Configuring Connection Strings
.NET application မှာ Connection String ကြေငြာတဲ့အခါမှာ အောက်ဖော်ပြပါ နည်းလမ်းနှစ်မျိုးကို အသုံးများကြပါတယ်။
1) Connection String from Project Settings
အောက်ပါ Steps အတိုင်းလိုက်လုပ်ပေးပါ။
- ကိုယ့်ရဲ့ Project ကိုဖွင့်ပြီး Project Properties ကိုသွားပါ
- Settings Tab ကိုဖွင့်ပါ
- Type Column မှ dropdown တွင် (Connection String) ကိုရွေးပါ
- Value Column မှ Button ကိုနှိပ််ပါ၊ Connection Properties Window ပွင့်လာပါလိမ့်မယ်။
- သက်ဆိုင်ရာ Server Name ကိုရွေးပါ
- Window Authentication ကိုသုံးမယ်ဆိုရင် ဘာမှ ထည့်ပေးစရာမလိုပါဘူး
- SQL Server Authentication အတွက် တော့ User Name and Password ကိုထည့်ပါ
- ပြီးတော့ ကိုယ်သုံးမယ် Database Name ကို Select or enter a database name drown down မှာရွေးပေးပါ
- အားလုံးပြီးသွားရင် OK Button ကိုနှိပ်ပါ။ Web Application ဆိုရင် ConnectionStirng ကို Web.Config ထဲတွင် generate လုပ်ပေးပြီး Window Application ဆိုရင်တို့ App.Config file ထဲမှာ generate လုပ်ပေးပါတယ်။
2) Connection String by manual declaration at Web.config
<connectionStrings> <add name="myDBConn1" connectionString="Data Source=DBServer;Initial Catalog=DBName;Integrated Security=True" /> <add name="myDBConn2" connectionString=Data Source=DBServer;Initial Catalog=DBName;User;Password=Password" /> </connectionStrings>
myDBConn1 က Window Authentication ဖြစ်ပြီးတော့ myDBConn2 ကတော့ UserId နဲ့ Passowrd သုံးထားတဲ့ SQL Authentication ပါ။ အခုကြေငြာခဲ့တဲ့ Connection တွေကို Project မှာ ခေါ်သုံးမယ်ဆိုရင်တော့အောက်ပါ namespace နှစ်ခုကို အရင် import လုပ်ပေးပါ။
using System.Configuration; using System.Data.SqlClient;
ဒါဆိုရင် သူငယ်ချင်းရဲ့ Program မှာဒီလိုခေါ်သုံးပြီး Connection ကို establish လုပ်နိုင်ပါပြီ
SqlConnection myConnection = new SqlConnection(ConfigurationManager.ConnectionStrings["myDb"].ConnectionString); myConnection.Open();
Facebook comments:




ဘယ်လိုပဲဖြစ်ဖြစ် တန်ဘိုးရှိပါတယ်ဗျာ။ စေတနာ – ကံ မည်၏။
အခုလို ဓမ္မသဘောနဲ့ ဖြည့်စွက်ပေးလို့ အရမ်း ကျေးဇူးတင်ပါတယ်။ စာဖတ်သူအတွက် တခုခုအကျိုးပြုသွားရင် ရေးရကျိုးနပ်ပါပြီ။
As for the beginner , like that article is very effective tool to be broaden their horizons. I am very keen to read your next post. Thanks for all.
Those are not only for beginners but also for the experience .NET developers which need to memorize at all times. Thanks you yr comments. Sure, I have been writing many articles covering all the fundamental stuffs about ASP.NET. I’ll be posting them regularly.
Saving connection string as plain text in web config is not a good idea. connection string should be encrypted.
I like this kind of idea. Thanks! What I think is that either the developers or the project related members could access to the web server. For that, I make the Connection variables accessible to read.
Being supported to your idea, I’ll continue adding about the encrypted connection string at this post since this is still a short one. Looking forward your further suggestions at my future posts.
တော်တော်လေးပြည့်စုံသွားအောင် အခုလို settings ကနေ ပြန်ယူသုံးမယ့်ပုံစံကလေးထည့်ရင်ကောင်းမလားလို့ပါ
string connectionString = Properties.Settings.Default.CurrentConnection.Name;
အခုလို အကြံပြုတာ ကျေးဇူးတင်ပါတယ်။ ဒီ Post မှာ Conenction String ကို Encrypt လုပ်တဲ့ပုံစံရယ် ပြီးတော့ ချမ်းမြေ့ပြောတဲ့ ပုံစံကိုပေါင်းထည့်ပါဦးမယ်။ လောလောဆယ် SharePoint article တွေနဲ့ အလုပ်များနေလို့ပါ။