Freelance Developer တကယ်လုပ်တော့မှာလား? – ၂

Language Independence ဖြစ်သင့်သလား?

Freelancer ဖြစ်မှတော့ ဒါလဲပါသွားပါပြီ ။ Language တင်မကပါဘူး ။ database , CMS  , mobile အကုန်ကို လုပ်နိုင်ရပါမယ် ။ ဟင်အချိန်က နည်းနည်းလေး အားလုံးကို မသင်နိုင်ဘူး ၊နားမလည်နိုင်ဘူးဆိုရင် ကိုမြင့်ကျော်သူပြောသလိုပဲ ။ Programming Statement တွေကို ချရေးကြည်.ပါ။ while, if , for အဲဒါတွေ အကုန်ပေါင်းရင် စာမျက်နာ နစ်မျက်နာမကျော်ပါဘူး ။ အဲဒါတွေအားလုံးကို programming language တွေအားလုံးသုံးပါတယ် ။ Database တွေကော သူတို.ရဲ့ queryသဘောတရားတွေက တူတူပါပဲ ။ မူကွဲလေးတွေရှိကောင်းရှိနိုင်ပေမယ့် ဒီအဖေ၊ ဒီအမေပါပဲ ။

စာအုပ်တွေဖတ်သင့်သလား?

Google ကိုအသုံးပြုတတ်တာ ၊ search Enginer ကို ကျွမ်းကျွမ်းကျင်ကျင်သုံးတတ်တာတွေက developer တွေရဲ့ လက်နက်၊ကရိယာတွေပါ ။ ကျွှန်တော်လဲ စာဖတ်တော်တော်ပျင်းပါတယ် ။ ဒါပေမယ့် language တစ်ခု ၊ framework ၊ CMS အသစ်တစ်ခုကို စပြီးလေ့လာမယ်ဆိုရင် စာအုပ်တွေကစတာ အကောင်းဆုံးပါပဲ ။ ဘာဖြစ်လို.လဲဆိုတဲ့ Language နဲ့ပတ်သက်တဲ့ လျှိုဝှက်ချက်တွေ ၊ flow တွေက စာအုပ်တွေမှာပဲ ရနိုင်တာပါ ။

အချိန်လေးစားပါ

ကျွှန်တော်လဲ မြန်မာပြည်က လူတစ်ယောက်ဖြစ်တဲ့အတွက်  အချိန်က တော်တော်ညိရတာ ဒုက္ခရောက်ပါတယ်။ လူကြီးတွေ ၊ ဌာနဆိုင်ရာအကြီးအကဲတော်တော်များများက အချိန်ကိုတော်တော်  sensitive ဖြစ်ပါတယ် ။ မနက်ပိုင်း အစည်းအဝေးတွေက developer တွေရဲ့ ရန်သူတွေပါ ။  မတတ်သာရင် SMS လေးပို.သင့်ပါတယ် ၊ ဖုန်းဆက်သင့်ပါတယ်  ။ ဖုန်းမရှိရင် အထောက်အထားတစ်ခုခုယူသွားသင့်ပါတယ် ။ အီးမေးလ်တော့မပို.သင့်ပါဘူး ။ မလေးစားရာရောက်ပါတယ် ။

 လျှိုဝှက်ချက်ကို လေးစားပါ .

အချိန်တော်တော်များများမှာ Company တွေနဲ့ တွဲလုပ်ရမှာတွေပါပါတယ် ။ Company A နဲ့ အပြင် Company B,C,D တွေနဲ့လဲ လုပ်ကောင်းလုပ်ရမှာပါ ။ A ကဟာနဲ့ B,C,D  ၊ B ကဟာနေ့ A,C,D လျှိုဝှက်ချက်တွေကို မပေါက်ကြားရပါဘူး ။  သူများ coding ကို ဖြစ်နိုင်ရင် အပြင်မယူသွားရပါဘူး ။ သူများရဲ့ data တွေကို ပစ်စလတ်ခတ်မထားရပါဘူး ။ အထူးသဖြင့် customer list တွေဟာ အရမ်းကို အရေးကြီးပါတယ် ။ ခွင့်မတောင်းပဲ လျှောက်မသွားရ ၊ လျှောက်မကြည်.ရပါဘူး ။ Online ပုံစတင်မက ၊ အပြင်မှာ  အလုပ်လုပ်ရင် အရေးကြီးပါတယ် ။

Certificate တွေက အရေးပါသလား?

