Interview with Wai Lin Tun

MZ 3rd Anniversary မတိုင်ခင်က MZ ပွဲအတွက် ဆွေနွေးတိုင်ပင်ဖို့ လိုတဲ့အတွက် Junction 8 က Moon Bakery ကို ရောက်ဖြစ်ခဲ့သည်။ အဲဒီတုန်းက မောင်ပြုံး မိတ်ဆက်ပေးတော့  သတိထားမိခဲ့တဲ့ တစ်ယောက် ရှိသည်။ လက်တော့ တစ်လုံးနဲ့ အလုပ်ရှုပ်နေပြီး ပျော်ပျော်နေတတ်ပုံ ရသည်ဟု ကျွန်တော် အကြမ်းဖျဉ်း သုံးသပ်မိသည်။ စကားဝိုင်းထဲလည်း သိပ်မပါပဲ သူ့ Laptop နဲ့ အလုပ်ရှုပ် နေသည်။ ဒီအချိန်မှာ မောင်ပြံုးက တစ်ယောက်ချင်းစီ ကျွန်တော့်ကို မိတ်ဆက်ပေးရင်း သူက ဝေလင်းထွန်း၊ Yangon University က ဖွင့်တဲ့ WBTS မှာ M.Sc(Computer Science) ကို ပထမဦးဆုံးရတဲ့ လေးယောက် ထဲက တစ်ယောက်ဟု မိတ်ဆက် ပေးသည်။ ကျွန်တော် အင်မတန် စိတ်ဝင်စား သွားမိပါသည်။

www.yuonline-wbts.com

အွန်လိုင်း သင်ကြားရေးစနစ် ဆိုသည်မှာ တကယ်တန်း မြန်မာပြည်နှင့် အသားကျဖို့ အလွန်မလွယ်သော စနစ်တစ်ခု ဖြစ်ကြောင်း ကျွန်တော် သုံးသပ်မိပါသည်။ ဆရာနဲ့ တိုက်ရိုက် ထိတွေ့မှု မရှိပဲ ကိုယ့် လုံ့လ ဝီရိယတစ်ခုတည်း ဖြင့်သာ တက်ရောက် သင်ကြားရသဖြင့် Guide မရှိသည့် ပြဿနာ၊ ကိုယ့်ကို စဉ်ဆက်မပြတ် လေ့လာဆည်းပူး နေအောင် တွန်းအားပေးသည့် စနစ် မဟုတ်သည့်အတွက် Self-study အပေါ်တွင် လုံးလုံးမှီခိုရသည့် ပြဿနာ စသည်တို့ကြောင့် အင်မတန် အသားကျရန် ခက်ခဲနေခြင်း ဖြစ်ကြောင်း ကျွန်တော် ထင်သည်။ ဆရာကိုယ်တိုင် ဘေးက တွန်းနေသည့်တိုင် စာမေးပွဲနီးမှ ဟိုဟာလေး ဖြတ်ကျက်၊ စပေါ့ရိုက် မျက်စိမှိတ်ပြီး နံကြားထောက် ဖြေနေကြသည်ကသာ များသည်။ Self-study လုပ်နိုင်စွမ်းကလည်း အင်မတန် အားနည်းနေ ကြသေးသည်။ ဒီလို အခက်အခဲတွေ ကြားထဲကနေ ဘယ်လို ဖောက်ထွက်ပြီး မြန်မာပြည်၏ ပထမဦးဆုံး Online Learning ဖြစ်သည့် (ကျွန်တော့် အထင် ဖြစ်ပါသည်။ အခြား WBTS ထက်ဦးသော Online Learning များ ရှိပါက ထောက်ပြ ဝေဖန်နိုင်ပါသည်။) Yangon University က ဖွင့်သည့် WBTS (Web based Teaching System) မှာ M.Sc(Computer Science) ကို အောင်မြင်အောင် စွမ်းဆောင်ခဲ့ပါသနည်း။ ကျွန်တော် အရမ်းစိတ်ဝင်စား မိခဲ့သည်။ ဒီလို စိတ်ဝင်စားမှုကလည်း ဒီအင်တာဗျူးလေး ဖြစ်လာစေရန် တွန်းပို့ခဲ့ပါသည်။

မင်္ဂလာပါ။ ခုလို မေးခွင့်ပြုတဲ့အတွက် Myanmar Tutorials က ကိုဝေလင်းထွန်းကို ကျေးဇူးတင်ကြောင်း အရင် ပြောလိုပါတယ်။ ခုလက်ရှိ Online Activities တွေကို ပြောပြပေးပါ။ (ဘယ်ဆိုက်တွေ Run နေတယ်၊ ဘယ်လို ရည်ရွယ်ချက်တွေနဲ့ Run နေတယ် ဆိုတာ ပြောပြပေးပါ)

