Freelance developer တကယ်လုပ်တော့မှာလာ:?-၃
Freelance developer တကယ်လုပ်တော့မှာလာ:?-၁
Freelance developer တကယ်လုပ်တော့မှာလာ:?-၂
၁-၂ရေးပြီးတော့ တော်တော်များများက အီးမေးလ်နဲ့တမျိုး၊ facebook ကတစ်မျိုး ၊ ဖုန်းနဲ့တမျိုး စိတ်ဝင်စားကြောင်း ဆက်ရေးပါလို. ပြောတာတွေကြားရတော့ ဝမ်းသာမိပါတယ် ။ အပိုင်း-၃မှာတော့ ကျွှန်တော်ဘယ်လိုလုပ်ဖြစ်သလဲဆိုတာကို ပြောပြချင်ပါတယ် ။ Web developer ဘယ်လိုဖြစ်လာလဲ မပြောခင် အစပျိုးခဲ့တဲ့အကြောင်းတွေတော့ နည်းပညာနဲ့ မဆိုင်ပေမယ့်ထားခဲ့လို.မရပါဘူး ။ ကောင်းတာကို ယူပြီး မကောင်းတာကို ပယ်ကြပါလို. ပြောပါရစေ ။ အစကတော့ လွန်ခဲ့တဲ့ ၃နစ်က ကျွှန်တော်နိုင်ငံခြားက ပြန်တာတဲ့ နေရာကပဲ ပြန်စရမှာပါ ။ ပြန်လာတုန်းကတော့ ဘာလုပ်ရမှန်း မသိပါဘူး ။ ကျောင်းကိစ္စနဲ့ စင်္ကာပူကပြန်လာပြီး ကိုယ့်ရဲ့ အားနည်းချက်ကို သတိထားမိပါတယ် ။ အဲဒါကတော့ ကျွှန်တော့်မှာ လုပ်ငန်:အတွေ့အကြုံ နည်းတဲ့ ကိစ္စပါ ။ အသက် ၂၄နစ်လောက်အထိ ကျောင်းတက်လို.မပြီးသေ:ပါ ။ တက္ကသိုလ် သုံးခု ၊ ကောလိပ်တစ်ခုနဲ့ တခြား Certificate အများကြီးရှိပေမယ့် လုပ်ငန်:အတွေ့အကြုံ တပြားမှကို မရှိတာပါ ။
စာသင်ခဲ့တဲ့အတွေ့အကြုံ
ကျွှန်တော်လုပ်ဖူးတဲ့အလုပ်ဆိုလို. စာသင်ဖူးတဲ့ပဲရှိပါတယ် ။ ကျောင်းမပြီးခင်ကတည်းက စာပြလာပြီး အဲဒီအလုပ်ကလဲ တော်တော်အဆင်ပြေခဲ့တယ်ပြောရမှာပါ ။ Saturday , Sunday နစ်ရက်စာသင်ရုံနဲ့ တလကို သိန်းချီရပါတယ် ။ ၂၀ကျော်အတွက်က တော်တော်များတဲ့ ပမာဏပြောရမှာပါ ။ အဆင်လဲပြေနေတော့ ပေါ့သွားတာလဲပါပါတယ် ။ မိဘက ပညာရေးတော်တော်အားပေးတော့ ပညာရေးကလဲ မဆိုးခဲ့ပါဘူး ။ ကျောင်းမှာအတော်ဆုံးကျောင်းသားမဖြစ်ခဲ့ပေမယ့် ဆရာဖြစ်တဲ့အခါ တတ်သလောက်တော့ မြင်အောင် သင်ပေးနိုင်ခဲ့ပါတယ် ။ ကျွှန်တော်က စာဖတ်ပျင်းပေမယ့် သတင်းတွေ ၊ ဂျာနယ်တွေ အရမ်းဖတ်ပါတယ် ။ တပတ်ကို အနည်းဆုံး ဂျာနယ် ၈စောင်ဝယ်ဖတ်လေ့ရှိပါတယ် ။ နဂိုကတည်းက ပုံတိုပတ်စ ပြောတတ်တော့ ကျောင်းသွားတွေလဲ သဘောကျပါတယ် ။ ပတ်ဝန်:ကျင်နဲ့ ဆက်စပ်ပြီး ဥပမာပေးတတ်တော့ တော်တော်ကို မြင်လွယ်ပြီး ကျွှန်တော်စာသင်တော်ကို တော်တော်အဆင်ပြေပါတယ် ။ ဒါတောင် အိမ်လိုက်မသင်ပါဘူး ။ Saturday , Sunday ကလွဲရင် ဘယ်လောက်ပေးပေး မသင်ပါဘူး ။ academic ပိုင်းပဲလုပ်နေခဲ့တာပါ ။
