HTML 5 Video နဲ့ Flash Fall back

ဒီဆောင်းပါးကို မဖတ်ခင်သင်ဟာ
1. HTML,
2. CSS,
3. Javascript တွေကို သိရှိနားလည်ပြီးဖြစ်ရပါမယ် ။

ခေါင်းစဉ်ကြည်.ပြီး လန့်မသွားပါနဲ့ ။ browser မှာ ဗီဒီယိုဖွင့်ပြတဲ့ အကြောင်းပါပဲ ။

မကြာသေးမီနစ်များအတွင်းက Apple ရဲ့ အမူဆောင်အရာရှိ ၊ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ Steve Jobs က ထုတ်လုပ်တဲ့ ipadနဲ့ iphone တွေမှာ flash support ကို ဖယ်ရှားခဲ့ပါတယ် ။ Steve ရဲ့ဆုံးဖြတ်ချက်က စဉ်စားစရာလဲဖြစ်ပါတယ် ။ ဟိုးအရင်တုန်းက floppy drive တွေကိုလဲ ထုတ်ပစ်ခဲ့ပြီး ၊ နောက်ပိုင်းထွက်လာတဲ့ Mac-Book Air မှာလဲ DVD Drive ပါမလာတော့ပါဘူး ။ လုပ်ခဲ့သလောက် ခုထိတော့ မှန်သေးတယ် ပြောရမှာပါ ။ သူ.ရဲ့ အကြောင်းပြချက်ကတော့ ဘက်ထရီစားတဲ့ ကိစ္စနဲ့ ၊ performance penalty ပါ ။

Flash ကို adobe ကထုတ်ပါတယ် ။ Flash ကို ဗီဒီယိုဖိုင်တွေ ကိုပြသရုံတင်မကပဲ ၊ animation မှာလဲ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုပါတယ် ။ ကျွှန်တော် ဝက်ဘ်စသင်တဲ့ ကာလမှာပဲ flash ကို မသုံးဖို. ဆရာသမားတွေက တားပါတယ် ။ ဘာရယ်သေချာမသိခဲ့ပေမယ့် bandwidth တော်တော်စားတာတော့ သတိပြုမိခဲ့ပါတယ် ။
Web developer တစ်ယောက်အနေနဲ့ အခြေခံ မရှိမဖြစ်တတ်သင့်တဲ့ အရာ လေးမျိုးရှိပါတယ် ။ HTML, CSS , Javascript နဲ့ Photoshop လိုမျိုး graphic editing tool တစ်ပါ ။ Flash ကို မတတ်လဲရပါတယ် ။ အရင်တုန်းကတော့ Flash ကို မင်းသားမင်:သမီးလိုမျိုး ၊ ရုပ်ရှင်ဆိုက်လိုမျိုး ၊ ဖက်ရှင်ဆိုက်လိုမျိုးတွေက အသုံးပြုကြပါတယ် ။ အခုတော့ jQuery ကို ပြောင်းလာပါပြီ ။ Flash ကို dead technology လို.ပြောဖို.တော့ နည်းနည်းစောသေးတယ် ထင်ပါတယ် ။ Video file တွေကို ပြသတဲ့နေရာမှာFlash Video Player ကို အသုံးပြုပါတယ် ။ Flash ကို Browser ရဲ့ plugin အနေနဲ့ ထဲ့သွင်းရမှာပါ ။ Flash player ဟာ free ပေးပေမယ့် Adobe ရဲ့ ပိုင်ဆိုင်တဲ့product တစ်ခုဖြစ်ပါတယ် ။

Flash player ကိုသုံးတဲ့သူတိုင်း ကြုံတွေရမှာ တစ်ခုကတော့ i-devices တွေမှာ ဖြစ်မရတာပါ ။ Apple က ဈေးကွက်ရဲ့ ၂၅%ကို ကြိုးစိုးထားတယ်ဆိုတော့ ၁/၄ပုံရှိတဲ့ စက်တွေမှာ ဖွင့်မရတဲ့ သဘောပါ ။ Flash Player ကို သုံးရင် သိသာတဲ့အချက်ကတော့ ခဏခဏဟမ်:တတ်တယ်ဆိုတာပါ ။ ဘာဖြစ်လို.လဲဆိုတော့ သူက HTML မှာပါတဲ့ Standard မဟုတ်ပါဘူး ။ plugin အနေနဲ့ ဖြစ်နေတာလဲပါပါတယ် ။ နောက်ပြီး မကောင်းတာတစ်ခုက browser version အသစ်တစ်ခုထွက်တိုင်း update လုပ်ရပါတယ် ။
နောက်တစ်ခုက ease-of-access ပါ ။ browser တစ်ခုစီအတွက် flash plugin တွေသီးသန့်သွင်းပေးရပါတယ် ။ IE အတွက်တစ်ခု ၊ Firefox အတွက်တစ်ခုဆိုတာမျိုးပါ ။ line of code တွေကို လေ့လာကြည်.ရအောင် ။ အားလုံးနဲ့ အဆင်ပြေအောင် Google ကထုတ်တဲ့ Chrome Browser ကိုသုံးထားပါတယ် ။

