အိမ်များနှင့် ကခုန်ခြင်း
ဒီပိုစ်လေးက ကျွန်တော် ဖိုရမ်တစ်ခုမှာ ရေးခဲ့ဘူးပါတယ်။ နိုင်ငံခြားမှာ အလုပ်လုပ်နေသူတွေ နဲ့ အတော် ပတ်သတ်နေပါတယ် ဆိုပေမယ့် ပြည်တွင်းက သူတွေ အနေနဲ့လည်း သေချာတွေးကြည့်မယ်ဆိုရင် အသုံး၀င်မယ်ထင်ပါတယ်။
ကျွန်တော် ဖြတ်သန်းဘူးတဲ့ အတွေ့အကြုံအရ စွန့်ခွာခဲ့တဲ့အိမ်… ရောက်ချင်နေတဲ့အိမ်… ပြန်သွားချင်တဲ့အိမ်.. စသဖြင့် လူအမျိုးမျိုး အတွေ့အကြုံအထွေထွေ ပေါ်မူတည်ပြီး ကွဲပြားနေတဲ့ ခံစားချက်တွေ နဲ့ ရည်ရွယ်ချက်တွေ ကို ပြောပြချင်ပါတယ်။ သူငယ်ချင်းတို့ တစ်တွေလဲ ၀င်ရောက် ဆွေးနွေးပေးကြပါ…ခံစားချက်တွေ ဖလှယ်ကြပါ… ဒီနေရာလေးမှာ ၀င်ကတည်းက ကာရံထားတဲ့ မာနတွေ…လောဘတွေ…ဒေါသတွေ ခဏလေး ခွာချခဲ့ပြီး ပြောစေချင်ပါတယ်….
အိမ်ဆိုတာ ကျွန်တော်တို့ မွေးဖွားကြီးပြင်းပြီး အသိဥာဏ်ကလေး ရှိလာတာနဲ့ အိမ်ကိုထားပြီး ပြင်ထွက်ချင်တယ်… အပြင်ကပြန်လာရင် အတင်းငိုတယ်လေ… အိမ်မှာမနေချင်ဘူးပေါ့… း)
ဒီလိုပဲ မူကြိူရောက်လို့ စသွားတဲ့နေ့တည်းက အုပ်ထိမ်းသူ လိုက်ပို့လို့… ကျောင်းကပြန်သွားတဲ့ အခါ ငိုပြီးကျန်ရစ်ခဲ့ရတာက စလို့ အိမ်ပြန်ချင်တဲ့ စိတ်ကလေးကို စပြီး ခံစားတတ်လာတာပါပဲ… (ချွင်းချက်အနေနဲ့ တစ်ချို့ကျောင်းမှာ ပျော်တာရှိတာတွေတော့ မပြောလိုဘူးနော်)
ကျွန်တော်တို့တတွေ အရွယ်ရောက်လာတည်းက အုပ်ထိမ်းသူ(မိဘ)အိမ် မှာကြီးပြင်းခဲ့သလို စိတ်ကူးအိမ်မက်ထဲမှာလဲ…တစ်နေ့ကျရင် ငါတော့ ဘာတွေ လုပ်မယ်
ဘယ်လိုနေမယ် စသဖြင့် ကိုယ်ပိုင်အိမ်ဆိုတာ လူတိုင်းနီးပါးရှိခဲ့ ပါတယ်။ ဒါပေမယ့် တစ်ဖြည်းဖြည်းနဲ့ အရွယ်ရောက်လာတော့ ကိုယ့်ပညာရေးနဲ့ ပတ်၀န်းကျင်ပေါ်မူတည်ပြီး အိမ်မက်အိမ်လေးတွေက ပိုကြီးထွားလာကြတဲ့သူတွေ ရှိသလို… ပျောက်ကွယ်လုနီးပါး..လေလွင့်နေတဲ့ သူတွေလဲ ရှိလာတာပါပဲ။တက္ကသိုလ်တက်တော့ နွေရာသီကျောင်းပိတ်ရက်မှာ အိမ်ပြန်ကြဖို့ ပြင်ဆင်တဲ့အခါ… အိမ်ကျရင်… ငါကတော့… အိမ်ကျရင်..အဖေ့ကို…အမေ့ကို… အိမ်ပြန်ရောက်ရင်… ဘာတွေလုပ်မယ်လို့ ပျော်ရွှင်နေကြသလို တစ်ချို့တွေ တိတ်ဆိတ်နေတာ… မချိပြုံးလေးနဲ့ နားထောင်ပေးနေတဲ့ သူငယ်ချင်းတွေကိုရော သတိထား ခံစားမိမလား မသိဘူး…?