ဟုတ်ကဲ့ ကျွှန်တော်ကလဲ အခုလို ပြောပြခွင့်ရတဲ့ အတွက် Myanmar Tutorialsကို ကျေးဇူးတင်ပါတယ်။ လောလောဆယ် ကျွန်တော်

www.MMGamers.com

www.smiles4mm.com

MMGamers နဲ့ Smiles4MM ကို အဓိက run နေပါတယ်။ Ning Site ၈ခုကိုတော့ သတ်လိုက်ပါပြီ။ MMGamers က Gamespot လိုမျိုး international market အထိ ရည်ရွယ်ထားပါတယ်။ အဲဒါကြောင့် Language ကိုတောင် အင်္ဂလိပ်စာကို ပိုပြီး အားပေးပါတယ်။ Smiles4MM ကတော့ သုတရသစုံ ဝက်ဘ်ဆိုက်ပါ။ မြန်မာပရိတ်သက် အတွက် ရည်ရွယ်ပါတယ်။ နစ်ခုလုံးက WordPress ပါ။ Buddypress ကို အသုံးပြု ထားတာပါ။ အဓိက ဦးတည်ချက်ကတော့ လူငယ်တွေအတွက် အလုပ်အကိုင် ဖန်တီးပေးဖို့ပါ။ ကြော်ငြာကရတဲ့ ပိုက်ဆံကို ရေးတဲ့ သူတွေကို စာမူခ အဖြစ် ပေးသွားမှာပါ။ နောက်တစ်ခုက ဒီဆိုက်တွေကို အခြေတည်ပြီး ကျွန်တော်တို့ လုပ်နေတဲ့ လုပ်ငန်:တွေကို အောင်မြင်အောင် ပံ့ပိုးပေးနိုင်ဖို့ပါ။ လူသိ များစေမယ့် Media တစ်ခု ဖန်တီးပြီး အဲဒီကနေ လူသိများ အောင်မြင်အောင် ဖန်တီးဖို့ပါ။ လောလောဆယ် မှာတော့ ကျွန်တော်က ဝက်ဘ်ဆိုက် ရေးပါတယ်၊ Application များကို Develop လုပ်ပါတယ်၊ ကွန်ပြုတာနဲ့ ပတ်သက်ပြီး သင်တန်း ပေးပါတယ်၊ နောက် mmgamers နဲ့ smiles4mm ကို base တည်ပြီး ecommerce service လုပ်ဖို့ စီစဉ်နေပါတယ်။

YUOnline, WBTS ရဲ့ M.Sc (Computer Science) ကို ပထမဦးဆုံး အောင်မြင်ခဲ့တဲ့ လေးယောက်မှာ ပါတယ်ဆိုတာ သိရပါတယ်။ WBTS ကို ရွေးချယ် ဖြစ်ခဲ့ပုံလေး ပြောပြပေးပါ။

အချိန်မပေးနိုင်တာလဲ ပါပါတယ်၊ အဲဒီတုန်းက ကျွှန်တော်က တခြား အလုပ်တွေ၊ သင်တန်:တွေရှိလို.ပါ။ သူများကို သင်ပေးရုံတင် မက ကိုယ်ကိုယ် တိုင်လဲ ပြန်ပြီး လေ့လာနေရလို့ပါ။

ဒီလို WBTS ကို ရွေးချယ် တက်ရောက်တဲ့ အတွက်ကြောင့် ရလာတဲ့ အားသာချက်လေးတွေ ပြောပြပေးပါ။

အသိသာဆုံး အားသာချက်ကတော့ အချိန်ပါပဲ။ အချိန်ကုန် အရမ်း သက်သာပါတယ်။ ကျောင်းမတက်ရတော့ ခရီးစရိတ်လဲ သက်သာပါတယ်။ နောက်တစ်ခုက ဘယ်နေရာကမဆို လေ့လာလို့ ရပါတယ်။ အရမ်းကို အဆင်ပြေ ပါတယ်။ ခရီးထွက်ရတဲ့ အချိန်ဆိုလဲ Computer တစ်လုံး အင်တာနက် ရှိနေရုံနဲ့ လေ့လာနေလို့ ရပါတယ်။ ပြီးတော့ Course တွေက Freedom ရှိပါတယ်။ ဘယ်လို ပုံစနည်းလမ်းနဲ့ပဲ ဖြစ်ဖြစ် ပုံစံကျရင် အမှတ်ရတာကို အရမ်း သဘောကျပါတယ်။ ကျွှန်တော်က အလွတ်ကျက်ရတာကို အရမ်းမုန်းပါတယ်။

ဒီလို ပထမဦးဆုံး M.Sc (Computer Science) ရအောင် ဘယ်လို ကြိုးစားခဲ့ ရပါသလဲ။ အချိန် ဘယ်လောက် ယူခဲ့ရပါသလဲ။

ဟုတ်ကဲ့။ (၂) နစ်ကျော် ယူခဲ့ရပါတယ်။ ကျွန်တော် အမြန်ဆုံး ပြီးခဲ့တာပါ။ တကယ့် အတားအဆီးက Maths ပါ။ သူ့အတွက် အချိန် (၁) နစ်နဲ့ (၈)လ ကြာခဲ့တာပါ။ ကျွန်တော်က ပရိုဂရမ်မာဆိုတော့ Maths ညံ့တာလဲ ပါပါတယ်။ ကျန်တာ အားလုံး အဆင်ပြေပါတယ်။ ဆရာ၊ ဆရာမတွေ အားလုံး အထူးသဖြင့် ပရော်ဖက်ဆာ ဒေါ်နွဲ့နွဲ့ဝင်း က အရမ်းကို ကူညီခဲ့ပါတယ်။ သဘောလဲ အရမ်း ကောင်းပါတယ်။ Admin မဝါဝါကလဲ အရမ်းကို အားတက်သရော ကူညီခဲ့တာပါ။

