E-government စနစ်အတွက် မဖြစ်မနေလိုအပ်လာမယ့် Multi-Systems : Information sharing
ကျွှန်တော်လွန်ခဲ့တဲ့လက ကားလိုင်စင်သွားလုပ်လိုက်ရပါတယ် ။ သူတို.ပြောတဲ့ Smart Card ဆိုတာပါ ။ အဲဒီအတွက် မှတ်ပုံတင်နဲ့ သန်:ခေါင်စာရင်းယူသွားရပါတယ် ။ စဉ်းစားမိတာက တစ်ခုခုဆိုရင် Computer ထဲ့ရိုက်ရှာနေရပြီး အချက်အလက်တွေက နေရာအနံရောက်နေပြီ: တော်တော်ကြာတဲ့ ကိစ္စပါ ။ ကျွှန်တော်ကားလိုင်စဉ်ကတော့ ဟုတ်ပါတယ် ဒါပေမယ့် Passport မရှိလို.လျှောက်တယ်ဆိုပါတော့ အားလုံးကို ပြန်ပြီးရိုက်ထဲ့နေရပြန်ပါတယ် ။ စဉ်းစားမိတာက အဲဒါတွေအားလုံးအတွက် Common Information Sharing မရှိနိုင်ဘူးလားဆိုတာပါပဲ ။ e-government ဆိုပြီး လုပ်လာကြတော့ ရုံးတွေကြား share လုပ်နိုင်မယ့် ရုံးလုပ်ငန်:အတွက်လိုအပ်နိုင်မယ့် အချက်အလက်တွေကို စာရင်းပြုစုမိပါတယ် ။
ကျွှန်တော့်စိတ်ထင်တော့ ၁ကနေ ၇လောက်အထိက သာမာန်လူသိရင်တောင် ပြဿနာ မရှိလောက်ပါဘူး ။ ၈ ၊ ၉ ၊ ၁၀ လည်းပြောရရင် ကိစ္စမရှိဘူးပြောလို.ရပါတယ် ။ ကျွှန်တော်နားမလည်တာကတော့ ဒီလိုမျိုး Basic Informationတွေကို ဒီလောက်တောင် ဘာဖြစ်လို.ကျွှန်တော်တို. အချိန်ကုန်ခံနေရသလဲဆိုတာပါ ။ အမြဲတန်:ထပ်ခါထပ်ခါဖြည်.ရတာ တော်တော်အလုပ်ရှုပ်ပါတယ် ။ အိုင်တီသမားဆိုတော့ အိုင်တီနဲ့ပတ်သက်ပြီးစဉ်းစားမိတာပါ ။ ကျွှန်တော် Database တစ်ခုဆောက်ပြီး ရှိတဲ့ မြန်မာပြည်မှာရှိတဲ့ လူသန်:ငါးဆယ်ကျော်ရဲ့ ခုနကပြောတဲ့ အခြေခံအချက်တွေကို ပစ်ထဲ့လိုက်ပါမယ် ။ ပြီးရင် စနစ်တွေကြား share လုပ်ပေးလိုက်ပါမယ် ။ ဘာနဲ့တူလဲဆိုတော့ မတူတဲ့ စနစ်တွေမှာ Basic Information တွေကို Database ထဲ ၊ member စာရင်းထဲ မထဲ့တော့ပဲနဲ့ သီးခြားမထဲ့တော့ပဲ Central Citizen Database က လှမ်းယူပါမယ် ။
ဒီလိုပုံစံမျိုးဆိုရင်တော့ အမြဲတန်:ဖြည်.စရာမလိုတော့ဘူးထင်ပါတယ် ။ ဟင်ဒီလောက်များတဲ့လူတွေအများကြီး ဝိုင်းသုံးရင်ခံနိုင်ပမလားဆိုတာကတော့ Database ဆောက်တဲ့ ပုံစံနဲ့ Mirror တွေကို ကောင်းကောင်းထားလိုက်ရင် အဆင်ပြေသွားမှာပါ ။ အဲဒါကတော့ ရှင်းမပြတော့ပါဘူး ..
Facebook comments:





Only Government like Burmese dictators can do that because they abuse human rights, privacies etc.
