Website ရေးကြမယ် (၈)
အခုမှ စဖတ်မယ့် သူတွေအတွက် အရင်ပို့စ်တွေကို ပြန်ညွှန်းလိုပါတယ်…
- Website ရေးကြမယ် (၁)
- Website ရေးကြမယ် (၂)
- Website ရေးကြမယ် (၃)
- Website ရေးကြမယ် (၄)
- Website ရေးကြမယ် (၄) (နောက်ဆက်တွဲ)
- Website ရေးကြမယ် (၅)
- Website ရေးကြမယ် (၅) (နောက်ဆက်တွဲ)
- Website ရေးကြမယ် (၆)
- Website ရေးကြမယ် (၇)
Forms: Interacting with your Audience
website တွေမှာ လာကြည့်တဲ့ သူတွေနဲ့ အပြန်အလှန် interact ဖြစ်ဖို့လဲ လိုပါတယ်။ ဥပမာ – blog တွေမှာဆို comment တွေ ချန်ခဲ့လို့ ရတာမျိုး၊ site owner နဲ့ contact လုပ်လို့ရတာမျိုးပေါ့။ အဲလို ကိစ္စတွေအတွက် Form တွေ သုံးဖို့ လိုပါလိမ့်မယ်။ ကျနော်တို့ project site ရဲ့ Contact Us page မှာလဲ contact form တစ်ခု ထည့်ပါမယ်။ အဲဒါ မထည့်ခင် Form တွေ အကြောင်း အရင်လေ့လာကြည့်ပါမယ်။
Anatomy of a Form
Form element မှာ <form> နဲ့စပီး </form> နဲ့ ပိတ်မယ်ဆိုတာတော့ ထူးပီးပြောစရာ လိုမယ် မထင်တော့ပါဖူး။ browser က အဲဒီ form tag ထဲမှာ data input တွေလက်ခံမယ့် xhtml element တွေ လာတော့မယ်ဆိုတာ ပြောရုံလောက်ပါ။ ဒါ data တွေ လက်ခံမယ့် form ပေါ့။ form element ကိုယ်တိုင်က browser မှာ လာမပြပါဖူး။ block-level element ဖြစ်လို့ အောက်တစ်ကြောင်းတော့ ဆင်းသွားပါမယ်။ နမူနာ form တစ်ခု ကြည့်ကြည့်ပါ။
form က special element တစ်ခုဖြစ်ပါတယ်။ fieldset, legend, input, textarea စတဲ့ element တွေဟာ form tag ထဲမှာပဲ ရေးရပါတယ်။ ကဲ လက်တွေ့ form တစ်ခု ဆောက်ကြည့်မယ်။
A Simple Form
TextEditor ကို ဖွင့် အောက်က code ကို ရိုက်ထည့်ပီး simpleform.html လို့ သိမ်းပေးပါ။
<!DOCTYPE html PUBLIC "-//W3C//DTD XHTML 1.0 Strict//EN"
"http://www.w3.org/TR/xhtml1/DTD/xhtml1-strict.dtd">
<html xmlns="http://www.w3.org/1999/xhtml">
<head>
<title>A Simple Form</title>
<meta http-equiv="Content-Type"
content="text/html; charset=utf-8" />
</head>
<body>
<h1>A Simple Form</h1>
<form method="get" action="simpleform.html">
<p>
<label for="yourname">Enter your name:</label>
<input type="text" name="yourname" id="yourname" />
</p>
<p><input type="submit" /></p>
</form>
</body>
</html>
ကဲ save လုပ်ပီး browser မှာ ကြည့်ပါ။ ပီးရင် text box မှာ Goo လို့ ရိုက်ထည့်ပီး Submit Query လုပ်ကြည့်ပါ။
Submit Query လုပ်လိုက်ရင် address bar မှာ simpleform.html ရဲ့နောက်မှာ ?yourname=Goo လို့ ထပ်ပါလာလား ကြည့်ပါ။ ပါလာရင် form က အလုပ်လုပ်ပါပီ။ ကျွန်တော်တို့ ရိုက်ထည့်လိုက်တဲ့ name ကို ပို့ပေးလိုက်ပါပီ။ ဒါပေမယ့် အဲဒီ data ကို လက်ခံပီး တွက်ချက်မှုတွေလုပ်ဖို့က PHP တို့လို server-side script တစ်ခုခုနဲ့နဲ့ ရေးရပါမယ်။ အခုတော့ form ရေးတတ်ရုံပဲ ပြသွားပါမယ်။ ကဲ form နဲ့ သူ့ထဲမှာ ထည့်ရေးလို့ရမယ် element တွေ ဆက်လေ့လာမယ်။
The form Element
form element မှာ အရေးကြီးတဲ့ အဓိက attribute ၂ ခုရှိပါတယ်။
| method | ဒီ attribute ကတော့ user က submit button ကို ကလစ်တဲ့ အခါမှာ form data တွေကို ဘယ်လို ပို့မယ်ဆိုတာကို browser ကို ပြောပြပါတယ်။ get နဲ့ set ဆိုပီး option ၂ မျိုးရှိပါတယ်။ (get/set ကြောင်းကို server-side tutorial တွေမှပဲ အသေးစိတ်ရှင်းပါတော့မယ်။ ဒီမှာတော့ အလွယ် get ကိုပဲ သုံးပါမယ်) |