Reputation တည်ဆောက်ပြီးသွားရင် ပြဿနာမရှိပေမယ့် ။ offer တစ်ခုခုရှိမယ်ဆိုရင် ၊ ကိုယ်လဲအသစ်ဖြစ်နေရင် ရှိသင့်ပါတယ် ။ ဥပမာအာ:ဖြင့် လူအယောက် ၂၀၀ ရှိတယ် ။ အချိန်ပေးပြီး အင်တာဗျူးနိုင်တာက ၅ယောက်  ဆိုရင် ကျွှန်တော်တော့ ပညာအရည်အချင်း ဇကာနဲ့တိုက်မိမှာပါပဲ ။ သူတတ်တာမတတ်တာအပထား “ဒါတော့ပြီးအောင်လုပ်နိုင်တယ်”ဆိုတဲ့ ကြိုးစားမူတော့တွေ့ရမှာပါ ။

Reputation ကို ထိန်းပါ ။ ရိုးသားပွင့်လင်းမူရှိပါစေ ။

ကိုယ်လုပ်နိုင်တာကို လုပ်ပြီး မလုပ်နိုင်တာကို အားမနာတမ်း ညင်းသင့်ပါတယ် ။ တကယ်လို support အရမ်းကောင်းတယ် ။ အချိန်လဲပေးနိုင်တယ်ဆိုရင်တော့ တမျိုးပါ ။ Freelance ဆိုတာမျိုးက individual ပါ။ ကိုယ်စားပြုအဖွဲ့အစည်းမရှိပါဘူး ။အဲဒီအတွက် personal reputation က အရမ်းအရေးကြီးပါတယ် ။ System တွေရဲ့ limitation ကိုလဲ နားလည်သင့်ပါတယ် ။ ရမ်းမတုတ်ပါနဲ့  ။

မြန်မာပြည်မှာတောင်မဟုတ်ပါဘူး နိုင်ငံခြားမှာကော မိမိကိုယ်ကို အတင်းကို  တက်သယောင်ယောင် ဆရာကြီးပုံစံတွေရှိပါတယ် ။ ပရိုဂျက် တစ်ခါရကောင်းရမယ် ၊ နစ်ခါရကောင်းရမယ် ။ ပရိုဂျက်လဲ fail ဖြစ်ကော နောက်ပိုင်း ဘူပိတ်တော့တာပါပဲ ။ ပန်:သတင်းလေညင်းဆောင် ၊ လူသတင်းလူချင်းဆောင်ပါတယ် ။  အခုမတတ်တာက နောက်ကြာရင်တတ်မှာပါပဲ ။ တခါခိုးတာကတော့ ဆယ်ခါမြင်နိုင်ပါတယ် ။

စစ်မရောက်ခင် ဓားသွေးပါ ။

ကိုယ်လုပ်နေတဲ့ Development Field နဲ့သက်ဆိုင်တဲ့ knowledge ကို ဖြည်.ထားသင့်ပါတယ် ။ကိုယ့်ရဲ့ profolio ကို တည်ဆောက်သင့်ပါတယ် ။ အနည်းဆုံးတော့ ကိုယ်ပိုင် နည်:ပညာဘလောက်လေးရှိသင့်ပါတယ် ။ ဖြစ်နိုင်ရင် နည်းပညာအသစ်တစ်ခုထွက်တာနဲ့ တီးမိခေါက်မိအောင် စမ်းထားသင့်ပါတယ် ။

Policy နဲ့ Culture ကိုလေ:စားပါ ။

Company တိုင်းမှာ သူ.တို.ရဲ့ ကိုယ်ပိုင် Policy ရှိပါတယ် ။ တစ်ဦးတည်းပိုင်ဖြစ်ဖြစ် ၊ အများပိုင်ဖြစ်ဖြစ် ၊မိသားစုပိုင်ဖြစ်ဖြစ် ၊ Chain Management ဖြစ်ဖြစ် ၊ ကြိုးနီစနစ်နဲ့ ဖြစ်ဖြစ်လေးစားရပါမယ် ။ ကိုယ်က ဝန်ထမ်းမဟုတ်တဲ့အတွက် ဝင်ရောက်မပတ်သက်ရပါဘူး ။ စည်းရှိရပါမယ် ။

Time Scope ရှိပါစေ

ဒီနေ့ ၊ ဒီအချိန် ဒါအပ်မယ်ဆို ပြီးအောင်လုပ်သင့်ပါတယ် ။ နောက်တစ်ခုက ဆရာတစ်ယောက်သင်ပေးတာပါ ။ ဟိုကမလုပ်ခိုင်းပဲ ကိုယ်ကလုပ်တတ်ရင်တောင် မပြောသင့်ပါဘူး ။ ဘာလုပ်သင့်လဲ အကူအညီ တောင်:မှသာ ပြောကောင်းပြောနိုင်ပါတယ် ။ ပိုနေတဲ့အချိန်ကို performance အတွက် tuning လုပ်ဖို.အချိန်ရအောင်ပါ။ လူကြီးပိုင်းတော်တော်များများက အလုပ်ဖြစ်တာနဲ့ stable ဖြစ်တာကို functionစုံတာထက်သဘောကျပါတယ် ။ အဲကိုယ့်ကို လွတ်လွတ်လပ်လပ်ဆုံးဖြတ်ခွင့်ပေးထားတဲ့ ပရိုဂျက်မျိုး ၊ ဥပမာအားဖြင့် ပညာရေးဆိုင်မျိုး  ဒါတွေဒါတွေ ပါရမယ်ပဲပြောမယ်ဆိုရင် ဒီလိုဒီလို ကိုယ်ကသင့်တော်တာမျိုးလုပ်ပေးသင့်ပါတယ် ။ Creative Works တွေမှာကတော့ အဆင်ပြေနိုင်ပါတယ် ။

တာဝန်ယူတတ်ပါစေ

Team နဲ့လုပ်လုပ် ၊ တစ်ယောက်တည်းလုပ်လုပ် freelance သမားတွေဟာ မိမိမှာ တာဝန်ရှိတာကို  သတိထားရပါမယ် ။  Project failure ဟာ မိမိရဲ့ career အတွက် doom ဖြစ်သွားနိုင်ပါတယ် ။ မဖြစ်နိုင်ရင် အစောကတည်းကညင်းလိုက်ပါ ။ အားမနာပါနဲ့ ။

မိသားစုအတွက် အချိန်ပေးပါ ။

ဒါကဒီမှာတော်တော် အရေးကြီးတဲ့ ကိစ္စလို.ပြောလို.ရပါတယ် ။ ဥပမာအားဖြင့် ကျွှန်တော့်မိဘဟာ ကျွှန်တော်ဘာလုပ်နေလဲ မသိပါဘူး ။ ဘယ်လောက်ပဲဝင်ဝင် ၊ ဘယ်လောက်ပဲ ဂျာနယ်မှာ စာမျက်နာအပြည်. အင်တာဗျူးပါပါ ။  ဘယ်လောက်ပဲ ရုပ်မြင်သံကြားမှာလာလာ  ပုံမှန်အလုပ်မဟုတ်တဲ့အတွက် အလုပ်လို.မသက်မှတ်ပါဘူး ။ အိုင်တီသမားတွေဟာ အိပ်ချိန်စားချိန်  သူများနဲ့မတူပါဘူး ။ တော်တော်ဒုက္ခရောက်ရပါတယ် ။

အရေးကြီးတာကတော့ အနည်းဆုံး  ကိုယ့်ကို နစ်သိပ်စကားပြောနိုင်တာ ၊ အဝတ်တွေလျှော်ပေးကောင်း လျှော်ပေးမှာ ၊ ဂရုစိုက်တာ စိတ်ပိုင်းဆိုင်ရာ နွေးထွေးမူပေးတာဟာ မိဘ၊ဒါမှမဟုတ် မိဘရဲ့အထောက်အပံ့ပါပဲ ။ မိသားစုမှာ မအောင်မြင်ပဲ Freelance ကောင်း တစ်ယောက်လုံးဝလုံးဝ လုံးဝကို မဖြစ်နိုင်ပါဘူး။

Freelance လုပ်ရတာဈေးကြီးလား?