ပထမဆုံးလုပ်ဖြစ်တာတော့ ကိုယ်ဘာလုပ်တတ်သလဲ ချပြီး စဉ်းစားဖြစ်ပါတယ် ။ ဘာတွေတတ်သလဲပေါ့ ။Asp.net ကတော့ မဆိုးပါဘူး C# နဲ့လုပ်တတ်ပါတယ် ။ ဒီမှာက Open Source ကို ဈေးသက်သာလို.သုံးကြပါတယ် ။ .net က hosting ကအစ ဈေးကြီးပါတယ် ။Mobile က အဆင်မပြေပါဘူး ဒီမှာလဲ ဈေးကွက်နည်းပြီး ရှိခဲ့ရင်တောင် ကျွှန်တော်မလုပ်နိုင်ပါဘူး ။ Java ကို လုံးဝမကြိုက်ပါဘူး ။ PHP လေ့လာကြည်.ပါတယ် ။ လွယ်ကူပြီး အဆင်ပြေပါတယ် ။ CMS တွေစသုံးဖြစ်ပါတယ် ။ တော်တော်ကြီးကို လွယ်ကူပြီးသဘောကျမိပါတယ် ။ ကျွှန်တော်ပထမဆုံး လုပ်တဲ့အလုပ်ကတော့ အလွယ်ကစပြီးလုပ်ပါတယ် ။ အလွယ်ဆုံး Ning မှာ ဆိုက်လေးတွေ စလုပ်ဖြစ်ပါတယ် ။ အဲဒီတုန်းက facebook ဆိုတာလဲ သိပ်မသုံးကြသေးတော့ တော်တော်လေးကို အဆင်ပြေပါတယ် ။CMS တွေစသုံးပါတယ် ။ WordPress က စပြီးသုံးဖြစ်ပါတယ် ။ လွယ်ကူတာလဲပါပါတယ် ။ (မှတ်ချက် :ကျွှန်တော့်အကြောင်းပြောရင် ကျွှန်တော့် ဆရာ ကိုရာဗီကို မထဲ့လိုမရပါဘူး ။ ဒီအခြေအနေရောက်တယ်ဆိုတာ သူ.ရဲ့ လမ်းညွန်ချက်တွေအများကြီးပါပါတယ် ။ )
Experience Encounters
ကျွှန်တော်ဆိုက်မျိုးဆုံ ရေးခဲ့ဖူးပါတယ် ။ ထမင်းချက်တဲ့ ဆိုက်အစ ၊အလုပ်ရှာတဲ့ဆိုက် ၊ ဂိမ်းဆိုက်အဆုံး စမ်းဖြစ်ပါတယ် ။ ဒါပေမယ့် အောင်မြင်မူရဲ့ သော.ချက်ကတော့ Contributor ဆိုတဲ့ အကြောင်းပါ ။ ဟင်းချက်တဲ့ဆိုက်လုပ်တုန်းက ကိုမြင့်ကျော်သူရဲ့ မိန်းမ မချိုဝတ်ရည်က အရမ်းကို Contribute လုပ်ပေးပါတယ် ။ ဒါပေမယ့် ကျွှန်တော်ကိုယ်တိုင်က ဟင်းမချက်တတ်တဲ့အတွက် အောင်မြင်အောင် မလုပ်နိုင်ခဲ့ပါဘူး ။ MMGamers.com ကတော့ ကျွှန်တော့်ရဲ့ ပထမဆုံး အောင်မြင်တဲ့ ဝက်ဘ်ဆိုက်လို.ပြောလို.ရပါတယ် ။ အဲဒါကလဲ ကျွှန်တော်ကောင်းတာမဟုတ်ပါဘူး ကိုမြင့်ကျော်သူလိုမျိုး ၊ ကိုနေအောင်လတ်လိုမျိုး တကယ်နားလည်တဲ့ Contributor တွေရှိခဲ့လို.ပါ ။ မြစ်ကြောဘယ်လောက်ကောင်းကောင်း စီးဆင်းမယ့် ရေမရှိရင်အလကားပါပဲ ။ နောက်ပြီးဂိမ်းဆိုတာက ကိုယ်လဲစိတ်ဝင်စားတဲ့ နားလည်တဲ့ ၊ လူလဲစိတ်ဝင်စားနိုင်မယ့် topic ဖြစ်နေလို.ပါပဲ ။
မရှက်တတ်ဖို.
