Interview wth Aung Sithu Kyaw Part II
ကျွန်တော်တို့ Myanmar Tutorials ရဲ့ အင်တာဗျူးကဏ္ဍကို အားပေးနေကြတဲ့ မိတ်ဆွေများ အားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်း ဆက်သပါတယ်။ Myanmar Tutorials ရဲ့ အင်တာဗျူး ကဏ္ဍကို အားတက်သရော ကူညီဖြေကြားပေးတဲ့ သူငယ်ချင်း မိတ်ဆွေများ ကိုလည်း ကျေးဇူးတင် ပါတယ်လို့ ပြောလိုပါတယ်။ အင်တာဗျူးဆိုတာ အတွေ့အကြုံတွေကို သင်ယူတဲ့ နေရာမှာ အကောင်းဆုံး နည်းလမ်းပဲလို့ ကျွန်တော် ယူဆပါတယ်။ သူတို့တွေ ဘယ်လို လျှောက်ခဲ့သလဲ ဆိုတာကို ကိုယ်ကိုယ်တိုင် လျှောက်စရာမလိုပဲ သိခွင့်ရနိုင်ဖို့ သင်ယူနိုင်ဖို့ အကောင်းဆုံး Tutorials တွေက အင်တာဗျူးတွေ ပါပဲလို့ ဆိုချင်ပါတယ်။
အရင်တစ်ပတ်က ကိုအောင်စည်သူကျော်ကို အင်တာဗျူးထားတဲ့ Interview with Aung Sithu Kyaw Part I ကို တင်ဆက်ခဲ့ပြီး ဖြစ်ပါတယ်။ ခု ဒီတစ်ခါ ဆက်ရမယ့် အပိုင်းက ဒုတိယပိုင်းပါ။ ကဲ ကိုစည်သူရေ .. အင်တာဗျူးလေး ဆက်လိုက်ရအောင်ဗျာ …
ယနေ့ Game Industry အပေါ် လူငယ်တွေ သိအောင် ရှင်းပြပေးပါ။ Game Industry တွေမှာ အဓိက လွမ်းမိုးထားတဲ့ ကုမ္ပဏီတွေ ဘယ်သူတွေလဲ။ သူတို့ ဘာဖြစ်လို့ လွမ်းမိုးထား နိုင်ကြတာလဲ။ Game Industry ဆိုတာ ကြီးကြီး မာစတာတွေသာ ကစားတဲ့ ကစားပွဲလား။
Game industry ထဲမှာ ကုမ္ပဏီအမျိုးမျိုးရှိပါတယ်။ Publishing, development, distribution ဒါတွေတင်မဟုတ်ပဲ graphics နဲ့ sound တွေအတွက် outsourcing သက်သက် လုပ်ပေးတဲ့ ကုမ္ပဏီတွေ ရှိပါတယ်။ နောက်ပြီး ထုတ်ကြတဲ့ game တွေပေါ် မူတည်ပြီးလဲ ထပ်ခွဲ နိုင်ပါသေးတယ်။ AAA PC, console game, casual game, social game, mobile game စသဖြင့်ပေါ့။ AAA နဲ့ console development တွေထဲက နဲနဲပြောရရင်… EA, Sony, Capcom, Ubisoft, Blizzard, Rockstar, Epic, Raven, 2K ပြောရရင် အများကြီးပဲဗျ။ သူ့ဟာနဲ့ သူကတော့ နာမည်ကြီး အောင်မြင်နေကြတဲ့ studio တွေချည်းပါပဲ။ EA ကိုတော့ လွှမ်းမိုးတယ်လို့ ပြောရမလားမသိဘူး။ သူက ကုမ္ပဏီ အသေးလေးတွေကို စောင့်ကြည့်ပြီး acquire လုပ်တဲ့ နေရာမှာ နာမည်ကြီးတယ်။ online/casual game တွေ trend ကိုမြင်တော့ ၂၀၀၁ မှာ pogo.com ကို ၀ယ်ခဲ့တယ်။ အခုနောက်ဆုံး social game တွေရဲ့ trend ကိုမြင်တော့ restaurant city လို အောင်မြင်တဲ့ social game တွေ develop လုပ်တဲ့ Playfish ကို ၂၀၀၉ မှာ ဒေါ်လာ သန်း၃၀၀ နဲ့ ၀ယ်ခဲ့တယ်။