အိမ်ပြန်ရောက်လို့မကြာခင်မှာပဲ… အဖေက ဒါမလုပ်ရဘူး… အမေက ခေတ်မမှီဘူး စသဖြင့် ..စည်းကမ်းတွေ နဲ့ အဆင်မပြေလို့ ကျောင်းပ ဲပြန်တက်ချင်ကြပြန်တော့ အိမ်နဲ့ ေ၀းရာကို စိတ်ပါပြန်ပြီရော… ဘာပဲပြောပြော… ပြန်မယ်… မနေချင်ဘူး… အဲဒါတွေအကုန်လုံးက အချိန်တန်ရင် အိမ်ပြန်ရမယ့် အချိန်လေးတွေက အများအားဖြင့် သတ်မှတ်ပြီးသားလေ။
အဲဒါကို တစ်ချို့က သတိထားမိသလို သတိမထားမိတဲ့ သူတွေက များမှာပါ အဲဒီ အရွယ်မှာပေါ့…ဘာပဲပြောပြော…ကျွန်တော်တို့ အရွွယ်ရလာတာနဲ့အမျှ အိမ်ကထွက်ပြီး ..အိမ်ကိုပြန်တဲ့ အချိန်တွေဟာ တစ်ဖြည်းဖြည်းနဲ့ ကာလတွေ ကြာရှည်လာတာ အသေအချာပါပဲ.
မိဘအိမ်က ထွက်လာပြီ ဆိုတည်းကိုက ပိုပြီးကောင်းမွန်တဲ့ ကိုယ်ပိုင်ဘ၀လေးတွေတည်ဆောက်ချင်လို့ပဲလေ။ သေချာစဉ်းစားကြည့်ရင် မိဘ အိမ်ဆိုတာ ကိုယ့်ဘ၀အတွက် အခြေခံ ဖြစ်ပေမယ့် ကိုယ့်မိသားစုအတွက်တော့ ကိုယ်ပိုင်အိမ်စစ်စစ် လိုအပ်နေတာ မလွဲပါဘူး။ ဘယ်သူမဆိ ုအိမ်ထောင်ပြုကြ ဘ၀တစ်ခုတည် ဆောက်ကြမှာမလွဲပါဘူးနော်။ (အပျိုကြီး..လူပျိုကြီးရယ်လို့ ကပ်ပြီးတော့ မပြောနဲ့ပေါ့ဗျာ) ;D
အဲတော့ အိမ်ပြန်မယ်ဆိုတဲ့ စကားလုံးလေးတွေရဲ ့ ဦးတည်ရာက အဖေ့အိမ်..အမေ့အိမ်ရယ်လို့ ပြောင်းလဲလာတာပါပဲ… အဲ… တည်ဆောက်ထားတဲ့ အိမ်လေးမသာယာဘူးဆိုရင်တော့
မိဘအိမ်ပဲ… အိမ်လို့ ပြောနေဦးပေမယ့်… သာယာနေပြီ ဆိုရင် ခဏတာ အလည်လောက်ပဲ ပြန်ဖြစ်တာ များတာပါပဲ။ ကိုယ့်အလှည့်ကျ လာမှာပဲနော်… တစ်ချို့ ဆို မိဘနဲ့ နီးတဲ့ နေရာ..တစ်ချို့ဆို ေ၀းတဲ့နေရာ စသဖြင့် ဘ၀အမျိုးမျိုးဖြစ်ကြပေမယ့် အခံစိတ်ဓိတ်ပေါ်မူတည်ပြီး သိတတ်…ကြည့်တတ်ကြတာပါပဲ။
ဒါတောင် သွေးရင်းသားရင်း မိဘတွေနော်..သွေးမတော် သားမစပ်၊တစ်မြေထဲနေ တစ်ရေတည်းသောက်၊မြို့သူ၊နယ်သူ၊ပြည်သူ အချင်းချင်း ရှိုင်းပင်းဖို့ဆိုတာ တစ်ကယ်တော့
အပြောသာလွယ်တာ လက်တွေ့မှာတော့ ကိုယ့်ဘ၀နဲ့ကိုယ်ရှုပ်နေပြီဆိုရင် မိဘအိမ်တောင် မေ့တတ်တော့ တိုင်းပြည်ဆိုတာ အေ၀းကြီးဖြစ်နေတာ တော်တော်များများပါ။
ကျွန်တော်တို့တစ်တွေ ပြန်ချင်တဲ့ အိမ်ဆိုတာ ဘယ်လိုမျိုးလဲ..ဘယ်လို လိုအပ်ချက်တွေ ဖြည့်ဆည်းထားဖို့လိုမလဲ…မိဘအိမ်လား..ကိုယ့်မိသားစုအိမ်လား… မိမိတိုင်းပြည်ဆိုတဲ့ အိမ်ကြီးကကော… ဘာပဲပြောပြော ကိုယ့်မိဘအိမ်ပဲလို့ အဆင်မပြေတောင် ကျိတ်မှိတ်နေပေမယ့်… ကိုယ့် ကိုယ်ပိုင်အိမ်ကသာ နေရင် ခဏပဲ မိဘအိမ်မှာ နေမှာပါ ပြီးရင် ကိုယ်သာယာတဲ့ ဘ၀… အိမ်မက်တွေ ရှိတဲ့အိမ်… နေရာကို ပြန်မှာ မလွဲပါဘူး။ အဲတော့ ကျွန်တော်တို့တစ်တွေရဲ ့ ကိုယ်စီ အိမ်ဆိုတာကကော…
ဘာတွေရှိနေမလဲ… ဘယ်လို လိုအပ်ချက်တွေ ဖြည့်ဆည်းထားဖို့လိုမလဲ ??? သွေးရင်းသားရင်း မိဘအိမ်ထက် ပိုသာယာတဲ့အိမ်ကို အလေးသာမိသေးတာ သွေးမတော် သားမစပ်၊ တစ်မြေထဲနေ တစ်ရေတည်းသောက်၊မြို့သူ၊နယ်သူ၊တိုင်းသူ ပြည်သူ စတဲ့ တိုင်းပြည်အနေနဲ့ ဆိုရင် အေ၀းကြီးနော်…ကျွန်တော်တို့ တစ်တွေရဲ ့ ရင်ထဲမှာ
ဘယ်လို ယုံကြည်ချက်တွေ ရှိနေသင့်သလဲ.. ![]()
အဆုံးသတ် conclusion ချရတာ ကျွန်တော့် ကိုယ်ပိုင်အမြင်နဲ့ အတွေ့အကြုံရပြောတာပါ။ သဘောထားမတိုက်ဆိုင်ခဲ့ရင်လဲ ဖြစ်နိုင်ပါတယ်ဗျာ… ဒီခေါင်းစဉ်လေးရေးရတဲ့ ရေရွယ်ချက် ရှိပါတယ်။ ဘယ်ကစလာလဲ ဆိုတော့ မိဘအိမ်နဲ့ အေ၀းမှာ… ဇာတိမြေနဲ့ ေ၀းတဲ့နေရာမှာ အကြောင်းအမျိုးမျိုးနဲ့ ရောက်နေသူတွေရဲ ့ ပတ်၀န်းကျင်မှာ အများဆုံးကြားရတာက စတာပါ။ အိမ်ပြန်ချင်တယ်… မပျော်ဘူး… မဖြစ်လို့နေရတာ.. စသဖြင့်ပေါ့.. ကျွန်တော်ကိုယ်တိုင်လဲ ပါ၀င်ခဲ့ပါတယ်။ အဲဒီ စကားလုံးတွေရဲ ့ နောက်ကွယ်က ဇာတ်လမ်းလေးတွေ အတော်များများ အဖြေရှာကြည့်မိခဲ့တာ နှစ်အတော်ကြာခဲ့ပါပြီ… အခုအခြေအနေ အသိနဲ့ ရေးတာဖြစ်လို့ နောင် ပြောင်းလဲကောင်း ပြောင်းလဲနိုင်ပါတယ်ဗျာ… ကျွန်တော့်စိတ်ထဲတော့ ပြောင်းလဲ သိပ်ပြီး ကြီးကြီးမားမား မပြောင်းနိုင်ဘူးလို့ ယုံကြည်ပါတယ်။ အကြောင်းအမျိုးမျိုး နဲ့ ဇာတိမြေက ခွဲခွာလာကြတာတော့ မပြောတော့ပါဘူး….အဓိက ဆန်းစစ်ကြည့်တော့ အိမ်ပြန်ချင်တယ်… လွမ်းတယ် ဘာအတွက်လဲ…???? တစ်ကယ် ပြန်ချင်တာလား…
(ခဏပြန်ပြီး အပျော်နေပြီး…ပြန်လာဖို့ လွမ်းတဲ့သူ….)
(နောက်..လွမ်းတယ်..ပြန်ချင်တယ် ဒါပေမယ့် ပြန်ခဲ့ရင် လက်ရှိနေရာလောက်လဲ အဆင်မပြေ အခြေအနေလဲ ရပ်တည်ဖို့မလွယ်တော့ တစ်ကယ်မပြန်ဖြစ်ပဲ ဟန်နဲ့ပဲ ပြန်နေရသူ….)