Marketing က ဘယ်အလုပ်မဆိုအရေးကြီးပါတယ် ။ ဝင်ငွေမရှိပဲ ကာလကြာရှည်မရပ်တည်နိုင်ပါဘူး ။ အထူးသဖြင့် ဂိမ်းခွေတွေက အရမ်းကို ဈေးကြီးပါတယ် ။ စွတ်ဝယ်လို. အဆင်မပြေပါဘူး ။ ကျွှန်တော်ပထမဆုံးလုပ်တဲ့အလုပ်က ဂျာနယ်တွေနဲ့ လိုက်ချိတ်ပါတယ် ။ပထမဆုံး ပြောဖြစ်တာတော့ အင်တာနက်ဂျာနယ်နဲ့ပါ ။ ကံကောင်းတာက အဲဒီတုန်းက တာဝန်ခံ အယ်ဒီတာက ၊ အခု TheExpressTimes ရဲ့ CEO ကိုကျော်ဇင်ထွန်းပါ ။ သူကိုယ်တိုင်ကလဲ အပြောင်းအလဲကို သဘောကျတော့ အဲဒီအချိန်မှာပဲ အဆင်ပြေသွားပါတယ် ။ ကိုသောင်းစုရဲ့ခွင့်ပြုချက်လဲပါတာပေါ့ ။ ဒီနေရာမှာ ပြောချင်တာကတော့ တော်တော် ဒီကလူတွေက ပြောရတာတော်တော်ရှက်လေ့ရှိပါတယ် ။ အမှန်က ကိုယ့်မှာ product သာကောင်းကောင်းရှိ လက်ခံမှာပါ ။ အချိန်တော့ပေ:ရမှာပေါ့လေ ။
ပုံမှန်ရတဲ့ဝင်ငွေ
စာမူခက အများကြီးလဲ မဟုတ်ပါဘူး တပါတ်မှ ၅၀၀၀ကျပ်လောက်ပါပဲ ဒါပေမယ့် ဂိမ်းနစ်ခွေဝယ်ပြီးရင်တောင် ၃၀၀၀ပိုပါတယ် ။ အဲဒီ သုံးထောင်ကို စုလိုက်ရင် ဝက်ဘ်ဆိုက်အတွက် ဟိုစတင်ကြေးရပါတယ် ။ နောက်ပြီး ဒါက အပတ်တိုင်းရတဲ့ ဝင်ငွေလဲဖြစ်ပါတယ် ။ တလနစ်သောင်း အဲဒီဂျာနယ်ရှိနေသ၍ရနေမှာပါ ။ နည်းတယ်ထင်ရပေမယ့် တနစ်ကို နစ်သိန်းခွဲလောက်ဖြစ်သွားပါပြီး ။ ဂျာနယ်တစ်စောင် တစ်လနစ်သောင်း တနစ် နစ်သိန်း ၊ ဂျာနယ်နစ်စောင် တစ်လလေးသောင်း တနစ် လေးသိန်း ၊ ဂျာနယ်သုံးစောင် တစ်လခြောက်သောင်း တနစ် ၆သိန်း ၊ ဂျာနယ်လေးစောင် တစ်လရှစ်သောင်း ၊ တနစ်ရှစ်သိန်း ဖြစ်သွားပါပြီ ။ ဒါက ဥပမာပေးတာပါ ။ ဒီဆိုက်က ရေရှည်ရပ်တည်လို.အဆင်ပြေသွားပါပြီ ။ MMGamers လေး နေရာနစ်နေရာရတော့ ကိုယ် ဝက်ဘ်ဆိုက်ရေးတတ်မှန်း လူတချို့သိသွားပါတယ် ။ အဲဒါတော့ အလုပ်တောင်းရလဲ အဆင်ပြေသွားတာပေါ့ ။ အဲဒါနဲ့ ဂျာနယ်လဲ အဆင်ပြေကော Sunday talk လိုမျိုး MRTV-4 မှာ လုပ်ရင် အဆင်ပြေနိုင်မလား အကြံရပါတယ် ။ အဲဒါနဲ့ လိုက်ပြီး ကြိုးစားနေတုန်းမှာ 5-Series က ကိုနေအောင်လတ်ရဲ့ သူငယ်ချင်း ကိုစိုင်:နဲ့ တွေ့ဖြစ်ပါတယ် ။ သူကလဲ 5-Cartoons ကို လူပိုကြည်.