Dictatorship မကလို့ ဘယ်လိုအစိုးရပဲဖြစ်ပါစေ။ Abused human rights, privacies ဘာညာကွိကွ တွေဘေးကိုဖယ်ထားလိုက်။ နည်းပညာအသိုင်းအဝိုင်းက ဒီလိုချပြတဲ့ အသံတွေထွက်ပေါ်လာတာ ကြိုဆိုရမှာပါ။ Cheer ဗျာ။ ကျေးဇူးပါ ကိုဝိန်းရေ့။
အမှန်ကတော့ တိုးတက်တဲ့ တိုင်းပြည်တိုင်းမှာ သုံးပြီးသားစနစ်ဖြစ်ပါတယ် ။ ဖုန်းဝယ်ဝယ် ၊ ကားဝယ်ဝယ် ၊
ရုံးကိစ္စလုပ်လုပ် မီးရထားလက်မှတ်ဝယ်ဝယ် လူသက်သာအောင် ၊ အချိန်ကုန်သက်သာအောင် လုပ်ပေးတာဖြစ်ပါတယ် ။
တရားဥပဒေစိုးမိုးရေးအတွက်လဲ တော်တော်အရေးပါတဲ့ စနစ်လဲဖြစ်ပါတယ် ။ ရည်ရွယ်ချက်က
ပြည်သူတွေသက်သာအောင် လုပ်ဖို.ပါပဲ ။ ဆိုးကျိုးတွေကတော့ ရှိနိုင်ပါတယ် ။ ကောင်းကျိုးက ပိုများတယ်ပြောရမှာပါ
။အနည်းဆုံး ငွေညစ်တာနဲ့ လာဘ်စားတာ တော်တော်သက်သာသွားနိုင်ပါတယ် ။
“အမှန်ကတော့ တိုးတက်တဲ့ တိုင်းပြည်တိုင်းမှာ သုံးပြီးသားစနစ်ဖြစ်ပါတယ်”
ကို wayne ရေ… အဲ့ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ နည်းနည်းပြောပြချင်လို့ပါ… တိုးတက်တဲ့နိုင်ငံတိုင်းမှာ မသုံးပါဘူး… စင်ကာပူမှာတော့ ကို wayne ပြောတဲ့အတိုင်း တစ်ကယ် သုံးပါတယ်… တစ်ကယ်လည်း အသုံးဝင်ပါတယ်… E-PASS လို့ခေါ်တဲ့ Account ကို PR & Citizen တွေလျှောက်လို့ရပါတယ်… အခွန်ကိစ်စ၊ ဗီဇာကိစ်စ အကုန်လုံးကို အင်တာနက်ကနေပဲ အကုန်လုပ်လိုက်လို့ရပါတယ်
ကျွန်တော် အခုရောက်နေတဲ့ အင်္ဂလန်နိုင်ငံမှာတော့ မသုံးဘူးလို့ယူဆရပါတယ်… ဘာလို့လည်းဆိုတော့ ကျွန်တော် ဒီကိုရောက်နေတဲ့ ၂ နှစ်ကျော် အချိန်အတွင်းမှာ ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်ဖောင်တွေကို အမြဲတမ်း ပြန်ပြန် ဖြည့်နေရလို့ပါ
ဗီဇာလျှောက်လည်း ဖြည့်ရပါတယ်… လျှောက်ထားတဲ့ ဗီဇာအမျိုးအစား ပြောင်းတော့လည်း ဒီအတိုင်း ဖောင်တစ်ထပ်လိုက်ကြီး ထပ်ဖြည့်ရပါတယ်… အလုပ်သမားကဒ်လျှောက်တော့လည်း ထပ်ဖြည့်ရပါတယ်၊ ဆေးခန်းမှာ မှတ်ပုံတင်လည်း ဖြည့်ရတာပဲ… မြို့ပြောင်းလို့ နောက်ထပ်ဆေးခန်းမှာ မှတ်ပုံတင်တော့လည်း ထပ်ဖြည့်ခိုင်းတာပါပဲ… ဘဏ်ဆိုရင်လည်း ဘယ်ဘဏ်ကို သွားသွား ဒီအတိုင်း တစ်သွေမသိမ်း ထပ်ဖြည့်ခိုင်းတာပဲ…
ဒီမှာရှိတဲ့လူတွေကို မေးကြည့်တော့ Privacy ကြောင့်ပါတဲ့… ဒီနိုင်ငံမှာက အားအားရှိ တရားစွဲနေကြတာဆိုတော့ Privacy တစ်ခုခုပေါက်သွားရင် အစိုးရက အလျော်ပေးရလွန်းလို့လို့ ပြောကြတာပဲ… ဘာကြောင့်လဲ ဆိုတာကိုတော့ ကျွန်တော်ကိုယ်တိုင်လည်း သေချာမသိပါ ခင်ဗျာ
ဒီကအကို ပြောတာ ဖြစ်နိုင်ပါတယ် ။ Privacy ကြောင့်ဆိုတာ ။ အဲဒီအတွက် adjust လုပ်လို.ရပါတယ် ။ ဘယ်လိုမျိုးကို ဘယ်လိုအတွက် share မယ်ဆိုတာပေါ့ ။ ရှိတော့ရှိသင့်ပါတယ် ။ ဒီမှာက သိတဲ့အတိုင်း လွယ်ဘူးဗျ ။ အချိန်ကုန်ပြီး အဆင့်ဆင့်ဖြစ်နေတယ် ။ အဲဒီအဆင့်ဆင့်ဟာ ပြည်သူအတွက် ငွေယိုပေါက်ပဲဗျို့ ။
ဲဲမြန်မာပြည်မှာက ဆောင်ပုဒ်ပဲချမှတ်တာပါ၊သူများတွေအထင်ကြီးအောင်ပေါ့၊ပြည်သူတွေအဆင်ပြေအောင်
မလုပ်ပေးပါဘူး
ဖုန်းရုံးကိုကိစ္စကြောင့်သွားပါတယ်။ကြွေးကင်းစင်ကြောင်းယူပေးရတယ်။သူတို ့အချင်းချင်းဖုန်းဆက်မေး
ရင်ရရဲ ့သားနဲ ့၊အဆင်ပြေအောင်ကိုမလုပ်ပေးတာပါ