အင်တာနက် ကွန်မြူနီတီနဲ့ ဆိုင်ဘာဘူလီ
အမေရိကန်ပြည်ထောင်စုမှာ လေ့လာမူစစ်တမ်းတစ်ခု ပြုခဲ့ပါတယ် ။ အဲဒါကတော့ ကလေးတွေကို အနိုင်ကျင့်တတ်တဲ့ ကလေးကြီးတွေကို သုတေသနပြုခဲ့တာပါ ။ လေ့လာတွေ့ရှိချက်တွေအရ အဲဒီအနိုင်ကျင့်တတ်တဲ့ ကလေးတွေဟာ အဆင်မပြေတဲ့ မိသားစုက ဖြစ်တတ်တယ်ဆိုတာပါပဲ ။ မိဘကကွဲနေတာတွေ ၊ အဆင်မပြေတဲ့ မိသားစုက လာတာတွေ ၊ မိစုံ ဖစုံမဟုတ်ပဲ တစ်ဦးတည်း(single parent) က လူတွေဖြစ်နေတာကို တွေ့ရှိရတာပါ ။ ပြောရရင်တော့ ချစ်ခြင်းကောင်းကောင်း မခံရတဲ့ ကလေးတွေပေါ့ ။
ဒီနေရာမှာ ကျွှန်တော် ဆိုလိုချင်တာက မိဘမဲ့ ၊ မိဘတစ်ဦးတည်းရှိပေမယ့် ကောင်းတဲ့သူတွေအများကြီးရှိပါတယ် ။ ဆိုးနေတဲ့သူတွေ ရဲ့ အခြေခံကို ပြောပြတာပါ ။ ဒီဆောင်:ပါးကို မရေးခင်တော်တော်စဉ်းစားပါသေးတယ် ။ ရေးသင့်ပြီထင်လို.ရေးလိုက်တာပါ ။ ဒီဆောင်:ပါးရေးဖြစ်ဖို. နစ်ပေါင်းများစွာ အချိန်ယူခဲ့ရပါတယ် ။ အဲဒီအတွက် သေချာဖတ်ပါလို. စာဖတ်သူတွေကို ပန်ကြားလိုပါတယ် ။
ဂရုစိုက်တာခံချင်
ဂရုစိုက်မူကို လူတိုင်းကလိုချင်ကြပါတယ် ။ တစ်ယောက်တည်းနေနိုင်တဲ့ သူဆိုတာမရှိပါဘူး ။ အဲဒီကလေးတွေမှာ မိဘ ၊ ဆွေမျိုးအသိုင်းအဝိုင်းက ၊ အပယ်ခံရတာတွေများပါတယ် ။ အတန်:တည်းမှာ ဆိုးတဲ့သူတွေ ၊ ဆရာမကို စိတ်ညစ်အောင် အမြဲလုပ်တဲ့သူတွေ ၊ ကျောင်းပစ္စည်းတွေကို အမြဲဖျက်စီးတတ်တဲ့သူတွေဟာ အိမ်မှာ အဆင်မပြေတဲ့သူတွေ ၊ ဂရုစိုက်မခံရတဲ့ ဖြစ်နေတာကိုလဲ တွေ့ရပါတယ်တဲ့ ။
စိတ်ထွက်ပေါက်
ဂရုစိုက်တာ မခံရတဲ့ ကလေးတွေဟာ ဂရုစိုက်မူကို လိုချင်တဲ့အတွက် စိတ်ရဲ့ထွက်ပေါက်အဖြစ် ဂရုပြုမူခံရမယ့် ကိစ္စတွေကို လုပ်တတ်လေ့ရှိပါတယ် ။ ကောင်းတာက အချိန်ယူရပေမယ့် ၊ ဆိုးတာက အမြင်လွယ်တယ်ဆိုတာတော့ လက်ခံကြမယ်ထင်ပါတယ် ။ အဲဒီအတွက် ဆိုးပေလေးတွေဖြစ်ကုန်ကြပါတယ် ။ သူတို.ရဲ့အပြစ်တော့ မဟုတ်ကြပါဘူး ။ လူဆိုတဲ့ အမျိုးက ဒီလိုစိတ်နေသဘာဝရှိတာကိုး ။
မနာလိုတဲ့စိတ်
ကလေးကောင်:တွေကို မြင်တဲ့အခါမှာလဲ မနာလိုတဲ့စိတ်ဖြစ်ရပါတယ် ။ စိတ်ထဲမှာသတိမထားမိပေမယ့် သူများတွေရပြီး ကိုယ်မရတဲ့အခါ မနာလိုစိတ်တွေ တဖွားဖွားဖြစ်လာပါတယ် ။ ဥပမာအားဖြစ် သူများ ရေခဲမုန့်ဝယ်စားနိုင်တဲ့အခါ ကိုယ်မစားနိုင်တဲ့အတွက် လိုက်လုတာမျိုး ရုပ်ရှင်ထဲမှာတွေ့ရမှာပါ ။
အနိုင်ကျင့်တဲ့စိတ်ဓာတ်
