C# Coding Standards Part(3)
C# Coding Standard Part(3)
| Tab and Spacing with Standard |
ကျွန်တော်တို့အခုလေ့လာကြမှာကတော့ Tab and Spacing အကြောင်းဘဲဖြစ်ပါတယ်။
တစ်ခါတစ်လေ ကျွန်တော်တို့စာကြောင်းတွေကို ဘေးမျဉ်းကနေခြားချင်ရင် Space တွေသုံးပြီးတော့ ခြားခဲ့တဲ့အကြိမ်တွေလည်းရှိခဲ့နိုင်ပါတယ်။
အဲ့ဒီလိုလုပ်တာက Coding Standard မဟုတ်ပါဘူး။
Text Indent လုပ်ချင်တယ်ဆိုရင်တော့ တစ်ခုသောနည်းလမ်းက Tab လုပ်ခြင်းသာဖြစ်ပါတယ်။
Space ကိုလုံး၀မသုံးရပါဘူး။နောက်တစ်ခုကတော့ Tab ကို လေးခု အထိဘဲသုံးသင့်ပါတယ်။သူ့ထက်ပိုပြီးတော့မသုံးသင့်ပါဘူး။
ကျွန်တော်တို့သုံးနေတဲ့ IDE ကလည်းအလိုအလျောက်လုပ်ပေးတဲ့အတွက်ကြောင့် ဒီအကြောင်းအရာက သိပ်တော့စိတ်ပူစရာမလိုပါဘူး။
| Comment with Standards |
အခုလေ့လာမဲ့ အကြောင်းကတော့ Comment လုပ်တဲ့အခါမှာလိုက်နာရမဲ့စည်းကမ်းတွေဖြစ်ပါတယ်။
အရင်တုန်းကလည်း Comment တွေပိတ်ချင်တယ်ဆိုရင် လည်းကြုံရင်ကြုံသလိုပိတ်ခဲ့ကြဘူးမယ်လို့ထင်ပါတယ်။
အခုတော့ စနစ်တကျပိတ်တာကိုလေ့လာကြမှာဖြစ်ပါတယ်။ဒါဆိုရင်ဘယ်လိုပိတ်မလဲ။
အရင်တုန်းက ဒီလိုပိတ်ခဲ့ပါတယ်။
အဲ့ဒီမှာတစ်ခုသတိထားမိသလားတော့မသိဘူး…။ဘာလဲဆိုတော့ Declared Variables ဆိုတဲ့ Comment ပိတ်ထားတဲ့စာသားလေးက အောက်ကကြေညာထားတဲ့ Variables တွေရဲ့ အရှေ့ကိုရောက်နေတာပါ။
အဲ့ဒီလိုကြေညာထားရင်တော့ Coding Standard ကိုမလိုက်နာထားဘူးလို့ဆိုရမှာဖြစ်ပါတယ်။
ဒါဆိုရင်ဘယ်လိုရေးမလဲ။ဘယ်လိုရေးမလဲဆိုတော့
ကိုယ်ပိတ်မဲ့ Comment က ကိုယ်ရေးထားတဲ့ Code နဲ့ Same Level ဖြစ်ရမှာဖြစ်ပါတယ်။ဘယ်လိုလဲဆိုတော့ အပေါ်ကအတိုင်း ဥပမာပေးမယ်ဆိုရင်
အဲ့ဒီလိုဖြစ်ရမှာဖြစ်ပါတယ်။အဲ့ဒီလိုရေးမှမှန်မှာဖြစ်ပါတယ်။ဒါဆိုရင်ပိုပြီးတော့ရှင်းသွားအောင် Code များများနဲ့လေ့လာကြည့်လိုက်ရအောင်…။
//Comment Testing
String name = “Hello”;
DateTime currentTime = DateTime.Now;
string fullMessage = “Hello ” + name + ” This Time is “+ currentTime.ToString();
Console.WriteLine(fullMessage);
အဲ့ဒီလိုရေးရင်တော့ သတ်မှတ်ထားတဲ့ စံကိုလိုက်နာတာဖြစ်ပါတယ်။ဒါကြောင့် အကျဉ်းချုပ်ပြောရမယ်ဆိုရင်တော့ Comment ပိတ်ချင်တယ်ဆိုရင်တော့ Code နဲ့ Same Level ဖြစ်ရင်ရပါတယ်။
နောက်တစ်ခုလေ့လာကြမှာကတော့ တွန့်ကွင်းလေးတွေကို Coding Standard နဲ့ကိုက်ညီအောင် ဘယ်လိုရေးမလဲဆိုတာကိုလေ့လာကြမှာဖြစ်ပါတယ်။
| Curly braces with Standard |
ကျွန်တော်တို့အခုလေ့လာကြမှာကတော့ Curly braces လို့ခေါ်တဲ့ တွန့်ကွင်းလေးတွေကို စံမှီအောင်ဘယ်လိုရေးသားအသုံးပြုကြမလဲဆိုတာဘဲဖြစ်ပါတယ်။