WBTS မှာ တက်နေတဲ့သူတွေ တက်မယ့် သူတွေအတွက် ဆောင်ရန် ရှောင်ရန်လေးတွေ ပြောပြပေးပါ။

ဆောင်ရန် ရှောင်ရန်တွေကတော့

  1. Module အားလုံးကို တပြိုင်တည်း ယူသင့်ပါတယ်။
  2. ဘာသာတစ်ခုရဲ့ Assignment တစ်ခုမှာ တစ်နေရင် ရပ်မနေပဲ တစ်ခြားဘာသာကို မြန်မြန်ကူး သင့်ပါတယ်။
  3. Internet ကို အချိန် အများကြီး ပေး စေချင်ပါတယ်။
  4. အကျိုးပြုတဲ့ ဆိုက်တွေကို google reader ကနေ ဖတ်သင့်ပါတယ်။
  5. Program ရေးတတ်ရုံနဲ့ မပြီးပါဘူး။ Database နဲ့ Network ကိုလဲ တွဲပြီး လေ့လာရပါမယ်။
  6. Maths အတွက် Mathlab ကို သေသေချာချာ လေ့လာသင့်ပါတယ်။
  7. မေးရမှာ မရှက်ပါနဲ့။

M.Sc (Computer Science) ရဲ့ Online Learning System အပေါ် အမြင်လေး ပြောပြပေးပါ။

အရမ်းကောင်းပါတယ်။ အထူးသဖြင့် အလုပ်လုပ်နေတဲ့ သူတွေအတွက် အထူး အဆင်ပြေပါတယ်။ Textbook တွေက Japan University တွေကနဲ့ တူတဲ့အတွက် အရမ်းကောင်းပါတယ်။ Lecture notes တွေကတော့ အရမ်းနည်းပါတယ်။ Search Engine တွေကို အရမ်း အားကိုးရတဲ့အတွက် တစ်ခါတစ်လေ Concept လွဲတာမျိုး ဖြစ်နိုင်ပါတယ်။

Online မှာ တက်ရတာနဲ့ တက္ကသိုလ်တွေမှာ Offline သွားတက်တဲ့ အပေါ်မှာ ကွာခြားချက်လေးတွေ ပြောပြပေးပါ။ Online မှာ တက်ရတာနဲ့ Offline တက်ရတာ ဘယ်ဟာ ပိုခက်ပါသလဲ။

Online ကတော့ ဆရာတွေနဲ့ မထိတွေ့ရတဲ့ အတွက် နည်းနည်း ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် အပြင်စာ အများကြီးကို ဖတ်ရတဲ့ အတွက် အရမ်း အကျိုးရှိပါတယ်။ Connection နှေးတာက အဓိက ပြဿနာပါပဲ။

WBTS ရဲ့ M.Sc(Computer Science) ကို တက်မယ့်သူတွေ ဘယ်စာအုပ်တွေ လေ့လာ သင့်ပါသလဲ။ ဘယ် Websites တွေကို လေ့လာ သင့်ပါသလဲ။

Ivan Summerville ရဲ့ SE 7,8 စာအုပ်တွေကို ဖတ်သင့်ပါတယ်။ CJ date ရဲ့ Database စာအုပ်ကိုလဲ လက်မလွတ် သင့်ပါဘူး။ Website က အတိအကျ ပြောလို့ မရပါဘူး။ Google ကသင့်ရဲ့ ဘော်ဒါပါ။

ကိုဝေလင်းထွန်း အနေနဲ့ M.Sc (Computer Science) အပြင် အခြား နည်းပညာဆိုင်ရာ Certificate တွေ Diploma တွေ ရှိသေးရင် ပြောပြပေးပါ။ အဲဒီလို Certificate တွေ Diploma တွေ ဘွဲ့တွေက Real Life ဘယ်လို အထောက်အပံ့ ပေးပါသလဲ။ လက်တွေ့ လုပ်ငန်းခွင်မှာ ဘယ်လို ချိတ်ဆက် အသုံးချပါသလဲ။

ဟုတ်ကဲ့ ကျွန်တော့်မှာ ဘွဲ့အနေနဲ့ M.Sc(computer Science) အပြင် ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်က အင်္ဂလိပ်စာနဲ့ ရထားပါတယ်၊ ပြီးတော့ BSc Engineering IT/EC(DD) ကို နောက်ဆုံး နစ်အထိ တက်ခဲ့ဘူးပါတယ်။ Diploma အနေနဲ့ ကောင်းတော့ Hardware Engineering, Electronics နဲ့ IT ဆိုပြီး သုံးခု ရထားပါတယ်။ Certificate အနေနဲ့ကတော့ (၃၀)လောက် ရှိမယ် ထင်ပါတယ်။ ဘွဲ့တွေ၊ Diploma တွေက Theory နဲ့ ဆက်စပ် တွေးခေါ်မှုကို သင်ပေးတာပါ။ လက်တွေ့ကတော့ ကိုယ်တိုင် လုပ်မှရမှာပါ။ ဒါပေမယ့် လက်တွေ့နဲ့ သီအိုရီ ပေါင်းဆက်မှ အောင်မြင်မှာပါ။ အဲဒီတော့ နစ်ခုလုံး အရေးပါပါတယ်။

YuOnline ရဲ့ WBTS အနေနဲ့ M.Sc(Computer Science) ကို တက်နေတဲ့ သူတွေရော တက်မယ့် သူတွေအတွက်ပါ ဒီထက်ပိုပြီး အဆင်ပြေအောင် ဘာတွေ ပြုပြင် ပေးသင့်ပါသလဲ။ ဘာတွေ အဆင်ပြေအောင် လုပ်ပေး သင့်ပါသလဲ။