|---|---|
| action | ဒီ attribute ကတော့ form data တွေကို ဘယ်ကို ပို့ရမယ်ဆိုတာ ပြောပေးပါတယ်။ (ပုံမှန်တိုင်းတော့ PHP လို server-side language နဲ့ ရေးထားတဲ့ page တစ်ခု ဖြစ်တတ်ပါတယ်။ သူတို့ကမှ form data တွေကို ပြန်ဖတ်နိုင်၊ တွက်ချက်နိုင်ပါတယ်။) |
The fieldset and legend Elements
ဒီနှစ်ခုကတော့ တွဲပီး အလုပ်လုပ်ပါတယ်။ fieldset က form ထဲမှာရှိတဲ့ တူရာတူရာ ပိုင်းတွေကို group လုပ်ပေးပါတယ်။ legend ကတော့ အဲဒီ group ကို ခေါင်းစဉ်တပ်ပေးတာပါ။ ရှင်းသွားအောင် ရေးကြည့်လိုက်ပါ။ စောစောက simple form မှာပဲ ထပ်ဖြည့်မယ်။
<form method="get" action="simpleform.html">
<fieldset>
<legend>All About You</legend>
<p>
<label for="yourname">Enter your name:</label>
<input type="text" name="yourname" id="yourname" />
</p>
<p><input type="submit" /></p>
</fieldset>
</form>
fieldset တွေကို nested လုပ်ပီးလဲ ရေးနိုင်ပါသေးတယ်။ အောက်က ပုံမှာ ကြည့်ပါ။ code တော့ ရေးမပြတော့ပါဖူး။ ကိုယ်တိုင် စမ်းရေးကြည့်ကြပါ။
The input Element
ဒီ element ကမှ user တွေ ထည့်ပေးမယ့် data တွေကို လက်ခံပေးမှာပါ။ သူ့ရဲ့ type attribute ပေါ်မူတည်ပီး ပုံစံ အမျိုးမျိုးပြောင်းသွားပါတယ်။ အသုံးများတဲ့ type တွေပါ။
- text
- password
- checkbox
- radio
- hidden
- submit
Text Input
ဒီဟာကိုတော့ ခဏခဏ တွေ့ဖူးကြမှာပါ။
<p>
<label for="yourname">Enter your name:</label>
<input type="text" name="yourname" id="yourname" />
</p>
ကဲ ဒီမှာပါတဲ့ ဟာတွေ လေ့လာကြည့်မယ်။
the label element
သူကတော့ control မှာ ခေါင်းစဉ်တပ်ပေးတာပါ။ ဒါမှ user တွေက ဘာဖြည့်ရမယ်ဆိုတာ သိပါလိမ့်မယ်။ label ရဲ့ for attribute က ဘယ် input အတွက်လဲ ဆိုတာပြောပေးပါတယ်။ for ရဲ့ value နဲ့ input ရဲ့ id value နဲ့ တူရပါမယ်။
the type attribute
type မှာ value ကို text ပေးလိုက်တဲ့ အတွက် text box control တစ်ခုရလာပါတယ်။ submit လို့ ထည့်လိုက်ရင် button control ထွက်လာမှာပါ။
the name attribute
name ရဲ့ value မှာ ပေးထားတဲ့ နာမည်နဲ့ data တွေကို ပို့ပေးတာ ဖြစ်ပါတယ်။ အပေါ်တုန်းက form submit လုပ်တဲ့အခါ address bar မှာ ?yourname=Goo ဆိုပီးပြောင်းသွားတာ မှတ်မိဦးမှာပါ။ yourname က name attribute ရဲ့ value ပါ။ Goo က text box ထဲမှာ ထည့်ပေးလိုက်တဲ့ data ပါ။
the id attribute
ကြည့်လိုက်ရင်တော့ id နဲ့ name နဲ့က တူသယောင်ရှိပါတယ်။ နောက်မှာ name ရဲ့ value ကို share လုပ်သုံးနိုင်တဲ့ control တွေ ပါလာပါမယ်။ အဲဒီအခါမှာ id ရဲ့ value နဲ့ ခွဲရပါတယ်။
တခြား attribute တွေ ထပ်ထည့်လို့ရပါသေးတယ်။
- size – character ဘယ်နှလုံးစာပဲ ပြပေးမယ်
- maxlength – character ဘယ်နှလုံးထိပဲ အများဆုံး လက်ခံပေးမယ်
text box မှာ တစ်ခါထဲ data ထည့်ထားပီးသား ဖြစ်ချင်တယ်ဆိုရင်တော့ value attribute ကို သုံးလို့ရပါတယ်။
<p>
<label for="yourname">Enter your name:</label>
<input type="text" name="yourname" id="yourname" value="Bob" />
</p>
Password Input
သူက text input နဲ့ ဆင်တူပါတယ်။ ဒါပေမယ့် ရိုက်ထည့်လိုက်တဲ့ character ကို ပြမပေးပါဖူး။ အလုံးလေးတွေ၊ * လေးတွေ ပြပေးပါတယ်။ မြင်ဖူးကြမှာပါ။
<p>
<label for="password">Your password:</label>
<input type="password" id="password" name="password" />
</p>
Hidden Inputs
သူ့ရဲ့ နာမည်အတိုင်းပါပဲ။ ဒီ input က browser မှာ ဘာမှ လာမပြပါဖူး။ သူ့ value ကို page ရေးတဲ့သူကပဲ ပေးထားလို့ရပါတယ်။ လောလောဆယ်တော့ သူ့ကို ရေးတဲ့ ပုံစံပဲ သိရင် ရပါပီ။
<input type="hidden" name="peekaboo" value="hereiam" />
form submit လုပ်တဲ့ အခါမှာတော့ address bar မှာ ?peekaboo=hereiam ဆိုပီး ပါလာမှာကိုတော့ သတိထားမိမှာပါ။
Checkbox Input
ဒီ control တွေကတော့ yes or no ဖြေရတဲ့ ကိစ္စတွေမှာ အသုံးတဲ့ပါတယ်။
<p>
<input type="checkbox" name="terms" id="terms" />
<label for="terms">I have read the terms and conditions.</label>
</p>
<p>
<input type="checkbox" name="offers" id="offers" />
<label for="offers">I agree that you can contact me regarding
special offers in the future.</label>
</p>
checkbox တွေကို တစ်ခါထဲ check လုပ်ပီးသား လိုချင်ပါလိမ့်မယ်။ checked=”checked” attribute သုံးပီး လုပ်နိုင်ပါတယ်။
Radio Buttons
Option တွေ အများကြီးထဲက တစ်ခုကိုပဲ ရွေးစေချင်တယ်ဆိုရင်တော့ radio buttons တွေကို သုံးရပါမယ်။
<p>
<input type="radio" name="timeslot" id="morning"
value="morning" />
<label for="morning">In the morning</label>
<br />
<input type="radio" name="timeslot" id="afternoon"
value="afternoon" />
<label for="afternoon">In the afternoon</label>
<br />
<input type="radio" name="timeslot" id="evening"
value="evening" />
<label for="evening ">In the evening</label>
</p>
ဒီနေရာမှာ option ၃ ခုရှိပါတယ်။ name က အတူတူပါပဲ။ value တွေတော့ မတူကြပါဖူး။ user က တစ်ခုကိုပဲ ရွေးလို့ရပါမယ်။ form submit လုပ်တဲ့အခါ ရွေးထားတဲ့ value ပဲ ပါသွားပါမယ်။ radio တွေကိုလဲ checkbox မှာလို checked=”checked” attribute နဲ့ ကြိုရွေးပေးထားလို့ ရပါတယ်။
The select Element
raido button တွေက option တွေ အများကြီးထဲက တစ်ခုကို ရွေးဖို့ သုံးပါတယ်။ ဟုတ်ပီ.. option တွေ အခု ၂၀ လောက်ဆိုရင်ရော၊ နေရာ အများကြီး ယူသွားပါမယ်။ select element ကို သုံးရင် တစ်ကြောင်းထဲနဲ့ ပီးပါတယ်။ သူက drop down list နဲ့ option တွေကို ပြပေးပါတယ်။
<p>
<label for="role">Which best describes you?</label>
<select name="role" id="role">
<option>Secretary</option>
<option>Web Designer</option>
<option>Manager</option>
<option>Cleaner</option>
<option>Other</option>
</select>
</p>
သူ့ကို ကြိုရွေးထားချင်ရင်တော့ option မှာ selected=”selected” attribute သုံးရပါတယ်။
textarea
text input တွေက text နည်းနည်းအတွက်ဆိုရင်တော့ အဆင်ပြေပါတယ်။ email message လို စာအများကြီး အတွက်ဆိုရင်တော့ textarea ကို သုံးရပါမယ်။
<p><label for="hobbies">Please tell us about your
hobbies:</label></p>
<p><textarea name="hobbies" rows="7" cols="40"
id="hobbies"></textarea></p>
Submit Buttons
