အပိုင်း(၂)​ ကိုဇော်ထွဋ်နှင့် အိုင်ဒီယာ

ဟုတ်တယ်ဗျ၊ အဲဒီလို ဆိုနိုင်ပါတယ်။ အဲဒီ Veutnre Capitalist နဲ့ ပတ်သက်ရင် ကျွန်တော် တစ်ခု ပြောချင်တာက hotmail တီထွင်တဲ့သူပါ။ သူက အိုင်ဒီယာတစ်ခုရတယ်။ အီးမေးလ်ဆိုတာ Free ပေးရင်ကောင်းမယ်၊ အလကားပေးရင် ကောင်းမယ်ဆိုတဲ့ အိုင်ဒီယာ ရပါတယ်။ On-air TV ဆိုတာလဲ Free to Air လွင့်တာပဲ၊ အဲဒီလို တီဗွီအစီအစဉ်တွေကို လွင့်နေတဲ့ TV Station တွေက ကြော်ငြာဆိုတဲ့တစ်ခုတည်းနဲ့ ရပ်တည်နေတာပါ။ ကြော်ငြာတွေလက်ခံ၊ တီဗွီ စီးရီးတွေကို ပိုက်ဆံပေး ရုပ်ရှင်တွေကို ပိုက်ဆံပေး အဲဒီလိုနဲ့ လည်ပတ်နေတာ အဆင်ပြေနေတာပဲ။ Consumer ဆီ တကယ်ရောက်တဲ့ နောက်ဆုံး Level မှာ Free ဖြစ်နေတယ်၊ အဲဒီလို Free ဘာကြောင့် ဖြစ်နေတာလဲ။ အဓိကကတော့ ကြော်ငြာကြောင့် ဖြစ်နေတာပါ။ အဲဒီလို ကြော်ငြာဆိုတဲ့ Concept လေးတစ်ခုကို သုံးပြီး အီးမေးလ် လုပ်ရင်ရော မဖြစ်နိုင်ဘူးလား၊ အဲဒီလို hotmail တီထွင်သူက အိုင်ဒီယာ ရလာပါတယ်။ email for free ပေါ့ဗျာ၊ အဲဒါကအောင်မြင်နိုင်တယ်လို့ လုံးဝ ယုံကြည်ထားပါတယ်။ ခုခေတ်မှာ ပြောရင်တော့ ရယ်စရာ ကြီး ဖြစ်နေပါလိမ့်မယ်။ အဲဒီခေတ်တုန်းကတော့ အီးမေးလ်ကို Free ပေးဖို့ဆိုတာ အင်မတန်မလွယ်တဲ့ ကိစ္စပါ။ အီးမေးလ်ကို Free ပေးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

အဲဒီအိုင်ဒီယာကို ဆုတ်ကိုင်ပြီး Venture Capitalist တွေ တစ်ယောက်ပြီး တစ်ယောက် လိုက်ရှာတယ်၊ အဲဒီလို လိုက်ရှာတော့ တစ်ယောက်ပြီး တစ်ယောက် အငြင်းခံရတယ်၊ အဲဒါကို ဇွဲမလျော့ပဲ တစ်ယောက်ပြီး တစ်ယောက်၊ တစ်ယောက်ပြီး တစ်ယောက် လိုက်ပြောတယ်၊ အားလုံးကတော့ အီးမေးလ်ဆိုတာ Free ပေးဖို့ မဖြစ်နိုင်ဘူးလို့ ငြင်းလွတ်ကြတယ်။ အဲဒီလို ငြင်းလာလိုက်တာ အယောက် ငါးဆယ်မြောက်မှာ တစ်ယောက်က ဟာဟုတ်ပြီ မင်းနဲ့အတူ ငါလုပ်မယ်ဆိုပြီးတော့ ထလုပ်တာ၊ အဲဒီကနေ အကြီးအကျယ် အောင်မြင်တဲ့ hotmail ဆိုတာ ဖြစ်လာတာပါ။ သူက အိန္ဒိယကလား၊ ဘင်းဂလားကလား မသိဘူး။ သူကတော့ ပိုက်ဆံမရှိဘူး နည်းပညာပဲ ရှိတာပါ။ Venture Capitalist ကို လိုက်ရှာရတယ်။ အဲဒီကနေ လုပ်မယ့်သူ တစ်ယောက် တွေ့လာတယ်။ လုပ်ရင်း အရမ်းအောင်မြင်လာတယ်၊ တစ်နေ့ကို အကောင့် အသစ်ဖွင့်တဲ့သူ သိန်းဂဏန်းရှိလာတယ်။ အဲဒီကျမှ မိုက်ကရိုဆော့ က မဖြစ်ချေဘူးဆိုပြီး လာဝယ်တာ၊ ဒေါ်လာ သန်းလေးဆယ်လား၊ လေးရာလား မသိဘူးပဲ ရလိုက်တယ်ထင်တယ်။ အဲဒီ အကြောင်းကို အင်တာနက်မှာ ရှာဖတ်ကြည့်ရင် သိနိုင်ပါတယ်။ အဲဒါက Venture Capitalist ယဉ်ကျေးမှုကနေ ထွက်ပေါ်လာတဲ့ ရလဒ်လို့ ဆိုနိုင်ပါတယ်။ ဒီနိုင်ငံမှာလဲ အဲဒီလို အလေ့အထတွေ ထွန်းကားလာစေချင်ပါတယ်။

