Text Formatting

စာမေးပွဲဖြေနေရလို့ ကျွန်တော်မရေးဖြစ်တာလည်း ကြာပြီ … အခုတော့ ဖြေပြီးသွားပြီဆိုတော့ html အကြောင်းလေးကို ပြန်ဆက်ကြတာပေါ့၊ ဒီတစ်ခေါက်ပြောပြပေးမှာက html မှာ စာတွေကို ပြင်ဆင်တာနဲ့ပတ်သတ်လို့ အဓိကထားပြီး ပြောမှာပါ၊

ကဲ … ပြောနေကြာတယ်၊ အခုပဲ လုပ်ကြတာပေါ့။ အောက်မှာ တစ်ချက်လောက် လေ့လာကြည့်ပါ …


<html>
<body>
<p>This text is normal</p>
<p><b>This text is bold</b></p>
<p><big>This text is big</big></p>
<p><i>This text is italic</i></p>
<p><code>This is computer output</code></p>
<p>This is<sub> subscript</sub> and <sup>superscript</sup></p>

</body>
</html>

ဒီနေရာမှာ <p> နဲ့ </P> ကြားမှာ ရှိတာက စာပိုဒ်တွေဖြစ်ပါတယ် … တစ်ကြောင်းချင်း ခွဲရိုက်ချင်လို့ paragraph code <p> ကို သုံးပါတယ်၊
နောက် … <b> နဲ့ </b> ကြားမှာရှိတာကို html က bold လုပ်ပေးပါတယ် …
<big> နဲ့ </big> ကျတော့ bold နဲ့ပဲ ယှဉ်ပြောမှ ရမယ်ထင်တယ် … <big> က bold နဲ့ အရွယ်အစားအတူတူပါပဲ၊ ဒါပေမယ့် bold( <b> ) လောက်
စာသားကို မထူပေးပါဘူး။
<i> … </i> ကိုတော့ သိပြီးသားပါ၊ စာလုံးစောင်းလေးတွေ လုပ်ပေးတဲ့ code ပေါ့။
နောက်တစ်ခု တိုးလာတာက <code> … </code> ဆိုတာပါ … သူကဘာလုပ်ပေးလဲဆိုတော့ ကျွန်တော်တို့ html ရေးတဲ့အခါမှာ ပေါ်တဲ့ စာလုံးပုံစံမျိုး
ကွန်ပျုတာက ထုတ်ပေးတဲ့ ပုံစံမျိုး စာသားကို လုပ်ပေးတာပါ၊ code ကို ကိုယ့်ဘာသာ စမ်းကြည့်လိုက်ရင် ပြောတာထက် နားလည်မှာပါ။
နောက်တော့ စာလုံးကို အောက်ခြေနား ရောက်စေချင်ရင်တော့ <sub> … </sub> ကြားထဲမှာ ထည့်ရေးပါတယ် … (ဥပမာ။ ။CO2 ပေါ့)
sub ဆိုတာ subscript ရဲ့ အတိုကောက်ပါ၊

စာလုံးကို အပေါ်ထောင့်နားတင်ရေးချင်တယ် ( ထပ်ကိန်းတင်ချင်တယ်ဆိုရင်) တော့ <sup>…</sup>ကိုသုံးပါတယ် … superscript ရဲ့ အတိုကောက်ပါ …

(ဥပမာ။ ။X2+Y2 ပေါ့)

အဲဒီလိုမျိုး Text Formatting နဲ့ ပတ်သတ်လို့ ကုဒ်တွေ အများကြီးရှိပါသေးတယ် … တစ်နေ့တစ်မျိုးစမ်းရင်တောင် မှတ်မိမှာပါ … ရှင်းလင်းချက်တွေကိုတော့ ကုဒ်

တွေရဲ့ Content မှာ ရှင်းထားပေးပါတယ် …  အချိန်ရရင် try ကြည့်ဖို့ အောက်မှာ …


<html>
<body>

<p><b>This text is bold</b></p>
<p><strong>This text is strong</strong></p>
<p><big>This text is big</big></p>
<p><em>This text is emphasized</em></p>
<p><i>This text is italic</i></p>
<p><small>This text is small</small></p>
<p>This is<sub> subscript</sub> and <sup>superscript</sup></p>

</body>
</html>

နောက်တစ်ခု


<html>
<body>

<pre>
This is
preformatted text.
It preserves      both spaces
and line breaks.
</pre>

<p>The pre tag is good for displaying computer code:</p>

<pre>
for i = 1 to 10
 print i
next i
</pre>

</body>
</html>

နောက်တစ်ခု


<html>
<body>

<code>Computer code</code>
<br />
<kbd>Keyboard input</kbd>
<br />
<tt>Teletype text</tt>
<br />
<samp>Sample text</samp>
<br />
<var>Computer variable</var>
<br />

<p><b>Note:</b> These tags are often used to display computer/programming code.</p>

</body>
</html>

အချိန်ရရင် ရသလောက် စမ်းဖို့ပါ … ကြားရက်တွေမှာ ကျွန်တော်လည်း ပြန်စမ်းရဦးမယ် … html မလုပ်ဖြစ်တာ ကြာပြီလေဗျာ။

ဒါကတော့ လိပ်စာရေးတဲ့ပုံစံလေးပါ …


<html>
<body>

<address>
Donald Duck<br />
BOX 555<br />
Disneyland<br />
USA
</address>

</body>
</html>

ဒီတစ်ပတ်တော့
ကျွန်တော်ရေးလိုက်တာ နဲနဲများသွာလို့ ဖတ်ရတာ ပျင်းနေလောက်ရောပေါ့ … နောက်တစ်ပတ်လည်း ဒီထက်ပိုပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ text formatting
ကုဒ်တွေကို ဆက်လေ့လာကြတာပေါ့ဗျာ …

Facebook comments:

Leave a comment


*