ဒီအပိုင်းက ဒီဆောင်းပါးမှာ အရေးကြီးတဲ့ အစိတ်အပိုင်းမှာ ပါဝင်ပါတယ် ။ ချစ်ခြင်းကို ကောင်းကောင်း မခံရတဲ့အတွက် ၊ လေးစားမူ၊ ဂရုစိုက်မူ ၊ သနားညာတာမူဆိုတာ ဘာလဲဆိုတာကို နားမလည်တော့တာပါ ။ ဒီနေရာမှာ ပတ်ဝန်:ကျင်ရဲ့ ပြုပြင်ပြောင်းလဲမူတွေပါလာပါတယ် ။ ဥပမာ အိမ်မှာ အဖေက အမေကို ရိုက်တယ်ဆိုရင် ၊ တခြားကလေးတွေကိုလဲ ရိုက်နက်ချင်တဲ့ စိတ်တွေ ဖြစ်လာပါတယ် ။ ဒါတွေအားလုံးက ကျွှန်တော်စိတ်ထင်တာတွေ လျှောက်ပြောနေတာမဟုတ်ပါဘူး ။ စိတ်ပညာကျမ်းတွေ လေ့လာကြည်.ပါ ။မိန်းကလေးတွေမှာတော့ မသိသာပေးမယ့် ၊ လွှမ်းမိုးလိုစိတ်များတဲ့ ယောက်ကျားလေးတွေမှာ အများဆုံးတွေ့ရမှာပါ ။
ကြီးသူကို အနိုင်ကျင့်မရတဲ့အခါ
ကြီးသူတွေကို အနိုင်ကျင့်မရတဲ့ အခါ ၊ ကိုယ်ထက်ငယ်တဲ့သူ ၊ အားနည်းတဲ့သူတွေကို ပြဿနာ ရှာတက်ကြပါတယ် ။ အေးတဲ့သူ ၊ ကြိုးစားတဲ့သူ ၊ နောင်တချိန်မှာ ထင်ပေါ်လာနိုင်တဲ့သူတွေက အဓိက ပစ်မှတ်တွေဖြစ်လာပါတယ် ။ သူများ ကောင်းစားတာကို မနာလိုဘူးပေါ့ဗျာ ။
ကိုယ့်ထက်ငယ်တဲ့သူတွေကို နှိမ့်စက်ပေမယ့် ကိုယ့်လိုမျိုး အနိုင်ကျင့်တက်တဲ့ ကိုယ့်ထက်ကြီးတဲ့သူတွေကိုတော့ ကြောက်စိတ် ၊ သိမ်ငယ်တဲ့စိတ်ရှိတဲ့အတွက် ဖားတာမျိုး အသေလုပ်ကြပါတယ် ။
အသက်တွေကြီးလာပြီ
အဲဒီလူတွေဟာ လူ.သဘာဝအတိုင်း ငယ်ရာကကြီးလာကြပါတယ် ။ အဲငယ်တုန်းက အကျင့်တွေက ကြီးတဲ့အထိပါလာကြပါတယ် ။ ဒါပေမယ့် အခြေအနေကတော့ မတူကြတော့ပါဘူး ။ ငယ်တုန်းက ကိုယ်ထိလက်ရောက် အနိုင်ကျင့်ပေမယ့် ကြီးတဲ့အခါ တရားဥပဒေကရှိလာပါပြီ ။ အကျင့်တွေက မပြောက်သေးတဲ့အတွက် စိတ်ပိုင်းဆိုင်ရာအားဖြင့် ထိခိုက်အောင် လိုက်လုပ်တာမျိုးဖြစ်လာပါတယ် ။ အားလုံးကို မဆိုလိုပါဘူး ။ တချို့တချို့တွေကို ပြောတာပါ ။ ငယ်တုန်းက ဆို:ပေမယ့် ကြီးလာတော့ ကောင်းလာတာတွေအများကြီးပါ ။
ကလေးဆိုးတွေ အကြောင်းပြောခဲ့လို. မိဘမစုံတဲ့ ကလေးတွေ ၊ မိဘမဲ့တွေကို နှိမ်တာမျိုးမဟုတ်ပါဘူး ။ ကလေးတွေက သနားစရာကောင်းပါတယ် ။ နွေးထွေးမူ ၊ ကျင်နာမူနဲ့ ဝိုင်းပြီးပြုပြင်ပေးရင် ကောင်းလာကြမှာပါ ။ ပြောချင်တာက ပြင်လို.မရတဲ့ ၊ ပြင်လို.မရတော့တဲ့ လူကြီးဆိုးတွေအကြောင်းပါ ။
ပုံစံပြောင်းတာတဲ့ အနိုင်ကျင့်မူတွေ
အသက်ကြီးလာတဲ့အတွက် Community ဟာရင့်ကျက်လာပါတယ် ။လုပ်ချင်တိုင်းလုပ်လို.မရတော့ပါဘူး ။ အဲဒီအတွက် ပုံစံပြောင်းသွားပါတယ် ။ စိတ်အနောက်အယှက်ဖြစ်အောင် လုပ်လာကြတာပါ ။ အင်တာနက်အပေါ်မှာ မသင့်တော်တဲ့ ပုံတွေတင်တာ ၊ စိတ်အနောက်အယှက်ဖြစ်အောင် ရေးသာ:ပြုမူတာတွေဟာ တကယ်တမ်းတော့ cyber bullying ရဲ့ပုံစံအသစ်တွေပဲဖြစ်ပါတယ် ။
