C#.Net Sample Calculator
ကျွန်တော် Knowledge Sharing လုပ်တဲ့အခါ အတတ်နိုင်ဆုံး Beginner များကို လက်တွဲ ခေါ်ဖို့အတွက် ကြိုးစားပါတယ်။
ဒါကြောင့် ကိုယ် ရေးချင်တဲ့ အပိုင်းများ သာမက လက်တွဲခေါ်ပေးနေရတဲ့ လူငယ်များအတွက်ပါ အများကြီး တွေးပြီး
စဉ်းစားရပါတယ်။
- ဘယ် အပိုင်းကို စရေးမလဲ?
- ဘာဆက်ရေးမလဲ?
- ဒီလို အကြောင်းအရာကို ရေးရင် Beginner အတွက် OK ပါ့မလား?
- ဒီ Program စရေးရင် Beginner နားလည်နိုင်မှာလား?
စတဲ့ မေးခွန်းပေါင်းများစွာနဲ့ ခေါင်းခြောက်ခဲ့ရတဲ့ အချိန်က မနည်းပါဘူး ။
ကျွန်တော် အခု လေ့လာ မိသလောက် တွေ့ရှိခဲ့တာက ကျွန်တော့် Post တွေကို ကြားကနေ ဖောက်ပြီး လေ့လာမယ့် သူတစ်ယောက် အတွက် အဆင်မပြေနိုင်ဘူး ဆိုတဲ့ အချက်ပါ။
ဒါကြောင့် ရေးခဲ့သမျှ Posts တွေကို အစီအစဉ်တကျ လေ့လာနိုင်အောင် Download လုပ်နိုင်အောင် ပြန်ဖေါ်ပြ ပေးလိုက်ပါတယ်။
- Asp.Net-2.0-Fundamentals-EBook-.-doc
- C-Programming-Fundamentals-EBook-.-pdf
- C-Programming-Fundamentals-Plus
အခု Sample Calculator ရေးနည်းကို ဖေါ်ပြပါမယ်။ ကျွန်တော် ဖြစ်စေချင်တာက ဒီ အပိုင်းမှာ လက်တွေ့ ပိုင်းကို တစ်ဖြည်းဖြည်း ကူးပြောင်း ပေးနေပြီ ဖြစ်ပါတယ်။ အပေါ်က အကြောင်းအရာတွေကို လေ့လာပြီးတဲ့ အခါမှသာ ဒီ Program လေးကို စမ်းသပ်ကြည့်ကြဖို့ တိုက်တွန်း လိုပါတယ်။
အောက်က Link မှာ Download ရယူပါ။
ကျွန်တော် ဒီမှာ အသုံးပြုထားတာက Visual Studio 2008 ဖြစ်ပြီး VS 2005 ကို
အသုံးပြုသူများလည်း အဆင်ပြေမှာ ဖြစ်ပါတယ် ။
Facebook comments:



Myanmar Tutorials မှာ အသင်းဝင်ချင်တယ် ၊ Post တွေ ရေးသားချင်တယ် ဆိုရင် ဒီထဲမှာ အပြည့်အစုံ ဖေါ်ပြပေးထားပါတယ် ။
http://www.myanmartutorials.com/about/
သဘောကျဖို့ အလွန်ကောင်းပါဗျာ။ ကျွန်တော်လည်း လက်တွေ့ပိုင်းကို အခုမှစပြောင်းတဲ့လူတစ်ယောက်ပါ။ အစ်ကို့ဟာတွေ့တော့ ပိုအဆင်ပြေသွားတာပေါ့။ ကျွန်တော်အားပေးပါတယ်။စိတ်လည်းဝင်စားပါတယ်။နောက်ထပ် ထပ်တင်ပေးပါဦး။
ကောင်းပါပြီ ဗျာ ..
နောက် Post တွေ ထပ်ရေးပြီး တင်ပေးထားပါ့မယ် ။