ဟုတ်ကဲ့ Student ရဲ့ ပြဿနာကို post တင်တဲ့ နေရာမှာ တက်ချင်မှတက် ပါတယ်။ အဲဒါ အရမ်း ဆိုးပါတယ်။ Budget အခြေအနေ အရလားတော့ မသိဘူး။ သုံးတဲ့ software တွေက အရမ်း ဟောင်းနေပါပြီ။(ဒါပေမယ့် တစ်ခြား တက္ကသိုလ်တွေနဲ့ ယှဉ်ရင် တော်တော် ကောင်းတယ်လို့ ပြောလို့ရပါတယ်။ Gtalk လိုဟာမျိုးမှာ admin/ဆရာ တစ်ယောက် အမြဲရှိနေရင် အရမ်း ကောင်းမှာပါ။ ကျောင်းသားတွေ အနေနဲ့ အကူအညီလို ခဲ့ရင် mr.wailintun1984(at)gmail.com ကို အီးမေးပို့ နိုင်ပါတယ်။ အတတ်နိုင်ဆုံး ကူညီမှာပါ။ ကျေးဇူးပါ။

ခုလို ဖြေကြားပေးတဲ့ အတွက်လည်း Myanmar Tutorials ကလည်း ကျေးဇူး တင်ပါတယ်။ ကိုဝေလင်းထွန်း အနေနဲ့ လုပ်ကိုင် ဆောင်ရွက်နေတဲ့  အလုပ်တွေ အားလုံး အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်။ ခုလို YUOnline နဲ့ ပတ်သက်ပြီး Resources တွေ ရှားပါးနေတဲ့ အချိန်မှာ အင်တာဗျူးတစ်ခု တင်ဆက်ခွင့်ရတဲ့အတွက် Myanmar Tutorials အနေနဲ့လည်း ဂုဏ်ယူမိပါတယ်။ အဲဒီလို YUOnline မှာ တက်နေတဲ့သူတွေ အတွက် Resources Center လေးတစ်ခု YUOnline ရဲ့ WBTS ကို အထောက်အပံ့ပြုနိုင်တဲ့ နေရာတစ်ခု ဖြစ်စေဖို့အတွက် လည်း ရည်ရွယ်ပါတယ်။ လက်ရှိတက်ရောက်ဆဲ တက်ရောက်မယ့် သူတွေအနေနဲ့လည်း အချင်းချင်း အပြန်အလှန် ကူညီနိုင်ကြဖို့လည်း ရည်ရွယ် ပါတယ်။

ရွှင်လန်း ချမ်းမြေ့ပါစေ။

Facebook comments:

30 Responses

  1. everlearner says:

    နောက်ထပ် အားကျစရာကောင်းတဲ့ အင်တာဗျုးတစ်ခုပါပဲ။
    ဒါမျိုးလေးတွေ များများဖော်ပြပေးမှ မြန်မာလူငယ်တွေ အတွက် တစ်ခြားလူငယ်တွေ ဘာတွေလုပ်နေသလဲ၊ ကိုယ်ရော ဘာလုပ်မလဲဆိုတာ များများ လမ်းစရလာမှာ သေချာပါတယ်

    • Thiha says:

      ကျွန်တော်လည်း အဲဒီလို အင်တာဗျူးတွေက တစ်ဆင့် လူငယ်တွေ ဘာလုပ်သင့်တယ်၊ ဘာလုပ်နေကြတယ် ဆိုတာတွေ သိသွားကြမယ်လို့ ယူဆတဲ့အတွက် အသည်းအသန် လိုက်ဗျူးနေတာ ခင်ဗျ။ ခုလို အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်

  2. MyanmarTutorials ကို အားပေးသူ says:

    ကိုယ့် Domain Name ကိုလဲ အားနာဦးဗျ .. MyanmarTutorials.com မဟုတ်တော့ဘူး .. MyanmarInterviews.com ဖြစ်နေပြီနော် … Tutorials ဆိုတဲ့ ဝေါဟာရ ကို အရင် နားလည်အောင်လုပ်လိုက်ဦးဗျ .. လမ်းကြောင်းလွဲနေတယ်ထင်လို့ ဝေဖန်တာနော် … Good Blogger ဆိုတာ ဝန်ဖန်မှုဒဏ်ကို ရဲရဲ ခံပြီး တိုးတက်မှုတွေကိုလဲ ဝေဖန်မှုက ရလာတာပါ .. ဒီလို အင်တာဗျူးတွေက လဲ ဆယ်တန်း အောင်ပြီးကာစ ကလေးတွေလောက်ပဲ အားကျမှု ရှိပါလိမ့်မယ် .. ဘာလို့လဲဆိုတော့ ကျနော်တို့ မြန်မာပြည်မှာ .. အခုအင်တာဗျူးလုပ်တဲ့ သူတွေထက် အများကြီးတော်တဲ့ တတ်တဲ့ သူတွေ ရှိနေလို့ပဲဗျ .. ကိုယ့်ဟာကို ဆိုလိုတာ မဟုတ်ဘူးနော် .. ကဲဒီတော့ MyanmarTutorials.com ကို အင်တာဗျူးနဲ့ ဆက်သွားမှာလား .. သူများတွေ ရေးပေးတဲ့ နည်းပညာတွေ နဲ့ ဆက်သွားမှာလားဗျ .. ဆိုတာ သိချင်လွန်းလို့ပါ ..

