထဲမှာ ကျွန်တော်တို့ ရေးတာတွေ save ရအောင်။ အဲတော့ အခု ကျွန်တော်တို့ရေးထားတဲ့ code ကို D: ထဲက JavaBeginner ဆိုတဲ့ floder ထဲမှာ Beginner.java ဆိုတဲ့ နာမည်နဲ့ save ရအောင်ဗျာ။
ပြီးရင် Command Prompt ထဲကို ဝင်ပြီး JavaBeginner ဆိုတဲ့ Folder ထဲကို သွားမယ်။ D: ပြီးရင် Enter ခေါက်ပါ cd JavaBeginner ပြီး Enter ခေါက်ပါ ။ အဲဒါဆို ကျွန်တော်တို့ ခုနက save ထားတဲ့ Folder ထဲကို ရောက်နေပြီ။ ကျွန်တော်တို့ ရေးထားတဲ့ code ကို ခုနက javac ဆိုတာ သုံးပြီး compile လုပ်မယ်။ javac Beginner.java ဆိုပြီး enter ခေါက်လိုက်ရင် မှန်ရင် အောက်ကလိုပြမယ်။ မှားနေရင်တော့ ဘယ်နားမှာ error တက်နေတယ်ဆိုတာ လာပြလိမ့်မယ်။
အဲဒါပြီးရင် Command Prompt ထဲမှာပဲ java Beginner ဆိုပြီး Enter ခေါက်ကြည့်လိုက်ပါ။ ခုနက ကျွန်တော်တို့ ရေးထားတဲ့ code ထဲက Hello World! ဆိုတာလေး ပေါ်လာတယ်ဗျာ။ အဲဒါဆို နည်းနည်း စဉ်းစားမိပြီထင်တယ် Hello World! နေရာမှာ ကိုယ်ပေါ်စေချင်တဲ့ စာတွေရိုက်ထည့်လို့ ရတယ်ဆိုတာလေ။ နှစ်ကြောင်းပေါ်ချင်ရင် System.out.println(); ကို နှစ်ကြောင်း ရိုက်ပေါ့ဗျာ။ ဪ ပြီးတော့ JavaBeginner ဆိုတဲ့ Folder ထဲကို သွားကြည့်လိုက်ပါဉီး။ Beginner.class ဆိုတဲ့ file တစ်ခုရောက်နေလိမ့်မယ်။
* * * * *
* * * * *
* * * * *
*
* * *
* * * * *
* * *
*
အဲဒါမျိုးလေးတွေ ပေါ်အောင် ရေးကြည့်ပါလား။ ပျော်စရာကောင်းပါတယ်။
ဘာတွေရေးသွားလဲ ဘာကြောင့်ရေးလဲ ဘာတွေ လုပ်သွားတယ်ဆိုတာ ကျွန်တော် နောက် Post တွေမှာ ဆက်ရှင်းသွားပါ့မယ်။ ကျွန်တော် ဒီ Post ကို ဒီမှာ ရပ်ပါ့မယ်။
Facebook comments:







