အမြန်ဆုံးနည်းနဲ့ HTML
တစ်စုံတစ်ခုကို လေ့လာရာမှာ အမြန်ဆုံးနည်းလမ်းကတော့ tutorials တွေကို လိုက်လုပ်ခြင်းပါပဲ။ ဒီတော့ ကျွန်တော်တို့လည်း အခြေခံတွေ သိပြီးပြီဆိုတော့ tutorials တွေနဲ့ ဆက်ကြတာပေါ့။ copy/paste မလုပ်ပဲ ကိုယ့်ဘာသာ ကီးဘုတ်ကနေ ရိုက်ပါလို့ အကြံပြုချင်ပါတယ်။ ဒါမှလည်း ကျွန်တော်တို့တွေ html ရေးတတ်လာမှာဖြစ်ပါတယ် ။
ကဲ … စပါပြီ။
စာကြောင်းတွေကို ကိုယ်လိုချင်တဲ့ နေရာမှာ break(အောက်တစ်ကြောင်းဆင်းအောင်)လုပ်ချင်ရင်၊ အောက်မှာကြည့်ပါ။
<html> <body> <p>This is<br />a para<br />graph with line breaks</p> </body> </html>
အရင်တစ်ခေါက်က heading တွေအကြောင်း နဲနဲပြောခဲ့ဖူးပါတယ်၊ အောက်မှာကတော့ စမ်းကြည့်ဖို့ပါ။
<html> <body> <h1>This is heading 1</h1> <h2>This is heading 2</h2> <h3>This is heading 3</h3> <h4>This is heading 4</h4> <h5>This is heading 5</h5> <h6>This is heading 6</h6> </body> </html>
အောက်က tutorial ကတော့ text stlye ကို center လုပ်ထားတာပါ၊ ကြိုးစားကြည့်ပါဦး။
h1 style=”text-align:center” ဆိုတာလေးက headerကို အလယ်ကိုရောက်အောင် ရွှေ့ပေးတဲ့ ကုဒ်ပါ။
<html> <body> <h1 style="text-align:center">This is heading 1</h1> <p>The heading above is aligned to the center of this page. The heading above is aligned to the center of this page. The heading above is aligned to the center of this page.</p> </body> </html>
စာရေးပြီးလို့ မျဉ်းပိတ်ချင်တယ်ဆိုရင်တော့ အောက်က ကုဒ်လေးကို notepad ထဲမှာ ရိုက်ပြီးစမ်းကြည့်လိုက်ပါ။
<html> <body> <p>The hr tag defines a horizontal rule:</p> <hr /> <p>This is a paragraph</p> <hr /> <p>This is a paragraph</p> <hr /> <p>This is a paragraph</p> </body> </html>
ကိုယ့် Web Page နောက်ခံကို အရောင်လေးတွေနဲ့ လုပ်ကြည့်ရအောင်ဗျာ၊
body style=”background-color:yellow” ဆိုတာလေးကတော့ Background အရောင်ထည့်တဲ့ ကုဒ်ပါ၊ yellow ဆိုတဲ့နေရာမှာ ကိုယ်ကြိုက်တဲ့အရောင်ကို ရေးနိုင်ပါတယ်။
<h2> နဲ့ </h2> ကတော့ သိပြီးသားဖြစ်မှာပါ၊ header အတွက် ဆိုပါတော့။
<html> <body style="background-color:yellow"> <h2>Look: Colored Background!</h2> </body> </html>
အခုရေးသွားတာတွေက အခြေခံ tags တွေအတွက် ဥပမာတွေပါ၊ အလွယ်ရေးနည်းတွေလည်းရှိပါတယ်၊ အခုရေးသွားတာတွေက လူသုံးနည်းချင် နည်းပါမယ် ဒါပေမယ့် စနစ်ကျတဲ့ ရေးနည်ဖြစ်ကြောင်း အာမခံပါတယ်။
နောက်တစ်ခေါက်ကျရင် စာပြင်တာနဲ့ ပတ်သတ်တဲ့ tutorials တွေကို ကျွန်တော်တို့ ဆက်သွားကြတာပေါ့။
Facebook comments:


