HTML အကြောင်း သိကောင်းစရာ

အရင်ဆုံး ကျွန်တော့ကို ကျွန်တော် မိတ်ဆက်ပါရစေ။ ကျွန်တော်က လူခါးပါ။ 88 borned ဖြစ်ပါတယ်။ ကျွန်တော်က Web Programming အပိုင်းကို စိတ်ဝင်စားပါတယ်။ အဲဒါကြောင့် ကျွန်တော့လိုပဲ စိတ်ဝင်စားသူတွေရှိရင် လေ့လာနိုင်အောင်လို့ ကျွန်တော် တတ်သလောက်ကို တင်ပေး သွားမှာပါ။ အခုကတော့ Web Programming အစဖြစ်တဲ့ HTML ပေါ့ဗျာ။

ကဲ … စပါပြီ …

အရင်ဆုံး html လေ့လာမယ် ဆိုတော့ html ရဲ့ အခေါ်အဝေါ် သိသင့်တယ်ထင်ပါတယ်။ html ကို html1.0 ကစလို့ html5 အထိ အဆင့်ဆင့် ထုတ်လာပါတယ်။ html ရဲ့ Long Form ကတော့ Hyper Text Markup Language ဖြစ်ပါတယ်။ Hyper ဆိုတာကတော့ တိုက်ရိုက် ပြန်ရရင်တော့ over, heavy စတာတွေနဲ့ ခပ်ဆင်ဆင် ဖြစ်ပါလိမ့်မယ်။ အခု ပြောထားတာက Hyper Text ဆိုတော့ သာမာန် စာသားတွေ မဟုတ်ဘူး ဆိုတာ ထင်ရှားပါတယ်။ သာမာန် စာသားတွေထက် ထူးခြားလို့  text လို့ပြောရတာ ဖြစ်ပါတယ်။ ဒါပေမယ့် text ဆိုတာပါတဲ့အတွက် စာသားတွေနဲ့ ရေးရမယ် ဆိုတာတော့ ထင်ရှားပါတယ်။ Markup ဆိုတာကတော့ Raise ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ စာသားတွေကို raise လုပ်လိုက်တဲ့ အခါမှာ web page ဖြစ်လာတဲ့ သဘောပါပဲ။ တစ်ခုသိရမှာက HTML ဆိုတာ Programming Language မဟုတ်ပါဘူးတဲ့ Markup Language သာ ဖြစ်ပါတယ်တဲ့ ခင်ဗျား …

Html ဟာ Markup Language ဖြစ်တဲ့အတွက် Markup Tags တွေကို သုံးရပါတယ်။ အဲဒါတွေနဲ့ပဲ Web Sites တွေကို ဖေါ်ပြ (မြင်)စေတာ ဖြစ်ပါတယ်။ markup tag တစ်နည်းအားဖြင့် html tag လို့ ခေါ်တာကတော့ ထောင့်ကွင်း လေးတွေနဲ့ ဖွင့်ပိတ်ထားတဲ့ အဓိက စာသား (key words) တွေဖြစ်ပါတယ်။ ဥပမာ <html> ဆိုတာမျိုးပါ။ tags တွေဟာ များသောအားဖြင့် အစုံလိုက် လာကြပါတယ်။ အဖွင့် tag နဲ့ အပိတ် tag ပေါ့ဗျာ။ အဖွင့် tag ကို (first tag, start tag, opening tag) စသည်ဖြင့် ခေါ်ကြပါတယ်။ အပိတ် tag ကိုတော့ (second tag, end tag, closing tag) လို့ခေါ်ကြပါတယ်။

HTML Documents

html document က Web Page ကိုဖော်ပြပါတယ်။ html tags တွေပါပါတယ်။ ဒါကြောင့် တစ်နည်းအားဖြင့် Web Page လို့လည်း ခေါ်ပါတယ်။ ဖတ်ပေးတာ ကျေးဇူးတင်ပါတယ်။ နောက်ပို့စ်တွေကျမှ ကျွန်တော်တို့ html ကို စရေးကြတာပေါ့။ အခုတော့ ဒီလောက်ပါပဲ။

Facebook comments:

One Response

  1. [...] အစ tag ကို <html> နဲ့ဖွင့်ပေးရပါမယ်၊ အရင်ပို့စ် မှာတုန်းက tag တွေဟာ များသောအားဖြင့် [...]

Leave a comment


*