လက်တော့တစ်လုံးလောက်တော့ရှိရပါမယ် ။ အင်တာနက် ၂၄နာရီရတဲ့နေရာမှာရှိသင့်ပါတယ် ။ ဟန်:ဖုန်းမဟုတ်တောင်၊ ဆက်သွယ်နိုင်မယ့် ဖုန်းတလုံးရှိသင့်ပါတယ် ။ ဖုန်းဆက်ရင် ည ၃၊ ၄နာရီထသွားရတဲ့ အခေါက်တွေ မနည်းပါဘူး ။ အနည်းဆုံး အင်တာနက်+ လက်တော့ ဆယ်သိန်းလောက်တော့ ကုန်ပါတယ် ။ မရှိလဲ Laptop အဟောင်းတစ်လုံးဝယ်ပြီး စသင့်ပါတယ် ။  အဓိကကတော့ အလုပ်ကို လုံးဝလုံးဝမရွေးပါနဲ့ ။ အစပိုင်းမှာ ငါဟာDeveloper ဖြစ်တယ် ငါဒါလုပ်ရမှလုပ်မယ်ဆိုရင်  အစောတတည်းကစွန့်လွှတ်လိုက်ပါ ။

Devcon တုန်းက ဆရာဦးသိန်းဦးကမေးပါတယ် ။   ချမ်းသာလို. Freelancer လုပ်တဲ့သူဘယ်နစ်ယောက်ရှိလဲဆိုတော့ ကျွှန်တော် လက်ထောင်ခဲ့ပါတယ် ။ ဘာလို.လဲဆိုတော့ ကျွှန်တော့်မှာ ရွှေအိုးကြီးသုံးလုံးရှိတဲ့အတွက်ပါ ။ တခြားကိစ္စတစ်ခု ဖြတ်ဝင်လာတဲ့အတွက် မရှင်းပြဖြစ်လိုက်တာပါ ။

ပထမရွှေအို:ကတော့ -  ကျွှန်တော်ထက် programming skillကောင်းတဲ့သူအများကြီးပါ  ။သူများက ကို:လုံးနဲ့ ကိုးမျိုးရေးတတ်ရင် ၊ကျွှန်တော်က ကျွှန်တော်တတ်ထားတဲ့ တတ်ထားတဲ့ သုံးလုံးကို ကိုးမျိုး ပတ်ချာလည်သုံးတတ်အောင် ကြိုးစားပါတယ် ။ ပြောချင်တာက ရှိတာ ၊တတ်တာလေးကို ဘယ်လိုအသုံးချမလဲ စဉ်းစားပါတယ် ။

ဒုတိယရွှေအိုးကတော့ – developer အသိုင်းအဝိုင်း အပြင် ၊ အပြင်က နည်းပညာအသိုင်းအဝိုင်းနဲ့ ဝင်ဆန့်အောင် လိုက်ပေါင်းထားပါတယ် ။ ကျွှန်တော် မတော်ပါဘူး ။တချို့ဟာတွေ မလုပ်တတ်ပါဘူး ။ ဒါပေမယ့်  ဘယ်သူကဘာလုပ်တတ်တယ်ဆိုတာကို သိအောင်ကြိုးစားပါတယ် ။ ဘယ်သူနဲ့ပေါင်းရင်ရမယ် ၊ ဘယ်ဟာကို ဘယ်လောက်ဈေးသက်သက်သာသာဖြစ်အောင် ဘယ်လိုလုပ်ရမလဲ သိအောင်ကြိုးစားပါတယ် ။ ဟုတ်နေတဲ့ တတ်ကျွမ်းနေတဲ့သူတွေနဲ့ တဲ့အောင်ပေါင်းပါတယ် ။ အနည်းဆုံး မကူညီတောင် စကားပြောရတာ  ဗဟုသုတရပါတယ်  ။ လေသံဖမ်းတရားနာတတ်ပါတယ်။

တတိယရွှေအိုးကတော့ – နောက်တစ်ခုက အလုပ်တစ်ခုကို ပြီးအောင်လုပ်ပါတယ် ။ မလုပ်နိုင်ရင်ညင်းပါတယ် ။ ခေါင်းရှင်းသွားတဲ့အခါ တခြားဟာအေးဆေးလုပ်နိုင်ပါတယ် ။

Developer ဆိုတာ developer အလုပ်လုပ်ရုံနဲ့ပြီးပြီလား?