နောက်ထပ် ပြောရရင် development studio တွေကနေ technology license တွေပေးတဲ့ ကုမ္ပဏီတွေ ဒါမှမဟုတ် game technology တွေပဲ သက်သက် develop လုပ်ပြီး engine license ရောင်းတဲ့ ကုမ္ပဏီတွေ ရှိပါသေးတယ်။ ဒီ area မှာတော့ Epic games က Unreal Engine, Emergent Technology က Gamebryo, Crytek ရဲ့ CryENGINE, id software ရဲ့ idTech တို့ကို ပြောလို့ရပါတယ်။ ဒီအင်ဂျင်တွေ ကတော့ game title တစ်ခုကို platform တစ်ခု အတွက်နဲ့တင် ဒေါ်လာသောင်းနဲ့ သိန်းနဲ့ချီပြီး လိုင်စင်ကြေးပေးရတဲ့ အင်ဂျင်တွေပေါ့။ ဒီ AAA game တွေအတွက် publisher တွေဆိုရင် EA, Activision, THQ စသဖြင့် publisher တွေရှိပါတယ်။ ဒါတွေကတော့ အစ်ကိုပြောသလို ကြီးကြီး မာစတာတွေ ကစားကြတဲ့ပွဲတွေ အပိုင်းပေါ့ဗျာ။
Casual game market မှာဆိုရင် developer တွေအနေနဲ့ PopCap တို့ PlayFirst တို့ရှိမယ်။ နောက်ဆို မြန်မာပြည်က TGP ရှိလာမယ်။
ဒီဂိမ်းတွေအတွက် publishing နဲ့ distribution portal တွေဆိုရင် BFG တို့ Reflexive တို့ Oberon Media တို့ကိုပြောလို့ရတယ်။ ဒါကလည်း publish လုပ်တဲ့ target market continent, region (Europe, Asia, China, North America, etc) ပေါ်မူတည်ပြီး specialise လုပ်ပေးတဲ့ ကုမ္ပဏီတွေ သက်သက် ရှိသေးတယ်။
Social game market မှာတော့ လောလောဆယ် အကြီးဆုံးကတော့ Zynga ပေါ့။ သူ့ Farmville နဲ့ MafiaWar လို ဂိမ်းတွေက နေ့စဉ်ကစားသူ သန်းနဲ့ချီ ရှိတယ်။ Zynga ကို တန်ဖိုးဖြတ်တဲ့ သူတွေရဲ့ တွက်ချက်မှု အရတော့ ဒေါ်လာ ၃ဘီလီယံကနေ ၅ဘီလီယံအကြား တန်ဖိုး ရှိတယ်လို့ ဆိုကြပါတယ်။
Industry ကိုကြည့်ရင်တော့ casual game တွေ social game တွေကအရင်က independent developer တွေ small studio တွေအတွက် market ဖြစ်ခဲ့တယ်လို့ ပြောလို့ရတယ်။ ဒီ trend ကို industry ရဲ့ big guns တွေကမြင်လာတဲ့ အခါမှာ အင်အားကြီးကြီးနဲ့ ၀င်ချလာကြတယ်။ အဲ့ဒီအခါမှာ game တွေရဲ့ standard ကမြင့်လာပြီး customer expectation တွေကလည်း မြင့်လာတယ်။ competition တွေများပြီး ဂိမ်းတွေက များလာတော့ ဂိမ်းစျေးတွေက ကျလာတယ်။ ဒီ standard တွေကို မှီအောင် လုပ်နိုင်သေးတယ် ဆိုရင်တော့ casual game market မှာ indie တွေအတွက် နေရာ ရှိသေးတယ်လို့ ပြောလို့ရပါတယ်။
နောက်ဆုံး indie game developer တွေအတွက် အလွယ်ဆုံး entry point ကတော့ flash game market နဲ့ mobile platform တွေပဲလို့ ထင်ပါတယ်။ Flash game နဲ့ပတ်သက်ပြီး ကိုမြင့်ကျော်သူရဲ့ ဒီ article ကို ဖတ်သင့်ပါတယ်။ Flash ကနေတစ်ဆင့် social game တွေဖြစ်အောင် social media တွေရဲ့ API တွေနဲ့ ပေါင်းစပ် အသုံးချနိုင်ပါတယ်။ mobile platform တွေကို indie တွေ accessible ဖြစ်လာတာကလည်း iPhone ရဲ့ App Store နဲ့ 3G network တွေရဲ့ အပြောင်းအလဲ ကြောင့်လို့ ပြောလို့ရမယ်။ အရင်ကဆို mobile application ဆိုတာ carrier အမျိုးအစား ပေါ်မူတည်ပြီး operator တွေနဲ့ ချိတ်ဆက်ပြီး billing, distribution တွေလုပ်ရတော့ indie တွေအတွက် သိပ်အဆင် မပြေခဲ့ဘူး။ အခုတော့ ကိုယ့်မှာ application ready ဆို license ၀ယ်ပြီး distribute လုပ်လို့ရနေပြီ။ ဒါတောင် iPhone App