အကို ပြောပုံအရဆို Google ဆိုတာလဲ hotmail ရဲ့ အိုင်ဒီယာ နောက်လိုက်တာပဲလို့ ဆိုနိုင်တာပေါ့။ ကျွန်တော် ပြောတာက Google Mail ပေါ့။ ဒါဆို hotmail က google mail ထက် အများကြီးစောတာပေါ့။

ဟုတ်တယ်ဗျ။ အများကြီးစောပါတယ်။ ဒါပေမယ့် သူ့ခင်ဗျာ၊ တစ်ခြား သူတွေနဲ့ ယှဉ်လိုက်ရင် ရတာ နည်းသွားတယ်လို့ ဆိုနိုင်တယ်ဗျ။

ဟုတ်ကဲ့ခင်ဗျ။ ကျွန်တော် သတိထားမိတာ တစ်ခုပြောရမယ်ဆိုရင် နိုင်ငံခြားမှာ တက္ကသိုလ် ပရောဂျက်တွေကနေ Product တွေ ထွက်တာ များသလားလို့။

ဟုတ်တယ်ဗျ။ Google ဆိုတာလဲ တက္ကသိုလ် ပရောဂျက်တစ်ခုပါ။ PhD ကျောင်းသား ပရောဂျက်ပါ။ PhD ကျောင်းသား Thesis တင်တဲ့ ပရောဂျက်ပါ။ ခုချိန်ထိ Google ရဲ့ Patent တွေကို Google မပိုင်ပါဘူး။ Stanford ပါ ပိုင်ပါတယ်။ ပထမဦးဆုံး Patentပေါ့။ သူတို့ခွင့်ပြုချက်ပါမှပဲ Google က သုံးလို့ရတယ်။ အဲဒီတော့ သူတို့ကလဲ ခွင့်မပြုဘူး။ အဲဒါနဲ့ သူတို့နှစ်ယောက်ကိုပဲ ပြန်လိုင်စင်ပေးထားရတယ်။ လာရီပေ့နဲ့ ဆာဂျီဘရိန်း သူတို့နှစ်ယောက်ကိုပဲ လိုင်စင်ပြန်ပေးထား ရပါတယ်။

Facebook လဲ အဲဒီလိုပဲ တက္ကသိုလ်က ထွက်လာတဲ့ ပရောဂျက်ပဲ ထင်တယ်။ အဲဒီတော့ ကျွန်တော် လေ့လာမိသလောက် တက္ကသိုလ်က ပရောဂျက်တွေ အလုပ်ဖြစ်လာဖို့ Venture Capitalist တွေက အတော်လေးကို အရေးပါတယ်လို့ ဆိုရပါမယ်။ ဒီတော့ ကျွန်တော်တို့ ဆီမှာ တက္ကသိုလ် ပရောဂျက်တွေကနေ အောင်မြင်တဲ့ လုပ်ငန်းတွေ ဖြစ်လာဖို့ ဆိုရင် Venture Capitalist တွေလို Angel Invester တွေလိုတွေ ရှိလာမယ်ဆိုရင် အောင်မြင်လာနိုင်မလား။ ဒါမှမဟုတ် အဲဒီလိုတွေ ရှိလာတယ်ဆိုရင်တော့ ကျွန်တော်တို့ဖက်က ကြိုးစားဖို့ လိုနေဦးမလား။ အကို အမြင်လေး သိချင်ပါတယ်။

ကျွန်တော့်အမြင်အရ တစ်ခြားဖက်က လိုအပ်ချက်လဲ ရှိဦးမယ်ထင်ပါတယ်။ အဲဒီလို Venture Capitalist တွေလဲ ရှိဖို့ လိုသလို၊ ကျွန်တော်တို့လဲ ကြိုးစားဖို့ လိုနေပါသေးတယ်။ ဒါပေမယ့် တစ်ခြားတစ်ဖက်က လိုအပ်ချက်တွေလဲ ရှိနေပါ သေးတယ်။ professionalism လို့ ခေါ်နိုင်မယ် ထင်တယ်။ ကျွန်တော့်ရဲ့ Patent နဲ့ ပတ်သက်တဲ့ အတွေ့အကြုံတစ်ခုကို ပြောပြချင်ပါတယ်။ ကျွန်တော်သွားတွေ့ဖူးတဲ့ Patent တွေ မှတ်ပုံတင်ပေးတဲ့Venture Capitalist အဖွဲ့တစ်ခု အကြောင်းပါ။ အဲဒီအဖွဲ့မှာ ကျွမ်းကျင်သူတွေရော၊ ဥပဒေပညာရှင်တွေရော၊ နောက် သုတေသနသမားတွေပါ ပါပါတယ်။ ကျွန်တော်က သွားတွေ့တယ်။ စတွေ့တာနဲ့ စကားမပြောခင် နှုတ်ဆက်ပြီးတာနဲ့ မင်း Product ကို အကြမ်းဖျဉ်း ဘယ်လို နာမည်ပေးထားပြီးပြီလဲလို အရင်မေးပါတယ်။ အဲဒီတော့ ကျွန်တော်လဲ ရှိတယ်ပေါ့ အကြမ်းခေါ်လို့ရတဲ့ နာမည်တစ်ခုကို ပေးလိုက်တယ်။ ချက်ချင်းပဲ အဲဒီ နာမည်ကြမ်းကို စာရွက်ထဲမှာ ခေါင်းစဉ်ရေးခိုင်းတယ်။ ဒီနေ့ ဒီရက် ဒီအချိန်မှာ ဒီ Product နာမည်၊ ဒီအကြောင်းအရာကို ကျွန်တော် ဇော်ထွဋ်က သူ့ကို လာပြောပါတယ်။ လာပြောတာတွေ အားလုံးကို မှတ်တမ်း တင်ထားပါတယ်။ ဒီလို ပြောတဲ့ ကိစ္စသည် ဇော်ထွဋ်နဲ့သာ လုပ်ဖို့ ဖြစ်တယ်။ သူတို့ အဖွဲ့အနေနဲ့ ဒီ အိုင်ဒီယာကို ယူပြီးတော့ ကျွန်တော့်ကို မပြောပဲနဲ့ ရောင်းစားတာတို့ ထပ်ဆင့်ပြီး သူများကို ဖြန့်တာတို့ မလုပ်ပါဘူး ဆိုပြီး ဝန်ခံလက်မှတ်ထိုးတယ်။ အကယ်၍ လုပ်မယ်ဆိုရင်လဲ တန်ရာတန်ကြေး ပေးလျော်ပါမယ်လို့ ဝန်ခံထားပါတယ်။ လာဆွေးနွေးတဲ့ ကျွန်တော် ဇော်ထွဋ် အနေနဲ့လဲ သူတို့နဲ့ ပေါင်းလုပ်ရင် ဖြစ်နိုင်မလားလို့ပဲ ဆွေးနွေးတာ ဖြစ်ပါတယ်ဆိုပြီး အပြင်ထုတ်ပြောခွင့် မရှိတဲ့ သဘောတူညီချက်ကို အရင်လက်မှတ်ထိုးပါတယ်။ စာချုပ်ဆန်ဆန်ပေါ့။ ကျွန်တော်လက်မှတ်ထိုး သူလက်မှတ်ထိုး၊ ပြီးရင် တစ်ယောက်တစ်ရွက်ယူ၊ ပြီးမှ စကားစပြောပါတယ်။ သဘောကတော့ ဒီအိုင်ဒီယာကို ဒီသတင်းကို ဒီကနေ စမပြန့်စေရပါဘူးလို့ စပြီး အာမခံလိုက်ပါတယ်။ အဲဒီလို စနစ်က အင်မတန် Professional ကျတဲ့ အလေ့အထတစ်ခုပါ။

ဒီမှာဆိုရင်တော့ တစ်ယောက်ယောက်ကို သွားစပြောတာနဲ့ ပြောပဲ လှည့်ထွက်ရုံရှိသေးတယ်၊ သူက အဲဒီ အိုင်ဒီယာကို ယူပြီး တစ်နေရာမှာ လုပ်ဖို့ ကြံစည်နေပါတယ်။ ဘယ်လိုမှ ပြောလို့ မရတဲ့ အနေအထားမှာ ရှိပါတယ်။ အဲဒီလို Professionalism ဆိုတာလဲ လိုအပ်ချက်တစ်ခု အနေနဲ့ ရှိနေဦးမှာပါ။ Venture Capitalist တွေ ရှိရုံနဲ့ မလုံလောက်သေးပါဘူး။ အဲဒီလို Professionalism ရှိမှသာ အောင်မြင်နိုင်ပါလိမ့်မယ်။

အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော့် သူငယ်ချင်း ရုပ်ရှင် ဒါရိုက်တာ တစ်ယောက် ပြောဖူးတာ မှတ်မိပါသေးတယ်။ သူတို့အနေနဲ့ ဗီဒီယိုအတွက်ပဲ ဖြစ်ဖြစ်၊ ရုပ်ရှင်အတွက်ပဲ ဖြစ်ဖြစ် ဇာတ်လမ်းကို အသုံးကျယ်ကျယ်တောင် မပြောရဲတဲ့ အကြောင်း ပြောလိုက်တာလေး တစ်စွန်းတစ ကြားသွားတာနဲ့ ခိုးချကြလွန်းလို့တဲ့ အချင်းချင်းတိုင်ပင်ရင်တောင် တိုးတိုးပဲ ပြောရဲတယ်လို့ ပြောပါတယ်။ ဒါကြောင့် ရုပ်ရှင်တွေမှာ မင်းသား တစ်ယောက်က ခြောက်ရင် နောက်တစ်ယောက်လဲ လိုက် ခြောက်ကြတာလို့ ပြောဖူးပါတယ်။

အဲဒီ ကိစ္စတွေက ဥပဒေအကြောင်းအရ အကာအကွယ်တွေ အများကြီး ပေးဖို့လဲ လိုပါတယ်။ မြန်မာပြည်မှာက မရှိတာ မဟုတ်ပါဘူး။ ရှိပါတယ်။ အကာအကွယ်လဲ ပေးထားပါတယ်။ ဒါပေမယ့် အဲဒီလို Professionalism က ဒီနိုင်ငံမှာ အလေ့အကျင့် နည်းနေတယ်၊ မရှိဘူး ဖြစ်နေပါတယ်။

အကိုက နည်းပညာလောကမှ အချိန် အတော်ကြာ ဖြတ်သန်းလာတဲ့ သူတစ်ယောက်ပါ။ ဒီတော့ အကို့ နည်းပညာသမား ဘဝအစက …

အင်း ကျွန်တော် ပထမဦးဆုံးလုပ်တဲ့ ဗားရှင်းက Hack ထားတာဗျ။ ဒီတော့ ကျွန်တော်ကို ဟက်ကာလို့ ပြောရင် ရမလား မသိဘူး။ ဟား ဟား ..

ဟုတ်ကဲ့၊ အဲဒီလို ဖြတ်သန်းလာတဲ့ ဘဝမှာ နည်းပညာတွေက လူငယ်တွေအတွက် လွယ်ကူသွားစေတာလား၊ အဲဒီလို လွယ်လာတာကို သူတို့ရဲ့ ကြိုးစားမှုတွေကို လျော့နည်းသွားစေနိုင်မလား။ အဲဒီအပေါ် အကို့ အမြင်လေး သိချင်ပါတယ်။

ကျွန်တော်တို့ ကွန်ပျူတာ စတက်တုန်းက အချိန်ကို ပြန်သတိရတယ်ဗျ။ အဲဒီတုန်းက ကွန်ပျူတာ သင်တန်းက သုံးလထင်တယ်။ အခြေခံက သုံးလ နောက် Advanced က သုံးလ အဲဒီလို တက်ရတယ်။ ကျွန်တော်နဲ့ ကျွန်တော့် သူငယ်ချင်း သက်ကိုကိုကတော့ အခြေခံ သုံးလ ပြီးကတည်းက MCC မှာ ပရိုဂရမ်မာ အဖြစ်တန်းခန့်လိုက်တယ် ပေါ့ဗျာ။ နောက်မှ Advanced ဆက်တက်ဖြစ်တယ်။ အဲဒီအချိန်တုန်းက ကျွန်တော်တို့ သင်တန်းချိန်တွေနဲ့ ခုခေတ်က သင်တန်း အချိန်တွေကို နှိုင်းယှဉ်ကြည့်မယ် ဆိုရင် တော်တော်လေးကို ကွာဟသွားပြီလို့ ထင်ပါတယ်။ အဲဒီတော့ လွယ်သွားတာလား။ ပေါ့သွားတာလား ကျွန်တော်လဲ မပြောတတ်ဘူးဗျ။

ကဲ အကို့ကို တွေ့ရင် မမေးမဖြစ်ထဲက တစ်ခုဖြစ်တဲ့ ယူနီကုဒ် အကြောင်းပေါ့။ အကို အနေနဲ့ Win Myanmar Fonts တွေကို ထုတ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ယူနီကုဒ်စနစ်ကို လိုက်နာထားတဲ့ Win Uni Innwa လို ဖောင့်တွေ ထုတ်လာပါတယ်။ အဲဒီတော့ အကိုအနေနဲ့ ဘာကြောင့် ယူနီကုဒ်ကို ပြောင်းလဲ ဖြစ်ခဲ့တယ်ဆိုတဲ့ အကြောင်းကို သိချင်ပါတယ်။

ကျွန်တော် ၁၉၉၂ ခုနှစ်က လုပ်ခဲ့တဲ့ နည်းပညာက Win Myanmar Fonts ပေါ့ဗျာ။ သူက ဘုရားစူး နည်းပညာလို့ ဆိုရမယ် ထင်တယ်။ သူက ကွန်ပျူတာကို လိမ်ထားတာပါ။ အင်္ဂလိပ်လို အေဆိုပါတော့ဗျာ။ အဲဒီ အေဆိုတာကို ကွန်ပျူတာပေါ်မှာ ပြရင် အေလို့ မပြနဲ့ သဝေထိုးလို့ပြဆိုပြီး လိမ်ထားတာပါ။ Print ထုတ်ရင်လဲ သဝေထိုးလို့ Print ဆိုပြီး ကွန်ပျူတာကို နည်းပညာသုံးပြီး ညာလိုက်တာပါ။ ဒါပေမယ့် တကယ်တန်း ကွန်ပျူတာက အတွင်းကျကျ နားလည်နေတာ အေပါပဲ။ အဲဒီလို အဖြစ်လုပ်ထားတာပါ။ အဲဒီလို အဖြစ်လုပ်ထားတဲ့ နည်းပညာကို ခုထက်ထိ ဆက်သုံးဖို့ ကြိုးစားနေတဲ့ ဆရာတွေကလဲ ရှိပါသေးတယ်။ အဲဒီ နည်းပညာတွေနဲ့တော့ မြန်မာစာ အနေနဲ့ ကွန်ပျူတာနဲ့ တကယ့် အနစ်သာရဖြစ်တဲ့ Processing ကတော့ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။ မြန်မာစာနဲ့ ကြည့်လို့ရတယ်၊ မြင်လို့ရတယ်၊ ပရင့်လို့ရတယ် ဆိုရုံလောက်နဲ့ ကျေနပ်နေလို့ မရပါဘူး။  မြန်မာစာနဲ့ Spell Check, Translation စတဲ့ Processing တွေ အများကြီး လုပ်ဖို့ လိုပါတယ်။

ကျွန်တော်တို့ အနေနဲ့ မြန်မာစာနဲ့ Data Processing မလုပ်နိုင်ရင် Banking Industry လို့ တစ်ခြားကွန်ပျူတာကို အရမ်း မှီခိုရတဲ့ Industry တွေဟာ အောင်မြင်မှာ မဟုတ်ပါဘူး။ Why English Based Computer System Failed ဆိုတာ ကိုငွေထွန်း သက်သေပြသွားတာ ရှိပါတယ်။ အဲဒီ သက်သေပြချက်ဟာ တကယ့်ကို Solid Proof ပါ။ တကယ့် အမှန်တရားပါ။ Myanmar Passport ထုတ်တယ်၊ ကွန်ပျူတာသုံးတယ်၊ Passport မှာ နိုင်ငံတကာသံး အင်္ဂလိပ်စာနဲ့မို့ဆိုပြီး မြန်မာနာမည်ကို အင်္ဂလိပ်လို ရေးတယ်။ ဥပမာ နာမည်က သူရ၊ အဲဒီတော့ အင်္ဂလိပ်လို Thura လို့ ရေးတယ်။ နိုင်ငံခြားထွက်သွားတယ်။ မဟုတ်တာတွေ လုပ်တယ်။ စာရွက်ဖြုတ်ရောင်းစား၊ စသည်ဖြင့် လုပ်တယ်။ မြန်မာပြည်လဲ ပြန်ရောက်လာရော လေဆိပ်မှာတင် Passport ကို သိမ်းလိုက်တယ်၊ BlackList ထဲ ထည့်လိုက်တယ်။

ဒါပေမယ့် အဲဒီလူက နောက်တစ်ခါ Passport လျောက်တော့ Thu နဲ့ ra ကြားမှာ Space လေး ခြားပြီး လျောက်တယ်။ အဲဒီတော့ လွတ်သွားပါလေရောဗျာ။ အဲဒီတော့ Blacklist လုပ်ထားခြင်းသည် Effective ဖြစ်ရဲ့လား။ အလုပ်ဖြစ်သလား မဖြစ်တော့ပါဘူး။ ဒါ ကွန်ပျူတာ စနစ်ကို အဲဒီလို အင်္ဂလိပ်လို သုံးမယ်ဆိုရင် Fail ဖြစ်ပါလိမ့်မည်။ ဒါကြောင့် မြန်မာစာ စနစ်သုံး ကွန်ပျူတာ စနစ်ဆိုတာ မရှိမဖြစ် ဖြစ်ပါသည်။ Banking လို နေရာတွေမှာ လိုပါသည်။ မည်သည့် နေရာမဆို မရှိမဖြစ် လိုပါသည်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ စနစ်တွေ မသုံးလို့ မဖြစ်ဘူးလား။ ဖြစ်ပါတယ်။ ဒါပေမယ့် ၁၀၀ ရာခိုင်နှုန်းမှန်ကန်တဲ့ စနစ်တော့ မဖြစ်နိုင်တာ သေချာပါတယ်။ အဲဒီလိုတွေကြောင့် မြန်မာကို Data Processing လုပ်လို့ရအောင် အဆင့်မြှင့်တင်မှ ဖြစ်မယ်ဆိုပြီး မြန်မာ ယူနီကုဒ်ဆိုတာ ဖြစ်လာတာပါ။ အဲဒါကိုလုပ်ခဲ့တာပါ။ အဲဒီအချိန်မှာ အဆင့်မြှင်တင်ဖို့ အကောင်းဆုံး နည်းလမ်းကလဲ Unicode ပဲ ဖြစ်တာကြောင့် ယူနီကုဒ်ကို လုပ်ဖြစ်ခဲ့တာပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ယူနီကုဒ် မသုံးလဲ ရသေးတယ်။ ယူနီကုဒ်ဆိုတာ NGO အဖွဲ့အစည်းတစ်ခုက လုပ်တဲ့ဟာပဲ၊ အဲဒါကို ငါတို့ ဘာကြောင့် လိုက်နာနေရာမှလဲဆိုပြီး စောဒကတက်တဲ့သူတွေကလဲ ရှိနေပါသေးတယ်။ ယူနီကုဒ်ဆိုတာ ကွန်ပျူတာမှာ မြန်မာလိုကွန်ပျူတာ စနစ်တွေ Fail မဖြစ်အောင် အထောက်အပံ့ပေးတာ ဖြစ်ပါတယ်။ ကျွန်တော် အပေါ်မှာ ပြောခဲ့တဲ့ သူရဆိုတာကိ ယူနီကုဒ်မှာဆိုရင် သူရကလွဲလို့ တစ်ခြားတစ်ယောက် ဖြစ်နိုင်စရာ အကြာင်းမရှိတော့ပါဘူး။ လုံးကြီးတင် ပြီးမှ တစ်ချောင်းငယ်၊ တစ်ချောင်းပြီးမှ လုံးကြီးတင်ဆိုတာမျိုးတွေ မှားစရာ အကြောင်း မရှိတော့ပါဘူး။ သန်းထွန်းဆိုရင် Than Tun နဲ့ ပေါင်းလို့လဲရသလို Than Htun နဲ့လဲ ပေါင်းလို့ရနေပါတယ်။ ဒါပေမယ့် မြန်မာစာ စနစ်နဲ့သာ ကွန်ပျူတာကို သုံးနိုင်မယ်ဆိုရင် မှားစရာ မရှိတော့ပါဘူး။ အဲဒီ အဖြေက ယူနီကုဒ်ပါပဲ။ အခြားအကြောင်းအရာတွေလဲ ရှိပါဦးမယ်။ ဒါကြောင့် မြန်မာယူနီကုဒ်ဆိုတာ မြန်မာစာ တိုးတက်ရေးအတွက် လုပ်နေတာ ဖြစ်ပါတယ်။