ဒီအကြောင်းကတော့ သိပ်အများကြီးပြောစရာမလိုဘူးထင်ပါတယ်။
တော်တော်များများ ရေးသားတဲ့ပုံစံက စံမှီတဲ့ပုံစံဖြစ်နေလို့ပါ။ဘယ်လိုလဲဆိုတော့ ကျွန်တော်တို့ Class တွေ Method တွေရေးသားခဲ့တဲ့အခါမှာဒီလိုလေးရေးသားခဲ့ပါတယ်။
Private void PascalMethod(string name)
{
// Code
}
အဲ့ဒီလိုရေးသားရင်မှန်ပါတယ်။ကျွန်တော်တို့အသုံးပြုနေတဲ့ Visual Studio IDE ကလည်း Auto ချိန်ညှိပေးပါတယ်။
အဲ့ဒီလိုရေးသားရင်တော့မှန်ပါတယ်။အောက်ကပုံစံအတိုင်းရေးသားရင်တော့ မှားပါတယ်။
Private void PascalMethod(string name){
// Code
}
အဲ့ဒီလိုရေးသားရင်တော့မှားပါတယ်။နောက်တစ်ခုပြောချင်တာကတော့ တွန့်ကွင်းလေးတွေကို Line တွေနဲ့ တစ်ကြောင်းထဲမရေးရပါဘူး။ဘယ်လိုလည်းဆိုတော့
if(….){ // Code }
အဲ့ဒီလိုရေးရင်မှားပါတယ်။ဒါကြောင့် တွန့်ကွင်းလေးတွေကိုရေးမယ်ဆိုရင် စာကြောင်းနောက်တစ်ကြောင်းဆင်းပြီးတော့ရေးရင်အကောင်းဆုံးဖြစ်ပါတယ်။ဒီလိုလေးရေးပါ။
if(…)
{
// Code
}
အဲ့ဒီလိုလေးရေးရင်မှန်ပါတယ်။ if နဲ့ for အတွက်ကိုလည်း Curly braces ကိုတစ်ကြောင်းထဲမထားသင့်ဘဲနဲ့ တစ်ကြောင်းဆင်းပြီးတော့မှထားသင့်ပါတယ်။
ဒါဆိုရင်ကျွန်တော်တို့နောက်ထပ်လေ့လာကြမှာကတော့ Space တွေခြားချင်ရင် ဘယ်လို Coding Standard ကိုသုံးပြီးတော့ခြားမလဲဆိုတာကိုလေ့လာကြမှာဖြစ်ပါတယ်။
ဆုံးသည်အထိဖတ်ပေးသောကြောင့်ကျေးဇူးတင်ပါတယ်။
အားလုံးဘဲကျန်းမာရွှင်လန်းကြပါစေ…။
ဆက်ပါဦးမည်….။
Facebook comments:





> Space ကိုလုံး၀မသုံးရပါဘူး။ နောက်တစ်ခုကတော့ Tab ကို လေးခု အထိဘဲသုံး
> သင့်ပါတယ်။သူ့ထက်ပိုပြီးတော့မသုံးသင့်ပါဘူး။ ကျွန်တော်တို့သုံးနေတဲ့ IDE က
> လည်းအလိုအလျောက်လုပ်ပေးတဲ့အတွက်ကြောင့် ဒီအကြောင်းအရာက သိပ်တော့
> စိတ်ပူစရာမလိုပါဘူး။
Although I’m the big fan of ‘tab’ indention, you can’t put 4 tabs to indent a code block. May be typo?
As far as I know, VS automatically replace ‘Tab’ with ’4 spaces’ for indention as default.
Spaces are most preferred indention style in various environment. Some (python, ruby) preferred 2 and some preferred 4.
ဟုတ်ကဲ့ပါ….။
Visual Studio က Tab တစ်ခုကို space လေးခုခြားပေးတယ်ဆိုတာလည်းဟုတ်ပါတယ်ခင်ဗျာ…။
ကျွန်တော်ပြောချင်တဲ့သဘောက တစ်ချို့က ဘေးမျဉ်းကနေခြားတဲ့အခါမျိုးမှာ Tab မသုံးဘဲနဲ့ Space ကိုဘဲလေးခါရိုက်နေတာမျိုးတွေကိုဆိုလိုတာပါ…။
အခုလိုဆွေးနွေးပေးတာ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ…။
Good Good!!!!