ကြောက်တတ်ကြတယ်
အနိုင်ကျင့်တဲ့ သူတွေမှာ ကိုယ့်ကိုပြန်အနိုင်ကျင့်ခံရမှာ သေမလောက်ကြောက်ကြပါတယ် ။အရည်အချင်းရှိတဲ့လူငယ်တွေ ကြိုးပွားတော့တက်ပြီး ၊ သာသွားမှာကို မနာလိုစိတ်တွေ ဖြစ်လာပါတယ် ။ အရမ်းကြောက်ဖို.ကောင်းပါတယ် ။ ကိုရီးယားလိုတိုးတက်ပြီးတိုင်းပြည်တွေမှာတောင် အဲလိုမျိုးလုပ်တဲ့လူတွေရှိလို. သတ်သေကြတဲ့သူတွေအများကြီးပါပဲ ။
သဘောထားကြီးမူ
နေရာရတယ် ၊ မရဘူး ၊ လူချစ်ခံရတယ် ၊ မရဘူးဆိုတာက မိမိရဲ့ သဘောထားကြီးမူနဲ့ လုပ်နေတဲ့ အလုပ်နဲ့သာရနိုင်တာပါ ။ မိမိကိုယ်ကို လူစွာကြီးလုပ်ဖို. ၊ ဆရာကြီးလုပ်ဖို. နဲ့ သူများအကျိုးယုတ်အောင် တမင်သက်သက်လုပ်နေတာတွေလို ရပ်တန်:ကရပ်သင့်ပါတယ် ။
စိတ်ကောင်းထားဖို.လို
လူငယ်တွေဟာ စိတ်ကူးစိတ်ကောင်းသန်:လေးတွေရှိကြပါတယ် ။ တီထွင်မူအားကောင်းကြပါတယ် ။ လူတိုင်းပါပဲ ကိုယ်တိုင် creation လေးတွေကောင်းကြပါတယ် ။ သူများတွေကို မင်းတို.လုပ်တာ အဓိပယ်မရှိဘူး ၊ သုံးစားမရဘူး မပြောသင့်ပါဘူး ။ အရည်အသွေးတွေကို ရိုက်ချိုးလိုက်တာနဲ့ တူတူပါပဲ ။
အယောင်ဆောင်ထားတဲ့ အယူအဆ
မကောင်းတာကို ရည်ရွယ်ချက်နဲ့လုပ်ရင် လူတွေသတိထားမိမှာ အသေအချာပါပဲ ။ နောက်ပိုင်းဖြစ်တဲ့ပုံစံအတော့ ကောင်းသလိုလိုအုပ်ပြီး ဖန်တီးလိုက်တာပါ ။ လူသတ်ရင် သတ်တာပါပဲ ၊ မကောင်းတာလုပ်တာဟာ မကောင်းတာလုပ်တာပါပဲ ။ ကိုယ့်လူမျိုးကောင်းစားရေးအတွက် သူများလူမျိုးကို သတ်ရမယ်ဆိုရင် ဒါမကောင်းတာလုပ်တာပါပဲ ။ နားထောင်လိုကောင်းအောင် ပြုပြင်ထားပေးမယ့် လူသတ်သမားဟာ လူသတ်သမားပါပဲ ။ လူတိုင်းမှာ တပါးသူကို မထိခိုက်သ၍ မိမိ ကိုယ်ပိုင်ယူဆချက်နဲ့ ၊ ဖန်တီးပိုင်းခွင့်၊ ရှင်သန်ခွင့်ရှိပါတယ် ။
မြေတောင်မြောက်ပါ နေရာပေးပါ ။
လောကကြီးက အကျယ်ကြီးပါ ။ ပင်လယ်ရေဆိုတာလဲ သောက်မကုန်တဲ့ကိစ္စဖြစ်ပါတယ် ။ တော်တဲ့သူတွေများလာတာ ၊ ကြိုးစားတဲ့သူတွေ ပေါ်ထွန်းလာတာ အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီးပေါ်ထွန်းလာမှာပါ ။ ကျွှန်တော့်စိတ်ထင်တော့ မိမိကိုယ်တိုင် အရည်အချင်းမရှိမှသာ ၊ အရည်အချင်းရှိတဲ့သူကို ကြောက်ရမှာပါ ။ ဒီအတိုင်းစိုးရိမ်စရာမရှိပါဘူး ။
Community တစ်ခုတိုးတက်ဖို.ဆိုရင် Contributor တွေအများကြီးလိုပါတယ် ။ တစ်ဦးတစ်ယောက်တည်းလုပ်လို.ရတဲ့ ကိစ္စလဲမဟုတ်ပါဘူး ။ စီနီယာဆိုတာ နောင်တစ်ချိန်ဖြစ်လာမယ့် ဂျူနီယာတွေကို လက်တွဲခေါ်ပေးရမယ့် တာဝန်ကရှိပြီးသားပါ ။ သူများကို နေရာပေး ၊ လက်တွဲခေါ်ရင်: ကိုယ်လဲပိုမြင့်နေရာ အလိုလို ရောက်တတ်တာ သဘာဝဖြစ်ပါတယ် ။ စိတ်ပူနေစရာမလိုပါဘူး။
လူမိုက်အချင်းချင်းပေါင်း
လူကောင်းတွေဟာလဲ ကောင်းမွန်တဲ့ ပတ်ဝန်:ကျင်ကို တည်ဆောက်သလို လူမိုက်ကြီးတွေကလဲ လူမိုက်လေးတွေ မွေးကြတာ သဘာဝပါ ။ကောင်းတာလုပ်တာကို သူတော်ကောင်းတွေကို နစ်သက်ကြသလို ။ ဆိုးမိုက်တာကိုလဲ သဘောကျတဲ့သူတွေအများကြီးပါ ။
ကြုံတွေ့လာရင် ဘယ်လိုဖြေရှင်းမလဲ
တကယ်တာဝန်ရှိသူတွေကတော့ ကိုယ်တွေလိုမျိုး နေရာရပြီးတဲ့သူတွေ ၊ community နဲ့ အကျွမ်းတဝင်ရှိပြီးသား လူတွေဖြစ်ပါတယ် ။ မျက်နာကြီ:ငယ် မလိုက်သင့်ပါဘူး ။ ကင်ဆာလိုမျိုးမပွားခင် အမြန်ဆုံး ကုသသင့်ပါတယ် ။
နွေးထွေးတဲ့ ပတ်ဝန်:ကျင်
တီထွင်စိတ်ရှိတဲ့ လူငယ်တွေ ၊ စူးစမ်းလိုတဲ့ လူငယ်တွေဟာ စီနီယာတွေရဲ့ အကာအကွယ်အရမ်းလိုအပ်ပါတယ် ။ နွေးထွေးတဲ့ ပတ်ဝန်:ကျင် ၊ ထောက်ပံ့မူတွေ ရှိသင့်ပါတယ် ။ ကွန်မြူနတီ အက်တမင်တွေအနေနဲ့ Cyber bulling ဟာ အရေးတကြီး သတိထားသင့်တဲ့အချက်ဖြစ်ပါကြောင်းအသိပေးလိုက်ရပါတယ် ။
လူတိုင်း ဆိုက်ဘာ ဘူလီတွေနဲ့ ကင်းဝေးကြပါစေ ။
Facebook comments:











Hope people are not going to cry over a few simple texts written on a webpage. Only losers cry over such stupid things. There is no cyber bullying. There are only losers and NORMAL people. And NORMAL people don’t give attention to such stupid things. They just keep on going.
* NORMAL people just keep on going with their REAL life. Get a life, losers!
Saya, people will misunderstand what you are trying to say. Ko Myint Kyaw Thu is telling to ignore these ill-acts on the web media.
Flamer!
I thought nobody wants to comment your post that’s why I help
I’m the biggest Internet bulky bae :S
MITP ကပွဲဆူအောင် လုပ်တဲ့အကျင့်တွေ မပျောက်သေးဘူး ။ MyanmarTut ကလူတွေ နားလည်မှာမဟုတ်ဘူးဆရာ ။ Flaming မလုပ်ပါနဲ့ ဟိုမှာတောင် တော်တော်ရှင်းလိုက်ရတယ် ။
ပွဲမဆူတာတောင် ကြာပေါ့
ကို Wayne ရေ
အားပေးလျှက်ပါ…..