user တွေအနေနဲ့ form ဖြည့်ပီးသွားရင် ဖြည့်ထားတဲ့ data တွေကို ပို့ဖို့ submit button ကို နှိပ်ပေးရပါတယ်။
<p><input type="submit" /></p>
value ထည့်မပေးရင် button မှာ Submit Query လို့ ပေါ်ပါတယ်။ value ထည့်ပေးရင် ထည့်ပေးတဲ့ စာသားပေါ်ပါတယ်။
<p><input type="submit" value="Send Your Feedback"/></p>
ကဲ ဒီလောက်ဆို form အကြောင်း တော်တော်လေးစုံပါပီ။ ကျွန်တော်တို့ project site က Contact Us page မှာ form ထည့်ပါမယ်။
Editing the Contact Us Page
content.html ကို text editor မှာ ဖွင့်ပါ။ paragraph ၂ ခုရှိပါတယ်။ ဒီတိုင်း ပြင်ရိုက်လိုက်ပါ။
<p>To let us know about a forthcoming dive event, please use
the form below.</p>
<p>If you need to get in touch urgently, please call Bob
Dobalina on 01793 641207. For anything else, please <a
href="mailto:bob@bubbleunder.com">drop us a line by
email</a>.</p>
ပီးရင် အဲနှစ်ခု ကြားထဲမှာ form နဲ့ fieldset ထည့်ပါမယ်။
<p>To let us know about a forthcoming dive event, please use the
form below.</p>
<form action="" method="post" class="contact">
<fieldset>
<legend>Tell us About a Dive Event</legend>
</fieldset>
</form>
<p>If you need to get in touch urgently, please call Bob Dobalina
on 01793 641207. For anything else, please <a
href="mailto:bob@bubbleunder.com">drop us a line by
email</a>.</p>
fieldset နဲ့ legend ကို CSS နဲ့ style ထည့်ပါမယ်။ style1.css ကို ဖွင့်ပါ။ ဒီ style rule တွေ ထပ်ထည့်ပေးပါ။
form.contact fieldset {
border: 2px solid navy;
padding: 10px;
}
form.contact legend {
font-weight: bold;
font-size: small;
color: navy;
padding: 5px;
}
ဒီမှာ ပထမစာပိုက်နဲ့ form နဲ့ ကြားထမှာ နေရာလွတ်များနေပါတယ်။ padding, margin တွေ လျှော့ပါမယ်။
form.contact {
padding: 0;
margin: 0;
margin-top: -15px;
}
text input control တွေ ထည့်ပါဦးမယ်။ တစ်ခုအရင်ထည့်မယ်။ div ကြားထဲမှာ ထည့်ပါမယ်။ div ထည့်လိုက်တော့ သူ့အပိုင်းနဲ့ သူဖြစ်သွားပီး div ဆုံးတာနဲ့ နောက်တစ်ကြောင်းဆင်းသွားပါမယ်။ နောက် control တွေကိုလဲ div သုံးပီး ထည့်သွားပါမယ်။
<form action="" method="post" class="contact">
<fieldset>
<legend>Tell Us About a Dive Event</legend>
<div>
<label for="contactname">Contact Name</label>
<input type="text" name="contactname" id="contactname" />
</div>
</fieldset>
</form>
label ထဲက text အတွက် style ရေးမယ်။
form.contact label {
font-weight: bold;
font-size: small;
color: blue;
line-height: 150%;
}
နောက်ထပ် ထပ်ထည့်မယ်။ code ကို စဆုံးရေးလိုက်တော့မယ်။ လိုတာပဲ ထပ်ဖြည့်ပေးပါ။
<form action="" method="post" class="contact">
<fieldset>
<legend>Tell us About a Dive Event</legend>
<div>
<label for="contactname">Contact Name</label>
<input type="text" name="contactname" id="contactname" />
</div>
<div>
<label for="telephone">Telephone Number</label>
<input type="text" name="telephone" id="telephone" />
</div>
<div>
<label for="email">Email Address</label>
