Interview with Mg Pyone

လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကိုစေတန်တို့ Cycodyno ကို သွားလည်တော့ ကိုစည်သူ၊ ကိုကိုရဲနဲ့ သူ့ကောင်မလေး (အခုတော့ သူ့မိန်းမပေါ့)၊ မောင်ပြုံးတို့ကို စတွေ့ခဲ့ပါတယ်။ အဲဒီတုန်းက မောင်ပြုံးက ကျွန်တော်နဲ့ မြေနီကုန်းအထိ လိုက်လာပြီး ဆင်းနေခဲ့တယ်။ အဲဒီတုန်းက သူနဲ့ ပတ်သက်ပြီး သတိထားမိတာက မောင်ပြုံးဆိုတဲ့ အတိုင်း အမြဲတမ်း ပြုံးနေတယ် ဆိုတာပါပဲ။ အဲဒီအချိန်တုန်းကတော့ သိချင်စိတ်တွေ များနေတဲ့ လူငယ်တစ်ယောက် ဆိုတာထက် သိချင်စိတ်တွေများနေတဲ့ ကလေးတစ်ယောက်လို့ပဲ ကျွန်တော် မြင်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ သူ့ကို တွေ့ရင် Mac Book Pro တစ်လုံးနဲ့ Android အကြောင်း၊ StackOverFlow အကြောင်း၊ Super User အကြောင်း ပြောနေတတ်တဲ့ သူဖြစ်နေပါပြီ။ StackOverFlow ဆိုတာကို သူပြောလို့ ကျွန်တော် သုံးဖြစ်ခဲ့တဲ့ အခြေအနေပါ။ ဒါပေမယ့် နေ့တိုင်း ကွန်ပျူတာထဲ ခေါင်းနှစ်ထားတော့ လွန်ခဲ့တဲ့ တစ်နှစ်ကလို ပေါ့ပေါ့ပါးပါး ပြုံးတာမျိုး မဟုတ်တော့ပဲ မအီမလယ် အပြုံးလို့ ခေါ်မလား ပြုံးတော့ ပြုံးနေပါသေးတယ်။ ကွန်ပျုတာ Background မှာပဲ ဖြစ်ဖြစ်၊ Android Virtual Phone မျက်နှာပြင်မှာပဲ ဖြစ်ဖြစ် ဓာတ်ပုံတစ်ပုံကို အမြဲ တင်ထားတတ် ပါသေးတယ်။ နောက်ထပ် ထူးထူးခြားခြား သတိထားမိတာက အင်္ဂလိပ်စာ အရမ်းကောင်းလာတယ် ဆိုတာပါပဲ။ ဒီအချိန်မှာ သူ့ကို သေသေချာချာ ပြောနိုင်တာက လမ်းကြောင်း တစ်ခုပေါ် ရောက်နေပြီ၊ သူဘာဖြစ်ချင်တယ်၊ ဘာတွေလုပ်ချင်တယ်ဆိုတာ သိနေပြီ ဆိုတာပါပဲ။ ဒီတော့ တစ်နှစ် နှစ်နှစ်အတွင်း ပြောင်းလဲ သွားတဲ့ အပြောင်းအလဲ တွေကို မေးမြန်းစူးစမ်း ကြည့်ရအောင်။ Digital Divide လို့ခေါ်တဲ့ ကွန်ပျူတာ သုံးခွင့်ရှိတဲ့သူနဲ့ မရှိတဲ့သူ၊ Net Access ရှိတဲ့သူနဲ့ မရှိတဲ့သူ ကွာခြားချက် တွေကိုလည်း လေ့လာနိုင်မှာ ဖြစ်သလို၊ Net ဆိုရင် Chat မယ်ဆိုတဲ့ လမ်းဟောင်းကြီးကို ဖယ်ပြီး Net ဆိုရင် တက်မယ်ဆိုတဲ့ လမ်းကြောင်း ရွေးချယ်မှုကိုပါ လေ့လာနိုင်ပါလိမ့်မယ်။ ကဲ မောင်ပြုံးရေ အင်တာဗျူးလေး စလိုက်ရအောင်ဗျာ …

အခု မောင်ပြုံး ဘာတွေလုပ်နေလဲ။ ဘယ်သင်တန်းတွေ တက်နေလဲ။ (အသက်ဘယ်လောက် ရှိပြီလဲ ဖြေချင်လဲ ဖြေနော်)

ဟုတ်ကဲ့ . ကျွန်တော် အခု IADCS တက်နေပါတယ်။ 2nd Semester ပါ ။ ကျောင်းက စနေ ၊ တနင်္ဂနွေ တက်ရတာပါ. ကြားရက်မှာတော့ စာဖတ်လိုက် ၊ ဂိမ်းဆော့လိုက် ရုပ်ရှင်ကြည့်လိုက်ပါပဲ ။

ကျွန်တော် အသက် ၁၈ ပြည့်ပြီးပါပြီ .. ဒီ မေမှာ ပြည့်တာပါ။

ကွန်ပျူတာကို ဘယ်အချိန်က စပြီး ထိတွေ့ဖြစ်ခဲ့ပါသလဲ။ အင်တာနက်ကိုရော ဘယ်အချိန်မှာ စသုံးဖြစ်ပါသလဲ။

ကျွန်တော် ၈ တန်း အထိ နယ်မှာ နေခဲ့ပါတယ်။ ရန်ကုန်နဲ့ မနီးမဝေး နယ်မြို့လေးပါ။ ငယ်ငယ်တုန်း ၅ တန်း ၆ တန်းလောက်ပေါ့ အဲဒီတုန်းက PS 1 Game တွေ ဆော့တာ မြင်ဖူးတော့ အရူးအမူး ဖြစ်ခဲ့ပါသေးတယ်။ နောက် ၇ တန်း လောက်ရောက်တော့ မြို့မှာ PC Game ဆိုင် လာဖွင့်ပါတယ်။ အဲဒီရောက်တော့မှ Computer ကို မြင်ဖူးတာပါ။ Game တွေ ( red alert , counter strike ) ဆော့ပေမယ့် computer ကိုဘယ်လို သုံးရမယ်မှန်း သေချာ မသိသေးပါဘူး။ နောက် ၈ တန်းရောက်တော့ ရန်ကုန်ကို ပြောင်းရပါတယ်။ ရန်ကုန် အိမ်မှာတော့ computer ရှိတဲ့အတွက်ကြောင့် နည်းနည်း ပိုနီးစပ်လာပါတယ်။ computer က စာတွေကို dictionary တစ်အုပ်နဲ့ လိုက်ဖတ် ဟိုဟာ click ကြည့် ဒီဟာ click ကြည့်ပေါ့ဗျာ။ ၈ တန်း နွေရာသီ ကျောင်းပိတ်တော့ ရွာကို ပို့လိုက်တဲ့ အတွက် computer နဲ့ ပြန်ဝေးသွားပါရော .. ဒီလိုနဲ့ ၉ တန်းလည်း စာနဲ့ပဲ အိမ်က ဖိထားတဲ့အတွက် ဝေးနေဆဲ.. ၉ တန်း နွေရာသီ ရောက်တော့ အိမ်က Typing ရိုက်နည်း Microsoft Word , Excel စတာတွေ သုံးနည်းကို အိမ်မှာ ဆရာမ ခေါ်သင်ပါတယ်။ အိမ်က ကျွန်တော့်ကို အပြင်မလွှတ်ဘူးဗျ။ ကျူရှင်လည်း အိမ်မှာတင် ခေါ်သင်။ ခု computer လည်း အိမ်ကို ဆရာမက လာသင် .. ကြားထဲ အချိန်တော့ လေ့ကျင့်ခန်းတွေ လေ့ကျင့်သလိုလို ဘာလိုလိုနဲ့ Game ခိုးဆော့တာပေါ့ဗျာ :D

ဒါလေးတွေကတော့ အတွေ့အကြုံလေးတွေပါ :D

10 တန်းပြီးတော့ IDCS တက်တော့ (အိမ်နဲ့ အတိုက်အခံ လုပ်ပြီးတော့ပေါ့ဗျာ) computer ကို ပြည့်ပြည့်၀၀ စသုံးဖြစ်ပါတယ်။ အဲဒီတုန်းက အိမ်က P3 နဲ့ VS နဲ့ စရေးတာပေါ့ဗျာ။ ရယ်ရတယ်ဗျ။ Memory က 256 နဲ့။ VS ကို ညက သွင်းထား မနက်ကျတော့ အပြီး :D နောက် သုံးလလောက်နေတော့ အမေက laptop ၀ယ်ပေးတယ်ခင်ဗျ။ အဲဒီတုန်းက အစ်ကိုက Vaio ယူ .. အဲဒါ ကောင်းတယ်ဆိုတာကို ကျွန်တော်က မရဘူး HP မှ HP ဖြစ်နေလို့ HP laptop လေး ရသွားပါရော။ အဲဒီကျမှ ကိုယ့်ကွန်ပျူတာနဲ့ ကိုယ်လုပ်ချင်တာတွေ စိတ်ကြိုက်လုပ်တာပဲ :)

အင်တာနက် ကျောင်းမှာ သုံးဖြစ်တယ်.. တစ်ခါတစ်လေ အရေးကြီး ကိစ္စရှိရင် ဆိုင်မှာ သွားသုံးဖြစ်ပါတယ်။

Mac Book လည်း ကိုင်တာတွေ့ရပါတယ်။ အရင်က HP ကိုင်ပြီး ဘာဖြစ်လို့ Mac Book ပြောင်းကိုင်တာလဲ။

အရင်က HP ကိုင်တာပါ။ ခုထိလည်း သုံးနေတုန်းပါပဲ။ MacBook ကတော့ ဒီလိုပဲ .. ကိုထူးတေဇာတို့ ကိုထူးမြင့်နောင် တို့လို့ Mac သမားတွေ နားကပ်နေလို့ရယ်၊ နဂိုတည်းက Mac ရောဂါက အခံရှိတာရယ်၊ တစ်ခါ စင်ကာပူ သွားဖြစ်တော့ အမေ့ကို ပူစာပြီး ၀ယ်လိုက်တာပါ.. :D

ဆိုင်တော့ မဆိုင်ပါဘူး.. တွေ့သလောက် Geek တွေက Mac တွေနဲ့ချည်းပဲဗျ .. StackOverFlow ကို ထောင်ထားတဲ့ Joel တောင် .NET သမား ဖြစ်ပေမယ့် MacBook ရှိတယ်… Google က လူတွေ ကြည့်လိုက်ရင်လည်း MacBook .. :D

အခုတော့ လေးလတစ်ကြိမ် ကိုယ့်မှာ ရင်ကွဲဖြစ်နေရတယ်။ Apple က လေးလတစ်ကြိမ် product တွေကို update လုပ်တယ်ခင်ဗျ .. ထွက်ခါနီးရင်.. အင်း ပစ္စည်းအသစ်တွေနဲ့ပဲ ထွက်လာရင်ထွက်လာပါ။ ဈေးတော့ မချပါနဲ့.. ပစ္စည်းအသစ်တွေလည်းပါ ဈေးလည်းချ ဆိုရင်ကတော့ ကြေကွဲတာတာပဲခင်ဗျ :D

မောင်ပြုံး stackoverflow လိုမျိုး Q&A Sites တွေ အများအားဖြင့် သုံးနေတာ တွေ့ရပါတယ်။ အဲဒီ Q&A တွေရဲ့ သဘောတရား တွေကို ပြောပြပေးပါ။

အဲဒါကတော့ ကိုယ့်ဘေးက လူတွေ ကျေးဇူးကြောင့်ပါ။ ကို Ravi , ကိုအိမောင် , ကိုစိုးမင်း စတဲ့သူတွေပါ။ တစ်ခါ မေးခွန်းသွား မေးဖူးပါတယ်။

(http://stackoverflow.com/questions/1778456/how-to-open-vmdk-file)

ငါးမိနစ်မကြာဘူး.. အဖြေ လေးခုလောက်တက်လာတယ်။ အမှန်ကတော့ ကျွန်တော် အဲဒီနေရာမှာ မဟုတ်ပါဘူး ဒီလို မေးခွန်းက SuperUser (superuser.com) မှာ မေးရမယ့် မေးခွန်းပါ။ တစ်ယောက် ဖြေပေးတော့ နောက်ထပ် လူတွေလည်း ဖြေပေးကြပါတယ်။ အဲဒါနဲ့ StackOverFlow ကို အရမ်းကြိုက်သွားတာပါ။

သဘောတရားကတော့ တစ်ခါတစ်လေ ကိုယ်က အခက်အခဲတွေ့ရတယ်ဗျ။ Google မှာ ရှာတယ်။ လိုချင်တဲ့အဖြေကို မရောက်ဘူး .. အဲဒါနဲ့ StackOverFlow လို FAQ site မှာ သွားမေးလိုက်တယ်။ အဖြေ ချက်ချင်းရတယ်။. ဒါပေမဲ့ အရင် Google မှာ ရှာရပါမယ်။ StackoverFlow About (http://stackoverflow.com/about) မှာ သွားကြည့်ရင် ဒီ အကြောင်း ကောင်းကောင်း သိနိုင်ပါတယ်။ :)

Q&A Site တွေက ရလာတဲ့ အကျိုးကျေးဇူးတွေကို ပြောပြပေးပါ။

အရင်ဆုံး အဲဒီလို နေရာမှာ သွားမေးတယ်။ မေးတယ်ဆိုကတည်းက မြန်မာလို မေးလို့အဆင်မပြေဘူး ( မမေးရဘူးလို့ သူတို့ မကန့်သတ် ထားပါဘူး.. ကြိုက်တဲ့ ဘာသာ စကားနဲ့ မေးလို့ရပါတယ်။ ဒါပေမဲ့ သင်လျော် လက်ခံ လူအများ နားလည်နိုင်မယ့် ဘာသာနဲ့ Translation ရှိရပါမယ်။) ဆိုတော့ အင်္ဂလိပ်လိုပဲ အကုန်လုံးနီးပါ မေးကြပါတယ်။ အင်္ဂလိပ်စာ တိုးတက်စေနိုင်ပါတယ်။ သူတို့မေးတာ ဖြေမယ် ကိုယ်က မေးမယ် အဲဒါမျိုးမဟုတ်တောင် သူတို့မေးတာ ဖြေတာတွေကို ကြည့်ပြီ.. သြော် သူတို့ ဒီလို မေးပါလား.. ဒီလို ဖြေပါလား.. ဒီလိုလေးတွေ မှတ်သားထားရင် ကိုယ့်အတွက် အကျိုးကျေးဇူးရှိနိုင်ပါတယ်။

vote up/vote down system ကို ကျွန်တော် အရမ်း သဘောကျတယ်ခင်ဗျာ။ .. ဒီမေးခွန်းက တကယ် useful ဖြစ်တယ် အကျိုးအကြောင်း သင့်လျော်တယ် ဒီလို မေးခွန်းမျိုးကို vote up လုပ်ပေးသင့်ပါတယ်။ ထို့အတူ အဖြေမှာလည်း ဒီလိုပဲ .. ဒီအဖြေက မေးထားတဲ့မေးခွန်းကို ထိထိရောက်ရောက် ဖြေပေးနိုင်တယ်။ ပြည့်စုံတယ် .. ဒါမျိုးအဖြေကို vote up လုပ်ကြပါတယ်။ ဒါပေမဲ့ အဲဒီလိုဟာနဲ့ ဆန့်ကျင့်ဘက်တွေ ဖြစ်နေရင်တော့ ဘယ်သူပဲဖြစ်နေနေ vote down အလုပ်ခံရပါတယ်။ StackOverflow မှာ ထိပ်ဆုံးက, SuperUser မှာ ထိပ်ဆုံးက လူတွေတောင် Vote Down လုပ်ခံရတာတွေ ရှိပါတယ်။ ဒီလို vote up/down တွေ လုပ်ကြတော့ ဘာတွေ ဖြစ်လာလဲဆိုရင် တကယ် တော်တဲ့သူတွေက ထိပ်ဆုံး ရောက်လာပါတယ်။ http://stackoverflow.com/users မှာ သွားကြည့်မယ်ဆိုရင် သူက Vote points နဲ့ စီထားတာ ဖြစ်တဲ့အတွက် ဘယ်သူ အတော်ဆုံး ဖြစ်သလဲဆိုတာ တွေ့နိုင်ပါတယ်။

