C# Coding Standards

ကျွန်တော်တို့ဒီတစ်ခေါက်လေ့လာကြမှာကတော့ C# , ASP.Net Coding Standard အကြောင်းဘဲဖြစ်ပါတယ်။

ဘာကြောင့် ဒီစာအုပ်ကိုရေးသားရလဲဆိုတော့ Coding တွေရေးမဲ့ Programmer အသစ်တွေအတွက် စနစ်တကျဖြစ်စေချင်လို့ပါ။

Professional တွေကတော့ ဒီစာအုပ်ကို ဖတ်စရာမလိုပါဘူး။ဘာဖြစ်လို့လဲဆိုတော့ သူတို့က ကျွန်တော့်ထက် အတွေ့အကြုံအများကြီးရှိတဲ့အတွက် မလိုဘူးလို့ထင်ပါတယ်။

C# Language ကိုလေ့လာမဲ့သူတစ်ယောက်ဆိုရင်တော့ ဒီစာအုပ်ကိုဖတ်သင့်တယ်လို့ကျွန်တော်ထင်ပါတယ်။

ဒါကြောင့်လည်း  Programming မှာ C# Language အတွက် Coding Standard တွေကိုရေးထားတာဖြစ်ပါတယ်။

တစ်ခုတော့ရှိပါတယ်။လုံး၀ Beginner ဆိုရင်တော့ ဒီစာအုပ်ထဲမှာပါတဲ့ Syntax တွေ..Logic တွေနဲ့ စကားလုံးတွေကိုတော့ နားလည်မှာမဟုတ်ပါဘူး။

ဒီစာအုပ်အထဲမှာပါတဲ့အကြောင်းအရာတွေကတော့ C# Language ရေးသားတဲ့အခါမှာ လိုက်နာသင့်တဲ့အချက်လေးတွေကို စုစည်းဖော်ပြပေးထားပါတယ်။

English လိုဖတ်ရမှာအခက်အခဲရှိသူတွေ အတွက်တော့ အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။ဒါကြောင့် ဘာသာပြန်သင့်တာပြန်….တစ်ချို့အရာတွေကို ကိုယ်တွေ့အတွေ့အကြုံလေးတွေကိုလည်းထည့်ပေးထားပါတယ်။

စာအရေးအသား အမှားများ . ဘာသာပြန်အမှားများ ပါ၀င်ခဲ့ရင်လည်း စိတ်မရှိပါနဲ့လို့တောင်းဆိုချင်ပါတယ်။

ကျွန်တော်သည်လည်း လေ့လာနေဆဲလူသားတစ်ယောက်ဖြစ်တာကြောင့် အမှားနဲ့မကင်းပါဘူးခင်ဗျာ…။

တစ်ချို့စာသားများသည်လည်း မည်သူ့ကို မှရည်ရွယ်ခြင်းပြီးရေးထားခြင်းမဟုတ်ပါ။

အကြောင်းတစ်စုံတစ်ရာတိုက်ဆိုင်လာပါက မည်သူ့ကိုမှရည်ရွယ်ထားခြင်းမဟုတ်ပါ ဟု..ဆိုချင်ပါတယ်။

ဒါဆိုရင် ကျွန်တော်တို့ ဘာကြောင့် Coding Standard ကိုလိုက်နာရသလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်။

C# Coding Standard

လူတိုင်း Coding ရေးနိုင်တယ်။ Coding ရေးတဲ့အတွေ့အကြုံနဲနဲရှိတာနဲ့ Coding ရေးနိုင်ကြပါတယ်။

ဒါပေမဲ့အချို့လူတွေက ရေးကောင်းတိုင်းရေးနေကြတယ်။Coding တွေအများကြီးရေးနေရုံနဲ့လည်း ကျွမ်းကျင်တဲ့ Programmer မဖြစ်သေးပါဘူး။ဘယ်လောက်ဘဲ Logic ကောင်းကောင်း ဘယ်လောက်ဘဲတီထွင်နိုင်စွမ်းရှိရှိ ဘယ်လောက်ဘဲ Software တွေအများကြီးရေးခဲ့ပါစေ…နည်းလမ်းမမှန်တဲ့ Coding ရေးနည်းနဲ့သာဆိုရင်သူရေးထားတဲ့ App က အဆင့်အတန်းမှီတဲ့ App တစ်ခုဖြစ်မှာမဟုတ်ပါဘူး။

တစ်ချို့ဆိုရင် Program တွေကိုတော့ရေးနိုင်ပါတယ်။ဒါပေမဲ့သူတို့ရေးထားတဲ့ Programming Code တွေကိုသွားကြည့်လိုက်ရင်တော့ အရင်ခေတ် Visual Basic နဲ့မခြား Button ကို Double Click ခေါက်ပြီးတော့ အဲ့ဒီအထဲမှာဘဲ ကိုယ်လုပ်ချင်တဲ့အလုပ်တွေကို သိမ်းကျုံးပြီးလုပ်ဆောင်နေကြတာကိုလည်းတွေ့ရပါတယ်။

