AjaxControlToolKit 3.5
ASP.Net ကို စတင်လေ့လာနေသူများအတွက် ASP.Net 3.5 ကို တက်နိုင်သမျှ လက်လှမ်းမီစေရန် ရည်ရွယ်ထား ခြင်း ဖြစ်ပါသည် ။ AjaxControlToolkit က ရှိပြီးသား Web Server Controls တွေရဲ့ Appearance နှင့် လုပ်ဆောင်ချက်တွေ ကို ပိုမို ဆန်းသစ်လာစေအောင် ကူညီပေးကြမှာ ဖြစ်ပါတယ်။ အခု ကျွန်တော်တို့ သုံးနေတဲ့ Web Server Controls တွေကို ဒီလို လုပ်လို့ရပါလား ဆိုတဲ့ အသိလေးတစ်ချက် ပွင့် သွားခဲ့ရင်ပဲ ကျွန်တော့် အနေနဲ့ မျှဝေရကျိုး နပ်ပါတယ်။ Main Point တစ်ခုအနေနဲ့ AjaxControlToolkit လေးတွေကိုလည်း မေ့မထားစေလိုတဲ့ အတွက် လည်း ဖြစ်ပါတယ်။ ယခု ပေးထားသော Demo Project ကို လေ့လာရုံဖြင့် Ajax ၏ သဘောတရား အချို့ကို လွယ်ကူစွာ နားလည်နိုင်မယ်လို့ ယူဆ မိပါတယ်။
Microsoft မှ ထုတ်ပေးထားသော AjaxControlToolKit ကို ရယူ အသုံးပြုတတ်ခြင်းသည် လက်တွေ့ လုပ်ငန်းခွင်တွင် ပိုမိုထိရောက် လွယ်ကူစေနိုင်ပါသည် ။
ကျွန်တော် ယခု ပေးလိုက်သော Project File ကို ဖွင့်ရန်အတွက် Visual Studio 2008 တင်ထားပြီးမှသာ ဖွင့်လို့ရမည် ဖြစ်ပါသည် ။ Visual Studio 2005 နှင့် ဖွင့်ပါက Error တက်မည် ( သို့ ) Project မပွင့်ခြင်းတို့ ဖြစ်ပါမည် ။ AjaxControlToolKit 3.5 အမျိုးအစားဖြစ်ပြီး AjaxToolKitControls များထဲမှ 6 မျိုးကို သာ အဓိက ရွေးချယ်ဖေါ်ပြထားပါသည် ။ Demo ( သရုပ်ပြ ) အနေဖြင့် 6 မျိုးသာ ရွေးချယ်ဖေါ်ပြထားသော်လည်း Project ၏ Bin Folder အောက်တွင် AjaxControlToolkit.dll ( Full Version ) ကိုပါ ထည့်သွင်း ပေးထားပါသည် ။
အောက်က Link တွင် Demo Project ကို Download ရယူနိုင်ပါတယ် ။
Facebook comments:




ကျေးဇူးတင်ပါတယ် ကိုပြည့်ဖြိုးမောင်မောင်ရေ
Could not load type ‘System.Web.UI.ScriptReferenceBase’ from assembly ‘System.Web.Extensions, Version=3.5.0.0, Culture=neutral, PublicKeyToken=31bf3856ad364e35′.
တစ်ခုခုများလုပ်တာလွဲနေလို့လားမသိဘူး..အဲဒီ Error တတ်ပြီး Run လို့မရလို့…ဘယ်လိုလုပ်ရမလဲ..ကူညီပါအုံး…
ဒီ Error က Web.Config မှာ Assemblies ပျောက်နေတယ်လို့ စက်ကပြောနေတာပါ ။ တကယ်တော့ အဲဒီ Assemblies ကို ကျွန်တော် ထည့်ပေးပြီးသားပါ ။
ဒီလိုလုပ်ရင် အဆင်ပြေနိုင်ပါတယ် ။
1 . ကျွန်တော်ပေးထားတဲ့ Project ကို ဖွင့်ပါ ။
2 . Project ထဲက ထိပ်ဆုံး က Accordian ဆိုတဲ့ Folder ကို ဖြည်ချပါ ။
3 . Accordian Folder ထဲရှိ Accordian.aspx ဆိုတဲ့ Page ကို Right Click နှိပ်ပြီး Set As Start Page ကို ရွေးပေးလိုက်ပါ ။
3 . ပြီးရင် F5 နဲ့ Run ပါ ။ ဒါဆို အဆင်ပြေပါပြီ ။
အခုလိုမေးတဲ့ အတွက် ဒီ Error တက်နေသူ အားလုံးလည်း အဆင်ပြေကြမှာပါ ။
Thu Zar
အခုလိုဖြေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်…ဒါပေမဲ့လုပ်တာမရသေးဘူး..အဲဒီ့Error ကတတ်တုန်းဘဲ…..Version တွေဘာတွေများလွဲလို့လားမသိဘူး..ဒီက 2008 Version 9 နဲ့ .Net Framework Version 3.5 ပါ..ပြောသလိုလုပ်ကြည့်ပါတယ်..မရလို့ပါ…
အနှောက်အယှက်ပေးမိသလိုဖြစ်လားမသိပေမဲ့ Error ကရှင်းလို့ရသွားပါပြီ…
ToolkitScriptManager လို့ရေးထားတဲ့နေရာတွေမှာ…Asp ScriptManager တွေချိန်းလိုက်တာ Run လို့ရသွားပါတယ်…ကျေးဇူးတင်ပါတယ်..
အနှောက်အယှက်ပေးမိသလိုဖြစ်လားမသိပေမဲ့ Error ကရှင်းလို့ရသွားပါပြီ…
ToolkitScriptManager လို့ရေးထားတဲ့နေရာတွေမှာ…
တွေချိန်းလိုက်တာ Run လို့ရသွားပါတယ်…ကျေးဇူးတင်ပါတယ်..
Ok … Sis , Good !!! Problem solving Skills !!!
Go on — !!
thanks
Thanks too !!! cos you shared how to solve this problem ! Great Job !!
Ajax Control ToolKit ….
Need to edit your Web Site :
//1
//2
//——- Declare up of DOCTYPE ——-
//———— Use in your Web Form
//———–