အကိုကို တစ်ခုမေးချင်တာက ကျွန်တော်တို့ မြန်မာယူနီကုဒ်မှာ တိုင်းရင်သား ဘာသာစကားတွေ တစ်ပေါင်းတည်း ထည့်ထားရခြင်း အကြောင်းအရင်းကိုလဲ သိချင်ပါတယ်ခင်ဗျ။

ကျွန်တော်တို့ အနေနဲ့ Political Bountry အရလဲ မြန်မာဆိုတာမျိုးက နိုင်ငံ အနေနဲ့ ဖြစ်နေပါတယ်။ ဒါက တစ်ပိုင်းပါ။ နောက်တစ်ပိုင်းကလဲ တိုင်းရင်းသား ဘာသာစကားတွေကလဲ ဗမာစာလုံးတွေနဲ့ အများကြီး ဆက်စပ်နေတာ ရှိပါတယ်။ တစ်ချို့ တိုင်းရင်းသား ဘာသာစကားတွေမှာဆိုရင်ဗျာ။ ဗမာစာလုံးတွေနဲ့ နောက်ထပ် ၅ လုံးလောက် ပေါင်းထည့်တာနဲ့ ပြည့်စုံသွားပါတယ်။ အဲဒီလိုတွေ အပြင် ဆက်စပ်မှုကလဲ အများကြီးရှိနေတယ်။ တစ်နိုင်ငံတည်းလဲ ဖြစ်တယ်ဆိုတော့ တစ်ပေါင်းတည်း ဘာလို့ မထားနိုင်ရမှာလဲဆိုပြီး ပေါင်းလိုက်တာပါ။ အဲဒီလို ကိစ္စတွေက ကျွန်တော်တို့ မြန်မာတစ်နိုင်ငံ တည်းမှာ ဖြစ်တဲ့ ပြဿနာမဟုတ်ပါဘူး။

ဆက်ပါဦးမယ်ခင်ဗျ …

Facebook comments:

5 Responses

  1. mm says:

    PHP ကျောင်းသားမဟုတ်ပါ Standard Ford University မှ PhD ကျောင်းသားပါ

  2. Facebook က Uni Project ကထွက်ဘူထင်တယ်။

    Mark Zuckerberg ကို ညီအကို နုစ်ရောက်က သူတို့ဆိုက်အတွက် Programmer လုပ်ခိုင်းတယ်။ သူတို့ဆိုက်ရဲ့ Idea ကို Mark Zuckerberg ကိုပြောပြတယ်။ သူတို့ပြောတဲ့ Idea နဲ့ သူဖာသာသူ Thefacebook.com ဆို တင်လိုက်တာ။ ဆိုက်အောင်မြင်သွားတော့ ညီအကိုနစ် ရောက်က Mark Zuckerberg ကို တရားဆွဲတယ်။ လျော်ကြေးပေးလိုက်ရတယ်။

    အခုတော့ thefacebook.com ကနေ facebook.com ဖြစ်သွားအပြီတော့ ဗျာ။
    အဲဒီ Domain ကို Aboutface Corporation ကနေ $200,000 နဲ့တောင် ၀ယ်လိုက်ရတယ်။

  3. Zack says:

    FB is started from Harvard University. Please check at here:
    http://en.wikipedia.org/wiki/Facebook#History
    You may watch to social network movie also.

  4. MG MG says:

    Thanks, i admire Ko Thiha and Ko Zaw Htut.

Leave a comment


*