Tier တွေအကြောင်းလဲစနစ်တကျမသိ…OOP Rules တွေကိုလည်းမသိ….Layer တွေခွဲရေးရမှန်းလည်းမသိ…ကိုယ်ကစေတနာနဲ့သွားပြောပြန်လည်း မကောင်းထင်ခံရပြန်ရော…။

ဒါကြောင့် နိုင်ငံတကာကို အနည်းနဲ့အများတော့ရင်ဘောင်တန်းနိုင်အောင် ကျွန်တော်တို့မြန်မာလူမျိုးတွေလည်း စနစ်တကျလေ့လာသင့်တယ်လို့မြင်ပါတယ်။

ဒါဆိုရင် အဆင့်အတန်းမှီတဲ့ App ဖြစ်ချင်တယ်ဆိုရင်တော့ မှန်ကန်တဲ့ Coding ရေးနည်းကိုကျင့်သုံးရမှာဖြစ်ပါတယ်။

ဒါဆိုရင်မေးစရာရှိလာပါပြီ။ကျွန်တော့်ကို…”မင်းကကော လိုက်နာလို့လား” ဆိုပြီးတော့မေးစရာရှိလာပါပြီ။

ဟုတ်ပါတယ်။ကျွန်တော်လည်း အရင်တုန်းက Coding Standard အကြောင်းမသိသေးတဲ့အတွက်ကြောင့် မလိုက်နာဘဲနဲ့ရေးခဲ့တာတွေအများကြီးပါ။ဒါပေမဲ့ အမှားဆိုတဲ့အရာကို ပြင်ရမယ်ဆိုတဲ့ အသိနဲ့ Coding Standard အကြောင်းကိုလေ့လာပြီးတဲ့အခါမှာတော့ Coding Standard ကိုလိုက်နာပြီးတော့ ရေးသားနေပါတယ်။

ဒါကြောင့် စလေ့လာ ကတည်းက စနစ်တကျ လေ့လာခဲ့ရင် အကောင်းဆုံးလို့ယူဆတဲ့အတွက်ကြောင့် ဒီစာအုပ်လေးကိုရေးသားပြုစုထားတာဖြစ်ပါတယ်။

ဒါဆိုရင်မှန်ကန်တဲ့ Coding ရေးနည်းဆိုတာဘာလဲ။မှန်ကန်တဲ့ Coding ရေးနည်းဆိုတာကတော့ Coding ရေးနေတဲ့လူတိုင်းကိုလိုက်မေးရင်တော့ အဖြေကတစ်မျိုးနဲ့တစ်မျိုးမတူအောင် ထွက်လာမှာဖြစ်ပါတယ်။

မှန်ကန်တဲ့ Coding ရေးနည်းဆိုတာကတော့ Coding ရေးတဲ့အခါမှ စနစ်တကျနဲ့ ချမှတ်ထားတဲ့ Rules တွေကိုလိုက်နာပြီးတော့ရေးသားခြင်းကိုဆိုလိုပါတယ်။

နိုင်ငံတကာ Programmer တွေ…Programming Language တွေကိုတီထွင်သူတွေက သူတို့ Language ကိုသုံးပြီးတော့ရေးမယ်ဆိုရင် ဒီအချက်လေးတွေကိုလိုက်နာသင့်တယ်ဆိုပြီးတော့ Coding Standard အချို့ကိုပြဠာန်းထားတာဖြစ်ပါတယ်။

မှန်မှန်ကန်ကန်နဲ့စနစ်တကျရေးချင်တယ်ဆိုရင်  Tutorials လေးတွေသေချာလေ့လာလိုက်ရင် အဆင်ပြေပါတယ်။

ကျွန်တော့ ဒီစာအုပ်နဲ့မလုံလောက်သေးဘူးထင်ရင်လည်း  ဆက်လေ့လာလို့ရပါတယ်။

ကျွန်တော်ကတော့ အတတ်နိုင်ဆုံးတော့ အပြည့်အစုံဖြစ်အောင်ရေးထားပါတယ်။

Coding Standard ဆိုတာက ကိုယ်တတ်နိုင်သလောက် လိုက်နာလို့ရပါတယ်။

အားလုံးလိုက်နာရမယ်လို့မဆိုလိုပါဘူး။

ဒါဆိုရင်ဘယ်လိုရေးမလဲ။

ဘယ်လိုရေးမလဲဆိုတာကို မလေ့လာခင် Good Code (Coding Standard) တွေရဲ့သဘောသဘာ၀ကို အောက်ဖော်ပြပါအတိုင်းခွဲထုတ်ကြည့်လိုက်ရအောင်။