( နောက်ပြန်ရင်လဲ အဆင်ပြေပါတယ်..ဒါပေမယ့် လက်ရှိနေရာ လောက်မကောင်းလို့ မပြန်ဖြစ်သူ)
(ပြန်မယ် ..ဒါပေမယ့် တတ်တာတွေ အသုံးချဖို့မလွယ်လို့ မပြန်ဖြစ်သူတွေ )..
စသဖြင့် အများကြီးရှိပါသေးတယ်..
ကျွန်တော်တွေ့တဲ့ အထဲမှာ ကိုယ့်ဇာတိမြေမှာ ပြန်ပြီး ရပ်တည်နိုင်အောင် လက်ရှိနေရာမှာ ဘာတွေ လေ့လာဖို့လိုမလဲ…ဘာတွေစုဆောင်းဖို့လိုမလဲ ဘယ်လိုတွေ ပြင်ဆင်ဖို့လိုမလဲ ..ဆိုတဲ့ short term plan လေးတွေနဲ့ တစ်ဆင့်စီ လုပ်သွားရမယ့် long term plan မရှိတာက အဓိက ဒီပြဿနာတွေကို
ဖြစ်စေတာလို့ သတိထားမိပါတယ်။….အိမ်ကိုပြန်ပြီး တိုးတက်အောင် လုပ်နိုင်တဲ့ ၀န်းကျင်ရှိတဲ့သူတွေက ပြန်ပြီး လုပ်နိုင်အောင် တိကျတဲ့ အနာဂတ် plan တွေရှိသင့်သလို….အေ၀းကနေပြီး တိုးတက်အောင် အထောက်အကူပြုနိုင်တဲ့ ပတ်၀န်းကျင်က သူတွေကလဲ အေ၀းကနေ အကောင်းဆုံးလုပ်နိုင်အောင် တိကျတဲ့ အနာဂတ် plan တွေရှိနေမယ်ဆိုရင် ….ဘယ်လိုပဲ ဖြစ်ဖြစ် မေ၀းတဲ့ အနာဂတ်မှာ ကိုယ်မမှီလိုက်တောင် နောက်မျိုးဆက်တွေ အတွက် home sick တွေ မဖြစ်ပဲ…ဂုဏ်ယူစရာကောင်းတဲ့
အေ၀းခရီးတွေပဲ ရှိမယ့်..အချိန်တန် သာယာတဲ့ အိမ်လေး က အသင့်စောင့်ကြိူနေတဲ့ အနာဂတ်တွေ ပိုင်ဆိုင်စေမှာပါ။အခုလို လုပ်ရမယ့် plan ကလဲ ကိုယ့်မိသားစု..ကိုယ့်ပတ်၀န်းကျင် ..ကိုယ့်တိုင်းပြည်..ကိုယ့် ဘာသာ..သာသနာ အတွက် ချစ်တဲ့ စိတ်နဲ့ အရင်းခံ တည်ဆောက်မှပဲ ဖြစ်မယ်လို ယုံကြည်ပါတယ်။
ဒီပိုစ်လေးဖတ်ပြီး ကျွန်တော့် ညီမငယ် တစ်ယောက်ပြောတာလေးက ဒီလိုပါ…
အစ်ကိုရေ….