Store မှာဆို app ပေါင်း ၂သိန်းကျော်နေပြီ။ iPhone, iPod touch user က သန်း၅၀ကျော် ရှိတယ်။ ဒီ pool ထဲက ကိုယ့် app အတွက် share လေး ဘယ်လောက် ရရဆိုပြီး ၀င်နေတဲ့ လူတွေကလည်း ပိုပိုပြီး များလာနေတယ်။ iPhone game နဲ့ ပေါက်ဖို့ဆိုတာ ကလည်းသိပ်တော့ မလွယ်တော့ပြန်ဘူး။ အဲတော့ တစ်ခြား app store/marketplace ပါတဲ့ mobile platform တွေကိုပါ စောင့်ကြည့် နေဖို့လိုတယ်။ android, windows 7 mobile, nokia ovi store တွေအတွက်ပါ target လုပ်သင့်တယ်။ Samsung ရဲ့ bada platform လိုမျိုး နောက်ထွက်မယ့် platform တွေအတွက်ပါ ကြိုတင် ပြင်ဆင်ထားနိုင်မှ ဒီလို နောက်ထပ် wave အသစ်တစ်ခု လာတဲ့အခါမှာ competition တွေ အရမ်းမများခင် ကိုယ်လိုက်ပါ သွားနိုင်မှာ။ ဒီလိုပဲ social media မှာ Facebook ကအရမ်းကြီးလို့ Facebook game တွေအတွက်ပဲ စဉ်းစားမနေပဲ တစ်ခြား platform တွေကိုလည်း အမြဲ လေ့လာ ကြည့်နေ သင့်ပါတယ်။ Hi5 တို့ Friendster တို့မှာဆိုလည်း API တွေ ထုတ်ပေးထားတာ ရှိတယ်။ အဲလို site တွေအတွက်လည်း social game တွေ develop လုပ်လို့ ရပါတယ်။
ဒါတွေက industry အကြောင်းကို knowledge သဘောမျိုး အကျဉ်းချုပ်လေး ပြောတာပါ။ ပြောစရာတွေကတော့ အများကြီး ကျန်သေးတယ်။ ဆက်ပြောရင် ဖတ်တဲ့လူတွေ ပျင်းကုန် တော့မယ်။
မပျင်းပါဘူးခင်ဗျာ၊ ဗဟုသုတတွေ အများကြီးရပါတယ်။ ရှေ့ဆက်ပြီးတော့ Game Developer တစ်ယောက်ရဲ့ Thinking ပိုင်းကို လူငယ်တွေ နားလည်အောင် ရှင်းပြပေးပါ။
Thinking ပိုင်းဆိုတာကို ၂ ပိုင်းပြောရမယ်ထင်တယ်။ ကျွန်တော်က programmer ဆိုတော့ programming ပိုင်းနဲ့ game နဲ့ဆိုင်တဲ့ game design ပိုင်း ဆိုပြီးတော့ ပြောလို့ ရပါတယ်။ Game ရေးမယ် ဆိုရင်တော့ traditional VB တို့ C# တို့မှာ Windows application တွေ ရေးနေကျ အတိုင်း event-driven မျိုး ရေးတာကနေ infinite loop ထဲကနေ real-time update တွေလုပ်တဲ့ ပုံမျိုးကို ပြောင်းစဉ်းစား ရပါမယ်။ ဘာလို့လဲ ဆိုတော့ animation တွေ၊ game နဲ့ဆိုင်တဲ့ calculation တွေအားလုံးက real-time ဖြစ်နေကြမှာ မို့လို့ပါ။ ပြီးတော့မှဒီ real-time loop ထဲကမှာ input event တွေ ပေါ်မူတည်ပြီး state တွေကိုခွဲပြီး execute လုပ်သွားတဲ့ သဘောမျိုး စဉ်းစားရပါမယ်။ ဒီသဘောတရား တွေက ကိုယ်တိုင် ရေးကြည့်မှ နားလည်မှာပါ။ ကျန်တဲ့ problem solving skill ကတော့ တစ်ခြား software developer တွေရဲ့ thinking အတိုင်းပါပဲ။ Divide and conquer ပေါ့။ Problem တစ်ခုကို အသေးဆုံး အဆင့်ထိ ရောက်အောင် ခွဲခြမ်းပြီး စဉ်းစားရင် ဘယ်ဟာမှ ခက်ခက်ခဲခဲကြီး မဟုတ်တော့ ပါဘူး။
Game design ကတော့ ပြောရခက်ပါတယ်။ ဘာလို့လဲဆိုတော့ business software development မှာလို requirement အတိအကျ မရှိတာရယ် Fun ဖြစ်တယ်ဆိုတဲ့ game အတွက် definition မရှိတာရယ် ကြောင့်ပါပဲ။ အဲဒီတော့ အားလုံးက ကိုယ့်ရဲ့ idea ကပဲစပါတယ်။ ဒါပေမယ့် အဲဒီ idea ကို The Art of Game Design လိုမျိုး game design စာအုပ်တွေထဲက idea တွေပေါင်းစပ်ပြီးတော့ ပိုပြီး engaging ဖြစ်တဲ့ fun ဖြစ်တဲ့ design မျိုးဖြစ်အောင် တစ်ဖြည်းဖြညး် ပြောင်းသွားရပါတယ်။ အဲဒီတော့ game development မှာ SCRUM လို agile development method တွေ အသုံးများပါတယ်။ rapid prototype ထုတ်တယ်။ ဆော့ကြည့်တယ်။ ပြန်ပြင်တယ်။ iterative development နဲ့ ဆက်သွားပြီး ပိုကောင်းအောင် လုပ်သွားရပါတယ်။
Beginner အနေနဲ့ကတော့ game design ထက် ဂိမ်းတစ်ခု ပြီးဖို့ကိုပဲ ဦးစားပေး သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့် idea နဲ့တူတဲ့ ဂိမ်းမျိုး ရှိပြီးသား ဖြစ်နေဖို့က သေချာသလောက် ရှိနေလို့ပါ။ ရှိပြီးသားမို့ ဆက်မလုပ်တော့ပဲ အသစ် ထပ်စဉ်းစားရင် ဘယ်တော့မှ ပြီးတော့မှာ မဟုတ်ပါဘူး။ game တစ်ခုကို အစအဆုံး ပြီးအောင် ရေးဖူးပြီ free or commercial release ပထမဆုံး လုပ်ဖူးပြီ ဆိုတော့မှ game design ကို စဉ်းစား သင့်ပါတယ်။ ဒီအဆင့်တွေ အကြောင်းကို ဒီမှာ ရေးဖူးတယ်။ Game design နဲ့ပတ်သက်ပြီး ဒီမှာ ရေးဖူးပါတယ်။
Game ဆိုတာမကောင်းဘူးဆိုပြီး လူကြီးတွေ မြင်ကြပါတယ်။ အဲဒီလို မြင်အောင်လည်း ဂိမ်းတွေမှာ သတ်တဲ့ဖြတ်တဲ့ ဂိမ်းတွေ များနေပါတယ်။ အချိန်အကြာကြီး ဂိမ်းကစားပြီး ဂေါက်သွားတဲ့သူတွေရဲ့ သတင်းတွေလည်း ဖတ်နေရပါတယ်။ ဒီတော့ ဒီလို အမြင်တွေကို ပြောင်းလဲ သွားစေနိုင်တဲ့ ဂိမ်းရဲ့ အားသာချက်တွေကို ပြောပြပေးပါ။ အဲဒီလို အားနည်းချက်တွေကို ကျော်လွားနိုင်အောင် Gamer တွေအနေနဲ့ ဘယ်လိုလိုက်နာ ဆောင်ရွက် သင့်ပါသလဲ။
ဒီအမြင်တွေကတော့ ပျောက်မယ်လို့ မထင်ပါဘူး။ ဆော့တဲ့ လူတွေကလည်း ဒါမျိုးတွေ လုပ်ချင်လို့ ထွက်ပေါက်အနေနဲ့ ဆော့တာပဲ။ အနည်းဆုံး အနေနဲ့တော့ ESRB လို rating တွေရှိနေတာပဲ။ မိဘတွေအနေနဲ့ ကိုယ့်ကလေးအတွက် ဂိမ်း ၀ယ်ပေးရမယ်ဆိုရင် ဒီ rating တွေကို reference လုပ်နိုင်ပါတယ်။ ဂိမ်မာတွေကို ဘယ်လို ဘယ်ပုံဆော့ပါလို့ ကျွန်တော် မပြောနိုင်ပါဘူး။ ဘယ်သူမှလည်း ပြောလို့ရမှာ မဟုတ်ပါဘူး။ သူတို့ ဆော့ချင်သလို ဆော့ကြမှာပဲ။ ကျန်းမာရေးနဲ့ ပင်မအလုပ်အကိုင် (ဂိမ်းဆော့တာက ပင်မအလုပ် မဟုတ်ရင်) မထိခိုက်ရင်တော့ အကောင်းဆုံးပေါ့။ ဒါကလည်း ပြောသလောက်တော့ မလွယ်ပါဘူး။ ဆော့လက်စ ဂိမ်းတစ်ခု ပြီးဖို့အတွက်ဆိုရင် ထမင်းမေ့ ဟင်းမေ့ ဆော့ကြတယ့် ဂိမ်မာတွေ အများကြီးပါ။ ကျွန်တော်တော့ ချီးကျူးတယ်ဗျ။ FPS game တစ်ခုကို ၁၅-၂၀ မိနစ်ထက်ပိုပြီး ကျွန်တော် မဆော့နိုင်ဘူး။ မူးလာကော။
Game နဲ့ Education ကို တွဲစပ်လို့ ရတယ်လို့ သိရပါတယ်။ ဘယ်လို တွဲစပ်နိုင်ပါသလဲ။ Government Project တွေမှာရော ဘယ်လို အကောင် အထည်ဖော် ဆောင်ရွက် နေပါသလဲ။ Education ကို Game က ဘယ်လို အကျိူးပြု နိုင်ပါသလဲ။