နောက် အဲဒီလိုနေရာမှာ လူတော်တွေ ရှိတယ်ဗျ။ ဥပမာ

John Skeet (http://stackoverflow.com/users/22656/jon-skeet),

(Google က အတော်ဆုံး C# Developer လို့ ပြောလို့ရတယ် )တို့

John Resig ( Jquey founder ) (http://stackoverflow.com/users/6524/john-resig )တို့ပေါ့

CommonsWare က လူ , တကယ့် လက်တွေ့ လုပ်ငန်းခွင် ၀င်နေတဲ့ အတွေ့အကြုံ အများကြီးရှိတဲ့ လူတော်တွေ language founder တွေ creator တွေနဲ့ ထိတွေ့နိုင်တယ်ဗျ။

Language , Technology လည်း စုံတယ်ခင်ဗျ…

http://stackoverflow.com/tags မှာ

ကြည့်မယ်ဆိုရင် C# က အများဆုံး Java က ဒုတိယ။  အဲဒါကို ကြည့်ရင် မြင်သာပါတယ်။ .NET သမားတွေအတွက် တော်တော်ကောင်းတဲ့ နေရာပါ။ အများစုကလည်း .NET Developer တွေပါ။ StackOverFlow ကို ပြီး တည်ထောင်တဲ့

Joel (http://www.joelonsoftware.com/) ရယ်

Jeff (http://www.codinghorror.com/blog/)

ကိုယ်တိုင်ကလည်း .NET  သမား.. နောက် site ကိုယ်တိုင်ကလည်း .NET နဲ့ လုပ်ထားတာပါ။

(http://blog.stackoverflow.com/2008/09/what-was-stack-overflow-built-with/)

StackOverFlow Career ဆိုတာ ရှိတယ်ဗျ …

(http://careers.stackoverflow.com/)

အလုပ်ခေါ်ချင်တဲ့သူရယ် အလုပ်လုပ်ချင်တဲ့ သူတွေရယ် ဒီနေရာမှာ ရှိတယ် ..

http://jobs.stackoverflow.com/ မှာ

အလုပ်ပေါင်းစုံ နိုင်ငံပေါင်းစုံ က ဟာတွေ တွေ့နိုင်ပါတယ်။

Q&A တွေကို သုံးနိုင်ဖို့ ဘာတွေ အခြေခံလိုအပ်မလဲ။ ဥပမာ – Language လိုအပ်ချက်၊ Technology လိုအပ်ချက်

English ကို် သူများနားလည်အောင် ကိုယ်နားလည်အောင်တော့ ရေးတတ်ဖို့လိုပါတယ်။ ကိုယ်ဘာသိချင်တယ် ကိုယ်ဘာ အခက်အခဲ ဖြစ်နေတယ် ဆိုတာကို သူတို့ နားလည်အောင် ရေးပြနိုင်သင့်ပါတယ်။ မေးတတ်ဖို့လည်း လိုပါတယ်။.. Technology နဲ့ ပါတ်သတ်လို့ကတော့ သိပ်ပြောစရာ မရှိပါဘူး.. ကိုယ်မသိတာကို ပွင့်ပွင့်လင်းလင်း မေးနိုင်ပါတယ်။ ကြောက်နေတာ ရှိန်နေတာမျိုး မရှိသင့်ပါဘူး။ နောက် သူများမေးထားတာက အရမ်း Basic ကျတယ် ကိုယ့်အတွက် အရမ်း လွယ်လွန်းနေကောင်းနေနိုင်ပါတယ်။

ကိုယ့်အတွက် လွယ်ပေမယ့် သူ့အတွက် လွယ်ချင်မှ လွယ်နိုင်မှာပါ။ ဒါမျိုး စိတ်ထားလေးတွေ ရှိဖို့ လိုပါတယ်။ အပေါ်မှာ ပြောခဲ့သလိုပဲ .. ဒါကတော့ ဘယ်သူ မေးထားလို့ သူ့ကို အားနာလို့ vote down မလုပ်တော့ပါဘူး သူမေးထားတာမို့ vote up လုပ်လိုက်ဦးမယ် ဒါမျိုး မထားသင့်ပါဘူး။

နောက် သူတို့က Open Source/Free ကို သဘောကျကျပါတယ်။ ဒါကို SuperUser မှာ ပိုတွေ့နိုင်တယ်။ Software တစ်ခု အကြောင်း မေးတယ်။ ဥပမာ ဗီဒီယို ရုပ်ရှင် ကြည့်နိုင်မယ် Software ပေါ့ မေးတည်းကိုက Freeware ဖြစ်သင့်တယ်လို့ ထည့်မေးပါတယ်။ ဖြေတဲ့သူကလည်း freeware အကြောင်း ဖြေပါတယ်။ ဒါကို ဒီ player က ကောင်းတယ် ဒီ Rapidshare link မှာ ဒေါင်းလုပ် ချလိုက်ပါ ဘာညာ သွားပြောမိရင် Down Vote အပေးခံရမှာ ကျိန်းသေပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း Down Vote အလုပ်ခံရဘူးပါတယ် :D

ဒီအတိုင်း link ကြီးသွားပေးတာထက်လည်း ကောင်းကောင်းမွန်မွန် ပြည့်ပြည့်စုံစုံ အဖြေမှာတစ်ခါတည်း ဖြေပေးတာကို သူတို့ သဘောကျ ကြပါတယ်။

ဒီလို FAQ site တွေဟာ Forum မဟုတ်ပါဘူး .. Forum မဟုတ်တဲ့ အတွက် Hi , Hello , with Regards စတဲ့ Greetings words တွေ သိပ်မလိုပါဘူး .. ပြည့်စုံတဲ့ မေးခွန်းရယ် ပြည့်စုံတဲ့ အဖြေရယ်သာ အဓိက ကျပါတယ်။

What-you-ask-is-what-you-get ဆိုပြီး search feature တွေကို တည်ဆောက်ဖို့ အသံတွေ ထွက်လာခဲ့ဖူးပါတယ်။ Wolveframe Alpha လိုမျိုးတွေကလည်း အဲဒီလိုမျိုးတွေ ရည်ရွယ်ပြီး လုပ်နေကြပါတယ်။ Q&A တွေက နယ်ပယ်စုံလာရင် အဲဒီလို Simple English နဲ့ မေးတဲ့ Search တွေ အလုပ်ဖြစ်လာနိုင်မလား။ မေးခွန်းတွေ အဖြေတွေတိုင်းကရော တကယ့်ကို တန်ဖိုးရှိတာတွေပဲလား။

WolveFrame Alpha လိုမျိုး Search တွေ အလုပ်ဖြစ်လာကောင်း လာနိုင်ပါတယ်။ သို့ပေမယ့် Programming , General Computer Problem , Server and Database စတဲ့ ကွန်ပျူတာနဲ့ ပါတ်သတ်တဲ့ Search ကတော့ ကျနော့်အထင် မရှိသေးသလောက်ပါပဲ။ သာမန် Search Engine မှာ ရှာ Forum မှာ သွားမေး ဒီလို နည်းကနေ StackOverFlow က ပထမဆုံး ဖောက်ထွက်လာတာပါ။  မေးခွန်းတိုင်း အဖြေတို်င်း တန်ဖိုးရှိသလားဆိုတော့ အဲဒီ မေးခွန်းရဲ့ Vote points မှာ ကြည့်လိုက်ပါ .. တကယ့် ကောင်းတဲ့ မေးခွန်းတွေ အဖြေတွေဟာ Vote up points တွေ ရာကျော်ပါတယ်။

ကျွန်တော်အားရင် အဲဒီလို ဟာတွေ သွားသွားဖတ်ဖြစ်ပါတယ်။ ဗဟုသုတလည်း ရသလို

ဥပမာ ဒီလို မေးခွန်းမျိုးတွေပါ။ ..

Google Android ကိုလည်း လေ့လာနေတာ တွေ့ရပါတယ်။ Mobile’s future အပေါ် အမြင်လေး ပြောပြပေးပါ။

ဟုတ်ကဲ့ အဲဒါကလည်း ကို Sean ရဲ့  Android Myanmar Application Contest ကြောင့်ပါ … နဂို Java အခံလေး နည်းနည်း ရှိတာရယ်ကြောင့် လုပ်ဖြစ်သွားတာပါ။ အခု Digit Diction ဆိုတဲ့ Application လေးကို လုပ်ထားပါတယ်။ Source Code လည်း ပေးထားပါတယ်။

GitHub (http://github.com/mgpyone/DigitDiction), ရယ်

နောက် Google Code (http://code.google.com/p/digitdiction) မှာလည်း တင်ထားပါတယ်။

Mobile Future အမြင်ကတော့ .. အနာဂါတ်မှာ Mobile Technology boom ဖြစ်လာမယ်ထင်ပါတယ်.. ကွန်ပျူတာ တစ်ယောက် တစ်လုံးမ၀ယ်နိုင်စေဦးတော့ ဖုန်းက ၀ယ်နိုင်လောက်ပါတယ် ( ကိုယ်နိုင်ငံမယ်တော့ နှစ်ခုလုံး မ၀ယ်နိုင်ပါဘူးဗျာ :( ) iPhone အတွက်လည်း အခု Android က ပြိုင်ဖက် သဘောမျိုး ဖြစ်လာပါတယ်။ Google နဲ့ Apple လည်း ပြီးခဲ့တဲ့ I/O ရယ် Steve Job ရဲ့  D8 မှာ ပြောသွားတဲ့ စကားတွေကို ကြည့်ရင် ထိပ်တိုက် တွေ့နေတာ သိသာပါတယ်။ နောက် Nokia ရဲ့ Symbian, Palm OS   RIM ရဲ့ BlackBerry  Samsung ရဲ့ Bada စတဲ့ ဟာတွေကလည်း ပြိုင်ဆိုင် လာကြပါတယ်။ စိတ်ဝင်စားဖို့တော့ ကောင်းပါတယ်။

ရှေ့ဆက် IT နဲ့ ပတ်သက်ပြီး ဘာတွေ လုပ်ဖို့ရှိလဲ။ ဘာတွေ ဝါသနာပါလဲ။ ဘယ်တွေ ဖြစ်ချင်သလဲ။

ဒီ စက်တင်ဘာမယ် IT နဲ့ပါတ်သတ်တာတွေ ခဏရပ်ပြီး လုပ်စရာ ကိစ္စတစ်ခု လုပ်ရပါမယ်.. ဒီပြီးတဲ့နောက်မှာမှ ကိုယ်လုပ်ချင်တာတွေ လုပ်သင့် တာတွေ ဆက်လုပ်သွားရမှာပါ .. ၀ါသနာပါတာတော့ နည်းပညာနဲ့ ပါတ်သတ်ရင် ၀ါသနာပါပါတယ်။ စာဖတ်တာလည်း ၀ါသနာပါပါတယ်။ အရင်က တစ်ပါတ် တစ်အုပ် စာအုပ်ဝယ် ဖတ်ဖြစ်ပါတယ်။ အခုတော့ မဖတ်နိုင်တော့ပါဘူး။ အားကစား ၀ါသနာ ပါပေမယ့် အခြေအနေ မပေးတာရယ်ကြောင့် မလုပ်ဖြစ်ပါဘူး။ ဖြစ်ချင်တာတော့ အများကြီးပဲဗျာ။ :D

ကဲ မောင်ပြုံးရေ .. နည်းပညာ လေ့လာဖော် လေ့လာဖက် သူငယ်ချင်းတွေကို ဘာတွေ ပြောချင်သေးလဲ။

အပေါင်းအသင်း မိတ်ဆွေ များတာ ကောင်းပါတယ်.. ကျနော့်မှာ အဓိက အဲဒါပါ.. ဟိုလူ့မေး ဒီလူ့မေး နဲ့ ဒီလူ ဖြစ်လာတာပါပဲ.. Online ရော Offline ရော လူစုံပါတယ်. မြန်မာတွေလည်းပါသလို နိုင်ငံခြားက အသိတွေလည်း ရှိပါတယ်.. တစ်ခုခုဆို သူတို့ကို အရင် အပူကပ်တာပဲ :P

စာဖတ်ရပါမယ်။ တိုးတက်ချင်တဲ့သူတစ်ယောက်ကဟာ စာမဖတ်လို့မရပါဘူး။ နောက် Technology ဆိုတာမျိုးကလည်း တစ်နေ့ အသစ် တစ်မျိုးလောက် ထွက်နေတာပါ။ ဒါတွေကို အကုန်လုံး လက်လှမ်း မမှီစေဦးတော့  နည်းနည်းတော့ သိထားသင့်ပါတယ်။ Google Reader (my share items http://www.google.com/reader/shared/mgpyone123) ကို အခြေအနေပေးရင် နေ့စဉ် ဖတ်သင့်ပါတယ်။ နည်းပညာ အကြောင်းပဲဖြစ်ဖြစ် တခြား မြန်မာ Blog ပဲဖြစ်ဖြစ် ဖတ်တာ ကောင်းပါတယ်။ Reader ကို မဖတ် ဖြစ်ရင်တောင် Slashdot (slashdot.org) လောက်တော့ ဖတ်သင့်ပါတယ်။ နည်းပညာနဲ့ ပါတ်သတ်ရင် အတော်ကောင်းတဲ့ Site ပါ။ အဲဒီမှာ အပေါ်က Content ထက် အောက်က Comments တွေက ပိုပြီး စိတ်ဝင်စား ဖို့ကောင်း ဗဟုသုတလည်း ရပါတယ်။

Gadget တွေအကြောင်း စိတ်ဝင်စားရင် Engadget,

Software Engineering အကြောင်းနဲ့ ပါတ်သတ်ရင် InfoQ (http://www.infoq.com/),

Joel On Software (http://www.joelonsoftware.com/),

Coding Horror (http://www.codinghorror.com/blog/),

Daring Fireball (daringfireball.net) အစရှိတဲ့ Site တွေ ဖတ်လို့ ကောင်းပါတယ်။

Online ကို မသုံးနိုင်ပါဘူး ဆိုရင်လည်း Ebook တွေ ရှိပါတယ်။ အပေါ်က Link မှာ ပေးထားတဲ့ အလကားရတဲ့ Ebook တွေ အများကြီးပါ။ နောက် တွေ့ရသလောက် ကျွန်တော်တို့ လူမျိုးဟာ English လို ဖတ်ဖို့ ပျင်းပါတယ်။ ကျွန်တော်လည်း အရမ်းပျင်းပါတယ်။ အခုထက်ထိ ebook တစ်အုပ်ကိုပဲ ပြီးအောင် ဖတ်ဖူးပါတယ်။ =D  .. ကျန်တာက တစ်ဝက်လောက်မှ ရပ်လိုက်။ အစဖတ်ပြီး စိတ်မ၀င်စားလို့ ဆက်မဖတ်လိုက်။ ပြီးခါနီးရောက်မှ ကိစ္စတွေ ရှိလာလို့ အဆုံးမသတ်နိုင်လိုက်နဲ့ ပြီးသွားပါတယ်။ အရင်က ကျောင်းမှာ အင်တာနက်ရရင် ဖတ်စရာ Web Page တွေကို PDF Printer နဲ့ Print ထုတ် .. အိမ်ရောက်တော့ ပြန်ဖတ်.. ဒီလို လုပ်ပါတယ်။

တစ်ခုခု Google မှာ ရှာလိုက်မယ်ဆိုရင်လည်း Wikipedia က ထိပ်ဆုံးက တက်လာပါတယ်.. Wiki မှာလည်း ဒီလို စာကြီး အပြင်လိုက်ကြီး.. အဲဒါကိုမှ ဒါမသိလို့ ဒါကို ဖတ်.. ဒီထဲက ဒါကို မသိလို့ နောက်တစ်ခုကို လိုက်ဖတ်..အဲဒါနဲ့ မပြီးတော့ဘူးတွေ ဖြစ်တတ်ပါတယ်..  ဒီတော့ တစ်ခုခုကို တစိုက်စိုက်မတ်မတ် လုပ်ဖို့လုပ်ပါတယ်..။

စာဖတ်ရတာ ပျင်းရင် Game ဆော့ပါတယ်. ခုတော့စာကို မဖတ်ပဲ Game ချည်းပဲဆော့မိနေတယ် :D

computer ကိုလည်း တစ်ချိန်လုံးကြီး ဒီရှေ့မှာထိုင် ဟိုဟာလုပ်လိုက် ဒီဟာလုပ်လိုက် အရမ်းကြီး serious ဖြစ်နေဖို့မလိုပါဘူး။ ဖြည်းဖြည်းနဲ့ မှန်မှန် လုပ်သွားရင် ကိုယ် လိုချင်တာကို ရောက်မှာ မလွဲပါဘူး .. ကိုယ်ဝါသနာပါတာအတွက်လည်း အချိန်ပေးသင့်ပါတယ်… ကျနော်ဆိုလည်း မနက်စာ မစားဖြစ်သလောက်ပါ.. နေ့လည် ၂ နာရီလောက်မှ မနက်စာရယ် နေ့လည်စာရယ် ပေါင်းစားဖြစ်တာများပါတယ်.. သူနဲ့ရန်ဖြစ်ရတာလည်း ခဏခဏ

ကလေးတွေ ငယ်ငယ်တည်းက ကွန်ပျူတာနဲ့ ထိတွေ့တာကိုတော့ အားလည်းပေးပါတယ်. အားလည်းမပေးပါဘူး.. ငယ်ငယ်တည်းက ထိတွေ့လာတဲ့ အတွက် ကွန်ပျူတာနဲ့ လက်ပွန်းတတီး ရှိတာကောင်းပါတယ်.. ဘာမကောင်းဘူးလဲဆိုတော့ ဒီလို ကွန်ပျူတာရှေ့မှာ နေကုန်နေကမ်းထိုင် အညောင်းမိ.. ကလေးဘ၀ ပျော်စရာတွေ ဆုံးသွားမှာလည်း စိုးပါတယ်.. ကလေးဘ၀ဆိုတာ ဘယ်လောက် ပျော်စရာ ကောင်းမှန်း လူတိုင်းသိမှာပါ။


Facebook comments:

21 Responses

  1. Desert Fox says:

    >>ကျနော်ဆိုုလည်း မနက်စာ မစားဖြစ်သလောက်ပါ.. နေ့လည် ၂ နာရီလောက်မှ မနက်စာရယ် နေ့လည်စာရယ် >>ပေါင်းစားဖြစ်တာများပါတယ်.. သူနဲ့ရန်ဖြစ်ရတာလည်း ခဏခဏ

    သူနဲ့ရန်ဖြစ်ရတာလည်း ခဏခဏ

    What means??? :)

  2. everlearner says:

    Keep rolling and smiling bro, Mg Pyone :)
    I also use Stackoverflow, but don’t know detail like you. Thanks for sharing some detail links about Stackoverflow and Slashdot. Cheers! :)

  3. luyo says:

    ကျေးဇူးတင်ပါတယ်ခင်ဗျာ
    ဒီလိုမျိုး အင်တာဗျူးလေးတွေ များများလေးမေးပေးစေချင်ပါတယ်
    ဘယ်လို့လဲဆိုတော့ ပညာရပ်တခုကို လေ့လာတဲ့နေရာမှာ approach method က အရေးကြီးတယ်မဟုတ်လား(ကျနော့်အမြင်ပါခင်ဗျာ)
    အင်တာဗျူးမေးခံရတဲ့သူတွေက လမ်းကြောင်းတခုပေါ်ရောက်နေပြီးသားသူတွေပဲလေ
    အဲဒါဆို သူတို့ ဘယ်လိုချဉ်းကပ်ခဲ့တယ်ဆိုတာကို ဆယ်တန်းအောင်ပြီးတဲ့ ညီလေးတွေရော
    ကျနော်တို့လို ဝါသနာရှင်အဆင့်တွေအတွက်ပါ အထောက်အကူပြုတယ်လို့ ထင်မိပါတယ်
    အဲဒါကြောင့်မေးတဲ့နေရာမှာလဲ approach method လေးတွေကို ဦးစားပေးပြီးမေးစေချင်ပါတယ်
    အခုမေးထားပြီးသားတွေထဲမှာ အဲဒါတွေမမေးထားဘူးလို့ မပြောပါဘူးနော် အားလုံးလဲ ဖတ်ပြီးပါပြီ
    ကျေးဇူးလဲ အများကြီးတင်ပါတယ်။ ခင်ဗျာ

    • luyo says:

      ဟာဗျာ အားလုံးသောအကိုတို့ရေ တောင်းပန်ပါတယ်ဗျာ
      website ဆိုတဲ့နေရာမှာ ကျနော်ထည့်လိုက်တဲ့လင့်ခ်က ညစ်ညမ်းတဲ့နေရာကိုရောက်သွားတယ်ဗျာ
      မနေ့တနေ့က မှ အင်တာနက်သုံးဖူးတော့ ဒီလိုမျိုးမဖြစ်လောက်ပါဘူးဆိုပြီးပေးချင်ရာပေးလိုက်မိတာ
      ပါ မသိလို့ မှားတဲ့ အမိုက်အမဲလေးကို ခွင့်လွတ်ကြပါရန်။ နောက်မဖြစ်စေရတော့ပါဘူးခင်ဗျာ
      အားလုံးကို တောင်းပန်အပ်ပါတယ်