<input type="text" name="email" id="email" />
</div>
<div>
<label for="eventname">What's the event called?</label>
<input type="text" name="eventname" id="eventname" />
</div>
<div>
<label for="eventdate">When's the event happening?</label>
<input type="text" name="eventdate" id="eventdate" />
</div>
</fieldset>
</form>
label နဲ့ textbox တွေ မညီမညာ ဖြစ်နေပါတယ်။ အဲဒါတွေ ညှိရပါမယ်။ label ကို width တစ်ခု အသေပေးလိုက်ရင် ရပါပီ။ fixedwidth class သုံးပါမယ်။ label က inline ဖြစ်တဲ့ အတွက် ဒီတိုင်း width ပေးလို့ မရပါဖူး။ display: block; လုပ်ပေးရပါမယ်။ block လုပ်လိုက်ရင် text box တွေက အောက်ကျသွားပါမယ်။ အဲဒီတော့ float လုပ်ပေးရပါမယ်။
form.contact label.fixedwidth {
display: block;
width: 240px;
float: left;
}
ပီးရင် label တွေမှာ class=”fixedwidth” attribute လိုက်ထည့်ပေးပါ။ ပီးရင် ညီသွားပါပီ။
ဒီနေရာမှာ table ထဲ ထည့်ရေးရင် မရဖူးလား မေးစရာရှိပါတယ်။ layout ချတဲ့ ပုံစံဖြစ်နေလို့ table ရဲ့ တကယ့် အသုံးနဲ့ မကိုက်ပါဖူး။ CSS နဲ့ ညီအောင် မညှိတတ်ရင်တော့ သုံးပေါ့။
အခု text box တွေရဲ့ အောက်မှာ drop down box တစ်ခု ထပ်ထည့်ပါမယ်။
<div>
<label for="region" class="fixedwidth">What region is the event in?</label>
<select name="region" id="region">
<option>South-west</option>
<option>South-east</option>
<option>Midlands</option>
<option>Central</option>
<option>London</option>
<option>East</option>
<option>North</option>
<option>Scotland</option>
<option>Northern Ireland</option>
<option>Overseas (see details below)</option>
</select>
</div>
ကဲ detail ဖြည့်ဖို့ textarea တစ်ခု ထည့်ပါမယ်။
<div>
<p>Please provide any other details you think will be useful to
us in the text area below (it may save us calling or
emailing you, and help avoid delays).</p>
<label for="details">More details (as much as
you think we'll need!)</label>
<textarea id="details" name="details" cols="30"
rows="7"></textarea>
</div>
radio button နဲ့ check box တွေ ထည့်ပါမယ်။ ဒါက radio button အတွက်ပါ။
<div>
<p>If we need to call you back for any more info, what would be
the best time to call you on the number supplied?</p>
<input type="radio" name="timetocall" id="morning"
value="Morning" />
<label for="morning">In the morning</label>
<br />
<input type="radio" name="timetocall" id="afternoon"
value="Afternoon" />
<label for="afternoon">In the afternoon</label>
<br />
<input type="radio" name="timetocall" id="evening"
value="Evening" />
<label for="evening">In the evening</label>
<br />
<input type="radio" name="timetocall" id="never" value="Never"
checked="checked" />
<label for="never">No calls please</label>
</div>
ဒါက checkbox အတွက်ပါ။
<div>
<p>Bubble Under may share information you give us here with
other like-minded people or web sites to promote the event.