ဂိမ်းတွေကို entertainment အတွက်တင် မဟုတ်ပဲ တစ်ခြား purpose တစ်ခုခုပါပါတဲ့ ဂိမ်းမျိုးတွေကို serious game လို့ခေါ်ပါတယ်။ များသော အားဖြင့် အဲ့ဒီတစ်ခြား purpose ဆိုတာ player ကို အကြောင်းအရာ တစ်ခုခုကို ပိုသိစေချင် educate ဖြစ်စေချင်တဲ့ purpose ဖြစ်တတ်ပါတယ်။ ဒီ serious game တွေကို နေရာ အမျိုးမျိုးမှာ သုံးနေတာ တွေ့နိုင်ပါတယ်။ ဥပမာ ပြောရရင် Micosoft Flight Simulator လိုမျိုးပေါ့။ အဖွဲ့အစည်းတွေ ကနေ initiate လုပ်တဲ့ serious game တွေထဲမှာ ဆို U.N WFP ကထုတ်တဲ့ Food Force လို ဂိမ်းမျိုးတွေပါ။ တစ်ခြား Fire Fighter ဂိမ်းတွေ၊ evacuation လုပ်ရတဲ့ ဂိမ်းမျိုး တွေလည်း အများကြီး ရှိပါသေးတယ်။ ဒါပေမယ့် အစ်ကိုပြောတဲ့ education ဆိုတာကို ကျောင်းသားအရွယ် အခြေခံ education တွေအတွက်လို့ပဲ ယူဆပြီး ဆက်ပြောပါမယ်။
သမားရိုးကျ စာဖတ်ပြီး လေ့လာခိုင်းတာရင် ကလေးတွေက သိပ်မလုပ်ချင်ပါဘူး။ အဲတော့ စာဖတ်ဖို့ force ပေးရပါပြီ။ ကလေးတွေအတွက် education game တွေရဲ့ အဓိက ရည်ရွယ်ချက်က အဲလို force ပေးပြီး ဖတ်ခိုင်းလို့ ဖတ်ရတာထက် သူတို့ ကိုယ်တိုင် စိတ်ဝင်စားလို့ ကိုယ်တိုင် participate လုပ်ပြီး ကိုယ့်ဟာကိုယ် learning လုပ်တဲ့ပုံစံမျိုး ဖြစ်စေချင်တာပါ။ ဒါဆိုရင် ကျွန်တော်တို့ interactive learning CD တွေ application တွေကို တွေးမိပါလိမ့်မယ်။ ဒါပေမယ့် education game က သာမာန် interactive learning application နဲ့ မတူပါဘူး။ သူ့မှာ game တစ်ခုရဲ့အဓိက purpose ဖြစ်တဲ့ ကစားတဲ့သူကို fun ပေးနိုင်တဲ့ အချက် ပါရပါမယ်။ ပြီးရင် နောက်ခံ ဇာတ်လမ်းလိုမျိုး ကစားတဲ့သူ ပိုစိတ်ဝင်စားအောင် ဆွဲဆောင်နိုင်တဲ့ feature တွေလည်း ပါရပါမယ်။ ဒီ game feature တွေကို အခြေခံပြီးတော့မှ level တစ်ခုအပြီးမှာ မေးခွန်း မေးတာ မျိုးလေးတွေ ထည့်ပြီး player ရဲ့ understanding ကို ပြန်စစ်နိုင်ပါတယ်။ တစ်ခုရှိတာက ကလေးတွေက သူတို့ ဂိမ်းဆော့နေရတာလား သူတို့ကို စာလာသင်နေတာလား ဆိုတာကို သိနိုင်ပါတယ်။ ဂိမ်းဆော့ရတာနဲ့ မတူရင် သူတို့ စိတ်မဝင်စားပါဘူး။ ဒါကတော့ ကလေးတွေ အတွက် serious game design လုပ်ရင် ကြံုရမယ့် challenge ပါပဲ။
ကျွန်တော်တို့ ကုမ္ပဏီကိုယ်တိုင်ကိုက serious game development ကုမ္ပဏီပါ။ စင်္ကာပူ MOE (Ministry of Education) အတွက် ဂိမ်းတွေ တော်တော်များများ လုပ်ပေးဖူးပါတယ်။ ကလေးတွေအတွက် ဂိမ်းမျိုးတွေ ဆိုရင် တရုတ်သမိုင်း၊ စင်္ကာပူသမိုင်း ဆိုင်ရာဂိမ်းတွေ၊ မြို့တစ်ခု ဆောက်ဖို့အတွက် role အသီးသီးယူပြီး multi-player cooperate ဆော့ရတဲ့ city development လုပ်ရတဲ့ ဂိမ်းမျိုးတွေ (Sim City လိုမျိုး) လုပ်ပေးဖူး ပါတယ်။ ဒီ project တွေက commercially အောင်မြင်ဖို့ မလွယ်ပါဘူး။ အဲဒီတော့ MOE ဆီက funding ရမှ ရေးတာမျိုးပါ။ ဒီလိုမျိုး education game တွေကို ကလေးတွေ အတွက်တင် လုပ်နိုင်တာ မဟုတ်ပါဘူး။ ဆရာ၊ ဆရာမတွေ အတွက်လဲ လုပ်နိုင်ပါတယ်။ Classroom situation တစ်ခု ပေးလိုက်မယ်။ ရွေးလို့ရတဲ့ option တွေ ပေးထားမယ်။ ဂိမ်းကစားတဲ့ တစ်လျှောက် ဘယ် option တွေကိုရွေးခဲ့လဲ ပေါ် မူတည်ပြီး scoring result ထုတ်ပေးမယ်။ ဒါကိုကြည့်ပြီး ဒီဆရာတစ်ယောက်ဟာ classroom control ကောင်းလား မကောင်းဘူးလား ဘယ်နေရာတွေမှာ improve လုပ်ဖို့ လိုနေလဲ ဆိုတာတွေကို Sr. Management က ဆုံးဖြတ် နိုင်ပါတယ်။
စင်္ကာပူမှာတော့ FutureSchools@Singapore ဆိုတဲ့ Government initiative programme တစ်ခုရှိတယ်။ ဒီထဲမှာပါတဲ့ company တွေ project တွေကတော့ အများကြီးပဲ။ ဒီထဲမှာ education game တွေလည်းပါတယ်။ ဂိမ်းတွေရဲ့ရည်ရွယ်ချက်ကတော့ စောစောက ပြောသလိုပေါ့။ စင်္ကာပူ ဂျပန်ခောတ်သမိုင်းကို ကလေးတွေကို လေ့လာ စေချင်တယ်ဆိုရင် ဒီဂိမ်းပေးဆော့ လိုက်မယ်။ စင်္ကာပူရဲ့ ဂျပန်ခေါတ် အဆောက်အဦးတွေ လူတွေ ကားတွေကို 3D model တွေဆောက်ပြီး level တစ်ခုထဲမှာ ထည့်ထားမယ်။ ဒီ 3D object တွေကလည်း context sensitive ဖြစ်မယ်။ အဲတော့ ကစားတဲ့သူက သူ့ player ကို control လုပ်ပြီး ဒီ level ထဲ လျှောက်ကြည့်လို့ ရမယ်။ object တွေပေါ် click နှိပ်ပြီး သူတို့ရဲ့အချက်အလက်တွေကို ဖတ်နိုင်မယ်။ ပိုပြီး စိတ်ဝင်စားစရာ ကောင်းအောင် ဂိမ်းအနေနဲ့ ဘာလုပ်ရမယ် ဆိုတဲ့ objective ကိုလည်း ထည့်ထားမယ်။ ဥပမာ ဖွက်ထားတဲ့ လက်နက်တွေ တွေ့အောင်ရှာပြီး ဂျပန် propaganda base ကိုဖြိုရမယ် စသဖြင့်ပေါ့ဗျာ။ ဒါက သမိုင်း အတွက်ပေါ့။ Biology, life science တွေ အတွက် ဆိုလည်း ဒီအတိုင်းပဲ။ တိရိစ္ဆာန်တွေ အပင်တွေ မျိုးစုံရှိတဲ့ rain forest လို level တစ်ခု ထဲမှာ ပေးဆော့ပြီး သူတို့ရဲ့ life cycle တွေ လေ့လာနိုင်မယ် ပေါ့ဗျာ။
အဲဒီတော့ ဒီလိုမျိုး education game တွေကို ကောင်းကောင်း design လုပ်နိုင်ရင် အကျိုးကတော့ ကလေးတွေကို သမားရိုးကျ စာဖတ်ခိုင်းပြီး လေ့လာခိုင်းတာထက် သူတို့ဟာ သူတို့ explore လုပ်ပြီး self study လုပ်တဲ့ အကျင့်မျိုး ငယ်ငယ်ကတည်းက ရအောင် လုပ်ပေး နိုင်ပါတယ်။
Game Developer တွေအတွက် လေ့လာသင့်တဲ့ ဆိုက်တွေ စာအုပ်တွေ ရှိရင်ညွှန်ပေးပါ။ Game Developer Community တွေ ရှိရင်လည်း ညွှန်းပေးပါ။
စာအုပ်အနေနဲ့တော့ ပြောရရင် အများကြီးပဲ။ သက်ဆိုင်ရာ domain ပေါ်မူတည်ပြီးတော့ physics, math, AI, rendering အများကြီး ပြောလို့ရတယ်။ ကျွန်တော့် folder ထဲမှာတင် game နဲ့ဆိုင်တဲ့ စာအုပ်ပေါင်း ခြောက်ရာလောက် ရှိမယ်။ ဒါတွေအကုန် ဖတ်စရာတော့ မလိုပါဘူး။ လိုရင် လိုသလို reference လုပ်ဖို့ပါပဲ။ Game programming နဲ့ဆိုင်တဲ့ logic တွေကို အခြေခံ သိဖို့ဆိုရင်တော့ ဒီ Core Techniques Algorithms Game Programming ဆိုတဲ့ စာအုပ်ကတော့ ကောင်းပါတယ်။ စာအုပ်တွေက တစ်ခါတစ်လေကျရင် အချိန်အရမ်းကုန်စေပါတယ်။ အဲတော့ လုပ်စရာရှိတာကို လုပ်ရင်းနဲ့ စာအုပ်ကို လိုရင်လိုသလို reference လုပ်သုံးတာမျိုးက ပိုကောင်းပါတယ်။
Industry news, job opportunities တွေနဲ့ ဆောင်းပါးတွေအတွက်ဆိုရင်
Interview tips, ကျောင်းတွေအကြောင်းနဲ့ resume, portfolio tip တွေ သိချင်တယ်ဆိုရင်
Indie game developer တွေအတွက် community forum ဆိုရင်
International game developers association
Developer တွေရဲ့ blog တွေနဲ့ဆိုရင် motivation တွေအတွက်ဆိုရင်
- GreyAlien Games က Jake ရဲ့ blog (http://greyaliengames.com/blog/) နဲ့
- Positech Games က Clifski ရဲ့ blog (http://positech.co.uk/cliffsblog/)
Oversea မှာ တတ်နိုင်လို့ ကျောင်းတက်ချင်တဲ့ လူတွေအတွက် ကျောင်းတွေဆိုရင်
Singapore campus အနေနဲ့ရှိတဲ့ ကျောင်းတွေ
- Institute of Digital Game Technology: http://www.idgt.org/sg/
- DigiPen Institute of Technology: https://www.digipen.edu/dp-singapore/
ဒီတစ်ခုကတော့ ကျွန်တော် တက်ချင်ခဲ့တဲ့ ကျောင်းတစ်ခုပါပဲ။ အရမ်း ကောင်းပါတယ်။ စျေးလည်း ကြီးပါတယ်။ ကျောင်းပြီးတာနဲ့ portfolio တစ်ခုရှိနေပြီး industry ထဲ တန်းဝင်နိုင်အောင်ကို train ပေးပါတယ်။ ဒီက student project တွေဆိုရင်လည်း IGF လိုပြိုင်ပွဲတွေမှာ ခဏခဏ ဆုရပါတယ်။
UK
- University of Central Lancashire: http://www.gamescourse.co.uk/main.htm
US
- Full Sail University: http://www.fullsail.edu/degrees/game-development-bachelors
- University of Advancing Technology: http://www.gamedegree.com
- University of Greenwich: http://www.gre.ac.uk/courses/ug/it/g690 ဒီ degree ကို Singapore က TMC မှာ distance learning အနေနဲ့ ရှိပါတယ်။
- http://www.tmc.edu.sg/courses/cae/greenwich/bsgmt/intro.html
အဲဒီ site တွေကို ညွှန်းချင်ပါတယ်။
Professional တွေအနေနဲ့ကတော့ Linkedin Profile ကို ကောင်းကောင်း polish လုပ်ထားသင့်ပါတယ်။ ဒီထဲမှာ international studios တွေ agency တွေက head hunter တွေရှိပါတယ်။ သူတို့နဲ့ သိအောင်လုပ်ပြီး ကိုယ့်ရဲ့ network ကို တစ်ဖြည်းဖြည်းချဲ့သင့်ပါတယ်။ Linkedin က Facebook လိုမဟုတ်ပါဘူး။ တွေ့သမျှလူတိုင်း လိုက် add လို့မရပါဘူး။ သက်ဆိုင်ရာ ကိုယ့်နယ်ပယ် အတွင်းက လူတွေ အချင်းချင်းပဲ သိမှ add လို့ရတာပါ။ ကျွန်တော့်ရဲ့ LinkedIn က ဒီမှာ ပါ။ ဒီအထဲမှာ join ဖို့ job group တွေလဲရှိပါတယ်။ game developers group တွေလဲရှိပါတယ်။