၁.ယုံကြည်စိတ်ချရခြင်း

၂.ပြုပြင်ထိန်းသိမ်းဖို့လွယ်ကူခြင်း

၃.ကျွမ်းကျင်ခြင်း

ဆိုသကဲ့သို့ ယေဘုယျသုံးမျိုးခွဲလိုက်ပါတယ်။

Programmer တော်တော်များများကတော့သူတို့ရဲ့ App တွေကို Performance ကောင်းဖို့လောက်သာအလေးပေးရေးသားနေကြပါတယ်။အဓိက ကသူတို့ရေးနေတဲ့ App ကိုလာအပ်ထားတဲ့သူရဲ့ ပြောတဲ့ပုံစံအတိုင်းသာလုပ်ဆောင်နေကြပါတယ်။

Standard Coding ရေးနည်းကိုမေ့ထားပြီးတော့ ရေးနေကြပါတယ်။

ပြောလိုက်ရင်လည်း ….ဘာဖြစ်လဲကွာ…အဓိက App အလုပ်လုပ်ရင်ပြီးတာဘဲမဟုတ်လားဆိုပြီးတော့ပြန်ပြန်ဖြေနေကြတာကိုတွေ့ရပါတယ်။

ဒါကြောင့် သူတို့ရေးတဲ့အခါမှာ

၁.Performance ကောင်းစေရန်အတွက်

၂.အလုပ်အပ်တဲ့သူရဲ့ သဘောတူညီချက်အတွက်

၃.ယုံကြည်စိတ်ချဖို့အတွက်

၄.ပြုပြင်ထိန်းသိမ်းဖို့အတွက်

ဆိုပြီးတော့ အဆင့်လေးဆင့်အတိုင်းရေးနေကြပါတယ်။

RIO (Return On Investment) အရ ကတော့  နံပါတ်က ၃,၄,၁,၂ ဖြစ်ပါတယ်။

၁.ယုံကြည်စိတ်ချဖို့အတွက်

၂.ပြုပြင်ထိန်းသိမ်းဖို့အတွက်

၃.Performance ကောင်းစေရန်အတွက်

၄.အလုပ်အပ်တဲ့သူရဲ့ သဘောတူညီချက်အတွက်

ဆိုပြီးတော့ဖြစ်သင့်ပါတယ်။တကယ်လို့ Programmer တွေရဲ့Coding ရေးထားတဲ့ပုံစံက အဲ့ဒီလိုမဟုတ်ဘူးဆိုရင်တော့ နောင်အချိန်မှာ ပြန်လည်ပြုပြင်တာတို့…Maintain လုပ်တာတို့….စတာတွေဖြစ်လာတဲ့အခါမှာ အချိန်များစွာကိုကုန်စေပြီးတော့ အကျိုးမရှိဖြစ်မှာသေချာပါတယ်။

တစ်နေရာရာကို ပြုပြင်ချင်လို့ဘဲဖြစ်စေ…Update လုပ်ချင်လို့ဘဲဖြစ်စေ…Coding Standard မဟုတ်တဲ့အတွက်ကြောင့် ကိုယ်ပြင်ချင်တဲ့နေရာကို လိုက်ရှာနေရတဲ့အတွက်ကြောင့် အချိန်များစွာကိုကုန်စေသလို အမှားများကိုလည်းတွေ့ကြုံစေမှာဖြစ်ပါတယ်။

ဒါကြောင့် Standard မဖြစ်ဘဲနဲ့ Coding ရေးခြင်းကသင့်ရဲ့ ဘ၀အတွက်မကောင်းတဲ့အချက်ဖြစ်တဲ့အတွက်ကြောင့် ကိုယ်ရေးတဲ့ Code တွေက Standard မဖြစ်ဘူးဆိုရင်တော့ ပြုပြင်ပြောင်းလဲသင့်ပါတယ်လို့ကျွန်တော်အကြံပြုပါတယ်။

ဒါဆိုရင်ကျွန်တော်တို့ ရေးတဲ့ Coding တွေအတွက် ဘယ်လို Standard ဖြစ်အောင်လုပ်ကြမလဲဆိုတာကို

Coding Standard & Best Practices ၏ရည်ရွယ်ချက်

စနစ်ကျပြီးယုံကြည်အားထားရတဲ့ Application တွေကို Develop လုပ်ချင်တယ်ဆိုရင်တော့ Coding Standards နဲ့ Best Practices တွေကိုလိုက်နာရမှာဖြစ်ပါတယ်။