စေဖို. အစီအစဉ် လုပ်ချင်တာနဲ့ တွေ့ပြီး Gameworms ဆိုပြီးလုပ်ဖြစ်သွားတာပါ ။ အစကတော့ MRTV-4 ကို ရည်ရွယ်တာပါ 5-Series ကတော့ pay line ဖြစ်တဲ့အတွက် service အားဖြင့်လဲပိုကောင်းပါတယ် ။ Gameworms ရဲ့ host က ကျွှန်တော်မဟုတ်ပါဘူး ကိုနေအောင်လတ်ပါ ။ ဘာဖြစ်လို. ကျွှန်တော် ကိုနေအောင်လတ်ကို ပေးလုပ်သလဲဆိုတာ အကြောင်းပြချက်တွေရှိပါတယ် ။ ကျွှန်တော်က ဂိမ်းပဲဆော့တတ်တာပါ ။ ဂိမ်းစက်တွေ ၊ ဂိမ်းအမျိုးအစားတွေ ၊ အသေးစိတ်ကို သူ.လောက်ကို မသိပါဘူး ။ ပြီးတော့ သူကသာ better host ဖြစ်ဖို.ပဲရှိပါတယ် ။ ကျွှန်တော်လုပ်လဲ လေပဲပေါနေတာရှိမှာပါ ။ ကျွှန်တော့်အလုပ်က အဓိကအားဖြင့် Web သမားဖြစ်တဲ့အတွက် ပိုပြီးကျွမ်းကျင်မူရှိတဲ့ ကိုနေအောင်လတ်သာလျှင် အကောင်းဆုံး ရွေးချယ်မူဖြစ်ပါတယ် ။ ဘာပဲပြောပြော ကျွှန်တော် ဘာမှမလုပ်ရပဲ ကော်မရှင်တစိတ်တပိုင်းရတာပါတယ် ။ တခြားဆိုက်လေးတွေ လုပ်ဖို. Funding လေးတွေ အဆင်ပြေသွားပါပြီ ။အလုပ်လုပ်မယ်ဆိုရင် chain reactionတွေ အကြောင်းနားလည်သင့်ပါတယ် ။ ဘာပဲပြောပြောဆက်စပ်မူတွေရှိပါတယ် ။
အိမ်တွင်:ပြဿနာ
Freelance အတွက် အဓိကတားဆီးမယ့်သူကတော့ မိမိရဲ့အိမ်ရဲ့အတွင်:က မိဘပါပဲ ။ အခုထိလဲ နားမလည်တာတော့ ရှိနေတုန်းပါ ။ ကျွှန်တော်တို.မျိုးရိုးဟာ အစဉ်အဆက် ဝန်ထမ်းတွေပဲလုပ်ခဲ့တော့ တော်တော်ဂွကျပါတယ် ။ ဆိုးတာက အမျိုးတွေက ဝန်ထမ်းဘဝမှာပဲ အကြီးအကဲတွေဖြစ်ခဲ့တော့ ၊ ဖြစ်နေကြတော့ Freelance ဆိုတာ အသုံးအနှုန်းက တော်တော်ကျွှန်တော့်မိဘအတွက်နားကလောပါတယ် ။ ဝင်ငွေဘယ်လောက်ရှိရှိ၊ ဘယ်လောက်ဝင်ဝင် ၉နာရီ ရုံးတက်၊ ၅နာရီ ရုံးဆင်းကလွဲရင် အလုပ်လို.မမြင်ကြသေးပါဘူး ။ ကျွှန်တော့်မှာလဲ အိမ်နဲ့ ညိမရတဲ့ ပြဿနာတွေ ရှိခဲ့ပါတယ် ။ နောက်ဆုံး ကျွှန်တော် အိမ်ကဆင်းပြီ မြို့ထဲက ဘီအေကေမှာ ဂိမ်းခွေဆိုင်လေး ဖွင့်ဖြစ်ပါတယ် ။ အဲဒါကြတော့ အိမ်ကအလုပ်လို.မြင်ပါတယ် ။ မနက်သွားညပြန် တော်တော် အဆင်ပြေပါတယ်။