    • Thiha says:

      ပထမဦးဆုံး ပြောလိုတာက ကျွန်တော့် ဒိုမိန်းနဲ့ ပတ်သက်တာပါ။ ဟုတ်ပါတယ်။ ကျွန်တော် သွားတဲ့ လမ်းကြောင်းဟာ Tutorials ဆိုက်တွေ သွားတဲ့ လမ်းကြောင်းပါ။ အဲဒီလို သွားတဲ့နေရာမှာ နိုင်ငံတကာက Tutorials တွေကို အများကြီး လေ့လာခဲ့ပါတယ်။ အနည်းဆုံး နှစ်နှစ်လောက် အချိန်ယူပြီး တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို နိုင်ငံတကာ Tutorials ဆိုက်တွေမှာလည်း အင်တာဗျူး ကဏ္ဍဆိုတာ မပါမဖြစ်ပါတယ်ဆိုတာ ခု ဝေဖန်သူက မသိလို့လား။ ဒါမှမဟုတ် မသိချင်ရောင်ဆောင်နေတာလား တော့ ကျွန်တော်လည်း မသိပါဘူး။ ဥပမာ အနေနဲ့ ပြရမယ်ဆိုရင်

      http://net.tutsplus.com/category/articles/interviews/

      အခု ကျွန်တော် နမူနာပြလိုက်တဲ့ Site ဟာ တကယ့်နာမည်ကြီး Tutorials ဆိုက်တစ်ခု ဖြစ်တယ်ဆိုတာ သိပါလိမ့်မယ်။ ဒါထားတော့ နိုင်ငံတကာ Tutorials ဆိုက်တွေနဲ့ ဆိုင်ပါတယ်။ နောက်တစ်ခုက ကျွန်တော် တည်ထောင်ထားတဲ့ ပေါ်လစီပါ။ Myanmar Tutorials လို့ နာမည်တတ်ပြီး ကျွန်တော် တင်ချင်တာ တင်ခွင့်ရှိပါတယ်။ ဒါ ကျွန်တော် ကိစ္စသာဖြစ်ပါတယ်။ ဒါပေမယ့် အထက်မှာ ဝေဖန်တဲ့သူပြောသလိုပဲ နိုင်ငံတကာ Tutorials ဆိုက်တွေ ပုံစံသွားမှာပါပဲ။ အဲဒီလို ပုံစံတွေ ဖြစ်စေချင်လို့လည်း interview တွေ တင်ရခြင်း ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ရင် ဘယ်လို စံနှုန်းတွေကို အသုံးချပြီး ဝေဖန်လဲ ဆိုတာတော့ ကျွန်တော် မသိပါဘူး။ ခု ဒီလို Spam ထဲ ဝင်နေတဲ့ မှတ်ချက်တစ်ခုကို ပြန်ဖော်ပြီး ဖြေရှင်းပေးတယ်ဆိုတာ ဝေဖန်မှုကို တန်ဖိုးထားလို့ပါ။ ဒါပေမယ့် ဝေဖန်သူ အနေနဲ့လည်း ကိုယ့်စကားကို ကိုယ် ပြန်ပြီး တာဝန်ယူပေးရပါမယ်။ ဒါက ကျွန်တော့် ဒိုမိန်းနဲ့ ဆိုင်တဲ့ ကိစ္စပါ။ နောက်တစ်ခုက ကျွန်တော်က Blogger မဟုတ်ပါဘူး။ ဒီဆိုက်က Tutorials ဆိုက်ပါ။ ကျွန်တော်တို့ကလည်း (ဒီနေရာမှာ ကျွန်တော်တို့လို့ ပြောရတယ်ဆိုတာ Contributor တွေ အများကြီး ရှိတဲ့အတွက်ပါ) Blogging လုပ်နေတာမဟုတ်ပါဘူး။ Myanmar Tutorials ရဲ့ Contributors တွေသာ ဖြစ်ပါတယ်။ ဒါကြောင့် Good Blogger ဖြစ်စရာ အကြောင်းလည်း မရှိဘူးလို့ ပြောလိုပါတယ်။ Good Contributors တွေပဲ ဖြစ်ဖို့ လိုပါတယ်။ ဒီတော့ ကျွန်တော်တို့ ရဲရဲ ပြောရဲပါတယ်။ ကျွန်တော်တို့ လုံးဝ လမ်းကြောင်း မလွဲပါဘူး။
      နောက်တစ်ခု ဒီလိုအင်တာဗျူးတွေက ဆယ်တန်းအောင်ပြီးကာစ ကလေးတွေလောက်ပဲ အားကျပါလိမ့်မယ် ဆိုတဲ့ကိစ္စ၊ ဟုတ်ပါတယ်၊ အဲဒီလို ဆယ်တန်းအောင်ပြီးစသူတွေ အားကျတယ်ဆိုရင် ကျွန်တော်တို့ အောင်မြင်ပါပြီ။ ဒီလို ဆယ်တန်းအောင်တဲ့သူတွေ အားကျအောင် ဘယ်လိုတွေ ရှေ့ဆက်သွားရမယ် ဆိုတာတွေ သိအောင် လုပ်ထားတဲ့ အင်တာဗျူးတွေ ဖြစ်တဲ့အတွက် ဆယ်တန်းအောင်ခါစသူတွေ အားကျတယ် ဆိုရင် ကျွန်တော်တို့ရဲ့ အကြီးမားဆုံး အောင်မြင်မှုပါပဲ။ အခု အင်တာဗျူးလုပ်တဲ့သူတွေထက် တော်တဲ့တတ်တဲ့ သူတွေ အများကြီးရှိတယ် ဆိုတာ ဝေဖန်သူပြောတာ မှန်ပါတယ်။ အဲဒီလို အင်တာအဗျူးခံရတဲ့သူတွေ အနေနဲ့လည်း အဲဒီကိစ္စကို ကောင်းကောင်း လက်ခံပြီး ဖြစ်ပါလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီလိုပဲ လက်ခံ ထားပါတယ်။ ဒါပေမယ့် အခု အင်တာဗျူးထားတဲ့သူ အနေနဲ့ WBTS ရဲ့ M.Sc (Computer Science) ကို အောင်မြင်ထားသူကို ဆယ်တန်းအောင်တွေ အားကျလောက်တဲ့ အဆင့်လို့ ပြောတာတော့ နည်းနည်း ပြန်သုံး သပ်ဖို့ လိုမယ်ထင်ပါတယ်။ အဲဒီလို M.Sc (Computer Science) ကို ဘယ်လို အရည်အချင်းရှိမှ တက်လို့ ရတယ်ဆိုတာ ဝေဖန်သူ မလေ့လာ မိလို့ပဲလား။ မသိချင်ရောင် ဆောင်နေတာလား ဆိုတာ ကျွန်တော် မသိပါဘူး။ တကယ်တော့ ဘွဲ့တစ်ခု အနည်းဆုံး ရရပါမယ်။ D.Cs သို့မဟုတ် အဲဒါနဲ့ တူတဲ့ Diploma တစ်ခု ရထားပြီးမှသာ တက်လို့ရပါတယ်။ ဒီလိုတွေ အပြင် တက်ရောက်သူ အများအပြားရှိတဲ့အထဲမှာ လေးယောက် ပဲ အောင်သေးတယ်ဆိုတာ တက်နေတဲ့သူတွေမှာ ဘယ်လို အခက်အခဲတွေ ရှိတယ်ဆိုတာ တက်နေတဲ့သူတွေ သာ သိပါတယ်။ ဒီတော့ အမှန်အတိုင်း ပြောရရင် ဆယ်တန်းအောင်ခါစ အဆင့်နဲ့ လက်လှမ်းမှီသေးတဲ့ Level မဟုတ် သေးပါဘူး။ ဘွဲ့ရအဆင့်တွေအနေနဲ့လည်း လေးစားအားကျလို့ လုံးဝ(လုံးဝ) ရနေတဲ့ အနေအထားပါ။
      နောက်တစ်ခု အင်တာဗျူး ဆိုတဲ့ကိစ္စ၊ အင်တာဗျူးတဲ့သူတိုင်း ပြန်လန်နေအောင် တော်ရမယ်လို့ ဘယ်သူက သတ်မှတ် ထားပါသလဲ။ လမ်းဘေးက ဆိုက်ကားသမား တစ်ယောက်ကို IT အပေါ် ဘယ်လို မြင်လဲလို့ သွားပြီး မေးရင်လည်း အဲဒါ အင်တာဗျူးပါပဲ။ ဆရာတွေမှ ဗျူးရမယ်လို့ ဘယ်သူမှ မသတ်မှတ်ထားပါဘူး။ နောက်တစ်ခု ဒီ Tutorials ဆိုက်မှာ ပို့စ်ပေါင်း ၁၄၅ ခုရှိပါတယ်။ အင်တာဗျူး အနေနဲ့ အခုမှ လေးပုဒ်သာ ပါသေးတယ် ဆိုတာ လူတိုင်းသိပါတယ်။ ဒီလို လေးခုလောက်သာ ပါသေးတဲ့ အင်တာဗျူးအရေအတွက်ကို ကြည့်ပြီး Myanmar Tutorials ဟာ အင်တာဗျူးနဲ့ သွားမှာလား ဆိုတာကိုတော့ ဘယ်လို ပြန်ဖြေရမှန်းကို မသိတော့ပါဘူး။
      နောက်ဆုံး အနေနဲ့ ကျွန်တော်တို့ကတော့ အင်တာဗျူးတွေနဲ့ သွားနေဦးမှာပါ။ ဘာကြောင့်လဲ။ အင်တာဗျူး ကဏ္ဍကို တန်ဖိုးထားလို့ပါ။ လမ်းကြုံတစ်ခုတော့ ပြောလိုပါတယ်။ အင်တာဗျူး လေးခုပဲ ရှိတယ်။ ဒါပေမယ့် အင်တာဗျူး ကဏ္ဍကို လူဝင် အများဆုံး ဖြစ်ပါတယ်။ အောက်မှာ အဝင်အများဆုံးတွေကို Google Analytics က စာရင်းအတိုင်း ပြပေးလိုက်ပါတယ်။

