Coin-Slider from Workshop.RS
ဒီတစ်ခေါက်တော့ Wordshop.rs ရဲ့ Coin-Slider လေးတစ်ခုလောက်ကိုဆောက်ကြည့်ရအောင်။ ကျွန်တော်တွေ့ဖူးသမျှ Slider တွေထဲမှာတော့ အလွယ်ဆုံးလို့ပြောလို့ရတယ်။ မလုပ်ရင် အရင်ဆုံး DEMO လေးကိုအရင်ကြည့်ရအောင်။
အရင်ဆုံး HTML တစ်ခုတည်ဆောက်လိုက်ပါမယ်။ ပြီးရင် jQuery Files တွေ CSS တွေ ချိတ်ကြရအောင်။
အဲဒီ ဖိုင်သုံးခုကို ဒီမှာ ဒေါင်းလိုက်ပါ။ Slider လုပ်ဖို့အတွက် Div နဲ့ Image တွေထည့်ပါမယ်။
Description for img01   ...... ......    Description for imgN
id ကို coin-slider လို့ပေးပါမယ်။ ပြီးရင် a link တစ်ခုပါမယ်။ Slide လုပ်ဖို့အတွက် Image တစ်ခုပါမယ်။ Span ကိုထားထားတာကတော့ Image အပေါ်ကနေ Opacity လျှော့ပြီး ပုံရဲ့ Description ကိုပြဖို့အတွက်ပါ။ အဲ့ဒီမှာသုံးထားတဲ့ N ကတော့ မသိကိန်းပါ။ မိမိနှစ်သက်သလောက် Slider အတွက် Div နဲ့ Images တွေထည့်နိုင်တယ်လို့အဓိပ္ပာယ်ရပါတယ်။ ပြီးရင် Script တစ်ခုရေးပါမယ်။
အဲ့ဒါဆိုရင်တော့ ကျွန်တော်တို့ Slider ကို စမြင်ရပါပြီ။ သူ့ဟာသူ အလုပ်လုပ်နေတာကိုတွေ့ရမှာပါ။ Slider အတွက် သီးသန့် CSS ရေးပေးစရာမလိုပါဘူး။ ဒါပေမယ့် မိမိနှစ်သက်သလို ပြန်လည်ပြုပြင်လို့လည်းရပါတယ်။ Height တွေ Width တွေပြင်မလား? အားလုံးကို jQuery Function ထဲမှာလုပ်နိုင်ပါတယ်။ ဥပမာ ဒီလိုမျိုးပေါ့။
အောက်ကဟာတွေကတော့ Slider ရဲ့ Options အားလုံးပါပဲ။
width: 565, // width of slider panel height: 290, // height of slider panel spw: 7, // squares per width sph: 5, // squares per height delay: 3000, // delay between images in ms sDelay: 30, // delay beetwen squares in ms opacity: 0.7, // opacity of title and navigation titleSpeed: 500, // speed of title appereance in ms effect: '', // random, swirl, rain, straight navigation: true, // prev next and buttons links : true, // show images as links hoverPause: true // pause on hover
ကျွန်တော်အရင် ဒါကိုမတွေ့ခင်တုန်းကတော့ Slide.js နဲ့ Slider တွေကိုလုပ်ဖြစ်ပါတယ်။ Slide.js ကဘာကောင်းသလဲဆိုတော့ မိမိနှစ်သက်သလို Slider ကို ဒေါင်လိုက်လုပ်မှာလား? အလျားလိုက်လုပ်ချင်သလား? ဘယ်အရောင်ထားချင်သလဲ? ကိုယ့်ဟာကိုယ် CSS ရေးရမှာပါ။ Slide.js အကြောင်းကို နောက်အားရင် တင်ပေးပါအုံးမယ်။ လောလောဆည်တော့ ဒီ Coin-Slider ကိုအသုံးပြုပြီး Website တွေရေးနိုင်ပါစေ။
Credit: Wordshop.RS
Facebook comments: