ASP.NET Ajax မိတ်ဆက်
အဆင့်မြင့်အဆင့်တွေကို မသွားခင် မိတ်ဆက်တွေကိုပဲ အရင်ရေးသွားဖို့ ရှိပါတယ်။ အရင်တစ်ခါက WinForms နဲ့ WPF ဘာကွာလဲဆိုတဲ့ အကြောင်းကို မိတ်ဆက် အနေနဲ့ ရေးခဲ့ပါတယ်။ အခုလဲ မိတ်ဆက်ပါပဲ။ ASP.NET Ajax လို့ အမည်ရပါတယ်။ ASP.NET ဆိုတာ Web Site တွေ ရေးတဲ့နေရာမှာ PHP နဲ့ အပြိုင်သုံးနေတဲ့ .NET Framework ကို အခြေခံတဲ့ Server-sided Language ပါပဲ။
Ajax ဆိုတာ ဘာလဲ
ASP.NET Ajax ကို မပြောခင် Ajax ကို အရင်ပြောရပါမယ်။ Ajax ဆိုတာ Asynchronous JavaScript and XML ကို အတိုကောက် ခေါ်တာ ဖြစ်ပါတယ်။ HTTP ရဲ့ Method of Data Transport ဖြစ်တဲ့ GET နဲ့ POST ကိုပဲ သုံးပါတယ်။ ဒါပေမယ့် ထူးခြားတာ တစ်ခုက Page တစ်ခုလုံးကို Refresh လုပ်စရာမလိုပဲ လိုတဲ့နေရာလေးတွေကိုပဲ Data GET နဲ့ POST ကို လုပ်ပေးနိုင်ပါတယ်။ Ajax ကို ရှင်းရှင်းလင်းလင်း နားလည်အောင် ပြောရရင်တော့ အချက်အလက် ပေးပို့ရယူတဲ့ နည်းစနစ်တစ်ခုပဲ ဖြစ်ပါတယ်။
Ajax ရဲ့ အားသာချက်များ
Page တစ်ခုလုံးကို Refresh လုပ်စရာမလိုတဲ့အတွက် User ကို Desktop Experience ပုံစံမျိုး အထောက်အပံ့ပေးနိုင်ပါတယ်။ အကောင်းဆုံး ဥပမာကတော့ facebook ပါပဲ။
Network Input နဲ့ Output ကိုလည်း လျှော့ချပေးနိုင်ပါတယ်။
ပိုမိုမြန်ဆန်ပြီး ထိရောက်တဲ့ Feedback တွေကို အထောက်အပံ့ပေးခြင်းအားဖြင့် အသုံးပြုသူကို ဆွဲဆောင်နိုင်ပါတယ်။
Ajax ဆိုတာ ဒါတွေမဟုတ်
Ajax ဆိုတာ User Interface ကို တည်ဆောက်တဲ့ အရာမဟုတ်ပါဘူး။ (ဒါကတော့ Beginner တွေ အနေနဲ့ မှားနိုင်ပါတယ်)
Ajax ဆိုတာ Flash တို့လို Animation လုပ်လို့ရတဲ့ အရာမဟုတ်ပါဘူး။
Ajax က ဘာတွေ သုံးလဲ
Ajax က Server နဲ့ ဆက်သွယ်တဲ့အခါမှာ XML HTTP Request (XHR) Object ကို အသုံးပြုပါတယ်။
- Javascript code တွေက XHR ကို Data Request လုပ်ပါတယ်။
- XHR Object က Web Server နဲ့ ဆက်သွယ်ပါတယ်။ (POST or GET)
- XHR Object က Web Server က Data ကို လက်ခံရရှိပါတယ်။
- နောက်ဆုံး User ဆီကို JavaScript တွေက XHR ကို အသုံးချပြီး ပြန် ဖော်ပြပေးပါတယ်။
Ajax ကို ဘာကြောင့် သုံးကြတာလဲ
- အသုံးပြုသူတွေ အနေနဲ့ မိမိကိုယ်ပိုင် ကွန်ပျူတာ မှာ သုံးနေရသလိုမျိုး Web Page တွေကို သုံးလိုကြပါတယ်။ တစ်ခါကြည့် ဖို့အတွက် အစအဆုံး ပြန်ဖွင့်နေတာမျိုး မလိုလားပါဘူး။
- Client Feedback ကို များများ သုံးချင်တဲ့အခါမှာ Ajax က မရှိမဖြစ် အရေးပါလာပါတယ်။
- Network Traffic ကို လျော့ချတဲ့အခါမှာ အများကြီး အထောက်အကူပြုပါတယ်။
ASP.NET Ajax ဆိုတာဘာလဲ
ASP.NET Ajax ဆိုတာ Ajax ကိုအသုံးပြုတဲ့ ASP.NET လို့ပဲ ပြောရမှာပဲ။ ASP.NET ကနေ Server ကို Data GET တွေ POST တွေ လုပ်တဲ့ နေရာမှာ Ajax ရဲ့ XHR ကို အသုံးပြုပြီး ပို့လွတ် ဆက်သွယ်ပါတယ်။ .NET Framework ပေါ်မှာ တည်ဆောက်ထားတဲ့ Framework တစ်ခု ပါပဲ။ ဘယ်လို Browser မှာ ဖြစ်ဖြစ် အဆင်ပြေအောင် စီစဉ်ထားပါတယ်။ JavaScript ကို ASP.NET နဲ့ ပေါင်းစပ်ပြီး ပိုပြီးကောင်းတဲ့ စွမ်းဆောင်မှုတွေ ရရှိစေပါတယ်။ XHR ကိုလည်း တစ်ခါတည်း သုံးလို့ရအောင် ပေါင်းစပ်ပေးထားပါတယ်။
Facebook comments:




နောက်ပို့တွေကို စောင့်နေတယ်အကိုရ .. တင်ပေးပါဦး……….
အစ်ကို
ဆက်ရေးပါအုံး အစ်ကို ရ …
ASP.Net AJAX မိတ်ဆက် ဖတ်ရတာ အရမ်းပညာ ရပါတယ် အစ်ကို …
ွှAsp.net Ajax tutorials Post များကို လည်း ဆက်လက်စောင့်မျှော် ဖတ်ရှုနေပါကြောင်း …
လေးစားစွာဖြင့် …
ကိုပြည့်ဖြိုးမောင်မောင်
အခုလို ပြောပြပေးတဲ့ အတွက် ဗဟုသုတတွေ အများကြီးရပါတယ်.. နောက်ပို့စ်တွေလည်း စောင့်မျှော် နေပါတယ်၊၊