အားလုံ:ကအတွေ့အကြုံကပဲသင်ပေးသွားတာပါပဲ ။ ကျွှန်တော်လဲ ဒုက္ခရောက်တဲ့ မလုပ်တတ်တဲ့အချိန်တွေရှိပါတယ် ။  ကျွှန်တော့်ဆရာ ကိုရာဗီအသိဆုံးဖြစ်မှာပါ ။ ဒါပေမယ့် သူလုပ်တတ်တဲ့အတွက် သူ.ကို မေးရမှာ ကျွှန်တော်သိပါတယ် ။ ကွမ်:တစ်ထုပ်နဲ့ မျက်နာလုပ်စာမေးလို.ရတဲ့ ဆရာရှိပါတယ် ။ MCPA လိုမျိုး ၊ MIT လိုမျိုး ၊ MBS လိုမျိုး ၊Winner လိုမျိုး နေရာတွေမှာ ဆရာတွေ ၊ အကိုတွေ ၊ မိတ်ဆွေတွေ ၊ သူငယ်ချင်းတွေရှိပါတယ် ။ IT show သွားရင်တောင် ပိုင်ရှင်အနည်းဆုံး ၆ဦး နဲ့ ခင်အောင်လုပ်ထားပါတယ် ။  ရှေ့တုန်းက ပြောခဲ့သလိုပဲ ဖွင့်ပြောကောင်းမှပြောမယ် တိတ်တိတ်လေးဆရာတင်ပြီး ကောင်းတာလေးတွေကို ရအောင်ယူပါတယ် ။

MMGamers.com က စပြီးလုပ်ခဲ့စဉ်တုန်းက WordPress စမ်းနေတုန်းပါပဲ ။ ဂိမ်းအကြောင်းလဲ ဘာမှ နားမလည်ပါဘူး ။ ကိုမြင့်ကျော်သူလိုမျိုး ၊ ကိုနေအောင်လတ်မျိုး ဂိမ်းကို နောကျေအောင် သိတဲ့သူတွေကိုပဲ အားကိုးခဲ့တာပါ ။ ကျွှန်တော့်အလုပ်ကို  maintain ပဲ ပါးပါးလေးလုပ်ခဲ့တာပါ ။ MMGamers ရဲ့ အစမှာ  ဂိမ်း review လေးတွေကို print ထုတ်ပြီး ၊ ဂျာနယ်တွေကို လိုက်ပြခဲ့ရတာပါ ။ ကိုသောင်းစုငြီမ်းတို.ဘက်ကလိုမျိုး ၊  Family entertainment ဘက်ကလိုမျိုး ၊ နယ်ပယ်အသီးသီးက တာဝန်ရှိသူတွေရဲ့ ကျေးဇူးတွေအများကြီးပါပါတယ် ။

ပြောချင်တာက ဂိမ်းနဲ့တော့ မဆိုင်ပါဘူး ။ Freelance ဆိုပြီး အိမ်မှာ ကွန်ပျူတာလေးရိုက်ရုံ ၊ အင်တာနက်သုံးရုံ၊ စိတ်ကူးနေရုံ နဲ့ဖြစ်မလာဘူးဆိုတာပါပဲ ၊ အပင်ပန်:ခံရမယ် ၊ အိမ်မှာပဲနေလို.မရဘူး ။ အဓိကကတော့ network ပါပဲ ။ အချိန်ပေးပြီး တည်ဆောက်ရမယ် ၊ အနစ်နာခံတတ်ရမယ် ၊ သီးခံရမယ် ၊ မဟားတရားကြီး လိုက်ဖားတာမျိုးတော့ ရှောင်သင့်ပါတယ် ။ လူတိုင်းက အရူးတွေမဟုတ်ပါဘူး ။ ဖြစ်နိုင်ရင် ပြည်သူ.နီတိလိုမျိုးကို ပြန်ရှာဖတ်သင့်ပါတယ် ။

Social event တွေ ၊ Seminar တွေမှာ ပါဝင်သင့်ပါသလား?

