C#.Net Method Override

ကိုကျော်စွာ ရေးထားသော Overriding in .Net Post မှ ကောက်နှုတ်ချက်

ရှိပြီးသား function တစ်ခုမှာ အမှားအယွင်းတွေ ပါနေတဲ့အခါ (ဒါမှမဟုတ်) ရှိပြီးသား function ကို အဆင့် မြင့်တင်ဖို့ လိုအပ်တဲ့အခါမှာ Overriding ကို အသုံးပြုလေ့ ရှိပါတယ်။ မူရင်း function ကို ပြန်လည် ပြုပြင်ဖို့ အခွင့်အရေး မရှိတဲ့ အခြေအနေ မျိုးမှာလည်း Overriding ကို သုံးတတ် ပါသေးတယ်။ ဒါကြောင့် function တစ်ခုကို တည်ဆောက် တော့မယ်ဆိုရင် နောင်ဖြစ်လာမယ့် အကျိုး ဆက်တွေကိုပါ ထည့်စဉ်းစား ရပါတယ်။ Bug ရှိနိုင်လား ၊ ဒါမှမဟုတ် နောက် ၃ နှစ်လောက် ကျရင် ဒီ function ရဲ့ လုပ်ဆောင်ချက်နဲ့ လိုအပ်ချက်က ကိုက်ညီနိုင်ပါ့မလား ဆိုတာတွေကို စဉ်းစားဖို့ လိုအပ်ပါတယ်။ အဲဒီလိုတွေ ကြုံတွေ့ လာနိုင်တယ် ဆိုရင်တော့ ကိုယ့် method ကို override လုပ်ခွင့် (overridable) ပေးထားသင့်ပါတယ်။

ကိုကျော်စွာက VB.net မှာ Method Override လုပ်ပုံကို အဓိက ရှင်းပြပေးထားတာ ဖြစ်ပါတယ် ။

  • ကိုကျော်စွာ ( Myanmar Tutorials )

ကျွန်တော် က အခု C#.Net ဘက်ကနေ ရှင်းပြပေးမှာ ဖြစ်ပါတယ် ။ VB နဲ့ C# ပူးတွဲ လေ့လာနိုင်အောင်ပါ ။

C# မှာတော့ Method Override လုပ်ချင်တဲ့အခါ ဘာတွေ လိုအပ်တယ် ဆိုတာကို ဖေါ်ပြပေးထားတာပါ ။

အောက်က Link မှာ EBook ပုံစံ ပေးထားပါတယ် ။

C# Method Override

Facebook comments:

Leave a comment


*