The Failure
ဂိမ်ခွေဆိုင်ဖွင့်ဖြစ်တယ်ဆိုတော့ စီးပွားရေးစိတ်ဝင်စားလို.လားဆိုတော့ မဟုတ်ပါဘူး ။ ကျွှန်တော့်အိမ်က သုဝဏ္ဏမှာပါ ။ စီးပွားရေးအရရှုံးပေမယ့် မိတ်ဆွေတွေရလိုက်တာတော့ အမြတ်ပါ ။ ပြီးတော့ ပတ်ဝန်:ကျင်နဲ့လဲ တော်တော်ချိတ်မိပါတယ် ။ စီးပွားရေးပိုင်းမအောင်မြင်ပေမယ့် personal career ကတော့ အဆင်ပြေလာပါတယ် ။နောက်ပြီး ငွေထက် ၊ မိတ်နဲ့ လုပ်နိုင်တဲ့ ကျွမ်းကျင်တဲ့သူက ပိုပြီးအရေးကြီးတယ်ဆိုတာ သဘောပေါက်သွားပါတယ် ။ နောက်ပြီးတော့ မရှိရင်ထားဦး ၊ ကျွမ်းကျင် ကြိုးစားပြီး အမြတ်ထွက်နိုင်မယ့် လမ်းကို သေချာ ဂဂနနပြနိုင်ရင် ရင်းနီးမယ့်သူတွေရှိကြောင်း နားလည်သွာ:ပါတယ် ။ အချိန်လဲတန်တော့ ဒီဘက်မှာလဲ ဝက်ဘ်အပိုင်းမှာ အထိုက်အလျောက် ဝင်ငွေကောင်းလာတော့ ဆိုင်လေးကို ရပ်လိုက်ပါတယ် ။ Piracy လဲလုပ်ရတာ စိတ်ထဲမသန့်တော့တာလဲပါပါတယ် ။
ဆိုင်လေးလဲ ရပ်လိုက်တော့ နနစ်လောက် ကျွှန်တော် မစားရက််မသောက်ရက် နနစ်လောက် ခြစ်ကုတ်စုထားတဲ့ သိန်းငါးဆယ်လောက် အငွေ့ပျံသလို ပျောက်သွာ:ပါတယ် ။ စီးပွားရေးသမားတစ်ယောက်အတွက် မသိသာပေးမယ့် ၊ သူဌေးသင်္ဘောပျက်တာကိစ္စမရှိပေမယ့် သူတောင်:စားခွက်ပျောက်သလို တော်တော်ဆိုးပါတယ် ။ ပြီးတော့ developer ဆိုတာ ကိုယ်လက်မပင်ပန်:ပေမယ့် ဆံပင်ဖြူတွေထွက်အောင် ရှာခဲ့ရတွေလဲ ဖြစ်နေပါတယ် ။ ဒါပေမယ့် ကျွှန်တော် ဘဝအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ သင်ခန်:စာတွေ နဲ့ ကောင်းမွန်တဲ့မိတ်ဆွေတွေရလိုက်ပါတယ် ။ အဲဒါတွေက ငွေကြေးထပ်တန်ဖိုးရှိတယ်ထင်ပါတယ် ။ စီးပွားရေးမလုပ်ပေမယ့် ဒီဘက်က အဆက်အဆက်တွေနဲ့ ချိတ်မိပြီး Freelance Development တွေတော်တော် လုပ်ဖြစ်ပါတယ် ။ ဒါကလဲ ကျွှန်တော့်စိတ်ထင် အကြောင်း ၃ချက်ကြောင့်ဖြစ်မှာပါ ။ ပထမက မြို့ပြင်ကနေမြို့ထဲရောက်လာလို.ပါ ။ ဒုတိယကတော့ Communtiy တွေမှာ Barcamp လိုမျိုး Event တွေမှာ တော်တော်လေးကို contribute လုပ်ဖြစ်ပါတယ် ။ တတိယကတော့ အရင်ထက် လူသိမိတ်ဆွေ များလာတာပါ ။
မိဘကလဲအရေးကြီး
Freelance လုပ်နိုင်ဖို.အတွက် အိမ်ရဲ့ပံ့ပိုးမူ အရေးကြီးပါတယ် ။ ကျွှန်တော်က အဆင်ပြေတဲ့ လူလတ်တန်:စား ပညာတတ်မိသားစုက ဖြစ်ပါတယ် ။ အိမ်ကမိဘတွေက အိုင်တီနဲ့ ရင်းနီးမူမရှိပေမယ့် အားပေးရကောင်းမှန်:သိပါတယ် ။ အစောပိုင်းမှာတော့ ညိရတာ တော်တော်ပြဿနာရှိပါတယ် ။ သူတို.ကတော့ အစိုးရအလုပ်မှာလုပ်ခဲ့ပြီး အရာရှိတွေအနေနဲ့ ပင်စင်စားယူခဲ့တော့ Freelance ဆိုတာ အရမ်းကိုစိမ်းလွန်းပါတယ် ။ နားလည်အောင်အချိန်ယူခဲ့ရပြီး နောက်ဆုံးအိမ်ကဆင်းပြီး အလုပ်ထွက်လုပ်ရတဲ့အထိလဲကြုံခဲ့ရပါတယ် ။ အကျိုးဆက်ကတော့ ပိုက်ဆံကုန်တာပါပဲ ။ စဉ်ဆက်မပျက်ကြိုးစားမူ Freelance developer ဖြစ်လာပြီးဆိုရင် ဘယ်သူမှ လိုက်ပြီးတိုက်တွန်းမယ့်သူမရှိပါဘူး ။ မိမိကိုယ်ပဲ အားမွေးရမယ့်ကိစ္စဖြစ်ပါတယ် ။
အလုပ်တစ်ခုတည်းလုပ်တာမဟုတ်ဘူး
Freelance developer တွေက လခကောင်းတယ်ဆိုတာဟုတ်ပါတယ် ။ ဒါပေမယ့် အလုပ်တစ်ခုတည်းလုပ်တာမဟုတ်ဘူးဆိုတာတော့ သိစေချင်ပါတယ် ။ ဥပမာအားဖြင့် လက်ရှိကျွှန်တော့်အလုပ်လုပ်နေတာ ၆မျိုးမကရှိပါတယ် ။
၁။ MMGamers.com ရဲ့ Web developer နဲ့ Web Admin
၂။ MIT ရဲ့ Freelance Developer
၃။ Winner ရဲ့ Freelance Developer
၄။ ဂျာနယ်ငါးစောင်ရဲ့ ပင်တိုင်ဆောင်ပါးရှင်(နစ်စောင်က မရေးဖြစ်တော့ပါ )
၅။ Padamyar FM ရဲ့ Program Host
၆။ Tutor
၇။ တခြားဆိုက်တွေ ၊ Project တွေ
တခြားContributionတွေကတော့
၁။ Barcamp Yangon ရဲ့ Organizer
၂။ မြန်မာဘလောဂ်ဂါအဖွဲ့ဝင်
၃။ Myanmar Tutorial မှာ Contributor
၄။ Myanmar IT Pro မှာ Contributor နဲ့ admin
၅။ MCPA မှာတတ်ကြွလှုပ်ရှားသူ