      1. Interview with Htoo Tay Zar | Myanmar Tutorials – 391 Views
      2. Interview with Emoracket | Myanmar Tutorials – 307 Views
      3. Interview with Saturngod Part I | Myanmar Tutorials – 279 Views
      4. ပညာတတ်လုပ်ငန်းရှင် | Myanmar Tutorials – 270 Views
      5. Interview with Saturngod Part II | Myanmar Tutorials – 229 Views

      ဒီလို အားအပေးဆုံး ကဏ္ဍကို ကျွန်တော်တို့ လုံးဝ ရပ်မှာ မဟုတ်ပါဘူး။ အင်တာဗျူးနဲ့ ဆက်သွားမှာပါ။ ခက်တာက ဗျူးစရာလူတွေ များနေတာပါပဲ။ နောက်လထဲဆိုရင် နည်းပညာအကြောင်းတောင် ပါချင်မှ ပါပါမယ်။ နည်းပညာ အကြောင်းကို အင်တာဗျူးထဲကနေပဲ ပါတော့မယ့် အခြေအနေအထိအောင် ဗျူးရမယ့်သူတွေ များနေပါတယ်။ ဒီတော့ အင်တာဗျူးနဲ့ ဆက်သွားနေပါမယ်။ Articles တွေနဲ့ ဆက်သွားနေပါမယ်။ Freebies တွေနဲ့လည်း ဆက်သွားပါ့မယ်။ Tutorials နဲ့လည်း ဆက်သွားနေမယ်ဆိုတာ ဖြေကြားလိုပါတယ်။

    • everlearner says:

      လမ်းကြောင်းတစ်ခုပေါ်မှာ အောင်မြင်စွာ လျှောက်နေတဲ့ လူတစ်ယောက်ရဲ့ လုပ်နည်းလုပ်ဟန်နဲ့ ကြိုးစားနည်းတွေကို သူများတွေ၊ ကျန်တဲ့သူတွေ သိအောင်ချပြတာဟာ ဖတ်တဲ့သူတွေ မသိသေးတဲ့ သူတွေအတွက် Tutorial တွေပါပဲ။ သူတို့ဖောက်ခဲ့တဲ့လမ်း လျှောက်ခဲ့တဲ့ လမ်းကြောင်းကို လွယ်လွယ်နဲ့ အတုယူ လိုက်လျှောက်လို့ရတာ ဘယ်လောက်ကောင်းလဲ။

      အင်တာဗျုးတွေဟာ MyanmarTutorials ဆိုတဲ့ နာမည်နဲ့ လုံးဝ အပ်စပ်ပါတယ်… :)

      A tutorial is one method of transferring knowledge and may be used as a part of learning. More interactive and specific than a book or a lecture; a tutorial seeks to teach by example and supply the information to complete a certain task. အဲဒါ Wiki မှာ ဖော်ပြထားတဲ့ Tutorial ရဲ့ အဓိပ္ပါယ်ပဲ။
      Source – http://en.wikipedia.org/wiki/Tutorial

  3. Wayne says:

    ကျေးဇူးပါ
    :D

  4. သော်က says:

    အင်တာဗြူးဆိုတာကလည်းဗျာ ဆိုက်ကား သမားတွေကို ခေါ်ဗြူးထားတာမှ မဟုတ်တာ။ ကျနော်တို့ မြန်မာပြည်မှာ အဖက်ဖက်က ပိတ်ဆို့မှူတွေ များနေတော့ လမ်းပျောက်နေတဲ့ လူငယ်တွေ များနေတယ်။ အဲဒီထဲက ကိုယ့်ဘာသာကိုယ် အကောင်းဖက်ကို ရှာဖွေ ဖောက်ထွက်နေကြတဲ့/ ကြိုးစားနေကြတဲ့ လူငယ်တွေ စီက သူ့တို့ ဘာတွေလုပ်နေကြတဲ့ ဆိုတဲ့ အကြောင်းကို အင်တာဗြူးက တစ်ဆင့် သိရတာ မကောင်းဘူးလားဗျ။
    အင်တာဗြူး တွေ ဖတ်ပြီး လူငယ်တွေအနေနဲ့ ဘာလိုင်း သွားချင်ရင် ဘာသင်တန်း တက်ရမယ်၊ ဘာတွေ လုပ်ရမယ် ဆိုတာ အကြမ်းဖျင်း အနေနဲ့ သိလာမယ်လေ။
    အဲလောက်ပါပဲ။

  5. pokefreaks says:

    As if Wayne is a Site Karr Tha Marr or something :D he he, no one’s blaming the author for interviewing Tri-Cycle Riders, lolz. Sorry if I just sounded immature, I just love the sarcastic way that you reply.

    Anyway, nice interviews and as for what I want to say to the guy who said he’s the fan of MMtutorials, the interviews on this site are better than random magazines and journal asking random celebrities what they just ate for breakfast and what kind of pets do they have, besides, they will be informative to several readers on this site. So, I think interviews are important feature of this site.

    • Thiha says:

      Thanks for your reply, I didn’t meant that Wayne is a Tri-Cycle Riders, now he is water supply donor. I need to interview him as a water supply donor again. :D

  6. Wayne says:

    ပြောချင်တာ ရေသယ်တဲ့ သူပေါ့
    ရှင်းရှင်း ပြောလိုက်စမ်းဘာ!
    :D

    • Wayne says:

      ပီက နင်လုပ်မှပဲ ငါလဲ ဆိုက်ကားနင်းလိုက် ရေထမ်းလိုက်
      တေပီ

  7. pokefreaks says:

    We understand you Wayne, everyone knows that you can’t survive here with only one type of profession. Just like a Myanmar slogan ” Take pride in whatever works you do ” or something like that. :P

  8. zayar says:

    @ ကိုဝေလင်းထွန်း
    ” ကျွန်တော်က ပရိုဂရမ်မာဆိုတော့ Maths ညံ့တာလဲ ပါပါတယ်။ ”

    ပရိုဂမ်မာဆိုတာ Maths တော်တာမဟုတ်ဘူးလား .. မှားရေးမိတာလား ..
    မျက်စလုံးတောင် လည်သွားပီ .. တကယ့် အခြေခံတွေ Maths (၀၁.. တွေ ၁၀.. တွေ) ကစလာတာ မလား ..
    နောက်စာအုပ်တွေထဲဖတ်ဖူးတာ ကွန်ပျူတာကျောင်းတွေ မပေါ်ခင်ကတည်းက maths dept, physics dept
    ဒါတွေကနေ စလာတာဆိုတော့ ကျနော်ထင်နေတာက ပရိုဂမ်မာ သမား သချာင်္တော်ရမယ် သိထားတာ ..