ပထမဆုံး Flash ကိုလေ့လာကြည်.ရအောင်


Video လေးတစ်ခုပြဖို.တော်တော်ရှုပ်ထွေးတာကို တွေ့ရမှာပါ ။ 1,2 က movie ရဲ့ source ပါ ။ flash မရှိရင် download ဆွဲဖို. Link လဲပေးထားပါတယ် ။ http://www.adobe.com/go/getflash ပါ ။ အောက်က ကတော့HTML5 ကို သုံးထားတာပါ ။

Video element ကို တစ်ကြောင်းတည်းရေးလဲရပါတယ် ။

ဒါကတော့ Chrome browser မှာတွေ့ရတဲ့ HTML 5 Video ပါ ။ Stability ကော ၊performance ကော ၊ developလုပ်ရတာကော တော်တော်လေးကို သာတာကိုတွေ့ရမှာပါ ။ နောက်ပြီး ထပ်မံ သွင်းဖို.မလိုပါဘူး ။ HTML ရဲ့ element အဖြစ်တည်ရှိနေလို.ပါ ။

အခက်အခဲတွေ

HTML 5 ဟာကောင်းမွန်တယ်ပြောလို.ရပေမယ့် ။ သုံးဖို.တော့ ခက်ခဲနေပါသေးတယ် ။ ဘာဖြစ်လို.လဲဆိုတော့ Flash Video ကို လူတိုင်းသွင်းထားပြီးသားဖြစ်နေလို.ပါ ။ နောက်ပြီး HTML 5 က လူသုံးများတဲ့ youtube လိုမျိုးမှာ တွေ့နိုင်တဲ့ .flv extension တွေကို support မလုပ်ပါဘူး ။ ဘာဖြစ်လို.လဲဆိုတော့ Adobe က ပိုင်တဲ့ format ဖြစ်နေလို.ပါ ။
.mp4 , .ogg, .webM သုံးမျိုးကို support လုပ်ပါတယ် ။ .mp4 ကို လူတိုင်းနားလည်ပေးမယ့် Firefox က built-in support မလုပ်သေးတာ တော်တော်ဂွကျပါတယ် ။ နောက်ပြီး ၂၅%ဆိုတဲ့ ဈေးကွက်က နည်းတာကြီးမဟုတ်ပါဘူး ။ flash သာသုံးမယ်ဆို mobile နဲ့ ကွန်ပျူတာ ၁/၄ လောက်မှာကြည်.မရဘူးဆိုတဲ့ သဘောသက်ရောက်နေပါတယ် ။ Andriod မှာတော့အားလုံး အိုကေ ပါတယ်
.ogg တို.ဘာတို.က ဒီမှာ သိပ်မသုံးကြတဲ့ format ပါ ။ အောက်က ဇယားမှာ browser တွေကို ပြထားပါတယ် ။

ဒီမှာ အသေးစိတ်လေ့လာနိုင်ပါတယ် ။ http://www.w3schools.com/html5/html5_video.asp

Chrome လေးမှာတော့ တော်တော်ကို အဆင်ပြေပါတယ် ။

Chrome မှာမြင်ခဲ့တဲ့ HTML လေးကို တခြား browser တွေမှာ run ရင် အဆင်မပြေတော့ပါဘူး ။ လောလောဆယ်က IE နဲ့ Firefox ဒီမှာ လူသုံးများတဲ့ browser တွေပါ ။ အောက်ကပုံတွေမှာတော့ mp4 ကို စမ်းပြထားပါတယ် ။

ဖြေရှင်းနည်း
Flash ကိုလဲပစ်လို.မဖြစ်သေး ၊ HTML 5 သုံးချင်တယ်ဆိုရင်တော့ အကောင်းဆုံးက နစ်ခုစလုံးအတွက် လုပ်ပေးဖို.ပဲရှိပါတော့တယ် ။ Video JS လိုခဲ့တဲ့ Javascript ကို အခြေပြု player ကိုသုံးထားပါတယ် ။ http://videojs.com/ ဒီမှာအသေးစိတ်ကို ဖတ်ရှုနိုင်ပါတယ် ။

No.1 မှာတော့ HTML 5 ကို သုံးထားပြီး ၊ No.2 မှာတော့ HTML 5 Video tag က အဆင်မပြေရင် သွားရမယ့် Flash code ကို javascript နဲ့ အုပ်ထားပါတယ် ။ browser တော်တော်များများနဲ့ စမ်းကြည်.နိုင်ပါတယ် ။

Flash Fallback ဆိုတဲ့ Javascript file ကို ထဲ့ပေးရမှာပါ ။ javascript ကနေ detect လုပ်ပြီး HTML 5 မရရင် Flash ကို ဖွင့်ပေးလိုက်တာပါ ။
Demo ကို ဒီမှာကြည်.နိုင်ပါတယ် ။ http://videojs.com/video-js/demo.html

Facebook comments:

2 Responses

  1. .ogg type ကို android မှာ တော်တော်သုံး

  2. wayne says:

    .ogg ကကောင်:ပါတယ် လောလောဆယ်လူသုံးအများဆုံးက .flv နဲ့ .mp4 ဖြစ်နေတယ်ပေါ့လေ ။ .flv မရတော့ .mp4 ပဲကျန်တယ် ။

    Flash ကကြာခဲ့ပြီဆိုတော့ dominant ဖြစ်နေသေးတယ် ပြောရမှာပါ ။

Leave a comment


*