    • Thiha says:

      ခုလို အကြံဉာဏ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် … ကျွန်တော်လည်း အဲဒီလို Approach လေးတွေ ဦးစားပေးပြီး မေးဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမယ့် တစ်ချို့တွေက Knowledge ပိုင်းကို အဓိကထား မေးဖို့ ရည်ရွယ်ပြီး တစ်ချို့တွေက Approach ပိုင်းကို အဓိကထား မေးဖြစ်ပါတယ်။ Sean Lin ကို မေးတုန်းက ဆိုရင် Knowledge ပိုင်းများသွားပြီး သူဘယ်လို Approach လုပ်ခဲ့သလဲ ဆိုတဲ့ အပိုင်း မပါတော့ဘူး ဖြစ်သွားပါတယ်။ အဲဒီအတွက် သူ့ကို ထပ်မေးဖို့ အစီအစဉ်ရှိပါတယ် … ကျေးဇူးတင်ပါတယ် ခင်ဗျ

  4. luyo says:

    ဟုတ်ကဲ့ခင်ဗျာ.. ကျေးဇူးတင်ပါတယ် လင့်ခ် ပြင်လိုက်တဲ့အတွက်ရော
    အကြံပေးတာကိုလက်ခံတယ်ဆိုတဲ့ အတွက်ရောပါခင်ဗျာ…..

  5. Aung Aung says:

    တခြား အင်တာဗျူးတွေမှာ ဓါတ်ပုံပါပြီးတော့
    ဘယ်နဲ့ ဒီအင်တာဗျူးမှာ ဓါတ်ပုံ မပါတာလဲဗျာ . . .
    ဒီလို အင်တာဗျူးမှာ သူတို့ပုံ ပါရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။
    ကာယကံရှင်က မထည့်ချင်ရင်တော့ မပြောတတ်ဘူးပေါ့ဗျာ. . . .

    ***အင်္ဂလိပ်လို ကော်မန့်ပေးထားတာ ရှာမတွေ့တော့ဘူးဗျ။

    • SYKO says:

      အပေါ်ဆုံး comment ရဲ့ အောက်ဆုံး reply မှာ ပါတယ်လေ။ :)

    • Thiha says:

      သူ့ပုံမထည့်ချင်လို့တဲ့ ခင်ည … :D

      • Aung Aung says:

        ဪ သူကလည်း ခက်ပါ့
        စင်ပေၞတင်ပေးနေပါတယ်ဆိုမှ :) j/k
        ကောင်မလေးတွေ ကြွေသွားမှာ စိုးလို့ထင်တယ်။
        စင်ပေၞက သူတွေဆိုတော့ လုပ်ကြပေါ့ဗျာ . . .
        မထည့်ချင်တော့လည်း မမြင်ဖူးတော့ဘူးပေါ့ဗျာ . . . (ဓါတ်ပုံ ပြောပါတယ်) :P

        • mgpyone says:

          အဲလိုုလည်းမဟုုတ်ပါဘူးဗျ.. ကျနော်ကိုုက အွန်လိုုင်းမှာ ဓါတ်ပုုံ သိပ်တင်လေ့မရှိလိုုပါ =D

          စင်ပေါ်ကလည်းမဟုုတ်ပါဘူး =D

        • manawphyulay says:

          မြင်ဖူးချင်ရင် ပရိုဖိုင်မှာ ပုံပေါ်နေတယ်လေကြည့်လိုက်ပေါ့ ဒါများ လွယ်လွယ်လေး။ သူက ကြွေးရှင်ကြောက်လို့နေမှာပေါ့။

  6. myo says:

    တကယ်က ကျွန်တော်တို့နိုင်ငံမှာ laptop ဝယ်နိုင်ပေမယ့် phone မဝယ်နိုင်တာပါ။ ကျွန်တော်ဆို laptop ရှိတယ်။ phone မရှိဘူး။ handset ဖိူးထက် sim မဝယ်နိုင်တာပါ။
    ဒါနဲ့ စကားမစပ် myanmartutorials ကို google reader မှာ ဖတ်ရင် paragraph အခွဲမရှိဘူး။ အကုန် ရောပြွန်းပြီးပေါ်တယ်။ ဖတ်လို့မရဘူး။

    • Thiha says:

      အဲဒီလို မဖြစ်အောင် ကျွန်တော် ပြန်လုပ်နေတယ်ခင်ဗျ … ခုလို သတိပေးတာ ကျေးဇူးတင်ပါတယ်

    • SYKO says:

      ဟုတ်၏။ တကယ်မရှိတာ ဖုန်းပါ။
      အခွံတော့ လွယ်လွယ်လေးဝယ်နိုင်ပေမယ့် ၁၅ သိန်းကတော့ မတတ်နိုင်လို့ မဝယ်ရဘူး။ =)
      iPhone တို့ iPad တို့လည်း အိမ်က Laptop ရှိပြီးသားဆိုတော့ ထပ်မဝယ်ပေးတော့ဘူး။

  7. အပေါ်ကဆရာတွေ postကိုတော့ ဇော်ဂျီ နဲ့မရေးသင့်ဘူးထင်တယ်။
    unicode သုံးတယ်လဲ ပြောသေးတယ်။စာကလည်းကွာ။

Leave a comment


*