Please confirm if you are happy for us to do this.</p>
<input type="checkbox" name="publicize" id="publicize"
checked="checked" />
<label for="publicize">I am happy for this event to be
publicized outside of and beyond BubbleUnder.com, where
possible</label>
</div>
ကဲ နောက်ဆုံး submit button ထည့်ပါမယ်။
<div class="buttonarea">
<input type="submit" value="Send Us the Info" />
</div>
ဒါက button အတွက် CSS ပါ။
form.contact .buttonarea input {
background: navy;
color: white;
font-weight: bold;
padding: 5px;
border: 1px solid white;
}
form.contact .buttonarea {
text-align: center;
padding: 4px;
background-color: #0066ff;
}
ကဲ form ထည့်တာတော့ ပီးပါပီ။ နောက်ဆက်တွဲ ပို့စ်မှာကျမှပဲ form processing လုပ်တာ ရေးတော့မယ်။
Facebook comments:























ကျေးဇူးတင်ပါတယ် ကိုဂူးဂူး… အပိုင်း (8) ကိုတောင်ရောက်လာပြီနော်….
ိdownload လုပ်သွားပါတယ်..
အစ်ကိုရေ form နောက်ဆက်တွဲလေး ဆက်ရေးပေးပါအုံးနော်။
အားလုံးအတွက် ကျေးဇူးတင်ပါတရ်။
အစ်ကို ကျန်းမာပျော်ရွှင်နိုင်ပါစေ။
Website ရေးကြမယ် (၁) မှ (၈ ) အထိ ဖတ်မှတ်လေ့ကျင့် ပြီး။
ဆရာ Goo Goo အားအထူးကျေးဇူး တင်ပါကြောင်း ။
နောင်လည်း ဤသို့ပညာရပ်ဆိုင်ရာ ဆောင်းပါးများ အမျာကြီးရေးနိုင်ပါစေ။
အစဉ်သဖြင့် ကျန်းမာ ချမ်းသာ ပျော်ရွှင် ချမ်းမြေ့စွာ စာများများရေးနိုင်ပါစေ။
လွင့်မောင်မောင်(ထားဝယ်)
အခုလိုကြားရတာ ဝမ်းသာပါတယ်ဗျာ… ကျွန်တော်လဲ စာ ဆက်ရေးဖို့ လုပ်နေပါတယ်.. ဒီ series မှာ လိုအပ်တာတွေ (host မှာ တင်တဲ့အပိုင်း စသည်… ) ကိုတော့ PDF ထုတ်မှပဲ ထည့်ပေးတော့မယ်ဗျာ.. ကျွန်တော် အားတာနဲ့ လုပ်ထားပါ့မယ်..
ကိုနိုင် စာတွေဒီ ထက်မက ရေးနိုင်ပါစေနော်..
ကျေးဇူးတင်ပါတယ်
သူငယ်ချင်းကပို့လိုက်တဲ့ address နဲ့ဝင်ဖြစ်တာ
တော်တော်လေးအကျိုးရလိုက်လို့ကျေးဇူးတင်ပါတယ်။
website တခုဖွင့်လိုက်ရင် အောက်ဆုံးက စ မြင်ရအောင် ဘယ်လိုလုပ်ရလဲ ခင်ဗျ။
Goo Goo ရေ …
အရေးအသား ရှင်းပြထားတာတွေ အရမ်းကောင်းတယ် ဗျ …
PDF ဖိုင်လေး အားလုံးမျှော်နေကြပြီ ဗျ …
ကိုနိုင်
လာမယ် ကြာမယ်တော့ မလုပ်ပါနဲ့နော်.. စောင့်မျှော်နေလျက်ပါ။
Website ရေးကြမယ် (၁) မှ (၈ ) အထိ ဖတ်မှတ်လေ့လာနေပါတယ်။
ဆရာ Goo Goo အားအထူးကျေးဇူး တင်ပါကြောင်း ။
နောင်လည်း ဤသို့ပညာရပ်ဆိုင်ရာ ဆောင်းပါးများ အမျာကြီးရေးနိုင်ပါစေ။
အစဉ်သဖြင့် ကျန်းမာ ချမ်းသာ ပျော်ရွှင် ချမ်းမြေ့စွာ စာများများရေးနိုင်ပါစေ။အရေးအသား ရှင်းပြထားတာတွေ အရမ်းကောင်းတယ်။