အဖြေကတော့ “yes” ပါ ။  IT သမားဟာ အိုင်တီနဲ့ဆက်စပ်တဲ့ event တွေတတ်သင့်ပါတယ် ။ အဲမဆိုင်တာတော့ မလုပ်သင့်ဘူး ထင်ပါတယ်  ( ဥပမာ သစ်ပင်စိုက်တာမျိုး )။ ကူညီတတ်တာကောင်းပေမယ့် ကိုယ်နဲ့လုပ်နေတာမျိုးနဲ့တော့ သက်ဆိုင်သင့်ပါတယ် ။ Seminar တွေတော့ ကောင်းရင်လိုက်တတ်သင့်ပါတယ် ။ အိုင်တီသမားဟာ စီးပွားရေးပညာကို လေ့လာထားလို. မမှာ:ပါဘူး ။ သင်တန်:ကြော်ငြာတွေတော့ရှောင်ပါ ။

Barcamp လိုမျိုး ၊  Devcon လိုမျိုး event တွေဟာ developer တွေအတွက် အကျိုးရှိပါတယ် ။ IT show လိုမျိုးကတော့ အပျော်သွားတာပဲ ကောင်းပါတယ် ။ အဲဆက်စပ်ပြီးအလုပ်လုပ်နိုင်ရင်တော့ ကောင်းပါတယ် ။ ဒါပေမယ့် လုပ်ငန်:ကြီးတွေဟာ ကိုယ့်ကို အထင်ကြီးလေ့မရှိပါဘူး ။

ကျား ၊ မကွာခြားချက်ရှိလား ?

ကျားရယ်မရယ်မဟုတ်ပေမယ့် အလုပ်သဘောတရားကတော့ freelance developer ပိုင်းဟာ ယောက်ကျားလေးတွေနဲ့ ပိုပြီးသင့်တော်သွားပါတယ် ။ စိတ်တော့မပျက်သွားပါနဲ့။ တလကို ဒေါ်လာထောင်ချီ ရနေတဲ့ မိန်းကလေး developer တွေလဲရှိပါတယ် ။

ကိုယ်လုပ်နိုင်တာကို လူသိပါစေ

ကိုယ်ဘာလုပ်တတ်သလဲ  ဝက်ဘ်လား ၊ မိုဘိုင်းလား ၊ ဝင်းဒိုးလား ၊ ဂရပ်ဖစ်လား ၊ ဒေတာဘေစ်လား ဘာလုပ်တတ်လဲလူသိအောင်လုပ်ဖို.လိုပါတယ် ။ ဥပမာအားဖြင့် Google search engine ပုံစံမျိုး ၊ ဘယ်သူဘာလုပ်တတ်လဲရှာရင်  ကိုယ့်နာမည်ပါအောင်လုပ်ထားသင့်ပါတယ် ။ အဲဒါကတော့ အစောကပြောတဲ့ event တွေမှာ ဝင်ရောက်ဆွေးနွေးတာမျိုး ၊ blog ရေးတာမျိုး ၊ တော်တော်လေးသင့်တော်ပါတယ် ။

ဥပမာအားဖြင့် ကျွှန်တော် ဒီဆောင်းပါးကို ရေးတာဟာ ကျွှန်တော် ဒါတတ်ပါတယ် ကို မပြောပဲနဲ့ ကြေငြာတာမျိုးပါပဲ ။ Share လုပ်ရင်းနဲ့ reputation ပါတတ်ပါတယ် ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ထူးချွံတဲ့သူတွေကို မြင်ရတာ အားရပါတယ် ။ ကိုယ်ပိုင် blog လေးရှိသင့်ပါတယ် ။ နောက်ပြီး Stack over flow လိုဆိုက်မျိုးမှာ reputation point တွေက မေးခွန်းမှာသုံးလိုက်လို.ရပါတယ် ။

Facebook comments:

6 Responses

  1. Than Htut says:

    freelance developer ka kyar kyar yat thi pho lwal ba ma lar.

  2. wayne says:

    it is all about self-control and self learning. If you have them , you can do it.

  3. IT-KOKO says:

    ဖတ်လို့တော်တော်ကောင်းတယ်။နှစ်ခေါက် တောင်ဖတ်သွားပါတယ်။

  4. reader says:

    For the first time, Microsoft is giving away Developer Preview of Windows 8 as free public download. Available now at http://dev.windows.com/

  5. orochi says:

    Ah!,this articles is great for newbies .

  6. [...] Freelance developer တကယ်လုပ်တော့မှာလာ:?-၂ [...]

Leave a comment


*