နောက်ဆုံးမေးခွန်း အနေနဲ့ ကိုစည်သူရဲ့ Game Developer ဘဝမှာ ဘယ်နေရာတွေ ရောက်နေပြီလဲ၊ ရှေ့ဆက်ပြီး ဘာတွေဆက်လုပ်ဖို့ ရည်ရွယ် ထားပါသလဲ။
လောလောဆယ် ရောက်နေတာကတော့ creative industry ထဲလို့ ပြောလို့ရပါတယ်။ ရှေ့ဆက်သွားလို့ ရတာကတော့ AAA game industry ထဲ ဆက်သွားမလား ကိုယ်ပိုင် start-up လုပ်မလား ဆိုတာပါပဲ။ လောလောဆယ်တော့ industry ထဲ ပိုရောက်အောင်ပဲ လုပ်နေရ ပါသေးတယ်။ နောက်ဆုံးကျရင်တော့ (ဒါမှမဟုတ် စိတ်ဝင်စားတဲ့ investor၊ capitalist တစ်ယောက်ယောက် တွေ့တဲ့ အချိန်ကျရင်တော့) မြန်မာပြည်မှာ start-up လုပ်ရင်း စောစောက ပြောသလို ပြည်တွင်း အတွက် serious education game တွေနဲ့ international အတွက် mobile နဲ့ casual game တွေနဲ့ ဖြစ်နိုင်ရင် မြန်မာ့သမိုင်းနဲ့ character တွေပါတဲ့ AAA game မျိုး (တရုတ်ရာဇဝင် နောက်ခံ Dynasty Warrior လိုမျိုး) တွေ လုပ်ချင်ပါတယ်။ ဖြစ်လာမယ်လို့လည်း ယုံကြည်ပါတယ်။
ခုလို စေတနာအပြည့်နဲ့ ပြည့်ပြည့်စုံစုံ ဖြေကြားပေးတဲ့အတွက် ကိုအောင်စည်သူကျော်ကို MyanmarTutorials မှ ကျေးဇူးတင်ပါတယ်။ ကိုစည်သူ မျှော်လင့်သလို ကျွန်တော်လည်း မျှော်လင့်တယ်ဗျ။ ကိုစည်သူရေးထားတဲ့ ဂိမ်းတွေကို ကလေးတွေ ကစားပြီး စာသင်နေကြတာလေ။ အဲဒါမျိုးတွေ ဖြစ်လာရင် ဘယ်လောက် ကောင်းလိုက်မလဲဗျာ။ မြန်မြန်အကောင်အထည် ဖော်နိုင်ပါစေဗျာ။ ဖြစ်ချင်တာတွေ အားလုံး ဖြစ်ပါစေလို့ ဆုတောင်ပေး လိုက်ပါတယ် ခင်ဗျ။
Facebook comments:




ကိုစည်သူကျော်က တကယ့် Professional တစ်ယောက်ဖြစ်ပါပေတယ် Web Developer တွေနဲ ့ ဗျူးတာလေးတွေလည်းဖတ်ချင်သေးတယ်ဗျ ကိုသီဟရေ ကိုယ့်ဘာသာဗျူးပြီး ပြန်တင်လိုက်ပါလား
It’s kind of funny that most kids are playing M rating games in Myanmar game centers ( mostly PS2 ) and journals and magazines wrote like “OMG! Kids are playing violent video games” while being totally ignorant about the fact that ESRB rating system exists.
I had fun exploiting the movies’ and video games’ rating system to choose what I want to watch or play, if you know what I meant, lol.
Impressive SiThu!
Dear Ko Si Thu,
I am a programmer in Singapore.Now,I am doing e-learning system and written in c#.We would like to interact 2D flash game with current LMS project.Some developers say we will need to use SCORM or AICC.I would like to ask you about this.Could you give me your phone no please.
Many thanks,
Kyaw Thi.
[...] Interview with Aung Sithu Kyaw (1) (2) [...]
Hi Ko Kyaw Thi Thi San, Sorry for very late reply as I didn’t check this thread for a long time. You can either send me email or IM me.
Thanks