    • Htet Oo says:

      01 00 တွေနဲ့ စတဲ့ Maths တွေကို မသိလည်း Programmer လုပ်လို့ရပါတယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော်လည်း Maths အင်မတန်ညံ့တယ်ဗျ။ ဒါပေမယ့် Maths တော်မှာ Programmer ဖြစ်မယ် ဆိုရင်တော့ သွားပါပြီ။ ဒါပေမယ့် ကျွန်တော် ဖတ်ဖူးတာ တစ်ခုက Maths တော်တဲ့သူတွေ Programming ပိုင်းမှာ ပိုပြီး ထူးချွန်ကြတယ်လို့ ကြားဖူးတယ်ခင်ဗျ။ ဒါပေမယ့် Maths ဆိုပြီး Matrix တွေ တွက်ခိုင်းရင် ချာလပတ်လည်ကုန်ရော :D

  9. Htet Oo says:

    Programmer ဆိုတော့ Maths ညံ့တယ်ဆိုတာထက် ကျွန်တော်က Maths ညံ့တယ်ဆိုရင် ပိုမှန်မယ် ထင်ပါတယ်။ :P

  10. Wayne says:

    @ko zayar
    ဘယ်ကွန်ပြူတာသင်တန်:က maths ကိုသင်ပေးလဲ မသိလို.မေးပါရစေ
    MSc မှာပါတဲ့ maths က ရိုးရိုးmath မဟုတ်ဘူးဗျ
    Maths နဲ့ Computer နဲ့ မွေထားတဲ့ ဟာဗျ

    ဥပမာ Newton-raphson law ကို excel သို.မဟုတ် mathlab နဲ့
    ဖြေရှင်းခိုင်:တာမျိုးပေါ့

    ဒါက ပထမအခန်:ကတော်တော်လွယ်တဲ့ exercise ဗျ(ဘုရားစူး)
    programming ကို နားလည်ပေမယ့် maths နဲ့ ရောရင် ရှုပ်ကုန်ကောဗျ
    BE လိုလူမျိုးတော့မသိဘူးဗျ ကျွှန်တော့်အတွက်တော့ မလွယ်ဘူးဗျ
    ပိန်းတာလဲပါမှာပါ။

    ကျောင်းသား၂၄ဝကျော်ရှိပါတယ် အောင်တာ ၆ယောက်ပဲရှိသေးတယ် (နောက်ဆုံးရလဒ်)
    အများစုက maths မှာတစ်နေတာဗျာ့။
    နောက်ပြဿနာက maths ဆရာက programming မသိဘူးဗျ
    programming ဆရာက maths မသိဘူးဗျ
    ဆရာရှာရတာ အရမ်းဒုက္ခိရောက်တယ်ဗျ

  11. astk says:

    မိုက်တယ်ဗျာ.. ကိုဝိန်း အင်တာဗျူးက ဗျူးအများဆုံးပဲ…
    cheers

  12. astk says:

    programmer ဆိုတော့ math ညံ့တယ်ဆိုတာ joke ပါ…

    ရီပဲရီလိုက်ပါ… :D

  13. Wayne says:

    ha ha
    Only the ones, who encounter will know the truth bro.
    For normal maths, I got 94/100 also
    It is maths for master students and way more difficult than 00100+1000 and logical shift etc
    furthermore students need to calculate them using mathslab or excel
    Mathlab need advanced programming skill for problems like this and
    Excel has many annoying steps-by-steps to overcome :D

  14. Htain Linn Htoo says:

    Myanmar Tutorials

    တိုက်ခိုက်မှုကို အချိန်ကုန်ခံပြန်ရေးမနေနဲ့ဗျ…. အဲဒီ့အချိန်ကို Tutorial အသစ်ရေးဖို့သုံးရင်ပိုကောင်းတယ်…

    မြန်မာစကားက အသက်အများကြီးပါပါတယ်…. ရေးတဲ့စာက ဝေဖန်တာလား…ခနဲ့တာလား… အလွယ်တကူခွဲလို့ရပါတယ်…

    အမာခံပရိတ်သတ်နဲ့ ရှေ့ဆက်ပါ…. အမြဲအားပေးလျက်ပါ…

    btw, site ကိုမကျေနပ်လို့ ရန်ဖြစ်ချင်ရင်တော့ email ပို့မယ်ဗျာ… site ကိုတော့မညစ်ပတ်စေချင်ဘူး…

  15. manawphyulay says:

    ဟုတ်တယ်။ ကွန်ပျူတာရဲ့အခြေခံက လောဂျစ်က စတာမလား။ ဘိုင်နီရီတွေ မသိပဲ ရှေ့ဆက်တက်လို့ရပါ့မလား။

  16. Phyo hein min says:

    Programming က ဘယ်လောက်မလွယ်ဘူး ဆိုတာ တကယ်လုပ်နေတဲ့ သူတွေကသာသိတာပါ။ ရေးထားတဲ့အကြောင်းအရာကို အတုယူဖို့ မကြိုးစားပဲ အတွေးတိမ်တိမ်နဲ့ စကားတခွန်းကို ကပ်နေတာ ရှက်တတ်ရင် ရှက်ဖို့ကောင်းပါတယ်။
    ထင်တာကတော့ ဝေဖန်သူကကော စကားကို တလုံးချင်း စီစစ်ြ့ပီးမှ ပြောလေ့ ရှိတယ်ထင်တယ်။ သိပ်တော်တဲ့သူတွေက အရမ်းနှိမ့်ချတတ်တယ်ဆိုတာ မသိဘူးလား။
    ဝေဖန်ချင်ရင်လည်း ပညာသားပါပါ ဝေဖန်ပါ။ အကြောင်းသိရင် ဖျားသွားမှာ စိုးလို့ပါ။
    ကိုဝေနီကလည်း ဘာလို့ရှင်းပြနေသေးတာလဲ။ ရှင်းပြတာ နားလည်လောက်တဲ့ အခြေအနေ ရှိတဲ့သူက ဒီလိုမျိူး မရေးပါဘူး။ မခံချင်လို့တင်လိုက်တာပါ။ ။

Leave a comment


*