ဒီနေ့ရာမှာ ပြောလိုတာကတော့ Freelancer ဆိုတာ အိမ်မှာ အင်တာနက်နဲ့ အဲကွန်းနဲ့ ၊ကွန်ပျူတာလေးနဲ့ အခန့်သားထိုင်နေရတယ်ဆိုတာ မဟုတ်ပါဘူးဆိုတာပါပဲ ။ လစာကောင်းတဲ့ နောက်ကွယ်မှာ အလုပ်တွေလဲအများကြီးလုပ်ရပါတယ် ။
မိမိကိုယ်ကိုသုံးသပ်မူ
Language Skill တွေကို ပြန်ပြီး သုံးသပ်မိပါတယ် ။ ကျွှန်တော့်မှာskill အဲလောက်ကြီးမကောင်းပါဘူး ။ နောက်ပြီး အကြိုက်ရှိပါတယ် ။ ကျွှန်တော်က “ Hard coder “ (code တွေရေးပြီး ပျော်တတ်တဲ့သူ)မဟုတ်ပါဘူး ။ ကိုယ့်မှာသူများထက်သာတာ တစ်ခုရှိသင့်တယ် တော့ အစောကြီးကတည်းက သဘောပေါက်ပါတယ် ။ personality test တစ်ခုကို ဖြေကြည်.တဲ့နေရာမှာ ကျွှန်တော့်ရဲ့ စိတ်သဘောထားက အရောင်းသမား (sale person) လို.ထွက်ပါတယ် ။ ကိုယ်သိတာက academic ပါ ။ အဲဒီမှာ ထူးချွံပါတယ် ။ နောက်ပြီး creativity ကလဲ အားသာပါတယ် ။ သူများ ၉ခုသိရင် ကျွှန်တော် ၃ခုပဲ သိကောင်းသိနိုင်ပါတယ် ။ ဒါပေမယ့် အဲဒီ ၃ခုကို ကိုးမျိုးရအောင် ကြိုးစားလေ့ရှိပါတယ် ။ အဲဒီပုံစံကိုးမျိုးကို လူတွေကို ချပြနိုင်ပါတယ် ။ သူများမမြင်တာကို မြင်အောင်ပြနိုင်ပါတယ် ။System Analyst လိုမျိုးပါပဲ ။ Geek Coder တော့ အရင်ကတည်းက မဟုတ်ခဲ့ပါဘူး ။ ငယ်ငယ်ကတည်းကလဲ သူများ မလုပ်ရသေးတာကို လုပ်ရတာ တော်တော်ဝါသနာပါပါတယ် ။ နောက်ဆုံးရတဲ့အဖြေက ဘာဖြစ်သင့်သလဲဆိုတော့ “၁။ အရောင်းသမား ၂။ ကျောင်းဆရာ ၃။ အသစ်အဆန်:တီထွင်သူ ၄။ဝက်ဘ်ဆိုက်ရေးသူ”လို.အကြမ်းဖျင်းသိလိုက်ပါတယ် ။
မိတ်ဆွေက အရေးကြီး
Freelance ဆိုတဲ့အတွက် မိတ်ဆွေပဲ အရေးကြီးလိုအပ်သွားပါတယ် ။ အထူးသဖြစ်လမ်းညွန်မယ့်သူ ၊ အလုပ်ပေးနိုင်မယ့်သူတွေနဲ့ သိသင့်ပါတယ် ။ ပေါင်းသင်းဆက်ဆံရေးက အထာပါပဲ။ Community တွေအတွက် Contribution တွေ ဒီဘက်မှာအကျိုးသက်ရောက်မူအများကြီးရှိပါတယ် ။ အဲဒါပေမယ့် Developer ဆိုပြီး သစ်ပင်စိုက်နေလို.အကျိုးရှိမယ်မထင်ပါ ။ အိုင်တီနဲ့တော့ ပတ်သက်သင့်ပါတယ် ။
ရေရှည်မလုပ်သင့်တဲ့အလုပ်
Freelance Developer ဆိုတာ လခလဲ မဆိုး ၊ လွတ်လဲလွတ်လပ်ပါတယ် ။ ဒါပေမယ့် ရေရှည်လုပ်သင့်တဲ့အလုပ်တော့မဟုတ်ပါဘူး ။ ဘာဖြစ်လို.လဲဆိုတော့ ကိုယ်လုပ်နိုင်တဲ့ပမာဏကြောင့်ဖြစ်ပါတယ် ။ လူဟာလူတစ်ယောက်ထပ်တော့ပိုပြီးမလုပ်နိုင်တော့ပါဘူး ။ အဖွဲ့အစည်း ကျောထောက်နောက်ခံလိုပါတယ် ။ ကိုယ်လဲတနေ့ အိုလာမှာပါပဲ ။ ဘာပဲပြောပြောကြိုးစားရင်ရမယ်ဆိုတာကို တော့ ပြောချင်ပါတယ် ။
ကျွှန်တော့်ရဲ့ အမှားတွေ ၊အတွေ့အကြုံတွေကနေ သင်ခန်:စာယူနိုင်ကြပါစေ ။
Facebook comments:












ဆက်ရေးပါဦးဗျာ ၁နဲ့၂ ကိုပါ လင့်လေးချိတ်ထားပေးရင်ကောင်းမယ် ရှာဖတ်ရတာပျင်းလို့
၁ နဲ့ ၂ ကိုဖတ်ကိုဖတ်မနေပါနဲ့တော့ဗျာ။ ပျင်းရင် freelancer လုပ်လို့ဖြစ်မှာမဟုတ်ပါဘူးဗျာ။
ပျင်းနေတာများဗျာ … အင်တာနက်မသုံးပဲ အိပ်နေပါလား?
တစ်ကယ်ကို့ကျေးဇူးတင်စရာအရမ်းကောင်းတဲ့ post လေးတစ်ခုပါပဲ ကျွန်တော်တို့ရဲ့ပိတ်နေတဲ့ အကြောင်းအရာတွေကိုဖွင့်ပေးတဲ့အတွက်း အရမ်းပဲကျေးဇူးတင်ပါတယ်ဗျာ။
ကျွန်တော့် အတွက်တော့ Freelance အလုပ်ဆိုတာက နွားမွေးပြီး နွားသတ်ရောင်းစားတာနဲ့ တူတယ်။ Freelance ကနေ အတွေ့အကြုံယူပြီး နို့စား နွားမွေးနိုင်အောင် ဖန်တီးဖို့လိုပါတယ်။ နို့စားနွားမွေးရင်တောင် ကိုယ်တိုင်နို့ညှစ်ပြီး ကိုယ်တိုင်လိုက်ရောင်းတဲ့သူ မဖြစ်ဖို့လည်း လိုသေးတယ်။
Freelance ကို ရန်ကုန်မှာ ၂ နှစ်လောက် လုပ်ခဲ့ဖူးတယ်ဗျ။ ဝင်ငွေလည်း မဆိုးပါဘူး။ သို့ပေမယ့် အိပ်ရေးပျက်တာတွေ ရှိတတ်တယ်ဗျ။ အသက်အရွယ်ရလာရင် ငယ်ငယ်တုန်းက အိပ်ရေးပျက်တာတွေက ပြန်ထိလာတယ်။ ကျန်းမာရေးကို ဂရုစိုက်ဖို့လိုပြီး ဖြစ်နိုင်ရင် project management ပိုင်းကိုပါ လေ့လာထားတာ အကောင်းဆုံးပဲ။
အဲ ဝက်ဘ်သမား အိုင်တီသမားလုပ်မှတော့ ညအိပ်ရေးပျက်ကြောက်မရတော့ဘူး
ဟုတ်ပါတယ် ။ ကြီးလာရင်တော့ မလုပ်သင့်တဲ့အလုပ်ပါ ။ ငယ်တုန်းတော့လုပ်ချင်တာလုပ်ဖို.အချိန်လိုတာကိုးဗျ ။
ko wayne pls give your contact no. send me mail