Html Style

အရင်တစ်ခေါက်က Text Formatting အကြောင်းကို ရေးခဲ့ပြီးပါပြီ အခုတစ်ခေါက်တော့ HTML Style အကြောင်းဆက်သွားကြတာပေါ့။ Style ဆိုတာကတော့ attribute နောက်တစ်ခုပါ။ Style က CSS(Cascading Style Sheet) ရဲ့ အစပေါ့ဗျာ။ ဒါပေမယ့် html နဲ့ရေးရမှာဖြစ်ပါတယ်။

ကဲ ရေးကြည့်ရအောင်ဗျာ။ အဲ … ကျွန်တော့်လို code တွေထဲမှာ မြန်မာလိုထည့်ရေးချင်တယ် ဆိုရင်တော့ notepad မှာဇော်ဂျီဖောင့်နဲ့ရေးပြီး သိမ်းတဲ့အခါ Encoding ဘေးမှာ Unicode ကို ရွေးပြီး သိမ်းပေးရပါမယ်။ တစ်ခု သတိထားရမှာက HTML Editor တွေမှာ မြန်မာလို ရေးလို့ အဆင်မပြေပါခင်ဗျာ၊ ကျွန်တော့်ကတော့ လက်ရှိမှာ notepad နဲ့ရေးစမ်းပြီး ဒီပို့စ်ကို တင်ပါတယ် :D ၊ HTML Editor တွေမှာ စမ်းမယ်ဆိုရင်တော့ မြန်မာလို နေရာတွေမှာ အင်္ဂလိပ်လို ရေးလိုက်ပါလို့ … …

<html>
<body style="background-color:cyan;">
<p style="font-family:verdana;color:red">Myanmar tutorials</p>
<p style="font-family:times;color:blue">Myanmar tutorials</p>
<p style="font-size:50px;">Myanmar tutorials</p>
</body>
</html>

Style တွေရဲ့ ရေးနည်းပုံစံကတော့

style=”background-color:yellow” (နောက်ခံ အရောင်ထည့်)

style=”font-size:10px” (စာလုံး(ဖောင့်) အရွယ်အစား)

style=”font-family:Times” (စာလုံး အမျိုးအစား)

style=”font-color:cyan” (စာလုံး အရောင် )

style=”text-align:center” (left, right, justify ညိ ှ)

Support မလုပ်ထားသော tag နဲ့ attribute များ

Html4 မှာ tags တစ်ချို့နဲ့ attributes တစ်ချို့ကို support မလုပ်ထားပါဘူး။ ဆိုလိုတာကတော့ အခုအောက်မှာ ရေးပြမယ့်ကုဒ်တွေကို html4 မှာ သုံးလို့မရဘူးပေါ့ဗျာ။

Tags

<center> (စာသားကို အလယ်ရွှေ့ပေးတဲ့ ကုဒ်ပါ)

<font> and <basefont> (ဖောင့်သတ်မှတ်တဲ့ ကုဒ်)

<s> and <strike> (Strikethrough လုပ်ပေးပါတယ်)

<u> (အောက်လိုင်းသားပေးပါတယ်)

Attrubutes

Align (alignment of the text)

Bgcolor (နောက်ခံအရောင်)

Color (စာသားအရောင်)

အခုရေးပြသွားတဲ့ ကုဒ်တွေ သုံးမယ့်အစား style ကုဒ်တွေကို သုံးသင့်ပါတယ်။

ကဲ ကျွန်တော်တို့ နောက်ခံအရောင်ထည့်တဲ့ စတိုင်ကုဒ်လေးကို ရေးကြည့်ကြပါစို့။

<html>
<body style="background-color:yellow;">
<p>Text with background color.</p>
</body>
</html>

ဒီတစ်ခါတော့ အရင်တုန်းက နည်းဟောင်းလေးနဲ့ ရေးကြည့်တာပေါ့ဗျာ။

<body bgcolor="yellow">
<p>ဒါကတော့ style ကုဒ်ပါ</p>
<p><p style="background-color:yellow"</p>
</body>
</html>

ဖောင့်နဲ့ပတ်သတ်တာလေးတွေ ရေးကြမယ်ဗျာ။

<html>
<body>
<h1 style="font-family:verdana">ဒါကတော့ ခေါင်းစဉ်ပါ</h1>
<p style="font-family:courier new; color:red; font-size:20px;">စာပိုဒ်ဥပမာပေါ့၊ အရောင်လေးပါ ပါတယ်ဗျ</p>
</body>
</html>

အဟောင်းလေးပါ။

<html>
<body>
<p><font size="2" face="Verdana">
ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်းမကြွယ်နဲ့ဆိုပေမယ့်
</font></p>
<p><font size="5" face="Times" color="red">
ဒါမျိုးကျတော့ပယ်သင့်နေပြီဗျ ...နော်။
</font></p>
</body>
</html>

ဘယ်ရွှေ့၊ ညာရွှေ့၊ အလယ်ရွှေ့

<html>
<body>
<h1 style="text-align:center">ခေါင်းစဉ်ကုဒ်နဲ့ အလယ်ရွှေ့ထားတာလေးပါ</h1>
<p>ဒါက အခုလက်ခံထားတဲ့ ရွှေ့နည်းပါ၊ အရင်တုန်းက ရွှေ့နည်းလေးလာဦးမယ်ဗျ</p>
</body>
</html>

အဟောင်းလေးပဲ ကောင်းတယ်တော့ မလုပ်ပါနဲ့

<html>
<body>
<h1 align="center">အဟောင်းနည်းနဲ့ အလယ်ရေွှ့ထားတာလေ</h1>
<p>ဒီကုဒ်က ပယ်ရမယ့်ကုဒ်နော်၊ html4 မဟုတ်ရင်တော့အဆင်ပြေနေမှာပဲ၊ ဒါပေမယ့် html4 မှာတော့အဆင်မပြေဘူးဗှ</p>
</body>
</html>

Coming: HTML Link

Facebook comments:

Leave a comment


*