ဒီစာအုပ်ထဲမှာဖော်ပြထားတဲ့ Coding Standard နဲ့ Best Practices ​ ​တွေကတော့ ကျွန်တော့်ရဲ့ အတွေ့အကြုံတစ်ခုထဲနဲ့ရေးထားတာမဟုတ်ဘဲနဲ့…. Microsoft ကချမှတ်ထားတဲ့ Guideline တွေ …တခြား  Developer တွေကသူတို့ရဲ့အတွေ့အကြုံတွေ…..စတာတွေကိုပေါင်းစပ်ရေးသားထားခြင်းဖြစ်ပါတယ်။

Programming လောကမှာ ချမှတ်ထားတဲ့ စည်းကမ်းတွေကတော့ အများကြီးပါဘဲ…သူတို့ချမှတ်ထားတဲ့စည်းကမ်းတွေကိုလိုက်နာချင်လည်းရပါတယ်…မလိုက်နာချင်လည်းရပါ

တယ်..ဒါကတော့ကိုယ့်သဘောပါဘဲခင်ဗျာ…တကယ်လို့လိုက်နာချင်တယ်ဆိုရင်တော့ ကိုယ်ကိုယ်တိုင်စာတွေဖတ်..ပြီးရင်တော့ အများဆုံးလိုက်နာထားတဲ့ စည်းကမ်းတွေကိုလိုက်နာမယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်ပါတယ်…။

စည်းကမ်း A ကိုလူဆယ်ယောက်လိုက်နာတယ်… စည်းကမ်း B ကိုလူ ၅ ယောက်လိုက်နာတယ်ဆိုရင်တော့ ကျွန်တော်အကြံပေးချင်တာကတော့ လူအများစုလိုက်နာတဲ့  A  ကိုလိုက်နာရင်အကောင်းဆုံးဖြစ်မယ်လို့အကြံပေးချင်ပါတယ်။

ဒါဆိုရင် ကျွန်တော်တို့ လိုက်နာရမဲ့ အချက်လေးတွေကို လေ့လာကြည့်လိုက်ရအောင်ဗျာ….။

Naming Conventions & Standards

ကျွန်တော်တို့အခုလေ့လာမဲ့အပိုင်းကို နှစ်ပိုင်းခွဲပြီးတော့လေ့လာလို့ရပါတယ်။

အဲ့ဒါတွေကတော့

1.Pascal Casing

2.Camel Casing

ဆိုပြီးတော့လေ့လာရမှာဖြစ်ပါတယ်။ဒါဆိုရင်အဲ့ဒီအပိုင်းနှစ်ပိုင်းတွေကဘာတွေလဲ။

ဘာတွေလဲဆိုတော့

Pascal Casing  ကိုလိုက်နာပြီးတော့ရေးမယ်ဆိုရင်

စာလုံးတွေရဲ့ ပထမဦးဆုံး စာလုံးကို Upper Case နဲ့ရေးပြီးတော့ ကျန်တာအားလုံးကို Lower Case နဲ့ရေးရမှာဖြစ်ပါတယ်။

Camel Casing ကိုလိုက်နာပြီးတော့ရေးမယ်ဆိုရင်

စာလုံးတွေရဲ့ပထမဦးဆုံး စာလုံးကို Lower Case နဲ့ရေးပြီးတော့ ကျန်တဲ့စာလုံးတွေရဲ့ပထမစာလုံးကို Upper Case နဲ့ရေးရမှာဖြစ်ပါတယ်။

ပိုပြီးတော့နားလည်အောင်ပြောရမယ်ဆိုရင် ဥပမာလေးနဲ့လေ့လာကြည့်လိုက်ရအောင်။

စပြီးတော့လေ့လာကြည့်လိုက်ရအောင်။

ဆက်ပါအုံးမည်..။

Facebook comments:

8 Responses

  1. ကိုဇော်မင်းခင်ဗျား
    ဆက်ပြီးတော့ရေးပါဦးခင်ဗျာ။ ဗဟုသုတရပါတယ်။

  2. Zawmin says:

    အခုလိုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ…။
    ဆက်ရေးပေးပါ့မယ်…။

  3. zinyaw says:

    ဟုတ်ကဲ့ပါ အစ်ကိုရေ ဆက်ရေးပေးပါ..အားပေးနေပါတယ်…

  4. smart1500 says:

    Hi bro .
    do you mean ?
    method …..MyMethod()
    parameter …. myParameter
    Thank you

  5. jitttue says:

    so good..for me..
    thanks..

  6. Zawmin says:

    @smart1500

    Yes,Bro
    you will find out next Part . I will explain all of it .

    Thanks all for Reading my Post :)

  7. ZARNI says:

    Carry on friend! I’m waiting to read your next series.

  8. hein zaw htet says:

    Keep Going

Leave a comment


*