တစ်ချိန်တုန်းက အိမ်လေးတစ်နေရာကနေ အိမ်အတွင်းကနေထွက် လောကကြီးကိုကြည့်ဖို့ ဓါးတွေသွေးနေခဲ့ကြတယ်..။
တစ်ချို့က ဓါးသွားမြမြ ဘ၀တိုက်ပွဲကို ထွက်လာခဲ့တယ်…။
တစ်ချို့က ဓါးသွေးရင်း သွေးဆဲနဲ့ တိုက်ပွဲချိန်ရောက်လို့ ထွက်လာခဲ့တယ်…။
တစ်ချို့က ဓါးသွေးဖို့ကိုတောင် မပြင်ဆင်နိုင်ပဲနဲ့ ထွက်လာခဲ့ရတယ်…။
အိမ်လေးရဲ့ ပြင်ပကို ရောက်တဲ့အခါကျတော့လည်း ကိုယ့်အိမ်လေးကို ကိုယ်ပြန်ဖို့အတွက် ဓါးတွေ ဆက်သွေးရပြန်တယ်..။
အိမ်လေးတစ်နေရာ ပြန်ရောက်တဲ့အခါ ကိုယ့်ရဲ့ ဧည့်ခန်းလေးမှာ ကိုယ်နဲ့ တိုက်ပွဲတစ်လျှောက် အတူ တိုက်ခဲ့တဲ့ ဓါးတစ်လက်ကို ချိတ်ဖို့ပေါ့…။
အဲ့ဒီဓါးအပေါ် စွန်းထင်နေတာက ကျွန်တော်တို့ သုံးခဲ့တဲ့ ဓါးဟာ ဘယ်နေရာမှာ ဘယ်လိုပုံစံနဲ့ သုံးခဲ့တာလဲဆိုတဲ့ အဖြေပေါ့…။
အိမ်လေးတစ်လုံးကနေ ထွက်ခွာလာချိန်၊ အိမ်လေးတစ်လုံးကို ပြန်သွားမယ့်အချိန်၊
ကိုယ်စီကိုယ်ငှ တန်ဖိုးထားကြမယ့်စံနှုန်းတွေနဲ့ ကိုယ်စီကိုယ်ငှ တည်ဆောက်နေကြတဲ့ အိမ်လေးတွေရဲ့အကြောင်းပေါ့…။
ဒီတော့ ကျွန်တော်တို့တစ်တွေ ပြန်မယ့်အိမ်လေးတွေက ကျွန်တော်တို့တစ်တွေ အတွက် နွေးထွေးမှုလဲ ပေးနိုင်သလို တိုးတက်ဖို့လဲ အခြေခံနေရာ ကောင်းတွေ ဖြစ်အောင် ဖန်တီးမှ ကျွန်တော်တို့တစ်တွေ လွမ်းရတဲ့ အိမ်လေးတွေ အစစ်ဖြစ်မယ်လို့ ယုံကြည်လျှက်…
Facebook comments:



ဘယ်လိုပဲမကောင်းဘူးပြောပြော နောက်ဆုံးတော့ ကိုယ့် အိမ် ကိုယ့် တိုင်းပြည်ကသာအကောင်းဆုံးပါ ..
ပညာရေး .. စီးပွားရေး .. အားလုံးနောင်တစ်ချိန်မှာ ကိုယ့်တိုင်းပြည်မှာဘဲ အဆင်ပြေပြေလုပ်နိုင်လာရင်တော့အကောင်းဆုံးပေါ့ .. အဲလိုအချိန်မျိုးကိုလည်း မျှော်လင့်မိပါတယ် ..
ya..we should respect our country future whatever we do wherever we reach whenever we old although our country care or not for us.we shouldn’t see only our life and generation ,we should see all of our next generation.Thk for your comment bro.;)
တမျိုးလေးခံစားလိုက်ရတယ် – ကိုယ်တိုင်က ခုထိ ကိုယ့်တိုင်းပြည်ထဲမှာပဲ ရှိနေသေးပေမယ့် ထွက်ခွာချင်နေတဲ့……ထွက်ခွာဖို့အချိန်တိုင်း ကြံစည်နေတဲ့……..ကုန်ကုန်ပြောရရင် မိဘအိမ်ကို စွန့်ခွာချင်နေတဲ့………..တစ်နေရာမှာ သာယာမယ့်အိမ်ရှိမလားအတွေးနဲ့……….ရူးနေမိတဲ့သူ……… စွန့်ခွာချင်တဲ့ စိတ်ကူးလေး နည်းနည်းယိုင်သွားသလားလို့………… မိဘအိမ်ဟာ အကောင်းဆုံးပဲဆိုတာ နားလည်သဘောပေါက်မိပေမယ့်လည်း………. အင်း……. အခြေအနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် စွန့်ခွာကြရတဲ့သူတွေကို ခံစားပေးမိသလိုပဲ -
အဝေးမှာနေ နေရပေမဲ့ အိမ်အကျောင်းပြန်ပြောတော့ ပြန်ချင်တာပေါ့ ။ မတက်နိုင်ဘူးလေ.. ကိုယ့်နိုင်ငံမှာ ဘားမှလုပ်လို့ အဆင်မပြေတာ
You are the master of your soul. You are the captain of your life. If you want to go back, you can just buy an air ticket at any time. How to survive and prosper in Myanmar?? well, that defines who you are. If you are clever enough, brave enough, smart enough, determined enough to be successful, where you are doesn’t matter at all. It might be easier to make a living abroad with your technical knowledge, that’s what life gives you. If you accept what life gives you and refuse to fight back, then you are who you are. If you refuse what life gives you and captain your life, then you can always go back home and fight your way to the top. So, it’s all about you. So, are you qualified enough to prosper in Myanmar? We only have one life and live it to fullest.
there is no place like HOME