Asp.Net 2.0 Fundamentals မြန်မာ EBook

ကျွန်တော် Asp.Net 2.0 Fundamentals EBook ကို ဘာသာပြန် မျှဝေပေးချင်တာ ကြာပါပြီ။ အခုတော့ အဆင်ပြေလွယ်ကူစွာ ပြီးဆုံးခဲ့တဲ့ အတွက် ပြန်လည် မျှဝေလိုက်ပါတယ်။ ဒီ EBook ထဲမှာ Asp.Net 2.0 နဲ့ ပတ်သက်ပြီး လိုတိုရှင်း ထိမိစွာ ဘာသာပြန် ပေးထားပါတယ်။ Asp.Net ကို စိတ်ဝင်စား သူများအတွက် တကယ့် လက်တွေ့မှာ လိုအပ်မယ့် အကြောင်းအရာ တွေကိုပဲ စုစည်း ဖေါ်ပြ ပေးထားပါတယ်။ ဒီ EBook မှာ Asp.Net နဲ့ C#.Net ဘာကွာလဲ ? အစရှိတဲ့ မေးခွန်းမျိုးကိုပါ ထည့်သွင်းဖော်ပြပေးထားပါတယ်။ EBook တွင်ပါ၀င်သော အကြောင်းအရာ များကိုလည်း လိုအပ်ပါက Update ပြုလုပ် ပေးသွားမည် ဖြစ်ပြီး အကြံပြုလိုသည်များ ရှိပါကလည်း Comment ပေးထားခဲ့နိုင်ပါတယ်။

အင်တာနက်ကို အချိန်ပြည့်သုံးရန် ခက်ခဲသူများအတွက်ပါ ရည်ရွယ်ပြီး EBook ဖြင့် မျှဝေပေးထားပါကြောင်း

အောက်က Link မှာ Download ရယူပါ ။

Asp.Net 2.0 Fundamentals EBook . doc

ထို့ပြင် ယခု EBook ( Asp.net 2.0 Fundamentals EBook )  ထဲတွင် ဖေါ်ပြမထားသော

Statements နှင့်Looping တို့ ၏ အသေးစိတ် အကြောင်းအရာ များကို

C# Programming Fundamentals EBook . pdf

ထဲတွင် ဖေါ်ပြပေးထားပြီး ဖြစ်ပါကြောင်း

Facebook comments:

12 Responses

  1. waiyan says:

    ကျေးဇူးတင်ပါတယ်ခင်ဗျ။
    မရှင်းတာရှိရင်ဒီမှာပဲလာမေးလို့ရမလားခင်ဗျ။

  2. micromyu says:

    Thanks

  3. ကလေး says:

    Thanks for your sharing.

  4. stringlive says:

    waiyan …

    တစ်ခု စဉ်းစားမိတာက ဒီနေရာက Tutorial ပိုင်းလိုမျိုး ဖြစ်နေတယ် …
    ဒီနေရာမှာ အမေးအဖြေ ဝင်လုပ်ရင် Tutorial ပိုင်းကို ထိခိုက်သလို ဖြစ်မှာလည်း စိုးရိမ်ရတယ် …
    အဲဒီတော့ မေးချင်တယ်ဆိုရင် Myanmar Tutorials ရဲ့ Ask a Question မှာ မေးပေးပါ …
    အစ်ကို လည်း အချိန်အားရင် အားသလို ဝင်ဖြေပေးထားပါ့မယ် …

  5. Iris says:

    ကျေးဇူးတင်ပါတယ်။ပညာလျှိ(ကိုယ်သိသမျှသူများတက်မှာကြောက်သူ) တဲ့လူုတွေနဲ့တွေ့နေတက်လို့ ဒီလို ကိုယ် သိသမျှကို share ပေးတဲ့ စိတ် ကို တကယ် ချီးကျူးမိတယ်။

    • stringlive says:

      ဟုတ်ကဲ့ပါ ။
      အခုလို ရေးပေးလိုက်တဲ့ Comment မျိုးဟာ ကျွန်တော်တို့လို Post တွေ Share နေတဲ့သူတွေအတွက် အားဆေးတစ်ခွက်ပါ ။ ကျေးဇူးတင်ပါတယ် ။

  6. ကိုတင့် says:

    ကျွန်တော်web essential နဲ့ web advanced တက်ဘူးပါတယ်။ ဒါပေမယ့် ပြောရမှာ ရှက်စရာကြီးပါ။ web site ကောင်းကောင်း မရေးတက်ဘူး။ အဲဒါ အကြံဉာဏ်လေး ပေးပါအစ်ကို။ ကျေးဇူးတင်ပါတယ်။ ကျွန်တော်ပဲညံ့လို့လားမသိပါဘူး

  7. String Live says:

    ကိုတင့် ခင်ဗျာ ..

    ကျွန်တော် Web Application တစ်ခုကို 3 Tier Architecture နဲ့ Develop လုပ်ပုံ အဆင့်ဆင့်ကို နောက်လာမယ့် Post များမှာ ဖေါ်ပြပေးတော့မှာ ဖြစ်ပါတယ် ။ အခုလောလောဆယ်တော့ အစ်ကို့အနေနဲ့
    ` Visual Studio 2005/2008 ထဲရှိ Controls များ အကြောင်း´ ဆိုတဲ့ နောက်တင်ပေးထားတဲ့ Post လေးကို ပြန်လည် လေ့လာစေလိုပါတယ် ။ ကျွန်တော်တို့ Myanmar tutorials မှ ကိုသီဟ ပြောခဲ့သလိုပဲ အဆင့်တိုင်းမှာ ခိုင်ခိုင်မာမာ ရှိဖို့အတွက် အခြေခံကစလို့ ပြန်လည်မျှဝေပေးနေတာ ဖြစ်ပါတယ် အစ်ကို ။ ကျွန်တော်တို့ ဖြည်းဖြည်းနဲ့မှန်မှန် လေ့လာရင်း အခြေခံ အဆင့်ကနေ အထက်ကို တတ်ကြရအောင်ပါ ။

    လေးစားစွာဖြင့်
    ပြည့်ဖြိုးမောင်မောင်

  8. ZawMinSoel says:

    အစ်ကို ကတော်တော် တော်တာဘဲ MCPD ကြီးတောင် ရထားတာ…။
    ကျွန်တော် လည်း ဖြေဖို ့တော့လုပ်နေတယ်…။
    အဲ့ဒါဘာတွေလုပ်ရမလဲ ဆောင်ရန် ရှောင်ရန်လေးတွေ ပြောပေးပါအုံး…။
    ကျွန်တော် က MCTS ဖြေမှာပါ…။
    အစ်ကို ့အသက်ကဘယ်လောက်ရှိပြီလဲ…တော်လွန်းလို ့…:):):)

  9. stringlive says:

    လူခင်ရင် အသက်မမေးနဲ့တဲ့ !!!! စ တာပါ ဗျာ … 28 ပါ .
    ဖြေဖို့လိုအပ်ချက်တွေကိုတော့ Interview with Ko Pyae Phyo Maung Maung (I) ထဲမှာ အသေးစိပ် ရှင်းပြထားပါတယ် ။

    ဆောင်ရန် ~ အမှတ်ပြည့် လိုချင်ရင်တော့ အပုဒ် များများ ကြည့်ပါ ။

    ရှောင်ရန် ~ ကိုယ်ဖြေမယ့် Exam ကို တစ်ယောက်ယောက် ဆီက ရခဲ့ရင် သေချာမေးပါ ။ သူ အောင်ခဲ့တဲ့ နှစ် ၊ လ ၊ ရက် စတာတွေ သတိထားပါ ။ 2009 အထိ Valid ဖြစ်ခဲ့တဲ့ Exam Reference တွေက 2010 နောက်ပိုင်း ပြောင်းကုန်တယ် ။ Unseen မေးခွန်းတွေလည်း ပါလာတယ် ။ ဒါ့ပြင် အခု Survey မေးခွန်းတွေ မေးနေတယ် ဗျ .. Survey မေးခွန်တွေကိုလည်း သေချာ ဖြေပါလို့ ပြောချင်ပါတယ် ။

  10. stringlive@gmail.com says:

    ဒီ နေရာမှာ ပဲ မရှင်းလင်းသည်များကို ဝင်ရောက် မေးမြန်းနိုင်ပါသည် ဗျာ..
    အခမဲ့ ပါ … ( ပိုက်ဆံမတောင်းပါ )
    လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည် ။

  11. pigletlay says:

    ကျေးဇူးတင်ပါတရ် ဒီ eBook လေးကိုလိုချင်နေတာကြာပါပြီ

Leave a comment


*